23/08/2015
How to remove blood stains from mattress ( from wikihow.com)
We provide all kinds of Janitorial Service for your house,office etc.
We provide all kinds of janitorial service such as
(1) Upholstery...mattresses,carpets and sofas etc.. sterilizing & sanitizing
(2) Office/House spring cleaning
(3) Tile/ marble floors polishing for both commercial and residential building
We specialized in sterilizing mattress, carpet and sofa using UV lamp to kill dust mites & harmful bacteria to create cleaner environment for your loved ones.
23/08/2015
How to remove blood stains from mattress ( from wikihow.com)
01/07/2015
Credit to original writer...
26/04/2015
Dust mite တွေအကြောင်းတော်တော်ပြည့်စုံပြီဆိုတော့ သူတို့ကို ဘယ်လိုနှိမ်နင်းမလဲ ကြည့်ရအောင်။ လူအများစုကတော့ UV-A နဲ့ UV-B ကိုသိပြီးဖြစ်မှာပါ။ အခုပြောချင်တာကတော့ UV-C အကြောင်းပါ။ မူရင်း အဓိပ္ပါယ် ကတော့ UV-C is a powerful, highly concentrated form of light in the Ultra Violet spectrum that is classified as Germicidal ပါတဲ့။ သူကတော့ Dust mite တွေနဲ့ သူ့ရဲ့ဥတွေရဲ့ DNA ကို တစစီဖြိုခွဲနိုင်စွမ်းရှိပါတယ်။ ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ဗိုင်းရပ်စ်တွေ နဲ့ allergy ဖြစ်အောင်လှုံ့ဆော်တဲ့ allergens
တွေ၊ တခြားသော ပတ်ဝန်းကျင်ကအဆိပ်အတောက် ရောဂါပိုးမွှားတွေကိုပါသေစေနိုင်ပါတယ်။ ဒီလောက်အကျိုးပြုတဲ့ UV- C light ဟာ လူတွေအတွက်တော့ အန္တရာယ်လုံးဝ မရှိပါဘူးတဲ့။ သူ့ကို ရေသန့်ထုတ်ရာမှာလည်းကောင်း၊ ဆေးရုံသုံး ပစ္စည်းများ ပိုးသတ်ရာမှာလည်းကောင်း အသုံးပြုကြပါတယ်။ နေရောင်ခြည်ထဲမှာ ပါဝင်တာမို့ မိမိတို့ မွေ့ရာတွေ ကော်ဇောတွေ ဆိုဖာတွေကို အခုပဲ နေထုတ်လှမ်းပြီး Dust mite တွေကိုနှိမ်နင်းနိုင်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ် လူနေမှုပုံစံအရ ဒီပစ္စည်းတွေကို နေထုတ်လှမ်းဖို့ဆိုတာက တော်တော်မလွယ်တဲ့ ကိစ္စပါ။ ကန်ထရိုက်တိုက် အပေါ်ဆုံးကနေ လှေကားကျဉ်းကျဉ်းလေးထဲက သယ်ချဖို့ရယ်.... ကားတစ်စီးတောင် အနိုင်နိုင် လုပြီးရပ်နေရတဲ့ အချိန်မှာ ဒါတွေကို နေရာချဖို့ရယ်....တွေးလိုက်တာနဲ့ ခေါင်းကိုက်စရာပါ။ ဒါဆိုရင် လက်မြှောက်အရှုံးပေးပြီး Dust mite တွေနဲ့ပဲ ဆက်လက်အိပ် ရာဝင် မှာလား?
ဒါပေမဲ့ ဒါတွေကို အေးအေးဆေးဆေးဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိပါတယ်။ Stay tune with "Healthy Home" ပါလို့်။
14/03/2015
Dust mite ကြောင့် ဖြစ်တဲ့ရောဂါတွေပါ။
၁- အလာဂျီ allergy
၂- ခေါင်းကိုက်ခြင်း
၃- လေပြွန်ယောင်ခြင်း
၎- မျက်စိနီ / နာခြင်း
၅- ချောင်းဆိုးရင်ကျပ် asthma
၆- အလွယ်တကူ မောပန်းနွမ်းနယ်ခြင်း
ရ- စိတ်ဓာတ်ကျလွယ်ခြင်း depression
၈- ကလေးများတွင် အရေပြား ရောင်ရမ်းခြင်း
၁- Allergy
Allergy ဖြစ်စေတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ မှိုတွေ ပန်းဝတ်မှုန်တွေ ဖုန်မှုန့် တွေ အစားအစာတွေ ဆေးဝါးတွေစသည်ဖြင့်ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ သန်းနဲ့ချီသောလူပေါင်းများစွာကတော့ အိမ်မှာရှိတဲ့ ဖုန်မှုန်တွေနဲ့ dust mites တွေကြောင့် allergy အဖြစ်အများဆုံးပါတဲ့။ တနည်းအားဖြင့်တော့ အဖြစ် အလွယ်ဆုံးပါ။ dust mites တွေနဲ့ သူတို့ရဲ့အညစ်အကြေးတွေဟာ allergy ဖြစ်စေဖို့ လှုံ့ဆော်ပါတယ်။ သူတို့ အဓိကခိုအောင်းရာကတော့ မွေ့ရာတွေ ကော်ဇောတွေ နဲ့ ဆိုဖာဆက်တီတွေမှာပါ။ လူ့အရေပြားဆဲလ်အသေတွေ စားသုံးပါတယ်။ တခုတော်သေးတာက သူတို့က မကိုက်တတ်ပါဘူး။ တွက်ချက်ကြည့်မယ်ဆိုရင် သင့်ရဲ့အိမ်ထဲမှာ ၂၅ ကီလို ပမာဏရှိတဲ့ dust mites တွေကို ဖြန့်ကြည့်ရင် ၁၅၀၀ စတုရန်းပေခန့်ရှိနိုင်ပါတယ်။ Dust mite တွေကို ဘယ်လိုနှိမ်နင်းရမလဲ ဆက်လက်ပြီး ဖော်ပြပေးဦးမှာမို့ stay tune with "Healthy Home, Happy Family" ပါနော်။
18/02/2015
Dust mite တွေကြောင့် နာမကျန်း ဖြစ်နေသလား။ အမြင်အရ သိပ်ကို သန့်ရှင်းတဲ့ အိမ်မှာတောင်မှ သူတို့ဟာ ရှင်သန်ပေါက်ဖွားနိုင်ကြပါတယ်။ အများအပြားတွေ့နိုင်တာကတော့ မွေ့ရာ၊ ကော်ဇော ၊ဆိုဖာဆက်တီ နဲ့ သင်သိပ်ချစ်တဲ့ မွှေးပွအရုပ်တွေမှာပါ။ မွေ့ရာရဲ့ သက်တမ်းကို လိုက်ပြီး အကာင်ရေ တစ်သိန်း မှ ဆယ်သိန်းအထိရှိနေနိုင်ပါတယ်။ ခေါင်းအုံးတစ်လုံးရဲ့အလေးချိန် ၂၀% ကနေ ၅၀ %ဟာ Dust mite တွေပါ။ microscope နဲ့ ကြည့်တဲ့အခါ ပင့်ကူနဲ့ အသွင်သဏ္ဌာန်တူတဲ့ dust mite တွေရဲ့ အနှစ်သက်ဆုံး အစားအစာ ကတော့ လူ့အရေးပြားလွှာပါပဲ။ ကျွန်တော်တို့ဟာနေ့စဉ် အရပြေားဆဲလ် အသေအလွှာပေါင်း သိန်း၅၀၀ အထိကွာကျပါတယ်။ Dust mite တွေအတွက်တော့ ပွဲတော်ကြီးပေါ့လေ။ တကယ်တော့ သူတို့ဟာ ဖုန်မှုန့်  နဲ့မတည့်သူတွေ allergy ဖြစ်လွယ်သူတွေ နဲ့ asthma ရှိသူတွေအတွက်တော့ မဟာရန်သူပါပဲ။ သေချာစဉ်းစား တွက်ချက်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဘဝရဲ့ ၃ပုံ ၁ပုံ ဟာအိပ်ရင်းနဲ့ ကုန်ဆုံးကြတာပါ။ ကျွန်တော်တို့ အိပ်စက်အနားယူရာ လဲလျောင်းအပန်းဖြေရာ မွေ့ရာပေါ်မှာ ပြီးတော့ ခေါင်းအုံးနဲ့ စောင်တွေပေါ်မှာ သိန်း သိန်းပေါင်းများစွာသော dust mite လေးတွေနဲ့ အတူတူ အိပ်စက်နေရတယ်လို့ တွေးမိရုံနဲ့ တော်တော် စိတ်မသက်မသာဖြစ်ရပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့ ။ ပြသာနာတိုင်းမှာ အဖြေရှိပါတယ်။ Dust mite တွေကို ဘယ်လို နှိမ်နင်းမလဲဆိုတာ ဆက်လက်ပြီး တင်ပြပါဦးမယ်။
12/02/2015
Dust mite လို့ခေါ်တဲ့ ဖုန်မှုန်ထဲက အကောင်လေးတွေပါ။ အသုံးအဆောင်တွေ အဝတ်ထည် နဲ့ ပရိဘောဂ အစရှိသဖြင့် အိမ်ရဲ့ နေရာတော်တော်များများမှာ တွေ့ရပါတယ်။ သာမာန် မျက်စိနဲ့ မတွေ့မြင်နိုင်ပါဘူး။ အပ်ထိပ်လေးဟာ dust mite အကောင် ၁၀၀၀ နဲ့ အရွယ်ညီပါတယ်။ သူတို့ အများဆုံးနေထိုင် ပေါက်ဖွားရာနေရာကတော့ ကျွန်တော်တို့ တနေ့တာအချိန်ရဲ့ ၃ပုံ ၁ပုံ ကုန်ဆုံးရာ မွေ့ရာပါပဲ။ ပြီးတော. Fabric ဆိုဖာတွေ..ကော်ဇောတွေမှာပါ။ ကျွန်တော်တို့ အရပြေားဟာ နေ့စဉ် skin flakes ပေါင်း 10,000 millions ကွာကျပါတယ်။ Dust mite တွေဟာ အရေပြားသေ ၁ခုကို ရက်ပေါင်း ၁၇၀တိုင် စားနိုင်ပါတယ်။ အမတစ်ကောင်ဟာ ဥ ၃၀၀ ဥပါတယ်။ သူတို့ရဲ့ ကိုယ်အလေးချိန်ရဲ့ အဆ ၂၀၀ ရှိတဲ့ အညစ်အကြေးတွေကို စွန်ပစ်ပါတယ်။ အစားအစာ မစားပဲ ၁နှစ် အသက်ရှင်နိုင် ပါတယ်။ ဒါကတော့ dust mite တွေအကြောင်းသိကောင်းစရာပါ။ နောက်မှ dust mite တွေကြောင့် ဖြစ်တဲ့ ရောဂါတွေ အကြောင်းပြောပါဦးမယ်။ အားလုံး အချိန်ယူပြီး ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ။
သင်၏ မွေ့ရာ ဆိုဖာနှင့် ကော်ဇော များကိုလျှော်ဖွတ်ရန် အခက်တွေ့နေပါသလား။ မှိုနံ့တွေဖှန်မှုန့်တွေ ကြောင့်စိတ်ညစ်နေသလား။ သင့်မွေးကင်းစကလေးလေး အတွက်၊ ရင်ကျပ်ပန်းနာသည်များအတွက် ကျန်းမာ သန့်ရှင်းတဲ့ အိမ်ဂေဟာလေး ဖန်တီးပေးဖို့ Healthy Home ကိုဆက်သွယ်လိုက်နော်။