မြတ်မိခင် Furniture

မြတ်မိခင် Furniture

Share

Furnitures For Bedroom , Living Room , Dining Room , Office & Home Decorations ���

08/06/2026

#မြတ်မိခင်ပရိဘောဂ
Address 🏠 76 လမ်း , 1လမ်း x 2လမ်းကြား , အောင်မြေသာစံမြို့နယ် , မန္တလေး
📞 0943108119 , 09766531003
#ကျွန်းကုတင် #ကျွန်းပရိဘောဂ

Photos from မြတ်မိခင် Furniture's post 22/05/2024

သာသနာနှစ် ၂၅၆၈ ၊ ၁၃၈၆ခု
ကဆုန်လပြည့် ၁၅ရက်နေ့ မှာ ‌ကျရောက်မဲ့
ဗုဒ္ဓနေ့မှာ အရပ် ဆယ်မျက်နှာရှိ လူ ၊ နတ် ၊ ဗြဟ္မာ ၊သတ္တဝါ များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ဘေးဒုက္ခ အန္တရာယ် ရန်စွယ် အားလုံးမှ ကင်းရှင်းကြရပါလို၏ 🙏

အပါယ်ဘုံသား အားလုံးလည်း ကျွတ်တန်း ဝင်ရပါလို၏ 🙏

သံသရာ အဆက်ဆက်မှာ ဗုဒ္ဓ၏ အဆုံးအမများနှင့် မကင်းသော အရပ်၌သာ ရှင်သန်ကြီးပြင်းရပါလို၏ 🙏 ‎ 🙏 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏 တွင်

လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ များ အားလုံး

ကျန်းမာချမ်းသာ ကြပါစေ

လိုအင်ဆန္ဒအားလုံးပြည့်ဝကြပါစေ

မြန်မာပြည်သူပြည်သားအပေါင်း
ဘေးဘယာဝေးကွာကြပါစေလို့ မင်မင်တို့မြတ်မိခင် ပရိဘောဂ မိသားစုမှ
ဆုတောင်းမေတ္တာပိုသလိုက်ပါတယ်ရှင့်

🙏🙏🙏

#ကဆုန်လပြည့်

Photos from မြတ်မိခင် Furniture's post 13/03/2024

🗣️ ကျွန်းသစ်စစ်စစ်ဆို မြတ်မိခင်သာ ရွေးချယ်ပါ ✅

မှန်တင်ခုံ ၊အဝတ်ဗီရို နဲ့ ကုတင် စတဲ့ အိပ်ခန်းသုံးပရိဘောဂတွေ အများကြီး ဝယ်ယူအားပေးသွားတဲ့ " ကိုဘင်း " ကို ကျေးဇူးအထူးတင်ပါတယ်ရှင့် 🥰🥰

အားလုံးပဲ မင်္ဂလာပါရှင့် 🤗

လူကြီးမင်းတို့ အိမ်အတွက် ပရိဘောဂတွေ ရှာဖွေနေပါသလား။ ကျွန်းသားစစ်စစ်နဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေ အလိုရှိတယ်ဆိုရင် မြတ်မိခင်မှာ အစုံရှိပါတယ်။

မြတ်မိခင်ရဲ့ ပရိဘောဂတွေဟာ ကျွန်းသား၊ ကျွန်းသစ်စစ်စစ်ကိုသာ အသုံးပြုထားတဲ့အတွက် ခိုင်ခံ့မှုမှာ 100% ပါပဲ။

မြတ်မိခင် ကျွန်းသစ်ပရိဘောဂမှာ ရရှိနိုင်တဲ့ ပရိဘောဂတွေကတော့
✅ ဘုရားကျောင်းဆောင်
✅ အိမ်ရာကုတင်
✅ ဘီရို
✅ မှန်တင်ခုံ
✅ ထမင်းစားပွဲ
✅ တီဗွီစင်
✅ မီးဖိုချောင်သုံး ဘီရို တို့ကို မှာယူအားပေးနိုင်ပါတယ်။

မြတ်မိခင်ဟာ ၁၉၆၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်တဲ့အတွက် လက်ရာမသေသပ်မှာ စိတ်ပူစရာမလိုပါဘူး။ ကျွန်းသားကိုလည်း ကျွန်းသစ် စစ်စစ်နဲ့ပြုလုပ်ပေးတာဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ မှာယူအားပေးနိုင်ပါတယ်ရှင့်။

‼️မန္တလေးက မှာယူအားပေးတဲ့ customer တွေအတွက် အိမ်တိုင်ရာရောက် Delivery Free နဲ့ ပို့ဆောင်ပေးလျက်ရှိပါတယ်။

‼️ကျန်မြို့နယ်တွေကိုတော့ သေသေချာချာထုပ်ပိုးပြီး ဂိတ်တင်ပေးပါတယ်ရှင့် 🤗
(တန်ဆာခကိုတော့ customer ဘက်ကနေ ပေးချေရပါတယ်ရှင့်)

☎️ 09-766531003 [can also contact Viber]

🏠 Address - 76th Street, Between 1st and 2nd Street, Aung Myae Thar Zan Tsp, Mandalay

#မြတ်မိခင်
#ကုတင် #ကျွန်းသားစစ်စစ် #ဘီဒို #မှန်တင်ခုံ #ထမင်းစားပွဲ

Photos from မြတ်မိခင် Furniture's post 06/01/2024

Best Seller Living Room ဆက်တီSet လေးတွေပါရှင့်😍

💯လက်တင် ၅” ထုပြည့် ဗျက်ပြည့် ဆိုဒ်တွေမို့
ထည်ပြီး လှနေတာပဲ🤩

🎨 ဆေးပိုင်းကိုလဲ နိုင်ငံခြားဆေး
Premium Quality PU Paint ကို လက်ဆွဲဆေးမဟုတ်ပဲ
Gunနဲ့မှုတ်ဆးကို အသုံးပြုထားတာမို့
ဆေးအရောင် တာရှည်ခံပြီး လှပထည်ဝါနေမှာပါနော်😊

💠Colors & ပန်းပု Design လေးတွေလဲ Customersတို့
စိတ်ကြိုက်ရွေးစရာလေးတွေရှိတာမို့ မင့်မင့်ကို
အားမနာတမ်း messenger မှာ မေးလို့ရပါတယ်ရှင့်☺️

✅‘ မြတ်မိခင် ‘ ပရိဘောဂ မှ
သဘာဝ ကျွန်းသစ် ကျွန်းသား စစ်စစ်ဖြင့် 💯
အရည်သွေးမြင့် ပရိဘောဂပစ္စည်းများကို
ထုတ်လုပ်ထားပြီး ခန့်ညား ထည်ဝါ လှပသော ထုပြည့် ဗျက်ပြည့်နှင့်
လက်ရာ သေသပ်ကောင်းမွန်သော
ပရိဘောဂများက်ို မှာယူဖို့ မမေ့နဲ့နော်🫶🏻💝

🏠မန္တလေးအိမ်တိုင်ရာရောက်လဲလာကြည့်လို့ရသလို
မန္တလေးမြို့တွင်းဆိုအိမ်အရောက်Deli Free🚚 ဖြင့်
ပို့ဆောင်ပေးပါတယ်နော်❤️

💟ကျန်မြို့များသို့ ပါကင်ထုတ်ပြီး ဂိတ်ချပေးပါတယ်ရှင့်🙏🏻
(တန်ဆာခမပါ☺️)

ရန်ကုန်/နေပြည်တော်နှင့် တခြားနယ်မှဆိုပါက
ပစ္စည်းအနေအထားနှင့် ဆိုဒ်များ
အသေးစိတ်သိရှိလိုလျှင်
Phone(or) Viber မှတဆင့် (9AM to 5PM )အတွင်း
ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့်☺️

For more Details
Please Come to Chat Box (Messenger) 💬
[OR]
📲Viber - 09766531003
☎️ 09766531003 , 09797476811

🌐SINCE 1965 🌟


လက်လီ/လက္ကား💝

📌Address - 76street , Between 1 & 2 street ,
AungMyaeTharzan Township

27/11/2023

🙏“ #တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”🙏
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း
လပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို
ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်း
လပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ်
သတ်မှတ်ကျင်းပခဲ့ကြလေသည်။
“သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏
အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို
ဟောကြားသောနေ့ဖြစ်ခြင်းကြောင့်
တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”
ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။

🙏 #သာမညဖလသုတ်တော် သည် ဒီဃနိကာယ်၊
သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များ
အတွက် ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။
ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်သည်။ သာမညဖလသုတ်သည်
လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။

မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏
ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို
ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်သည်။

💥အဇာတသတ်မင်းသားလေးသည် အသိဉာဏ်
နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကို
ခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ
ကိုးကွယ်ဆည်းကပ်မိလေသည်။
ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက်
ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင်
ဘုရင်ဗိမ္ဗိသာရကို သတ်မိသည်အထိ
အမှားကြီးမှားမိတော့သည်။ ဆင်းတု၊စေတီ၊
ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြား
ဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးထိမှာ
ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ်
တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည်
ကို သတိပြုရမည်ဖြစ်သည်။

💥အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို
သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော
ရောဂါဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို
လှံချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်း
ခံရသလို ဝေဒနာခံစားရသည်။ ထို ဝေဒနာကို
ပျောက်ကင်းအောင် မည်သည့်သမားတော်၊
မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။
တန်ဆောင်မုန်းလပြည့် ညတစ်ညမှာ
အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့်
ညီလာခံသဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်း
မြူတိမ်သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့်
ကြည်နူးသာယာဖွယ်ကောင်းလှသည့် တန်ဆောင်မုန်း
လပြည့် ညအလှကို ကြည့်ရှုခံစားပြီး
“မွေးလျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊
အလွန်လှပသော ညတစ်ညပါတကား ရှုချင်စဖွယ်
ကောင်းလှသော ညတစ်ညပါတကား”
ဟု တန်ဆောင်မုန်းလပြည့်ညအလှကို ချီးကျူးလေသည်။

အဇာတသတ်လည်း တကယ်တော့ အလှအပကို
ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။

💥အဇာတသတ်မင်းက “ယခုကဲ့သို့ သာယာလှပသော
ညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကို
ချည်းကပ်ရလျှင် ကိုယ်တော်မြတ် စိတ်တော်
ကြည်လင်နိုင်မည်နည်းး” ဟု မေးသောအခါ
မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီး
ခြောက်ယောက်နာမည်တွေကို ပြောပြကြသည်။
ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ
မဟုတ်ကြဆိုတာကို သတိပြုမိသည်။

✦ပုရာဏကဿပဆရာကြီးက အကိရိယဝါဒ=
ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။
မလုပ် ၊မရှုပ် ၊မပြုတ်ဟူသော ဝါဒနှင့်တူသည်။

✦အဇိတကသေကမ်ဗလဆရာကွီးက နတ်ထိကဝါဒ=
ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။

✦မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ=
ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။

✦ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ=
မပြုမပြင် ဝါဒသမား ဖြစ်သည်။
ပြုလည်းမပြု ၊ ပြင်လည်းမပြင်သူ ဖြစ်သည်။

✦သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ=
ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။

✦နိကဏ္ဌနာဋပုတ္တဆရာကြီးက စာတုယာမသံဝရဝါဒ=
စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော
ဂျိန်းဝါဒဖြစ်သည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို
လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏
အကြံပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန်
ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက
ဘုရင့်အနီးမှာ ယောက်ျားကိုယ်ရံတော် တစ်ယောက်မျှ
မထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို
ယောက်ျားအသွင် ဝတ်ဆင်စေပြီး လိုက်ပါစေသည်။

ဆင်မယဉ်သာ ငါးရာပေါ်၌ သက်တော်စောင့်အဖြစ်
အမျိုးသမီးစစ်သည်တော် ငါးရာကို လိုက်ပါ
စောင့်ရှောက်စေပြီး ဘုရားကျောင်းတော်သို့
သွားရန် စီစဉ်ပေးသည်။

💥အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော
အချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်
ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့
အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။
ဘုရားကျောင်း တော်သို့သွားသောအခါ
-ညအခါ ဖြစ်သည်ကတစ်ကြောင်း၊
-တောရိပ်၊သစ်ရိပ် ဖုံးအုပ် နေသဖြင့်
အမှောင်ဖုံးနေသည်က တစ်ကြောင်း၊
ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးး
မီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။
မီးရှူးမီးတိုင်ကို ပေါရာဏ ဝေါဟာရအားဖြင့်
“တန်ဆောင်(တန်ဆောင်တိုင်)” ဟုခေါ်ဝေါ်သည်။

အဇာတသတ်နှင့် အခြံရံပရိသတ်တို့ တန်ဆောင်မုန်း
လပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ
ကြသကဲ့သို့ ဖြစ်သည်။

💥အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီး
သူသိလိုသော အကြောင်းအရာများကို လျှောက်ထား
လေသည်။

👉“ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီး
ဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက်
လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။
ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုး
တရားကို ခံစားရရှိနိုင်ပါသလား ဘုရား။
တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။
သူတို့အားလုံးက သူတို့ဝါဒကိုသာ တင်ပြ၍
ဝေ့လည်ချောင်ပတ် လုပ်ကြပါသည်ဘုရား။”
ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက်
လက်ငင်းအကျိုးကိုမေးလျှောက်သည်။

🙏ဘုရားရှင်၏အဖြေကို ချုပ်၍တင်ပြရလျှင်
“ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သော
အကျိုး” တို့မှာ-

(၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ
ကင်းလွတ်ရခြင်းအကျိုး၊

(၂)။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊

(၃)။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်လေးပါးမှ ကင်းဝေးရခြင်း အကျိုး၊

(၄)။ ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း အကျိုး၊

(၅)။ ပွဲသဘင်အမျိုးမျိုး၊ကစားပွဲအမျိုးမျိုး၊
မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခတွေမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့်
ပြည့်စုံရခြင်း အကျိုး၊

(၆)။ နက္ခတ် ဗေဒင် ယတြာ ဆေးကုပေးခြင်း စသည်တို့မှ
ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍
မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊

(၇)။ ဣနြေ္ဒခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း အကျိုး၊

(၈)။ သတိနှင့်ပြည့်စုံခြင်း အကျိုး၊

(၉)။ သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊

(၁ဝ)။ သန္တောသ-စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊

(၁၁)။ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊

(၁၂)။ စျာန်တရားတွေ ရနိုင်ခြင်းအကျိုး၊

(၁၃)။ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး၊

အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ်
ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော
အကျိုးတရားတို့ဖြစ်ကြသည်။

💥အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို
နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ
လုံးဝပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ်
နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။
ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။
ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊
ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ
ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌
“ဝိဇိတာဝီ အမည်ြဖင့် ပစ္စေကဗုဒ္ဓါတစ်ပါး” ဖြစ်ရမည်။

💥အဇာတသတ်မင်းသည် ပထမသံဂါယနာတင်
ဒကာအဖြစ် ခံယူရသည်။ ဘုရားရှင်၏ဓာတ်တော်များကို
စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး
တည်ထားခဲ့သည်။ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ
သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို
အတိအကျသုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏
ကျေးဇူးဖြစ်သည်။ နောင်အခါ သီရိဓမ္မာသောက
မင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်း
ထားသော ဓာတ်တော်များကို ရှာဖွေ၍ စေတီပေါင်း
ရှစ်သောင်းလေးထောင် တည်ထားကိုးကွယ်
သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓ
ဘာသာဝင်များဖူးမြော်ကြရသည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက်
တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော
ပွဲတော်များသည်
-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍
ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည်
ရိုးးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။ ။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
☝️“တန်ဆောင်မုန်းလပြည့် သာမညဖလ
အခါတော်နေ့ သိမှတ်ဖွယ်ရာများ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား
တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလ
သုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌
သာမညဖလအခါတော်နေ့ အထိမ်းအမှတ်
ကျင်းပရခြင်း ဖြစ်ပါသည်။

(၁)။သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏
အကျိုးဟု အဓိပ္ပါယ်ရပါသည်။

(၂)။ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသော
နေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို
“သံဃာတော်များနေ့”ဟု ခေါ်ဆိုနိုင်ပါသည်။

(၃)။သာမညဖလသုတ်သည် ဒီဃနိကာယ်
သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

(၄)။သာမညဖလသုတ်သည် ရဟန်းသံဃာတော်
များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်
ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်ပါသည်။

(၅)။သာမညဖလသုတ်သည် လူဒါယကာများအဖို့
ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော
ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊
မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။

(၆)။အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို
ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ
ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်
ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ
စွဲကပ်ခဲ့ပါသည်။

(၇)။ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏
အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံ
သွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သော
အဖြေကို မရရှိခဲ့ပါ။

(၈)။နောက်ဆုံး သမားတော်ကြီးဇီဝက၏
အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝက
လှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊
လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏
အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။

(၉)။အဇာတသတ်မင်းသည် သာမညဖလသုတ်
တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓ
သာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး
ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

(၁၀)။အဇာတသတ်မင်းသည် သာမညဖလသုတ်
တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို
ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်
ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး
နောင်သောအခါ “ဝိဇိတာဝီ” မည်သော ပစ္စေကဗုဒ္ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

(၁၁)။အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊
သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်
သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။

(၁၂)။ပိဋကတ်တော်များကို မပျက်စီးရအောင်
သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်
ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု
ဆိုထိုက်ပါပေသည်။

(၁၃)။အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော်
များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း
ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့
သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့်
ရရှိနေကြခြင်း ဖြစ်ပါသည်။

(၁၄)။ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ
သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏
ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု
ဆိုထိုက်ပါသည်။ ။

Credit to original
#မြတ်မိခင်ပရိဘောဂ

20/10/2023

မိတ်ဆွေလူကြီးမင်းတို့၏ နေအိမ်အဆောက်ဦးများတွက်
✅ဘုရားကျောင်းဆောငိ
✅ကုတင် , Bed
✅ဘီရို , Wardrobe
✅မှန်တင်ခုံ , Dressing Table
✅ထမင်းစားပွဲ , Dining Table Set
✅TV Stand
✅Kitchen Cabinets များလိုအပ်ခဲ့ပါက

✅‘ မြတ်မိခင် ‘ ပရိဘောဂ မှ
သဘာဝ ကျွန်းသစ် ကျွန်းသား စစ်စစ်ဖြင့် 💯
အရည်သွေးမြင့် ပရိဘောဂပစ္စည်းများကို
ထုတ်လုပ်ထားပြီး ခန့်ညား ထည်ဝါ လှပသော ထုပြည့် ဗျက်ပြည့်နှင့်
လက်ရာ သေသပ်ကောင်းမွန်သော
ပရိဘောဂများက်ို မှာယူဖို့ မမေ့နဲ့နော်🫶🏻💝

💟မန္တလေးမြို့တွင်း Deli Free❤️

💟ကျန်မြို့များသို့ ပါကင်ထုတ်ပြီး ဂိတ်ချပေးပါတယ်ရှင့်🙏🏻
(တန်ဆာခမပါ☺️)

For more Details
Please Come to Chat Box (Messenger) 💬
[OR]
📲09766531003
[OR]
📞 Viber Phone- 09766531003

🌐SINCE 1965 🌟


လက်လီ/လက္ကား💝

📌Address - 76street , Between 1 & 2 street ,
AungMyaeTharzan Township

22/05/2023

ကျွန်း 7 Star ဆက်တီလေး ဆေးပြီး Instock ပါရှင့်😍

Photos from မြတ်မိခင် Furniture's post 10/05/2023

မနေ့က ပို့ပေးဖြစ်တဲ့ Orders လေးတွေ☺️

ယုံယုံကြည်ကြည်နဲ့ အားပေးကြတဲ့ တဦးတယောက်ချင်းစီကို
ကျေးဇူး အများကြီး တင်ပါတယ်ရှင့်🙏🏻

———————————————————————————

🏠မန္တလေးအိမ်တိုင်ရာရောက်လဲလာကြည့်လို့ရသလို
မန္တလေးမြို့တွင်းဆိုအိမ်အရောက်Deli Free🚚 ဖြင့်
ပို့ဆောင်ပေးပါတယ်❤️

💟ကျန်မြို့များသို့ ပါကင်ထုတ်ပြီး ဂိတ်ချပေးပါတယ်ရှင့်🙏🏻
(တန်ဆာခမပါ☺️)

ရန်ကုန်/နေပြည်တော်နှင့် တခြားနယ်မှဆိုပါက
ပစ္စည်းအနေအထားနှင့် ဆိုဒ်များ
အသေးစိတ်သိရှိလိုလျှင်
Phone(or) Viber မှတဆင့် (9AM to 5PM )အတွင်း
ဆက်သွယ် မေးမြန်းနိုင်ပါတယ်☺️

For more Details
Please Come to Chat Box (Messenger) 💬
[OR]
📲Viber - 09766531003 , 0943108119
☎️ 0943108119 , 09766531003

🌐SINCE 1965 🌟


လက်လီ/လက္ကား💝

📌Address - 76street , Between 1 & 2 street ,
AungMyaeTharzan Township

Photos from မြတ်မိခင် Furniture's post 05/05/2023

🍀🌟(၃)ထပ်တိုက် တစ်တိုက်လုံး🏠အတွက်
အားပေးသွားတဲ့ မြို့သစ်ဘက်မှ အစ်ကိုအား
အထူးကျေးဇူးတင်ရှိပါတယ်ရှင့် 🙏🏻🙏🏻🙏🏻

လိုအင်ဆန္ဒတွေပြီးပြည့်စုံပြီး စီးပွါး လာဘ်လာဘများလဲ
ဒီရေအလား တိုးပွါးပါစေလို့ “မြတ်မိခင် ပရိဘောဂ”
မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏🏻❤️

💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞

✅‘ မြတ်မိခင် ‘ ပရိဘောဂ မှ
သဘာဝ ကျွန်းသစ် ကျွန်းသား 🪵စစ်စစ်ဖြင့် 💯
အရည်သွေးမြင့် ပရိဘောဂပစ္စည်းများကို
ထုတ်လုပ်ထားပြီး ဆေးသားကိုလဲ
Premium Quality PU Paint ကို အသုံးပြုထားတာမို့
စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်ရှင့်

မိတ်ဆွေလူကြီးမင်းတို့၏ နေအိမ်အဆောက်ဦးများတွက်
✅ဘုရားကျောင်းဆောငိ
✅ကုတင် , Bed
✅ဘီရို , Wardrobe
✅မှန်တင်ခုံ , Dressing Table
✅TV Stand
✅Kitchen Cabinets များလိုအပ်ခဲ့ပါက

ကျွန်မတို့ “မြတ်မိခင် ပရိဘောဂ”မှ
ခန့်ညား ထည်ဝါ လှပသော ထုပြည့် ဗျက်ပြည့်နှင့်
လက်ရာ သေသပ်ကောင်းမွန်သော
ပရိဘောဂများက်ို မှာယူဖို့ မမေ့နဲ့နော်🫶🏻💝

💟မန္တလေးမြို့တွင်း Deli Free❤️

💟ကျန်မြို့များသို့ ပါကင်ထုတ်ပြီး ဂိတ်ချပေးပါတယ်ရှင့်🙏🏻
(တန်ဆာခမပါ☺️)

For more Details
Please Come to Chat Box (Messenger) 💬
[OR]
📲09766531003
[OR]
📞 Viber Phone- 09766531003

🌐SINCE 1965 🌟


လက်လီ/လက္ကား💝

📌Address - 76street , Between 1 & 2 street ,
AungMyaeTharzan Township

25/04/2023

ရိုးရိုးရှင်းရှင်းလေးက်ိုမှ လက်တင်၅” ထုကောင်းကောင်းနဲ့

💚ပိတောက် ကျောက်စိမ်း ဆက်တီ 💚 2Setတိတိ
အားပေးသွားတဲ့ အကို ကျေးဇူးပါရှင့်🙏🏻🙏🏻🙏🏻

စီးပွါး လာဘ်လာဘများလဲ ဒီရေအလား
တိုးတက်ခိုင်မြဲနိုင်ကြပါစေ 🙏🏻🙏🏻☺️

———————————————————————————

မိတ်ဆွေလူကြီးမင်းတို့၏ နေအိမ်အဆောက်ဦးများတွက်
✅ဘုရားကျောင်းဆောငိ
✅ကုတင် , Bed
✅ဘီရို , Wardrobe
✅မှန်တင်ခုံ , Dressing Table
✅TV Stand
✅Kitchen Cabinets များလိုအပ်ခဲ့ပါက

✅‘ မြတ်မိခင် ‘ ပရိဘောဂ မှ
သဘာဝ ကျွန်းသစ် ကျွန်းသား စစ်စစ်ဖြင့် 💯
အရည်သွေးမြင့် ပရိဘောဂပစ္စည်းများကို
ထုတ်လုပ်ထားပြီး ခန့်ညား ထည်ဝါ လှပသော ထုပြည့် ဗျက်ပြည့်နှင့်
လက်ရာ သေသပ်ကောင်းမွန်သော
ပရိဘောဂများက်ို မှာယူဖို့ မမေ့နဲ့နော်🫶🏻💝

🏠မန္တလေးအိမ်တိုင်ရာရောက်လဲလာကြည့်လို့ရသလို
မန္တလေးမြို့တွင်းဆိုအိမ်အရောက်Deli Free🚚 ဖြင့်
ပို့ဆောင်ပေးပါတယ်ရှင့်❤️

ရန်ကုန်/နေပြည်တော်နှင့် တခြားနယ်မှဆိုပါက
ပစ္စည်းအနေအထားနှင့် ဆိုဒ်များ
အသေးစိတ်သိရှိလိုလျှင်
Phone(or) Viber မှတဆင့် (9AM to 5PM )အတွင်း
ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့်☺️

For more Details
Please Come to Chat Box (Messenger) 💬
[OR]
📲Viber - 09766531003 , 0943108119
☎️ 0943108119 , 09766531003 , 09797476811

🌐SINCE 1965 🌟


လက်လီ/လက္ကား💝

📌Address - 76street , Between 1 & 2 street ,
AungMyaeTharzan Township

Want your business to be the top-listed Furniture Store in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00