Aungmyint

Aungmyint

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aungmyint, Pyinmana-Taungnyo Road, Naypyidaw.

28/12/2022

🧠သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု🧠

၁။ ဂရုမစိုက်နဲ့။

သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။ တစ်ချို့လူတွေက သူတုိ့ကို ဂရုစိုက်လေလေ၊
သင့်ကို တန်ဖိုးမထားလေလေပါပဲ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။

၂။ လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ။

တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။

၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။

“ပညာလို အိုသည်မရှိ” ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့
မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့။

၄။ အရမ်းမတွေးပါနဲ့။

အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။
အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။

၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။

ကိုယ်ကျင့်တရားကောင်းတဲ့့သူက
လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။ စိတ်ကောင်းကောင်းထားပါ။

၆။ ထင်ချင်သလို ထင်ကြပါစေ။

လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ
လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့။

Credit မူရင်းရေးသားသူ

Photos from မှတ်စု's post 28/12/2022
Mobile uploads 28/12/2022
17/02/2020

အမှတ်တရများ

Photos from Aungmyint's post 17/02/2020
11/01/2020

ဗုဒ္ဓဂါယာ အမှတ်တရ

Want your business to be the top-listed Furniture Store in Naypyidaw?

Click here to claim your Sponsored Listing.

Location

Website

Address

Pyinmana-Taungnyo Road
Naypyidaw
သ​

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00