17/11/2024
ဖောင်ဒေးရှင်း (၁၀)နှစ်ပြည့် သံဖြူရတု နှစ်ပတ်လည်ပွဲ ရှိပါသည်
(25.11.2024. အမျိုးသားနေ့၊ သာဓုကျောင်းတိုက်၊ နတ်စင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်)
https://www.facebook.com/share/p/188kggsvVT/
(၁၀)နှစ်ပြည့် အထူးပွဲပါ၊
ပွဲမှာ ဘာတွေ အထူးဆောင်ရွက်သင့်လဲ
အကြံပြု ဆွေးနွေးနိုင်ပါသည်
ဖုန်း၊ Viber - 095406212, 09695406212
အစီအစဉ် -
၂၃.၁၁.၂၀၂၄ ရက်၊ ညနေ (၄း၀၀)နာရီ - အကြိုညှိနိုင်းအစည်းအဝေး၊
၂၅. ၁၁. ၂၀၂၄ ရက၊ နံနက် (၉း၀၀)နာရီ -(၁၀)နှစ်ပြည့် အခမ်းအနား၊ ဂုဏ်ပြု၊
ဥပတ္ထမ္ဘကအဖွဲ့ ဖွဲ့စည်းခြင်း၊
စွမ်းနိုင်သူများ ဥပတ္ထမ္ဘကအဖွဲ့မှာ ပါဝင်နိုင်ပါသည်၊
ဥပတ္ထမ္ဘကအဖွဲ့မှာ ပွဲတက်ရောက် ပါဝင်နိုင်သူများ (မူကြမ်း)
၁။ သံဃာ၊ သီလရှင်ဆိုင်ရာ - ဓမ္မပါလဝံသနွယ်ဖွား၊ ဓမ္မပါလဆရာတော်၏ တပည့်များထဲမှ ပြင်ပ ကျောင်းထိုင်၊ ကျောင်းပိုင် ဆရာတော်များ၊ သီလရှင်များ၊
၂။ လူပုဂ္ဂိုလ်ဆိုင်ရာ - (၅)နှစ်အထက် အကျိုးဆောင်များ၊ (၅)သိန်းကျပ်နှင့် အထက် အလှူရှင်များ။
ဖိတ်စာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဖိတ်ကြားအပ်ပါသည်၊
ကြိုတင် စာရင်းပေးပါရန်၊
ဆရာတော် တရား fb Live ထုတ်လွှင့်ပါမည်
* DPF ဗဟိုရုံးဌာန
* DPF Myanmar
21/09/2024
ပညာရေးပဒေသာပင်အလှူ
(20-9-2024. ဓမ္မပါလကျောင်း၊ သာဓုကျောင်းတိုက်၊ နတ်စင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်)
ဦးမင်းခန့်ညား + ဒေါ်စုစုနန္ဒာအောင်၊ သား - အောင်ဘုန်းပြည့်စုံ (ခ) William မိသားစု.
အမှတ်(၈၈)၊ သရက်တော(၂)လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်.
* သား - အောင်ဘုန်းပြည့်စုံ (ခ) William (၇)လပြည့် မွေးနေ့အလှူ
အလှူ- 50,000 Ks (ငါးသောင်းကျပ်တိတိ)
ဆုမွန်ကောင်း -
* ဖောင်ဒေးရှင်းအလှူရှင် နောင်ရေးလင်းလို့ အပူစင်ပါစေ.
#ဓမ္မပါလ
#ဓမ္မပါလ DPF
#မြင်ပါများ
095406212, 09695406212
* ဓမ္မပါလဖောင်ဒေးရှင်း DPF တရားစဉ်နှင့် လုပ်ငန်းစဉ် ဆက်သွယ်ရန်နှင့် Online Link များ -
* 095406212, 09695406212
* viber community
ဓမ္မပါလ DPF တရား
https://invite.viber.com/...
* Telegram Group
https://t.me/DPFMyanma
* page
DPF Myanmar (တရာစဉ်နှင့် လုပ်ငန်းစဉ်) https://www.facebook.com/dpfmyanmar
* Facebook Group
ဓမ္မပါလ DPF တရား
https://www.facebook.com/groups/971110504242674/
* Tik Tok
ဓမ္မပါလ DPF တရား
https://www.tiktok.com/.dpf.dhamma...
* Youtube Channel
ဓမ္မပါလ DPF တရား
https://youtube.com/..
10/09/2022
၁၉၈၀..ကျော်ကာလ
ဘရာဇီးနိုင်ငံမှာ
ထားစရာမရှိအောင်ချမ်းသာသူနဲ့
စားစရာမရှိအောင်ဆင်းရဲသူဆိုပြီး..
လူတန်းစား
တအား....ကြာဟ နေချိန်ပေါ့။
စားသောက်ဆိုင်ကြီးတစ်ခုထဲ
ကားကြီးတစ်စီးဝင်လာတယ်။
ဆိုင်ပေါက်ဝက
စုတ်တီးစုတ်ပြက်
ကေလး(၃)ယောက်က
"သူဌေးကြီး..ဖိနပ်တိုက်ပါရစေ.."
ဝိုင်းအော်ကြတယ်။
သူဌေးကြီးဆိုသူလည်း.....
ဆိုင်ထဲဝင်ပြီးမှ
နာလႏၴ စ..လို
အာဟာရချို့တဲ့..နေတဲ့
ကလေးတွေကိုကြည့်ပြီး
ပြန်လှည့်လာတယ်။
"ဘယ်လောက်လည်းကွ"
အားတတ်သေရာ...
"(၂၀၀)ပါခင်ဗျ"
"အေး...ဟုတ်ပြီ
(၁၀)ဆပေးမယ်ွကာ
ဘယ်သူကတိုက်မလဲ?
တစ်ယောက်ချင်းဖြေ.."
ပထမတစ်ယောက်
"ကျွန်တော်..တိုက်မယ်"
"မင်းဘာလို့..တိုက်ချင်တာလဲ?"
"ကျွန်တော်တနေကုန်
ဘာမှ..မစားရသေးလို့ပါ"
"အေး...ဟုတ်ပြီ"
ဒုတိယတစ်ယောက်
"မင်းကရော..?
ကျွန်တော်လည်း..မစားရေသးဘူး
အိမ်မှာ..အမေကလည်း
နေ..မကောင်းဘူးခင်ဗျ"
"ဟေ..ဟုတ္လား?..အေးပါ"
နောက်ဆုံးတစ်ယောက်
"မင်းကရောကွ.!
"ကျွန်တော်က
ဦးလေးပေးတဲ့ဖိနပ်တိုက်ခကို
သူတို့နှစ်ယောက်ကိုပေးချင်လို့ပါ"
"ဟေ..မင်းကဘာစားပြီးပြီလဲ?"
"ကျွန်တော်က
ပေါင်မုန့်နှစ်ချပ်စားထားပါတယ်'
"အင်း......ဟုတ်ပြီ
ဒါဆို...မင်းတိုက်ကွာ"ဆိုပြီး
ငွေ(၂၀၀၀)ထုတ်ပေးလိုက်တယ်။
ကောင်လေးက
ချက်ချင်းပဲ
သူ့..သူငယ်ချင်းနှစ်ယောက်ကို
ပိုက်ဆံ........ခွဲပေး
"မင်းတို့ပြန်နှင့်ကြ.."ဆိုပြီး
ဝမ်းသာအားရ
ဖိနပ်ကုန်းတိုက်ပါလေရော!
နောက်တော့
အဲ့ဒီသူဌေးကြီးက
သူ့ကို...အလုပ်ပေးတယ်။
အသက်(၄၅)နှစ်မှာ
အလုပ်သမားပါတီထောင်တယ်။
သူ့ရဲ့
အနစ်နာခံစိတ်
ကိုယ်ချင်းစာစိတ်တွေကြောင့်
လူချစ် လူခင် ပေါလှပြီး.....
၂၀၀၂ ခုနှစ် ရွေးကောက်ပွဲမှာ
ဘရာဇီးနိုင်ငံရဲ့
(၃၅)ယောက်မြောက်
သမ္မတ ဖြစ်လာတယ်။
(Fernando Henrique Cardoso.)တဲ့
ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်..
ကိုယ့်လောက်
အဆင်မပြေဖြစ်နေသူတွေကို
အနစ်နာခံပါ။
ကိုယ်ချင်းစာတရားထားပါ။
မေတ္တာ အရင်းခံတဲ့စိတ်ထား ထားရှိရင်
ဘဝမှာအောင်မြင်မှုတွေရလာမှာ
အသေအချာပါပဲ ...။
ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ပါ။
Credit to original uploader
17/08/2022
အကြိုက်ဆုံးစကားစုတစ်ချို့
🐋ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ ။
ဒါပေမယ့် •••
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။
🐦 ဘဝကို ကြက်တူရွေးလို မနေဘဲ
🦅 သိန်းငှက်လို ကျင့်ကြံပါ
🐦 ကြက်တူရွေးက စကားတတ်ပေမဲ့
မြင့်မပျံနိူင်ဘူး
🦅 သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိူင်တယ် ။
🚣♂️ ကြိုးစားတဲ့ လူတိုင်းက •••
မအောင်မြင်ပါဘူး
ဒါပေမယ့် •••
အောင်မြင်နေတဲ့ သူတိုင်းက •••
ကြိုးစားခဲ့ကြပါတယ် ။
🚶 လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့ •••
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။
🔹 လူ့ သက်တမ်းက •••
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု့ ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး ။
အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။
🖊️ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့
တံခါးပေါက်က ပြောတယ် •••
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု့ လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။
💡 မီးသီးကပြောတယ် •••
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။
ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့
📆 ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး
📙 စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။
🗡️ ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ••
⌚ နာရီလေးက ပြောတယ် •••
အချိန်ဆိုတာနောက်ပြန်မရနိူင်ဘူး။
🥛 ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။
💵 ပိုက်ဆံလေးက ပြောတယ် •••
များများ သုံးချင်ရင်များများရှာတဲ့။
Original Writer
#လေးစားစွာဖြင့်ပြန်လည်မျှဝေသည်