03/07/2016
🌟🌟🌟 #၇ကြိမ်မြောက်စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့်စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာဓမ္မစာပေဟောပြောပွဲဖိတ်ကြားလွှာ🌟🌟🌟
မလေးရှားနိုင်ငံ ပီနန်းမြို့ မေတ္တာနန္ဒဝိဟာရ (အိုက်တန်တောင်ပေါ်ကျောင်း)တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို (17-July-2016) တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပါသည်။ ယခုနှစ်တွင် မေတ္တာနန္ဒဝိဟာရ တာဝန်ခံဆရာတော် ဦးဆောင်၍ မလေးရှားရောက် မြန်မာနိုင်ငံသူနိုင်ငံများအတွက် အထူးဝိသေသအဖြစ် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ဓမ္မစာပေ ဟောပြောပွဲထည့်သွင်းထားပါသည် သို့အတွက်ကြောင့် မေတ္တာနန္ဒဝိဟရ မိသားစုအသင်းများနှင့်အတူ ဓမ္မစာပေဟောပြောပွဲသို့ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
13/02/2016
မလေးရှားနိုင်ငံ ပီနန်မြို့ မေတ္တာနန္ဒဝိဟာရကျောင်းတိုက်တွင် ဆောက်လုပ်ပြီးစီးလှူဒါန်းထားသော #မဟာကုသလကာရီ သိမ်တော်မြတ် ကျောင်းလွှတ်ပူဇာ အနုမောဒနာ ရေစက်ချပွဲကို ၂၀၁၆ ခုနှစ် ဖော်ဖဝါရီ ၁၄ ရက် တနင်္ဂနွေနေ့ တွင် ကျင်းပမည်ဖြစ်ရာ ရပ်နီးရပ်ဝေးမှ ဓမ္မမိတ်ဆွေသင်္ဂဟများ အနုမောဒနာတရား ဝမ်းမြောက်စွာ နားယူနိုင်ပါရန် နေ့လည် ၂နာရီအရောက် ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
မေတ္တာနန္ဒကျောင်းကော်မတီအဖွဲ့
11/02/2016
မလေးရှားနိုင်ငံ ပီနန်မြို့ မေတ္တာနန္ဒဝိဟာရ (အိုက်တန်တောင်ပေါ်ကျောင်း)၂၀၁၆ ခုနှစ် တရုတ်နှစ်ကူး ဒုလ္လရဟန်းခံပွဲနှင့် (၇) ရက် ဝိပသာနာ အလုပ်ပေးတရားစခန်း
25/01/2016
⭐⭐⭐တရုတ်နှစ်သစ်ကူး ၆ ကြိမ်မြောက် ၇ ရက်တရားစခန်း ဖိတ်ကြားခြင်း⭐⭐⭐
မလေးရှား နိုင်ငံ ပီနန်းမြို့ မေတ္တာနန္ဒဝိဟာရ (အိုက်တန်တောင်ပေါ်ကျောင်း) ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော တရုတ်နှစ်သစ်ကူး ဒုလ္လဘ ရဟန်းခံပွဲ နှင့် ၇ ရက် အလုပ်ပေးတရားစခန်းကို ၈ ရက် ၂ လ ၂၀၁၆ ခုနှစ် (8 - Feb-2016)တနင်္လာနေ့တွင် စတင်ပြုလုပ်ပါမည်။
☆ ဒုလ္လဘရဟန်းခံမည့် ရဟန်းလောင်းများ မိမိတို့ သက်ဆိုင်ရာ မေတ္တာနန္ဒ ဝိဟာရ မိသားစုဝင် အသင်းများသို့ မိမိတို့ မွေးသက္ကရာဇ် များကို စာရင်းပေးသွင်းပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
☆ ဒုလ္လဘ ရဟန်းခံမည့် သမဏေလောင်းလျာများ 7 - Feb-2016 တနင်္ဂနွေနေ့တွင် ဆံချ သာမဏေဝတ်ခြင်းများပြုလုပ်ပေမည်ဖြစ်ပါသည် ထိုအတွက် အတက်နိုင်ဆုံး တနင်္ဂနွေနေ့လည် ၂ နာရီ လောက် မေတ္တာနန္ဒဝိဟာရကျောင်းသို့ လာရောက်ပေးကြပါရန် အသိပေး နိုးဆော်လိုက်ပါသည်။
☆ သိမ်ဆင်းလောင်းလှူကြမည့် ကုသိုလ်ရှင်များ အနေဖြင့် 8 - Feb-2016 တနင်္လာနေ့ ညနေ ၆ နာရီ အချိန်တွင် စတင်ပါမည် သိမ်ဆင်းသံဃာအပါး ၁၀၀ ဝန်ကျင်းခန့်ရှိပါသည်။
မေတ္တာနန္ဒ ကျောင်းကော်မတီ
03/01/2016
မလေးရှားနိုင်ငံ ပီနန်မြို့ မေတ္တာနန္ဒဝိဟာရကျောင်း၌ တည်ဆောက်လျက်ရှိသော မဟာကုသလကာရီ သိမ်တော်မြတ် ဖြစ်မြောက်ရေးအတွက် ရင်းဂစ် ၅၀၀ နှင့် အထက် ထည့်ဝင်လှူဒါန်းကြသော ကုသိုလ်ရှင် အမည်စာရင်းများကို မေတ္တနန္ဒဝိဟာရ ကျောင်းကော်မတီအဖွဲ့မှ စေတနာ့ရှင် ကုသိုလ်ရှင်များအား ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
18/11/2015
မလေးရှားနိုင်ငံ ပီနန်မြို့ မေတ္တာနန္ဒဝိဟာရ (အိုက်တန်တောင်ပေါ်ကျောင်း)၌ ၉ ကြိမ်မြောက် တရုတ်+မြန်မာ စုပေါင်း မဟာဘုံကထိန်ပွဲကို ၁၅ နိုဝင်ဘာ ၂၀၁၅ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ကထိန်ပွဲ ဖြစ်မြောက်ရေး အတွက် အဖက်ဖက် ဝိုင်းဝန်းပါဝင် ကုသိုလ်ပြုကြသော မေတ္တာနန္ဒ မိသားစု အသင်းအဖွဲ့များဖြစ်သည့် ဘတူးမောင့်လူငယ်ပရဟိတ၊ ရောင်နီဦး ညီအစ်ကိုများ၊ သာသနာနုဂ္ဂဟဝတ်အသင်း၊ မြတ်မင်္ဂလာပရဟိတ၊ သာသနပါလဝတ်အသင်း၊ တုသိတာပရဟိတ၊ ရွှေပါရမီ (Dufu)မိသားစု၊ သာသနမာမကအဖွဲ့၊ ကိုးလုံးတန်း မိသားစု၊ ရွှေလူငယ်အဖွဲ့၊ မေတ္တာရောင်ပြန်အဖွဲ့ မေတ္တာနန္ဒ မိသာစုးများ တရုတ်မိသာစုများ နှင့် ကြွရောက်လာကြသော ဓမ္မမိတ်ဆွေ များကို အထူးကျေးဇူးတင်ရှိပါသည်။
09/11/2015
🌟🌟🌟စုပေါင်းမဟာဘုံကထိန် ဖိတ်ကြားလွှာ 🌟🌟🌟
မလေးရှားနိုင်ငံ ပီနန်မြို့ မေတ္တာနန္ဒဝိဟာရ (အိုက်တန်တောင်ပေါ်ကျောင်း) တွင် စုပေါင်းမဟာဘုံကထိန် ပွဲတော်ကျင်းပပြုလုပ် မည်ဖြစ်ပါသောကြောင့်
ကထိန်သင်္ကန်းကပ် တရားတော်နာကြွရောက်နိုင်စေရန် ဓမ္မမိတ်ဆွေများအား
နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်အပ်ပါသည်။
(မှတ်ချက်)အသင်းအဖွဲ့မှ ခေါင်းဆောင်များခင်ဗျာ (၁၄-၁၁-၂၀၁၅ စနေနေ့နံနက် ၁:၀၀နာရီတွင် သိမ်နုတ်သိမ်သမုတ်ပွဲကျင်းပမည်ဖြစ်ပါသောကြောင့် လာရောက်နိုင်ပါက(၁၃-၁၁-၂၀၁၅ သောကြာနေ့ည မေတ္တာနန္ဒ ကျောင်းတိုက်သို့ လာရောက်ကြပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။
01/11/2015
မလေးရှား နိုင်ငံ ပီနန်မြို့ #မေတ္တာနန္ဒဝိဟာရ (အိုက်တန်တောင်ပေါ်ကျောင်း) ဆရာတော် အရှင်ရာဇိန္ဒ ရဝေနွယ် (အင်းမ)၏ ဝါကျွတ်အထူးတရားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည် ... တရားပွဲ ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်ပါဝင် ကုသိုလ်ပြုကြသော ဓမ္မမိတ်ဆွေများအား အထူးကျေးဇူတင်ရှိပါသည်။
26/10/2015
⭐🌟⭐ #သီတင်းကျွတ်အထူးတရားပွဲ⭐🌟⭐
သာသနာနှစ် ၂၅၅၉ ကောဇာ ၁၃၇၇ သီတင်းကျွတ် လပြည့်ကျော် ၃ ရက် စနေနေ့ည (2015 October 31 Saturday )တွင် မလေးရှားနိုင်ငံ ပီနန်းမြို့ မေတ္တာနန္ဒဝိဟာရ (အိုင်တန်တောင်ပေါ်ကျောင်း) ပထမအကြိမ် ဝါကျွတ် အထူးတရားပွဲကို ဓမ္မကထိက အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)မှ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးမည်ဖြစ်ပါသည် သို့ပါသောကြောင့် မလေးရှားနိုင်ငံ ရပ်နီးရပ်ဝေးမှ တရားချစ်ခင် သူတော်စင်များအား တရားတော်နာ ကြွရောက်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
#ဆက်သွယ်ရန် - အောက်တွင်ဖော်ပြထားသော ပုံ (၃) မှ အသီးသီးသော အသင်းခေါင်းဆောင်များသို့ ဖုန်းဆက်၍ မေးမြန်နိုင်ပါသည်။
17/10/2015
သဗ္ဗညုတ ဥာဏ်ရှင် ဗုဒ္ဓရှင်တော်မြတ်အား လေးမြတ်ကော်ရော် ရှစ်ခိုးပူဇော်ပါ၏။
သာသနာနှစ် ၂၅၅၉ ကောဇာ ၁၃၇၇ခု သီတင်းကျွတ်လဆန်း (၄) ရက် စနေနေ့ည တွင် မလေးရှားနိုင်ငံ ပီနန်မြို့ မေတ္တာနန္ဒဝိဟာရ (အိုက်တန် တောင်ပေါ်ကျောင်း)တွင် သာသနာနုဂ္ဂဟ ဝတ်ရွက်အသင်း ဝတ်ရွက်ပူဇော်နေပုံ...
12/10/2015
#မဟာကုသလကာရီ သိမ်တော်တည်ဆောက်ရာတွင် အပတ်စဉ် တနင်္ဂနွေနေ့နှင့် မလေးရှား ရုံးပိတ်ရက်များ၌ လုပ်အားပေး ဓမ္မမိတ်ဆွေများအား အဟာရဒါန ကုသိုလ်ပြုကြသော ကုသိုလ်ရှင် အမည်စာရင်းများကို ဒုတိယအကြိမ် နောက်တိုးစာရင်းများနှင့် တကွ ပီတိဖြစ်စေလိုသောငြာ မလေးရှားနိုင် ပီနန်းမြို့ မေတ္တာနန္ဒဝိဟာရ ကျောင်းကော်မတီအဖွဲ့မှ ဖော်ပြပေးလိုက်ပါသည်။
05/10/2015
မလေးရှားနိုင်ငံ ပီနန်းမြို့ မေတ္တာနန္ဒဝိဟာရကျောင်းတိုက်အတွင်း၌ တည်ဆောက်လျက်ရှိသော #မဟာကုသလကာရီ သိမ်တော်အတွက် လှူဒါန်းထားသော ကုသိုလ်ရှင်များ သဒ္ဒါပီတိ ဝမ်းသာရှိစေရန် ကျောင်းကော်မတီအဖွဲ့မှ ဒုတိယ အကြိမ် လက်ခံရရှိသော ကုသိုလ်ရှင်အမည်စာရင်းများကို ဖော်ပြပေးလိုက်ပါသည်။
မှတ်ချက်။ ။ကျန်ရှိနေသေးသော အလှူရှင်အမည်စာရင်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ လှူဒါန်းထားသော ကုသိုလ်ရှင် အမည်စာရင်းများကိုလည်းဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။