03/11/2025
Nyo Htay Mobile
Nyo Htay Mobile
03/11/2025
23/11/2024
ဓာတ်ပုံထဲကလူကို ကြည့်လိုက်ပါ။
သူတောင်းစား သို့မဟုတ် အိမ်ခြေယာမဲ့တစ်ယောက်လို့ ထင်စရာ ရှိတယ် မဟုတ်လား?
တကယ်တော့...
သူဟာ ကမ္ဘာကျော် စာရေးဆရာကြီး လီယိုတော်စတွိုင်းပါ။
သူရေးခဲ့တဲ့ 'စစ်နှင်ငြိမ်ချမ်းရေး' ဝတ္တုဟာ အလွန်ကျော်ကြားခဲ့တာပေါ့။
သူဟာ...
အတွေးအခေါ်ပညာရှင်တစ်ယောက်အဖြစ်လည်း ကြီးကျယ်မြင့်မြတ်ခဲ့သူ။
သူ့ပိုင်ဆိုင်မှုအားလုံးကို ရောင်းချပြီး မရှိဆင်းရဲသား၊ အိမ်ခြေယာမဲ့၊ သူဖုန်းစားတွေကို ထောက်ပံ့ပေးခဲ့တယ်။
သူပြောခဲ့တယ်...
"မင်း ဘယ်ဘာသာကို ကိုးကွယ်သလဲလို့ ပြောစရာမလိုဘူး၊ မင်းရဲ့ အပြုအမူထဲမှာ မင်းရဲ့ဘာသာတရားကို ငါမြင်နိုင်တယ်" တဲ့။
လီယိုတော်စတွိုင်းက ပြောခဲ့သေးတယ်...
- မင်းကိုယ်တိုင် နာကျင်ခံစားရတာကို မင်း သိရင် ဒါ မင်းအသက်ရှင်နေသေးတယ်လို့ မှတ်ပါ။
- သူများ နာကျင်ခံစားရတာကို မင်း စာနာတတ်ရင် ဒါ မင်းဟာ လူပီသတဲ့လူလို့ မှတ်ပါ တဲ့။
ငါတို့တွေဟာ အသက်ရှင်သန်နေဖို့၊ လူပီသနေဖို့ထက် ဘာကများပိုအရေးကြီးတာ ရှိနေလို့လဲ။
- မျက်ရည်တွေကို သုတ်လိုက်ပါ
- ကော်ဖီ ၂ ခွက်ဖျော်ပါ
- တစ်ခွက်ကို မင်း သောက်ပါ၊
- ကျန်တစ်ခွက်ကို ငါ့အတွက် ရည်ရွယ်ပြီး စားပွဲရဲ့ တစ်ဖက်ခြမ်းမှာ ထားပေးပါ။
Crd
မနေ့က ညစာ သွားစားတဲ့ဆိုင်က ဝိတ်တာ ညီလေးတစ်ယောက်က မေးတယ်
အကို ကမ္ဘာမှာ အကောင်းဆုံးကားက ဘာ ကားလဲတဲ့?
အကို့ကားပဲ ညီလေး ဆိုတော့ ဘယ်ကားလဲတဲ့။ အဲဒါနဲ့ ရပ်ထားတဲ့ Ertiga လေးကို လက်ညှိုးထိုးပြလိုက်တယ်။
ဟာ အကို့ဟာ အာတီဂါကြီးလေတဲ့။ ဘယ်လိုလုပ် ကမ္ဘာအကောင်းဆုံးကားဖြစ်မှာလဲတဲ့။
လန်ဘော်ဂီနီတို့ ဖာရာရီတို့က ကမ္ဘာ့အကောင်းဆုံး ကားတွေ မဟုတ်ဘူးလားတဲ့။ အာတီဂါတော့ မဟုတ်လောက်ပါဘူးတဲ့။
ကျွန်တော် သူ့မေးခွန်းကို ထပ် မဖြေသေး ပဲနဲ့ သူ့ကို မေးခွန်းတစ်ခု ပြန်မေးလိုက်တယ်။
ကမ္ဘာပေါ်မှာ အကောင်းဆုံး အင်းကျီမြင်ဖူးလားလို့ မေးတော့ မမြင်ဖူးဘူးတဲ့။ ဒီအင်းကျီပဲလို့ပြောတော့ သူကမေးတယ်။
ဘယ်လောက်ပေးရလဲတဲ့? ဘတ် တစ်ရာ ညီလေးလို့။ မြန်မာငွေနဲ့ဆို ၈၀၀၀ ကျပ်လို့။
ဒါပေမယ့် ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲဆိုတော့ ချာတိတ်က ရယ်သွားတယ်။ ဒီဘဲ ကြီးငါ့ကိုလာစားနေတယ် ထင်သွားပုံရတယ်။
ကျွန်တော် သူ့ကိုထပ်မေးတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖုန်းကော ညီလေး သိလားဆိုတော့ အကို့ဖုန်းမလားတဲ့။ ပြောပြီးရယ်နေတယ်။
အေး မင်းတော်လာပြီလို့ ပြောရင်းနဲ့ သူ့ကို ပြန်ရှင်းပြဖြစ်တယ်။
ညီလေး လက်မှာပတ်ထားတဲ့ နာရီလေး ဘယ်လောက်ပေးရလဲဆိုတော့ ခြောက်ထောင်တဲ့။ ဝယ်ထားတာ ခုနှစ်လရှိပြီတဲ့။
အေးအဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံးနာရီပဲလို့။ ဘာဖြစ်လို့လဲဆိုတော့ မင်းပိုင်ဆိုင်ထားပြီး မင်းလက်မှာ မင်းပတ်ခွင့်ရနေလို့ လို့။
ညီလေးလက်က တက်တူးကကော ဘယ်လောက်ပေးရလဲ ဆိုတော့ ဘုရား ပွဲစျေးမှာထိုးတာတဲ့။ တစ်သောင်းကျော် ကျတယ်တဲ့။
အေးအဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက်တူးပဲလို့။ ဘာဖြစ်လို့လဲဆိုတော့ မင်းခန္တာကိုယ်ပေါ်မှာ ရှိခွင့်ရနေလို့လို့။
ညီလေး စီးထားတဲ့ ဖိနပ်ကော ဘယ်လောက်လဲဆိုတော့ ခြောက်ထောင်တဲ့။ ရေစိုခံလို့ဝယ်ထားတာတဲ့။
အေးအဲဒါလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖိနပ်ပဲလို့။ ဘာလို့လဲဆိုတော့ မင်းပိုင်ဆိုင်တဲ့ ဖိနပ်ဖြစ်နေလို့ပဲလို့ ဆိုတော့ ကောင်လေး ခဏ ငိုင်ကျသွားတယ်။
နောက်တော့မှ ကျွန်တော်သိပြိီတဲ့။ ကျွန်တော် မှာ မရှိတဲ့ အရာထက် ရှိနေတဲ့အရာက ပိုတန်ဖိုးရှိတယ် အကိုပြောတာတဲ့။ ကျေးဇူးတင်ပါတယ်ဗျာ တဲ့။
ကျွန်တော်တို့တွေရဲ့ ပြသနာအများစုက က ကိုယ့်မှာရှိတာတွေကို တန်ဖိုးမထားပဲ မရှိတဲ့ အရာတွေကို တန်ဖိုးထားမိတာ။
ကိုယ်နေတဲ့အိမ်။ ကိုယ်လုပ်နေတဲ့အလုပ်။ ကိုယ်စီးနေတဲ့ကား။ ကိုယ့်ရဲ့လက်တွဲဖော်။ ကိုယ့်မိသားစု။ စသဖြင့်ပေါ့။
အနားမှာရှိတဲ့သူတွေ.. ကိုယ်ပိုင်ဆိုင်တဲ့အရာတွေအပေါ်မှာ အာရုံစိုက်ဖို့ ထက် ကိုယ့်မှာ မရှိတဲ့ အရာတွေ ပေါ် ပိုပြီးအာရုံစိုက်မိနေကြတာ။
ကိုယ့်မိသားစုမှာပြသနာ ရှိပေမယ့် တစ်ခြားလူတစ်ယောက်ရဲ့ ပြသနာမရှိဘူးလို့ အပေါ်ယံထင်ရတဲ့ မိသားစုကို အားကျနေတယ်။
ကိုယ့် မှာရှိနေတဲ့ ဆိုင်ကယ်လေးထက် ပိုပြီး စျေးကြီးပြီး လူကြိုက်များတဲ့ ဆိုင်ကယ်ကိုပို တန်ဖိုးထားမိတယ်။
ကိုယ့်မှာ ရှိနေတဲ့ လက်တွဲဖော်ထက် ပိုချောတယ်လို့ထင်ရတဲ့ သူတစ်ဦးကို ပိုတန်ဖိုးထားမိတယ်။
ကိုယ့် အလုပ်ထက် အဆင်ပိုပြေနေတယ်လို့ထင်နေရတဲ့ သူများအလုပ်ကို ပိုလုပ်ချင်မိတယ်။
လူ့သဘာဝက လူတိုင်းအကောင်းကြိုက်ပါတယ်။ ပိုကောင်းမယ်လို့ထင်ရ တဲ့အရာကိုပဲ ဘယ်သူမဆိုလိုချင်မိကြတာ မမှားပါဘူး။
တစ်ခါတစ်ခါကျတော့ ပိုကောင်းတဲ့ အရာတွေကို အာရုံစိုက်တာ များသွားပြီးရှိနေတာတွေကို တန်ဖိုးမထားမိတာတွေ ဖြစ်တတ်ပါတယ်။
ဒါကိုသတိမထားမိခဲ့လို့ ရှိနေတဲ့အရာတွေပါ ဆုံးရှုံးသွားတဲ့ လူတွေလည်း ဒုနဲ့ဒေး နဲ့ပါပဲ။
ပိုကောင်းတဲ့အရာတွေကို မျော်လင့်တာ မ မှားပေမယ့် ရှိနေတဲ့ အရာတွေကို လည်း တန်ဖိုးထားဖို့ မေ့နေကြမှာစိုးလို့ မေတ္တာနဲ့ သတိပေးချင်တာပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံး ကားက သင်စီး နေတဲ့ ကား ပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံးစက်ဘီးက သင်ပိုင်ဆိုင်ထားတဲ့ စက်ဘီးလေး ပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံးချစ်သူက သင့်အနားမှာရှိတဲ့ သင့်ချစ်သူပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံး မိသားစု က သင့်ကို ချစ်တဲ့ သင့် မိသားစုပါ။
ကမ္ဘာပေါ်မှာ အတော်ဆုံးလူက သင် ကိုယ်တိုင်ပါပဲ။
ဆင့်ညီ
23/11/2024
Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
27/07/2024
ဒါက ငါ့ရဲ့အဆင့်အတန်းပါ ____😊
သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်
မင်းကဆိုင်ထိုင်စားရင် တစ်သျှူးနဲ့
စားပွဲမျက်နှာပြင်ပေါ်က
မင်းကြောင့် ပေကျန်တာတွေကို သုပ်တယ်။
စားပြီးတော့လဲကွာ ပန်းကန်တွေကို
စီပြီးထပ်ပေးလိုက်ပြန်တယ်။
ပြီးရင် မင်းစားထားတဲ့ စားပွဲမျက်နှာပြင်ကို
သန့်ရှင်းရေး လုပ်ပေးပြန်တယ်။
နောက်ဆုံး မင်းထသွားရင်တောင် ____
မင်းထိုင်ခဲ့တဲ့ ထိုင်ခုံကို ရှေ့ပြန်တိုးပြီး
မင်းမထိုင်ခင်ကပုံစံအတိုင်း အညီပြန်ထားပေးခဲ့တယ်။
ကျနော် - သူငယ်ချင်း မင်းဘာပြောချင်တာလဲ ??
" ငါပြောချင်တာက ဆိုင်ထိုင်ရင် မင်းအခုလိုတွေလုပ်ပေးနေဖို့ လိုသလား ??
ဒီဆိုင်မှာ အဲ့လိုတွေ မင်းလုပ်စရာမလိုအောင် ဝန်ဆောင်မူပေးမယ့်
ဝန်ထမ်းတွေ ခန့်ထားတာပဲလေ ဒီတော့ မင်းစားထားသမျှ ပိုက်ဆံရှင်းပြီး ထပြန်ရုံပဲလေ"တဲ့။
ဒီတော့ ကျနော့် သူ့ကိုပြန်ပြောလိုက်တယ်
" သူငယ်ချင်း မင်းပြောသလို ငါပိုက်ဆံပေးစားတာမို့ ဒါတွေလုပ်စရာမလိုဘူးဆိုတာလဲ သိပါတယ်။ ဒါပေမယ့်
ဒါက ငါ့ရဲ့အဆင့်အတန်းမို့ပါ။
သူတစ်ပါး အညစ်ကြေးကြောင့် ____
ငါစိတ်အနှောင့်အယှက်ဖြစ်ရတာ မကြိုက်သလို။
ငါ့အညစ်အကြေးကြောင့်လဲ သူတစ်ပါးကို
စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါ "။
လူ့အဆင့်အတန်းဆိုတာ ___
ပိုက်ဆံချမ်းသာတာကို ပြောတာမှမဟုတ်ပဲဗျာ။
11-Jul-2023
16/06/2024
07/06/2023
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
Mandalay