My Living - Sofa Fabrics

My Living - Sofa Fabrics

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Living - Sofa Fabrics, Furniture shop, Dagon Township, Yangon.

Photos from My Living - Sofa Fabrics's post 14/05/2025

#ချည်နဲ့မှကြိုက်တဲ့
ိတ်
ိတ် အော်ဒါတွေပါ … 😍😍😍

တစ်ခု အတွက်ပါရှင့် ….

🏠 အမှတ် ၅၆ (မြေညီ), ယောမင်းကြီးလမ်း, ဒဂုံမြို့နယ် ( ရွှေတိဂုံဘုရားလမ်း နှင့် ဗိုလ်ရာညွန့်လမ်း ကြား) ရန်ကုန်။

☎️ ( Viber )၀၉ ၇၄၀၈၅၆၂၂၀ , ၀၉ ၇၇၀၄၂၇၁၂၃ , ၀၉ ၃၃၂၁၉၀၆၀, ၀၁ ၈၃၇၉၈၁၈
၀၁ ၈၃၈၉၉၀၀, ၀၁ ၈၃၈၉၉၆၆

Photos from My Living - Sofa Fabrics's post 20/08/2023
02/05/2023

❝ ညောင်ရေသွန်း ပွဲတော်
ဖြစ်ပေါ်လာရခြင်းအကြောင်း❞
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
မြန်မာတို့၏ ၁၂-ရာသီတွင်
ကဆုန်လသည် ဒုတိယမြောက်လဖြစ်ပြီး နွေးနှောင်းကာလလည်းဖြစ်သည်။
မြေပေါ် မြောက်အောက် ၌ ရေကုန်ဆုံးသော လဖြစ်သောကြောင့်
(တန်ခူး ရေကုန် - ကဆုန် ရေခန်း)
ဟူ၍ ဆို စမှတ်ပြုကြသည်။
ကဆုန်လသည် ရာသီအားဖြင့်
ပြိဿာ ရာသီ ကြတ္တိကာနက္ခ
တ်(ဝိသာခါနက္ခတ်)
တံငါ တာရာ ရာသီရုက်ကား
နွားထီးရုပ် ဖြစ်ပြီး
ရာသီပန်းအဖြစ် စံကားပန်း
ချယားပန်း တို့ ဖြစ်သည်။
အထူးခြားဆုံးပွဲတော်ကား
ဗုဒ္ဓ နေ့ နှင့်
ညောင်ရေသွန်းပွဲတော် ဖြစ်သည်။

၁။ ကဆုန်လအဓိပ္ပာယ်
--------------------
ကုဆုန်၊ ကဆုန်ဟူ၍ ခေါ်ရာတွင် ''ကု၊ က'' တို့သည် ''ရေ'' ဟု အဓိပ္ပာယ်ရသည်။ ''ဆုန်''၏ အဓိပ္ပာယ်မှာ သွန်းလောင်းဖျန်းခြင်းတို့ဖြစ်သည်။ ကုဆုန်ဟု အဓိပ္ပာယ် ကောက်ယူရမည့် ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ ယင်း ရာသီကိုစွဲပြီး ရှေးမြန်မာကြီးတို့က ကဆုန်လဟုခေါ်ဝေါ် လာကြောင်း ဆိုထား၏။ မြန်မာဘာသာမှာ ပညာရှိတို့ ကြံစည်သည်မှာ ''ကံ ဥဒကံ ဆိန္ဒတီတိ ကဆိနံ'' ဖြစ်သည်။ ယောမာ-သော၊ အကြင်လသည်။ ကံဥဒကံ၊ ရေကို၊ ဆိန္ဒတိ၊ ဖြတ်တတ်၏။
ဣတိတသွာ၊
ထို့ကြောင့်၊ သောမာ သော၊
ထိုလသည် ကဆိနံ၊ ကဆုန်မည်၏။ အဓိပ္ပာယ်မှာ ကန်၊ ချောင်း၊ ဆည်၊မြောင်း၊ အင်း၊ အိုင်တို့၌ ရေပြတ် ရေစစ်သောလကို ဆိုလိုသည်။

တစ်နည်းအားဖြင့် ဗေဒင် ကျမ်းတွင် အာဒိ၊ မဇ္ဈူ၊ အဝသာန်ခေါ်ဝေါ်ရာ၌ မဇ္ဈိမကို မဇ္ဈုံခေါ်သကဲ့သို့လည်းကောင်း၊ မုဒု၊ မဇ္ဈံ၊မြန်မာပြန် သကဲ့သို့လည်းကောင်း ကဆိန၊ ကဆုန်ဟုဆိုထားကြသည်။
ကဆုန် နယုန်ဆွေ့ဆွေ့ ခုန် ဟူသည့်အတိုင်း နေပူပြင်းလှသည်။
"မိုးသားကျူးစ ကဆုန်လ"ဟူသော
စကားအရ မိုးသံ လေသံများလည်း
စတင်ကြားရတက်သည်။
ကဆုန်လ၏ နောက်ပိုင်း၌
မြန်မာပြည်တွင် မုတ်သုန်လေဝင်ပြီဖြစ်၍ နေရာအနှံအပြား မိုးရွာတက်သည်။
"မိုးတွေ လေတွေ လာပါပေါ့
ကဆုန်လပြည့်ကျော်"ဟု ဆိုကြသည်။

ကဆုန်လသည် နွေရာသီ၏ အလယ်လဖြစ်သောကြောင့် အပူပြင်းဆုံးလလည်း ဖြစ်သည်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တို့သည်အလေးအမြတ်ထားသော ပရိဘောဂ
စေတီဟု ဆိုအပ်သော ဗောဓိညောင်ပင်များမှာ အပူရှိန်ကြောင့် သေကုန်မည်စိုးရသည်။
ထို့ကြောင့် ကဆုန်လပြည့်
နေ့၌ ဘုရားဂုဏ်တော်တို့ကို ပွားများကြလျက် ညောင်ရေသွန်းလောင်းခြင်းအမှုကို ပြုကြသည်။
ကဆုန်လသည် ထူးမြတ်သောလဖြစ်သည်။ကဆုန်လပြည့်နေ့သည်ဗုဒ္ဓဘုရားရှင် ဖွားတော်မူသောနေ့ဗောဓိပင်နှင့် ရွှေပလ္လင်ပေါက်သော
နေ့ ဖြစ်၍ ဗုဒ္ဓဘာသာဝင်မျာအဖို့
မွန်မြတ်သော နေ့လည်း ဖြစ်သည်။
ထို့ကြောင့် "ဆု - ဖွား- ပွင့် - စံ
ဤလေးတန် မှတ်ရန် ကဆုန်လ"
ဟူ၍ သတ်မှတ်ခဲ့ကြသည်။
အချို့ကလည်း "ဗျာဒိတ်- ဖွားမြင်-ဗောဓိပင် -စံဝင် နန်းဗိမ္မာန်"ဟုအဆိုပြုခဲ့သည်။
ဗုဒ္ဓဘာသာဝင်များ၏ ဗောဓိပင်ကိုကဆုန်ညောင်ရေသွန်းလောင်းကြသော ဓလေ့သည် မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကပင်
ရှိခဲ့ကြသည်။
သာဝတ္ထိပြည် ပေဿဒနီ
ကောသလ္လမင်းကြီး ဦးဆောင်ကာပူဇော်မှုကို အစပြုပြီး သီရိဓမ္မာသောကမင်းကြီး လက်ထက်တိုင်အောင်
မင်းအဆက်ဆက် ညောင်ရေ
သွန်းလောင်းပူဇော်လာခဲ့ကြသည်။
မြတ်စွာဘုရားသည် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌ စံနေတော်မူစဉ် အနာထပိဏ် သူဌေးကြီးက "
ရှင်အာနန္ဒာအား မြတ်စွာဘုရားကိုဖူးမြော်ရန် ကြည်ညို လှသဖြင့်ရပ်ဝေး မှ ရောက်လာသော ဘုရားဖူး ပရိသတ်များသည် မြတ်စွာဘုရား
ဇေတဝန် ကျောင်းတော်တွင် မရှိခိုက်ကြုံနေရတေ့ာ စိတ်နှလုံး ပင်ပန်းလျက် ရှိကြပါသည် ဘုရား။
မြတ်စွာဘုရား အတွက်ကိုယ်စားပြုသည့် ပူဇော်ကြည်ညို နိုင်ကြရန်လျှောက်ထားပေးပါဘုရား "ဟုလျှောက်လေသည်။
ရှင်အာနန္ဒာလည်း မြတ်စွာဘုရား
အား ထိုအကြောင်းစုံကို ပြန်လည်
လျှောက်လေသည်။
မြတ်စွာဘုရားရှင်သည်"အာနန္ဒာ
ငါဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ငါဘုရား၏ ဓါတ်တော်မွေတော်များ အစ ရှိသည့်
"သာရရိကစေတီ" သပိတ် သင်္ကန်း
စသည့် ငါဘုရား၏ အသုံးအဆောင်များဖြစ်သော ပရိဘောဂ စေတီနှင့်
ငါဘုရားရှင်အား ရည်မှန်းသွန်းထုပြုလုပ်ကိုးကွယ်အပ်သော ဥဒ္ဒိဿ စေတီများအား ငါဘုရား ကိုယ်စား
ကိုးကွယ် ပူဇော် နိုင်ကြပေသည်"ဟု
ခွင့်ပြု တော်မူပါသည်။
ထိုမှ ဆက်၍ "ငါဘုရား
သစ္စာလေးပါးမြတ် တရားကို ပိုင်းခြား
ထင်ထင်သိမြင်တော်မူရာ
မဟာဗောဓိပင်သည် စေတီမည်၍ဖူးမျှော်ကြည်ညို နိုင်ကြပေသည်"ဟု
မိန့်ကြားတော်မူခဲ့သည်။
ထို့နောက် အရှင်အာနန္ဒာသည်
မြတ်စွာဘုရား ပွင့်တော်မူရာ
မဟာဗောဓိ ပင်မှ ဗောဓိစေ့ကိုယူ၍ဇေတဝန် ကျောင်းအနီးတွင်
စိုက်ပျိုးသည်။
ထိုအချိန်မှစ၍ ဘုရားဖူးလာကြကုန်သော ရဟန်းရှင်လူများသည်ဘုရားရှင်ဇေတဝန်ကျောင်းတော်၌
မရှိခဲ့ရင် မဟာဗောဓိပင်အား
မြတ်စွာဘုရား ကိုယ်စား ဆည်းကပ်ကိုးကွယ်ကြသည်။
မြတ်စွာဘုရားရှင် ခွင့်ပြုသော
ဘုရားရှင်၏ ကိုယ်စား ကိုးကွယ်
ပူဇော်သော ပရိဘောဂ စေတီအဖြစ်ဗောဓိပင် ကို ရေစင်သွန်းလောင်း
ပူဇော်သောအစဉ်အလာသည်
ယခုအခါ မြတ်နိုးစရာ မြန်မ့ာရိုးရာဓလေ့တစ်ခုပင် ဖြစ်နေပေပြီ။
သက္ကရာဇ် ၅၃၆-ခုနှစ် နရပတိစည်သူမင်းလက်ထက်မှ စ၍ မြန်မာနိုင်ငံတွင်
ဗောဓိပင်များကို မြတ်စွာဘုရား၏
စေတီအဖြစ် စတင် စိုက်ပျိုး လာခဲ့ကြသည်။
ဗောဓိပင်အား ကဆုန်
ညောင်ရေသွန်းလောင်းပွဲတော်အဖြစ်
စတင်ကျင်းပပူဇော်ခဲ့သည်မှာ
မြန်မာသက္ကရာဇ် ၆၈၄-ခုနှစ်
အနုရုဒ္ဓါဓိပတိဘွဲ့ခံ သာသနာ့ဒါယကာ
ပင်းတယဥဇနာ မင်းလက်ထက်မှစတင်ကျင်းပ လာခဲ့သည်မှာ
ယနေ့ တိုင်အောင်ပင် ဖြစ်သည်။
ညောင်ရေသွန်းပွဲတော် နှင့်အတူငါးလွှတ်ပွဲ များ ဘေးမဲ့လွှတ်ပွဲများ
စတုဒီသာ စုပေါင်းအလှူ များ
ပြုလုပ်ကြသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်သည်ဘာသာရေးပွဲတော်တစ်ရပ်ဖြစ်သလို
မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု
ပွဲတော်လည်း ဖြစ်သည်။
ညောင်ရေသွန်းပွဲတော်တွင် ပါဝင်
ဆင်နွှဲခြင်းဖြင့်တစ်ဦး နှင့် တစ်ဦး
ချစ်ကြည်ရင်းနှီးမှု နှင့် ရိုင်းပင်းကူညီမှုအလေ့အထ များ ကူးယှက်ကျယ်ပြန့်လာစေကာ
မြန်မာတို့၏ မေတ္တာ စေတနာများပိုမိုနက်ရှိုင်းပေါ်လွင်စေပါသည်။
ကဆုန်လတွင် စကားဝါပန်းများထုံသင်းစွာ ပွင့်ဖူးကြပြီး လေအသင့်တွင် ပတ်ဝန်းကျင် တခွင် မွှေးပျံ့
သင်းစေပါသည်။
ကဆုန်လပြည့်ကျော် လျှင်ကား
"ကဆုန် နယုန် မိုးသံစုံပြီ"ဟူသော
မှတ်သားဖွယ်ရာ အစဉ်လာအရ
မိုးခြိမ်းသံ လေတိုးသံနှင့်အတူ
မိုးဖွဲဖွဲ တို့ ရွာတက်သဖြင့်
လယ်ယာလုပ်သားဦးကြီးတို့အတွက်တက်ကြွသော ကာလလည်း ဖြစ်သည်။
မြန်မာဗုဒ္ဓဘာသာဝင်တို့အဖို့
ကဆုန်လသည် လမြတ်အဖြစ်
ဦးထိပ်တွင်ထား၍ ယဉ်ကျေးမှု
ရိုးရာမပျက် ဆင်နွှဲကြသည့်
ညောင်ရေသွန်း ပွဲတော်သည်
မြတ်ဗုဒ္ဓ၏ ဂုဏ်တော် ကျေးဇူးကိုဦးထိပ်ပန်ဆင်လျက်
မကောင်းမှု အကုသိုလ် ဒုစရိုက်
တရားများကို ရှောင်ကြဉ်ကြပြီး
ကောင်းမှု ကုသိုလ် တရားများဖြင့်မိမိတို့၏ လက်ရှိဘဝကို
အကောင်းဆုံး ကျင့်ကြံ နေထိုင်
နိုင်ကြပြီး မြတ်ဗုဒ္ဓ ဟောကြားတော်မူသော သတိပဋ္ဌာန် တရားများကိုအချိန် ရသလောက်ကျင့်သုံးကြပြီးမြတ်နိဗ္ဗာန်ကို နီးသထက်နီးအောင်
ရနိုင် ရောက်နိုင်ကြပါစေ လို့
ဆုတောင်းပေးရင်း……
ဓမ္မ မိတ်ဆွေများ
အေးချမ်းကြပါစေ။

စံကားဝါငုံသင်းလို့
ကြယ်မင်းတဲ့ ဝိသာခါ။
တိမ်ဗွေမှာ ရောင်ခြည်ရွှန်း
ထွန်းတဲ့ချိန်မှာ စုံကန္တာ ဟေမာမြိုင်ထဲ
ရွှေကျေးပျံသင်လို့ စံပျော်ရွှင်သည်
ပိုကူးလို့ဝယ် မြူးကြစမြဲ။

(ဖိုးသူတော် ဦးမင်း)
{စာရေးသားပူဇော်သူ}
ညောင်ရမ်းသားငွေသိန်း(ဓမ္မ အလင်း)
မှီငြမ်း
ဆရာပိုက်ထွေး(မြန်မာစာ)
ဆယ်နှစ်လ ရာသီပွဲတော် နှင့်
နေ့ထူးနေ့မြတ်။
Original Uploader(Pyae Sone-Taungoo)
🙏🙏🙏

༺❈❈❈༻ ༺❈❈❈༻ ༺❈❈❈༻

Photos from My Living - Sofa Fabrics's post 22/04/2023

#စကတ်တွန့်

Photos from My Living - Sofa Fabrics's post 07/03/2023

ကား​ပေါ်မှာတင်တင်......
Sofa​ပေါ်ထားထား .....
အိပ်ယာထဲပဲ ဖက်ဖက်.....
​ခေါင်းအုံးအဖြစ်အုံးအုံး......အသုံးပြုချင်သူ​တွေအတွက်

အရည်​​သွေး​ကောင်း​သော​
​ လေး​တွေကို
instockမို့ စိတ်ကြိုက်​ရွေးချယ်
၀ယ်ယူနိင်ပါပြီရှင့်😍...
အစွပ်(Cover)သီးသန့်လည်း၀ယ်လို့ရပြီ​နော် 😍

😍😍 My living တွင် ကလေးမှစ၍လူကြီးများအတွက် အိပ်ခန်းသုံး 👉 instockပစ္စည်းများကိုသာရောင်းချနေသည့်အတွက်waiting time မလိုအလွယ် တကူဝယ်ယူ ရရှိနိုင်ပါပြီ။

👉👉 ဆိုင်သမား နယ်orderသမားများ တဆင့် ပြန်ရောင်ချင်သူများ လဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

👉 ရန်ကုန်မြို့အတွင်း cash on delivery /
အိမ်ရောက်ငွေချေစနစ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ နယ်မှမှာယူသူများအတွက် ငွေကြိုလွှဲစနစ်ဖြင့် ဂိတ်ချ သို့မဟုတ် ချောပို့စနစ် (Royal. express) ဖြင့် ပို့ဆောင်ပေးပါသည်။

☑ဆိုင်သို့လာရောက်ကြည့်ရှူလိုသည့်customerများအတွက်

🏠အမှတ်(အမှတ်၂၉၆/၂)မြေညီထပ်၊ ဒဂုံပန်းခြံအရှေ့၊ ရွှေတိဂုံဘုရားလမ်း၊ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎☎018389900/018389966/018379818
📞📞09770427123/09740856220

















-planner

-protector

'sday
#လက်ဆောင် #မွေးနေ့


#သံဃာသုံး #ဘုန်းကြီးစောင်

#ကျီးပေါင်း #ကလေးစောင် #မင်္ဂလာအိပ်ယာခင်း

Photos from My Living - Sofa Fabrics's post 04/03/2023

ကား​ပေါ်မှာတင်တင်......
Sofa​ပေါ်ထားထား .....
အိပ်ယာထဲပဲ ဖက်ဖက်.....
​ခေါင်းအုံးအဖြစ်အုံးအုံး......အသုံးပြုချင်သူ​တွေအတွက်

ချစ်ဖို့​ကောင်း​သော​
​ လေး​တွေကို
instockမို့ စိတ်ကြိုက်​ရွေးချယ်
၀ယ်ယူနိင်ပါပြီရှင့်😍...
အစွပ်(Cover)သီးသန့်လည်း၀ယ်လို့ရပြီ​နော် 😍

😍😍 ကလေးမှစ၍လူကြီးများအတွက် အိပ်ခန်းသုံး 👉 instockပစ္စည်းများကိုသာရောင်းချနေသည့်အတွက်waiting time မလိုအလွယ် တကူဝယ်ယူ ရရှိနိုင်ပါပြီ။

👉👉 ဆိုင်သမား နယ်orderသမားများ တဆင့် ပြန်ရောင်ချင်သူများ လဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

👉 ရန်ကုန်မြို့အတွင်း cash on delivery /
အိမ်ရောက်ငွေချေစနစ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ နယ်မှမှာယူသူများအတွက် ငွေကြိုလွှဲစနစ်ဖြင့် ဂိတ်ချ သို့မဟုတ် ချောပို့စနစ် (Royal. express) ဖြင့် ပို့ဆောင်ပေးပါသည်။

☑ဆိုင်သို့လာရောက်ကြည့်ရှူလိုသည့်customerများအတွက်

🏠အမှတ်(အမှတ်၂၉၆/၂)မြေညီထပ်၊ ဒဂုံပန်းခြံအရှေ့၊ ရွှေတိဂုံဘုရားလမ်း၊ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎☎018389900/018389966/018379818
📞📞09770427123/09740856220

















-planner

-protector

'sday
#လက်ဆောင် #မွေးနေ့


#သံဃာသုံး #ဘုန်းကြီးစောင်

#ကျီးပေါင်း #ကလေးစောင် #မင်္ဂလာအိပ်ယာခင်း

06/01/2023
Want your business to be the top-listed Furniture Store in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Dagon Township
Yangon