03/09/2026
ဒီတစ်ခါ 𝐁𝐄𝐘𝐎𝐍𝐃 𝐓𝐇𝐄 𝐒𝐍𝐀𝐂𝐊 ရဲ့ "𝙏𝙝𝙞𝙣𝙜𝙨 𝙩𝙝𝙖𝙩 𝙎𝙥𝙚𝙖𝙠" 𝙋𝙤𝙙𝙘𝙖𝙨𝙩 မှာတော့ Food Product တစ်ခုကို “စားစရာတစ်ခု” အဖြစ်သာမကဘဲ သိမြင်၊ ခံစား၊ နားလည်လို့ရတဲ့ Brand Experience တစ်ခုအဖြစ် ဘယ်လိုဖန်တီးထားလဲဆိုတာ ဆွေးနွေးသွားမှာပါ။ ✨
Packaging ရဲ့ Design၊ Color တွေ၊ Storytelling နဲ့ အသုံးပြုထားတဲ့ စကားလုံးတွေက Customer ကို ဘယ်လိုစကားပြောကြသလဲ? 💬
Product တစ်ခုရဲ့ Story က Customer ရဲ့စိတ်ထဲမှာ ဘယ်လောက်အထိ အဓိပ္ပါယ်ရှိစေနိုင်သလဲ? 💭
ဒီအကြောင်းအရာတွေကို ဘယ်သူကဆွေးနွေးပေးမှာလဲဆိုရင်တော့ -
🎙️ Meet Our Speaker: စာရေးဆရာမကြီး သျှီ (အင်ကြင်း) 💫
ဆရာမကြီး သျှီ (အင်ကြင်း) ဟာ စာပေဆုများစွာ ရရှိထားပြီး စာပေနယ်ပယ်မှာ နှစ်ပေါင်း ၅၀ နီးပါး ရေးသားကျင်လည်ခဲ့တဲ့ ထင်ရှားတဲ့ စာရေးဆရာမကြီးတစ်ဦး ဖြစ်ပြီးတော့ -
✨ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Com (ဝါဏိဇ္ဇ) ဘွဲ့ ရရှိခဲ့သူ
✨ မလှိုင်နှင့် ပျော်ဘွယ်မြို့နယ် စာရင်းရုံးများတွင် စာရင်းစစ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ
✨ မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (၂၀၁၆-၂၀၁၈)
✨ မိတ္ထီလာမြို့ရှိ BIS ကိုယ်ပိုင်မူကြိုနှင့် ရတနာပန်းခင်း ကိုယ်ပိုင်မူလတန်းကျောင်းတို့၏ တည်ထောင်သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဆရာမကြီးဟာ
📚 ၁၉၇၀ ပြည့်နှစ်မှစတင်၍ ယနေ့အထိ ဝတ္ထုတို၊ ဆောင်းပါး ပုဒ်ရေ (၅၀၀) ခန့်နှင့် ဝတ္ထုရှည် (၇) အုပ်တို့ကို ထုတ်ဝေခဲ့ပြီး -
🏆ပခုက္ကူ ဦးအုံးဖေ ဝတ္ထုရှည် ပထမဆု (၂၀၀ဝ) — “သုံးပန်လှသက်လှယ်”
🏆 ပခုက္ကူ ဦးအုံးဖေ ဝတ္ထုရှည် ဒုတိယဆု (၂၀၀၃) — “မေတ္တာသည်သာ”
🏆 ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်ဆု (၂၀၁၃) — “ဘူးထဲကရေ”
🏆 မြတ်ပန်းရဂုံ ရသဝတ္ထုတို စာပေဆု — “ဘူးထဲကရေ”
အစရှိတဲ့ စာပေဆုပေါင်းများစွာကိုလည်း ရရှိခဲ့ပါတယ်။
ဒီ Episode မှာတော့ ဆရာမကြီး
သျှီ (အင်ကြင်း) က စကားလုံးတွေရဲ့ အဓိပ္ပါယ်ဖော်ဆောင်ပုံ၊ Storytelling ရဲ့ အရေးပါမှုနဲ့ Product တစ်ခုကို Customer တွေ ပိုမိုနားလည်ခံစားလာအောင် Story တစ်ခုက ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ပေးနိုင်သလဲဆိုတာကို စိတ်ဝင်စားဖွယ် မျှဝေပေးသွားမှာဖြစ်ပါတယ်။ 🎙️
Food Product တစ်ခုရဲ့ နောက်ကွယ်မှာရှိတဲ့ Story, Color, Packaging နဲ့ Meaning တွေကို ပိုပြီးနက်နက်ရှိုင်းရှိုင်း သိချင်တယ်ဆိုရင် ဒီ Episode ကို မလွတ်လိုက်ပါနဲ့။
🎙️ 𝐁𝐄𝐘𝐎𝐍𝐃 𝐓𝐇𝐄 𝐒𝐍𝐀𝐂𝐊 (Ep-2) — 𝐂𝐨𝐦𝐢𝐧𝐠 𝐒𝐨𝐨𝐧!
03/09/2026
Product တစ်ခုရဲ့ အရောင်နဲ့ ပုံစံနောက်ကွယ်မှာ ဘာပုံပြင်တွေ ရှိနေမလဲ?" 🎨
🎙️ Beyond The Snack ရဲ့ "Things that Speak" Podcast (Episode-2) အထူးစကားဝိုင်းလေးမှာ ပါဝင်မယ့် Speaker တစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။
ကျွန်မတို့ရဲ့ ဒီတစ်ခေါက် စကားဝိုင်းမှာတော့...
🔹 Aerospace Engineering (M.E.) ဘွဲ့ရ အင်ဂျင်နီယာ
🔹 Art Exhibition တွေမှာ Special Gold Award နဲ့ Gold Award ဆုတွေ ရရှိခဲ့ပြီး
🔹Solo Show ၁၀ ကြိမ်ကျော် ရေးဆွဲခဲ့တဲ့ပန်းချီဆရာ
Mr. YaungNi Lynn Htun (ရောင်နီလင်းထွန်း)မှပါဝင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ 🎨
Mr. YaungNi Lynn Htun
Private Teacher ( 2020 )
Founder of Green Voluntary Group
Education: ME ( Propulsion and Flight Vehicles) Myanmar Aerospace Engineering University
🎨 ပန်းချီစတင်ရေးဆွဲသည့်ခုနှစ် - 2013
🏆 Special Gold Award, Art and Craft Show Art Exhibition, 2021
🏆 Gold Award, Art and Craft Show Art Exhibition, 2021
🎨 Group shows
1. Atmosphere in Watercolor Art Exhibition, moon art gallery, Yangon, 2018
2. Third Arrow Art Exhibition, moon art gallery, Yangon , 2018
3. Charity show for Shelterless animals, 43 art gallery, Yangon, 2018
4. Strokes of peace Art Exhibition, Artissmile Art Gallery, Yangon , 2019
5. Charity show for Shelterless animals, 43 Art Gallery, Yangon , 2019
6. Atmosphere in watercolor part -1, Artissmile Art Gallery, Yangon, 2019
7. Atmosphere in watercolor part -2, Golden palace Art Gallery,Mandalay
8. Bagan Art Expo , Bagan Archaeological Museum, Bagan, 2020
9. White Heart Art Exhibition, Artissmile Art Gallery,Yangon, 2021
10. Emerging Myanmar Artists, Virtual Art Exhibition, 2021
🎨 10 SOLO Shows at Urban Cafe (2023-2025)
အာကာသယာဉ်နည်းပညာရှင်တစ်ယောက်ရဲ့ တိကျတဲ့အမြင်နဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ ခံစားမှုအနုပညာ... သူ့ရဲ့အမြင်မှာ... Product တစ်ခုရဲ့ အရောင်၊ ပုံသဏ္ဌာန်နဲ့ ခံစားချက်တွေက ဘာတွေကို စကားပြောနေမလဲ? ✨
တိကျတဲ့ အနုပညာမျက်လုံးတစ်စုံနဲ့ ဖတ်ရှုပြမယ့် Product ရဲ့ Visual Language ကို ဒီ Podcast မှာ မကြာမီ နားထောင်ရတော့မှာမလို့ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်။ 👀🔥
04/08/2026
𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝐨𝐚𝐝𝐬, 𝐒𝐡𝐚𝐫𝐞𝐝 𝐃𝐞𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧: 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧𝐬 𝐀𝐛𝐨𝐮𝐭 𝐋𝐢𝐟𝐞, 𝐆𝐫𝐨𝐰𝐭𝐡 𝐚𝐧𝐝 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
• Real-life failures (Business, Exam, Interview, Product)
• Behind-the-scenes struggles
• Healthy lifestyle + Functional Snacks (Natural integration)
Three different backgrounds. Three different dreams.
One shared journey — trying, failing, rising again.Stories of innovation, healthy living, and the quiet effort behind every success.🎧 Different Paths, One Journey.
Coming soon.
• ဘဝမှာ တကယ်ကြုံခဲ့ရတဲ့ ကျရှုံးမှုတွေ — စီးပွားရေး၊ စာမေးပွဲ၊ အင်တာဗျူးနဲ့ ထုတ်ကုန်ဖန်တီးခဲ့တဲ့ ခရီးတွေမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေ
• လူတွေမမြင်ရတဲ့ နောက်ကွယ်က ကြိုးစားရုန်းကန်မှုတွေ
• ကျန်းမာတဲ့ဘဝပုံစံနဲ့ Functional Snacks တွေရဲ့ အကြောင်းအရာတွေကို သဘာဝကျကျ မျှဝေပေးသွားမှာပါ။
နောက်ခံမတူတဲ့ လူသုံးယောက်… အိပ်မက်မတူတဲ့ ခရီးသုံးခု…
ဒါပေမယ့် တူညီတာတစ်ခုတော့ရှိပါတယ် — ကြိုးစားခဲ့တယ်၊ ကျရှုံးခဲ့တယ်၊ ပြီးတော့ ပြန်လည်ရှင်သန်လာခဲ့ကြတယ်။
အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ကြိုးစားမှုတွေ၊ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ ကျန်းမာတဲ့နေထိုင်မှုပုံစံတွေနဲ့ တကယ့်ဘဝဇာတ်လမ်းတွေကို မျှဝေပေးသွားမှာပါ။
Meet our three inspiring individuals:
Mr. Nyein Thu Aye
Founder of Myanmar Dataholic | Business Analyst in Technology, Data and Digital Transformation.
Education: Computer Science, MSc (NTU), Master’s in IT Applications & Business (University of Newcastle, Australia).
Ms. Ei Mon Khaing
Educator & Language Enthusiast.
Founder of EMK Chinese Language Center
Education: BA (Economics), Meiktila University & Diploma in Chinese, YUFL.
Ms. Shin Theint Kyaw
Food Innovation Entrepreneur | CEO of Kyar Nyo Thin Bakery & Founder of Shin Oezi.
Education: B.C.Tech. & MBA (Universidad Católica de Murcia, Spain).
Podcast video အပြည့်အစုံကို Beyond The Snack YouTube Channel မှာ မကြာမီ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။