Mobile Knowledge Share

Mobile Knowledge Share

Partager

mobile service

16/12/2023

😇😇😇😇

15/12/2023

ဖုန်းနဲ့ပတ်သတ်လို့ နည်းပညာပိုင်း မေးချင်တာရှိရင် မေးမြန်နိုင်ပါတယ်

03/11/2023

redmi note 13pro VS redmi note 13pro plus

10/08/2022
Photos from Mobile Knowledge Share's post 11/11/2018

oppo neo7

27/10/2018

ဘဝအတွက် ခွန်းအားများ
******************************

အမှားတစ်ခုကြုံတိုင်း သင်ခန်းစာယူပါ။
ပြဿနာတစ်ခုတွေ့တိုင်း ဖြေရှင်းတက်ပါစေ။
အခက်အခဲ တွေ့တိုင်းစိတ်ဓာတ်မကျပါနဲ့။

ဒုက္ခဆိုတာ သုခအတွက်ပထမရှေ့ပြေး။
မုန်တိုင်းပြီးရင် လေပြေလာလိမ့်မယ်။

လောကဓံကို ကြံ့ကြံ့ခံနိုင်မှ
လူဘဝဆိုတာ ဖြောင့်ဖြူးတာပါ။

အပြေးသမားတစ်ယောက်က
အမောမခံနိုင်ပဲ ပန်းတိုင်ရောက်အောင်
မပြေးနိုင်ဘူးလေ။

လူ့ဘဝကလဲဒီလိုပဲ
မောပန်းခြင်းကိုအကြောင်းပြ
ရောက်တဲ့နေရာ ရပ်နေသရွေ့
လျှင်မြန်ပါတယ်ဆိုတဲ့''ယုန်''ကို
"လိပ်''ကတောင် အနိုင်ယူသွားသေးတာပဲ။

ရှေ့ကလူကို နောက်ကလူက
လိုက်မှီတယ်ဆိုရင် အဲ့ဒီလူကပဲ
မြန်တာလား ရှေ့ကလူကရပ်နေတာလား
စဉ်းစားကြည့်ပါ။

ဘယ်ကိစ္စမဆို
မှားမှာမကြောက်နဲ့
ရှုံးမှာမကြောက်နဲ့
ကြောက်တက်တဲ့စိတ်ကိုပြင်
စိတ်ဓာတ်ကိုအမြဲမြှင့်တင်ပါ။

ဘဝကိုမြှင့်မှ တိုးတက်တာပါ
ဘဝင်မြင့်ရင်တော့
အောက်ကျလိမ့်မယ်သတိထား။

ဘာကြောင့်ဖြစ်ဖြစ် အားမငယ်ပါနဲ့
စိတ်ဓာတ်မကျပါနဲ့ ဒါပေမဲ့
လောကကြီးက ဒုက္ခတစ်ခုပေးတိုင်း
အခက်အခဲ တစ်ခုပေးတိုင်း
ပြဿနာတစ်ခုပေးတိုင်း
သင်ခန်းယူဖို့တော့မမေ့ပါနဲ့။

ဘာကြောင့်ဆို
အခက်အခဲနဲ့ဒုက္ခဆိုတာ
ကျွန်တော်တို့ လူသားတွေအတွက်
ပြီးဆုံးတယ်ဟူ၍မရှိနိုင်ပါဘူး။

အခက်ခဲတိုင်းကိုရင်ဆိုင်တတ်ရမယ်
စိတ်ဓါတ်ခိုင်မှာရမယ် ။
လုပ်ငန်းကို ရဲရဲလုပ်ရဲရမယ်
မဖြစ်နိုင်ဘူးဆိုတဲ့အတွေးကိုဖယ်ထားပါ ဖြစ်ရမယ်ဆိုတဲ့အတွေးနဲ့ဆက်လုပ်ပါ
ကိုယ်နေရာပတ်ဝန်ကျင်မှာ စွန့်ဦးတီထွင်သူဖြစ်အောင်ကြိုးစားပါ
အနောက်လိုက်မလုပ်ပါနဲ့ သူများလုပ်ပြမှမြင်တတ်တဲ့သူမလုပ်ပါနဲ့ တိုးတက်မူ့က ကိုယ့်အရှေ့ကိုရောက်လာလိမ့်မယ် မိတ်ဆွေ။

Photos from Mobile Knowledge Share's post 26/10/2018

Honor H30-l02 jumper ways

08/09/2018

ဒီတစ်ခါ motherboard အကြောင်းလေ့လာကြရအောင်..
-----------------------------------------------------------------
motherboard ဆိုတာက ကွန်ပျူတာတစ်ခုလုံးမှာ အေ၇းကြီးဆုံး အစိတ်ပိုင်း တစ်ခုလို့ ပြောလို့ ၇ပါတယ်..သူ နဲ့ ဆက်စပ်လုပ်ဆောင်တဲ့ Component တွေက ကောင်းမွန်မှသာလျင် အလုပ်တွင်ကျယ်မှာဖြစ်ပါတယ်..
ဆိုကြပါစို့ RAM စိုက်တဲ့ slot က မကောင်းတော့ဘူး..ဒါမှမဟုတ်ရင် nothbridge southbridge super I/O တစ်ခုခုချို့ ယွင်းခဲ့မယ်ဆိုရင် အလုပ်လုပ်ရာတွင်အဆင်မပြေတော့ပါ..restart ခနခနကျမယ် heat ထွက်လာမယ် heat ထွက်လာတာနဲ့  အမျှသတ်မှတ်ထားတဲ့ အပူချိန်ကျော်ရင် cut off လုပ်မယ် restart ကျမယ်..အဲမှာတင်လည်နေမယ် ပေါ့ဗျာ..ဆက်သုံးနေရင် တခြားcomponent တွေပါထိခိုက်နိုင်ပါတယ်…motherboard
မကောင်းတော့လို့ သုံးမ၇တော့တဲ့ အခြေနေတွေဖြစ်ရတဲ့ အကြောင်း ရင်းတွေထဲမှာ အောက်က devices တွေကြောင့်ဖြစ်နိုင်တယ်…..။
1.CPU
2.RAM
3.VGA
4.ROMBIOS
5.NORTHBRIDGE
6SOUTHBRIDGE
7.ENVIROMENT
8.MAINBOARD COMPONENTS…
1.CPU
---------
ဝင်းဒိုးတက်မလာဘူး..CPU ကြောင့်လို့ သံသယရှိခဲ့ ရင် မိမိ CPU နဲ့ အမျိုးစားတူ socket အမျိုးစားတူတဲ့ cpu ကိုတပ်ဆင်…ထိုကဲ့ သို့ တပ်ဆင်ထားသော်လည်း ၀င်းဒိုးတက်မလာ… များသောအားဖြင့် socket အလုပ်မလုပ်တော့ရင် processor ကို cut off လုပ်လိုက်ပါတယ် .…မိမိ CPU ကိုလည်း အခြားအမျိုးအစားတူ မားသားဘုတ်မှာစမ်းလို့ မှအဆင်ပြေတယ်ဆိုရင် socket အလုပ်မလုပ်တာသေချာ..socket အလုပ်မလုပ်မှတော့ ကျန်တဲ အစိတ်ပိုင်း ကောင်းသော်လည်း motherboard ကိုအသုံးပြုမရလို့ motherboard ပျက်တယ်လို့ ယူဆလို့ ရပါတယ်…။
2.RAM
---------
RAM တွေကိုဖြုတ်ပြီးလှဲလှယ်စမ်းသပ်ကြည့်ပါ ..မိမိလှဲလှယ်လိုက်တဲ့ RAM ကလည်းကောင်းမွန်စွာလုပ်ဆောင်နေဖို့ လိုပါတယ်..ဘာလို့ လဲဆိုတော့ မိမိ လဲလှယ်လိုက်တဲ့ RAM ကကောင်းမကောင်းသိမထားရင် RAM ကောင်းပါရက်နဲ့ motherboard မကောင်းတော့ဘူးလို့ မှတ်ချက်ချလွဲသွားမှာ ဖြစ်ပါတယ်..ဒါကြောင့်RAMကောင်းဖို့ လိုပါတယ်..မိမိRAM ကိုလည်းတစ်ခြားစက်မှာစမ်းသပ်ပြီးပြီ..သူများရဲ့ RAMကို လည်းမိမိဆီမှာစမ်းသပ်ပြီးပြီ ဒါလည်းဝင်းဒိုးကတက်မလာ..bios အချက်ပေးတဲ့ beep အသံကတော့ကြားရမှာပါ..အချက်ပေးသံကြားနေရပေမဲ့ RAM ကြောင့်ဖြစ်တယ်ဆိုတာခန့် မှန်းရလို့ ရပါပီ..သို့ သော်လည်း RAM slot မကောင်းတော့ဘူး အလုပ်မလုပ်တဲ့ အတွက်ကြောင့် အသုံးပြုလို့ မရနိုင်တော့ပါ..ဘာကြောင့်လဲဆိုတော့RAM ကလည်း motherboard မှာမရှိမဖြစ်လိုအပ်နေလို့ ပါပဲ..။
3.VGA
----------
VGAလည်းRAM နည်းတူပါပဲ..bios မှ beep သံတွေထုတ်ပေးသော်လည်း အလုပ်မလုပ်လျင် သုံးလို့ မရတော့ပါ..အဖြစ်နည်းပါတယ်..ဘာလို့ လဲဆိုတော့ built in ကအလုပ်မလုပ်ရင်တောင် onboard ထပ်စိုက်ပြီး အသုံးပြုရင်၇နေပါဦးမယ်..on board ထပ်စိုက်သော်လည်း ယခင်ကကဲ့သို့ beep သံတွေထုတ်ပေးနေပြီးဘာမှ ပေါ်မလာဘူးဆိုရင်..motherboard သုံးမရတော့ပါ..ကျန်တဲ့ စိတ်ပိုင်းတွေကောင်းပေမဲ့ လို့ user ကမော်နီတာကိုမြင်ရဦးမှဖြစ်တာကိုး.. VGA ရဲ့ သွေးကြောတွေကုန်ပြီဆိုမှတော့ motherboard ပျက်ပြီပေါ့..တကယ်လို့ အဲလိုဖြစ်ခဲ့တဲ့လူရှိရင်လည်းအင်မတန်ကံဆိုးတဲ့ လူလို့ ပြောရမှာပဲ….။
4.ROMBIOS
------------------
ROMBIOS ကတော့တော်ရုံတန်ရုံမပျက်ပါ..ဒီမှာmotherboard ပျက်မပျက်အကြောင်းကိုပဲဆွေးနွေးတာဖြစ်တဲ့အတွက် ဘက်ထရီအကြောင်းထည့်မေ၇းတော့ပါဘူး..bios ကြောင့်ပျက်တာမရှိဘူးလားလို့ မေးရင် ရှိတယ်လို့ ဖြေရမှာပဲ..ဘာလို့ လဲဆိုတော့သာဓကတွေရှိတာကိုဗျ..bios ပျက်ရင် motherboard ပျက်ပါတယ်..system နဲ့ ပတ်သက်တဲ့ အချက်လက်တွေ hardware device တွေ ၇ဲ့ ကောင်းမကောင်းကိုစစ်ဆေးပေးပြီးသူကresult ထုတ်ပေးရပါတယ်..အဲဒီအဆင့်မှာတင် bios ကအလုပ်မလုပ်တော့ဘူးဆိုရင် အဆင်မပြေနိုင်တော့..ေ၇ှ့ ဆက်သွားမည်လည်းမဟုတ်ပါ..တစ်နည်းအားဖြင့် boot လုပ်မည်မဟုတ်တော့ပါ..bios chip လေးတွေက Motherboard ပေါ်မှာအသေတတ်ဆင်ထားတာပါ..သူက firmware ဖြစ်ပါတယ်..bios ကို upgrade လုပ်တယ်အခါမျိုးမှာသူနဲ့ အမျိုးအစားချင်းမတူတဲ့ ..software ကိုသွင်းမိတာတို့  bios upgrade လုပ်နေစဉ် မီးပျက်သွားတာတို့ ဖြစ်ခဲ့မယ်ဆိုရင်bios program တွေ ကမောက်ကမဖြစ်သွားပြီးကြောင်သွားနိုင်ပါတယ်..ထိုကဲ့သို့ bios ကြောင့်ဖြစ်ခဲ့ရင်လည်းမတတ်နိုင်ပါ..motherboard ပျက်တယ်လို့ ယူဆပါတယ်..။
5.North bridge
---------------------
CPU နဲ့  RAM ကြားမှာသူက controller အဖြစ်နဲ့ အလုပ်လုပ်ပါတယ်…mcc လို့ လဲခေါ်ကြပါတယ်..north bridge ပူလာပြီး restart ခနခနကျလို့  motherboard ၀ယ်လဲလိုက်ရတဲ့ အကြောင်းကျနော်ေ၇းခဲ့ဖူးပါတယ်..
6.South bridge
South bridge ကလည်းထိုနည်းတူပါပဲ..အဓိကကတော့အပူကြောင့်လို့ ပြောရမှာပဲ..ဒါပေမဲ့ electronic devices နဲ့  heat တွေက မတည့် အတူနေ ကြတဲ့သူတွေလေ..ဒါကြောင့် motherboard ကိုင်တော့မယ်ဆိုရင်Heat သတိထားရပါတယ်..လူခန်ဓာကိုယ်ကထွက်တဲ့ ESD ကလည်းကြောက်ဖို့ ကောင်းတယ်..ဘာမဟုတ်တာလေးနဲ့ sorth bridge ကိုထိမိပြီးအပူလောင်သွားတာ သူကအလုပ်တော့လုပ်တယ် short ဖြစ်ထားတဲ့ဒဏ်ကြောင့် အပူချိန်လွန်ကဲလာတာနဲ့ အမျှ processor ကနေ restart (သို့ ) shut down လုပ်လိုက်ပါတယ်..ဒီတော့စဉ်းစားကြည်လေ..ခနခန restart (သို့ ) shut down ကျနေတာစိတ်ညစ်ခံသုံးမလား..အသစ်ဝယ်လဲမလား..ဒါဆိုရင်လည်း motherboard သုံးမရတဲ့ အချက်တစ်ချက်ဖြစ်တဲ့ အတွက်ပျက်ပီလို့ ယူဆရပါတယ်…။
7.ENVIROMENT
---------------------
သဘာဝပတ်ဝန်းကျင်စိုထိမ်းမှု့ေ၇ငွေ့  ဖုန်မှုန့်  တွေဝင်ထွက်များမှုကြောင့် အဓီက support လုပ်ပေးမဲ့ နေရာတွေကိုသွားပြီးအဲဒီဖုန်မှုန့် တွေေ၇ငွေ့ တွေက နေရာယူလိုက်ရင်လဲဖြစ်တတ်ပါတယ်…ကြားဖူးသလားတော့ မသိဘူး motherboard ကိုမီးကင်လိုက်တာ ပြန်ကောင်းသွားတယ်လို့ တော့မှတ်သားခဲ့ဖူးတယ်..တရားသေ မားသားဘုတ် ပျက်တယ်လို့ ယူဆလို့ မရတဲ့အထဲမှာenviroment အခြေနေကိုပါထည့်စဉ်းစားဖို့ လိုအပ်ပါတယ်..motherboard အလုပ်မလုပ်တော့ဘူးဆိုရင် ထည့်စဉ်းစားစရာအချက်ကလေးတစ်ချက်ပေါ့..။
8.Mainboard components
----------------------------------
Motherboard ပေါ်မှာကြည့်လိုက်ရင် တပ်ဆင်ထားတဲ့  electronic component တွေက စက်ရုံမှာကတည်းက Quality တွေကို သေသေချာချာ စစ်ဆေးပြီးဈေးကွက်ကိုတင်သွင်းတယ်ဆိုပေမဲ့ အပျက်အစီးအနည်းနဲ့ အများတော့ရှိမှာပါ..capacitor ခေါင်းလေတွေ ရဲ့ ထိပ်တွေကသာမန်မဟုတ်ပဲ အပူကြောင့်ဖောင်းပွနေတာမျိုး နည်းနည်းမျှအမှားယွင်းမခံပါ ..short ဖြစ်ပြီး capacitor ခေါင်းပွင့်သွားတာမျိုးကြုံခဲ့မယ်ဆိုရင်..သူ့ကိုပြန်ပြီးတော့ capacitor ကိုလဲလှယ်လို့ မရနိုင်တော့တဲ့ အနေထားမျိုးတွေ့ ရပါတယ်..transitor တို့  resistor စသဖြင့်ပေါ့.သာမှန် electronic circuit ဘုတ်တစ်ခုမှာ Component တစ်ခုမကောင်းလို့ ဖြုတ်လဲလို့ ရပေမဲ့  motherboard လို ဟာမျိုးကျတော့မလွယ်ပါဘူး..သူက …ပတ်လမ်းတွေကို စက်နဲ့ ရိုက်ထားတာ transistor resistor capacitor တွေကို လည်းစက်တွေနဲ့ ရိုက်နိုပ်ထည့်ထားတာဖြစ်တဲ့ အတွက်..ဖြုတ်မယ်ဆိုရင်တောင် component ရဲ့ ဘေးမှာရှိနေတဲ ပတ်လမ်းတွေကို ထိခိုင်သွားနိုင်ပါတယ် ..မာသားဘုတ်ကိုအနီးကပ်ကိုင်တွယ်ကြည့်ရှု့ လျင်သိနိုင်ပါတယ်…။
ကျနော်အပေါ်မှာေ၇းခဲ့သမျှတွေဟာ ..ဖြစ်နိုင်ခြေရှိတာတွေကိုသာလျင်ဆွေးနွေးပြထားတာဖြစ်ပါတယ်..လိုအပ်ချက်တွေရှိနေဦးမှာပါ ..ကျနော်လည်း
Technician မဟုတ်တော့သိသမျှလေးကို ဝေမျှဆွေးနွေးခြင်းသာဖြစ်ပါတယ်…အဆင်ပြေပါစေခင်ဗျာ..မူးရင်းတင်သူ.crd

19/08/2018

MTK Flash Toolတွင်ပါဝင်သောfile များအကြောင်း
# # # # # # # # # # # # # # # # # # # # # # # # # # # #

Boot.img
boot file ကတော့ ကျွန်တော်တို့ ဖုန်းတစ်လုံးကို စတင်နှိုးပီး
second logo ကနေ home screen ရောက်အောင်ထိ လုပ်
ဆောင်ပေးပါတယ်၊ တစ်ခြား model မတူတဲ့ ဖုန်းတစ်လုံးရဲ့ boot file ကို
မှားယွင်းထည့်မိရင်လဲ logo လည်တာ second logo ကနေမတတ်တော့တာ
တွေဖြစ်တတ်ပါတယ်၊ boot file ထဲမှာ kernels နဲ့ ramdisk တို့ ပါဝင်ပါသေးတယ်၊
ဒီ kernels နဲ့ ramdisk ပေါ်မူတည်ပီးမှ root ဖောက်ရခြင်း မရခြင်းတွေ
တွေဖြစ်တတ်ပါတယ်။

MBR (Master Boot Record)
Flashtool firmware file ထဲမှာ ပါဝင်တဲ့ image file တစ်ခုချင်းဆီရဲ့
partitions တွေကို သက်မှတ်ပေးပါတယ်၊ ဥပမာ boot.img သည် Address ဘယ်လောက်ကနေ
ဘယ်လောက်ထိ ရှိရမည်။ system.img သည် Address ဘယ်လောက်ကနေ ဘယ်လောက်ထိ၇ှိရမယ်
ဆိုတာ သတ်မှတ်ပေးထားတာပါ ။ MBR ကို ပြင်ဆင်ခွင့်မရှိပါဘူး။

EBR1, EBR2(Extended Boot Record)
Data Storage size ကိုသတ်မှတ်ပေးပါတယ် ။ဥပမာ internal storage 2GB, 4GB ဆိုတာမျိုးပါ။
firmware ပြန်တင်လို့ EBR1,EBR2 မကိုက်တဲ့ အခါမျိုးမှာ firmware ပြန်တတ်လာပေမဲ့ internal storage
ပျောက်တာမျိုးတွေဖြစ်တတ်ပါတယ်။Emmc error တတ်နေတဲ့ အခါမျိုး firmware တင်မိတဲ့ အခါတွေမှာလဲ
Too Large ဆိုတဲ့ error မျိုးတွေ တတ်တတ်ပါတယ်။

Uboot
uboot ကတော့ display driver ပါ ။ ကျွန်တော်တို့ firmware တင်လို့ အဆင်ပြေပေမဲ့ screen ဖွေးသွားတာတွေက
uboot ကြောင့်ပါ ၊ သူ့ကိုဖြုတ်ရေးလို့ရပါတယ်။ဖုန်း ID တူတာထဲကနေ Uboot ရယ် Boot file ရယ်ကိုထုတ်ပီး ပြန်flash ရင်
lcd error အဆင်ပြေပါတယ်။

ှSecro
firmware တင်လိုက်လို့ secro ကြောင့် error တတ်တယ်ဆိုရင် lcd တစ်ချက်လင်းလာပီး vibrate တုန်နေပါလိမ့်မယ်
firmware တင်ချိန် secro file ကိုဖြုတ်ရေးလို့လဲရပါတယ်၊ Imei နဲ့ ပါတ်သက်တဲ့ fileတွေလဲ ပါတယ်လို့တော့ ဖက်ဖူးတယ်
ဒါတော့သေချာမသိသေးဘူး ကျွန်တော်လဲ ။ imei invalid ဖြစ်တာမျိုးဆို ထည့်ရေးရတယ်ဖက်ဖူးတယ်

Cache
ဒါကတော့ ယာယီမှတ်ညဏ်လို့ပဲပြောပါရစေ၊ ကျွန်တော်တို့ အသုံးပြုနေတဲ့ application တွေနဲ့ ပါတ်သက်တာ အချို့ကို
ဒီအပိုင်းမှာ မှတ်ထားပေးတယ်။ အမြဲအသုံးပြုနေတဲ့ အကြောင်းအရာတွေကို မြန်မြန်ဆန်ဆန်အသုံးပြုနိုင်အောင် မှတ်သား
ထားပေးတယ်၊ကွန်ပြူတာရဲ့ recent တို့ temp တို့နဲ့ တူပါတယ်၊ဥပမာ ကျွန်တော်တို့ facebook account
username password ရိုက်ထည့်ပီး အသုံးပြုပီးရင် နောက်တစ်ကြိမ် ထပ်ထည့်စရာမလိုတာမျိုးပေါ့
facebook ၇ဲ့ cache data ပိုင်းထဲမှာ မှတ်သားထားပေးတာပါ ။ အရေးမကြီးပါဘူး။

logo.bin
ဒါကတော့ first logo တတ်လာရင် မြင်ရတဲ့logo ပုံလေးပါ ။ ကိုယ့်ပုံကို ထည့်ပီး ကလိကျပေါ့

Preloader
ကျွန်တော်တို့ တင်မဲ့ firmware ထဲက preloader နဲ့ ဖုန်းထဲကဟာနဲ့ မကိုက်ရင် ဒက် ပါတယ်
အနီတန်းပြေးပီးရပ်နေတာမျိုးဆို ဒီကောင်လေးနဲ့ ဆိုင်ပါတယ် သူ့ကိုချိန်းကြည့်ပါ။

recovery.img
ဒါကတော့ သိပီးသားဖြစ်မှာပါ ၊ ပြန်လည်ဆယ်ယူပေးတဲ့အပိုင်းပေါ့ user error ကြောင့် စနစ်ပိုင်းဆိုင်ရာပျက်ခဲ့ရင်
ဖုန်းထဲမှာတင် ပြန်လည်ဆယ်ယူလို့ရအောင် ထည့်ပေးထားတဲ့ အပိုင်းလေးပါ။ ဒီနေရာမှာ custom recovery
ကို flash မိရင် logo လည်တာတွေဖြစ်တတ်ပါတယ်၊ official recovery ပြန် flash လိုက်ရင် အဆင်ပြေပါတယ်

system.img
ဒါကတော့ ပြောစရာကိုလိုမယ် မထင်ဘူး နော် ။ အရေးကြီးဆုံးအစိတ်အပိုင်းပေါ့

Userdata
ကျွန်တော်တို့ user နဲ့ ပါတ်သက်တဲ့ data သိမ်းတဲ့ အပိုင်းပေါ့၊ photo , video နဲ့ user သွင်းထားတဲ့ application , lock တွေအားလုံး userdata အပိုင်းထဲ
မှာ ရှိပါတယ် ။ lock တွေကို error ကင်းကင်းနဲ့ ဖြုတ်ချင်ရင် userdata တစ်ဖိုင်ထဲ ထည့်ပီး flash ရင် lock လဲပြုတ် error လဲကင်းပါတယ်၊
တစ်ချို့ဖုန်းတွေ firmware တင်လို့ emergency data error တတ်ခဲ့ရင် model တူတစ်လုံးထဲက userdata တစ်ဖိုင်ထဲ backup ထုတ်ပီး ပြန်flash
်ပေးရင်လဲ အဆင်ပြေပါတယ်
မူရင်းတင်သူကိုလေးစားပါ၏
Credit manager

10/08/2018

မတင်တာကြာပြိး

Vous voulez que votre entreprise soit Magasin De Meubles la plus cotĂŠe Ă  Democratic Republic of the ?

Cliquez ici pour rĂŠclamer votre Listage Commercial.

TĂŠlĂŠphone

Site Web

Adresse


Democratic Republic Of The