01/02/2026
တစ်ပေပတ်လည်ကို သိန်းချီပေးဝယ်ထားရတဲ့ခေတ်မှာ... နေရာလွတ်လေးတွေ ပစ်ထားလိုက်တော့မလား? 🏠💸
အိမ်တစ်အိမ်၊ တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။
စုဆောင်းထားတဲ့ ငွေတွေနဲ့ ဝယ်ယူထားရတာမို့ အိမ်ထဲက နေရာအကျယ်အဝန်း (Square Feet) တိုင်းဟာ မိတ်ဆွေအတွက် တန်ဖိုး ပါပဲ။
ဒါပေမဲ့...
ဆိုဒ်အသေလာတဲ့ Ready-made ပရိဘောဂတွေကို ဝယ်ထည့်လိုက်တဲ့အခါ မလိုလားအပ်တဲ့ "နေရာလွတ်" တွေ ဖြစ်သွားတတ်ပါတယ်။
🔸 ဗီရိုအပေါ်နဲ့ မျက်နှာကြက်ကြားက လွတ်နေတဲ့နေရာ၊
🔸 တိုင်ကွယ်နေလို့ ဘာမှလုပ်မရဘဲ ပစ်ထားရတဲ့ ထောင့်ချိုးနေရာ၊
🔸 ကုတင်အောက်က ဖုန်တွေပဲ အောင်းနေတဲ့နေရာ...
ဒီနေရာလေးတွေကို "နှမြော" မိတယ်ဆိုရင်တော့ Home Decoration Furniture ရဲ့ Customise ဝန်ဆောင်မှုနဲ့ အကောင်းဆုံး ပြုပြင်ပြောင်းလဲလိုက်ပါ။
ကျွန်တော်တို့က မိတ်ဆွေရဲ့ တန်ဖိုးရှိလှတဲ့ နေရာတွေကို "အကျိုးရှိဆုံး" ဖြစ်အောင် ဖန်တီးပေးပါတယ်-
✅ မျက်နှာကြက်ထိ အမြင့်တင်မယ်: အပေါ်ပိုင်းမှာ နေရာလွတ်မထားဘဲ စောင်တွေ၊ အိတ်တွေသိမ်းဖို့ အကန့်တွေ ထပ်ဖြည့်ပေးပါတယ်။
✅ အောက်ခြေကို အသုံးချမယ်: ကုတင်အောက်ခြေလို နေရာမျိုးကိုတောင် အံဆွဲတွေထည့်ပြီး အဝတ်အစားတွေ သပ်သပ်ရပ်ရပ် သိမ်းဆည်းနိုင်အောင် လုပ်ပေးပါတယ်။
✅ ဧည့်ခန်းကို အသက်သွင်းမယ်: နံရံကပ် TV Shelf တွေကို အခန်းအကျယ်နဲ့ ချိန်ညှိပြီး တပ်ဆင်ပေးတာမို့ လမ်းလျှောက်ဖို့ နေရာမပိတ်စေပါဘူး။
ဒီလို တန်ဖိုးရှိတဲ့ နေရာတွေကို ဖန်တီးတဲ့အခါ... "ကြာရှည်အသုံးခံဖို့" ကလည်း အရေးကြီးဆုံးပါပဲ။
ဒါကြောင့် ကျွန်တော်တို့ဆီမှာ ကြိတ်သား (Particle Board) လုံးဝမသုံးဘဲ၊ ရေစိုဒဏ်ခံ၊ ပိုးမွှားဒဏ်ခံနိုင်တဲ့ AAA Grade Blockboardကိုသာ အာမခံပြီး သုံးပေးထားပါတယ်။
နေရာကို တန်ဖိုးရှိရှိသုံးမယ်၊ ငွေကို တန်ဖိုးရှိရှိသုံးမယ်ဆိုရင်... ကျွန်တော်တို့ကိုအခုပဲ Page Messenger (သို့မဟုတ်) Viber ကိုအခုပဲဆက်သွယ်လိုက်ပါ။အိမ်အရောက် တိုင်းတာပေးဖို့လည်း ချိန်းဆိုနိုင်ပါတယ်ခင်ဗျာ။
📲 ဖုန်း - 09962457580,09798387280,09401856686
#ပရိဘောဂ #အိမ်အလှဆင် #ဗီရို #ကုတင် #ဧည့်ခန်း
24/01/2026
01/12/2025
25/11/2025
25/01/2025
29/11/2024