14/08/2026
NOVEL မှာ Customized အပ်နှံမယ်ဆိုရင်... ✨🤎
ကိုယ့်အိမ်ရဲ့ နေရာအကျယ်အဝန်းနဲ့ ကွက်တိကျပြီး စိတ်ကူးထဲက Design လေးတွေအတိုင်း စိတ်တိုင်းကျစေဖို့အတွက် NOVEL မှာ ဒီလိုဝန်ဆောင်မှုလေးတွေ ရရှိမှာဖြစ်ပါတယ်ရှင်။ 😊
🏠 အခမဲ့ အိမ်အရောက် တိုင်းတာပေးခြင်း
မိတ်ဆွေတို့ရဲ့ နေရာအကျယ်အဝန်းနဲ့ ကွက်တိဖြစ်စေမယ့် အရွယ်အစားလေးတွေကို လိုချင်တဲ့ပုံစံအတိုင်း ရရှိနိုင်ဖို့ အိမ်အရောက် လာရောက်တိုင်းတာပေးတဲ့ ဝန်ဆောင်မှုကို အခမဲ့ ပြုလုပ်ပေးမှာဖြစ်ပါတယ်ရှင်။
📐 Design နဲ့ အရွယ်အစားကို စိတ်ကြိုက် ရွေးချယ်နိုင်ခြင်း
မိတ်ဆွေတို့ လိုချင်တဲ့ Furniture ပုံစံ၊ အရွယ်အစားနဲ့ အရောင်လေးတွေကို တိုင်ပင်ပြီး ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီအောင် စိတ်ကြိုက် Customize အပ်လို့ရပါတယ်ရှင်။
🪵 အရည်အသွေးကောင်းမွန်တဲ့ Solid Wood
ခိုင်ခံ့သပ်ရပ်ပြီး ရေရှည်အသုံးပြုနိုင်ဖို့အတွက် မန်ဂျန်ရှားသစ်မာသား Solid Wood တွေကို အသုံးပြုပြီး စနစ်တကျ ထုတ်လုပ်ပေးတာမို့ စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်ရှင်။
ဒါပေမယ့် Customize Order ဖြစ်တဲ့အတွက် ရှေ့အော်ဒါလေးတွေနဲ့ ထုတ်လုပ်မှုအခြေအနေအပေါ် မူတည်ပြီး အချိန်လေးတော့ စောင့်ပေးရပါမယ်ရှင့်။ 🤎
ဒါကြောင့် ကိုယ့်စိတ်ကူးထဲက Design လေးတွေနဲ့ "အိမ်လှပြီး ဇိမ်ကျ" ချင်တယ်ဆိုရင်...
🏠 Showroom – အမှတ် (၅၈၅)၊ (၁၇) ရပ်ကွက်၊ မောင်းမကန်ကမ်းသာလမ်း၊ သီတာဦးမှတ်တိုင်အနီး၊ တောင်ဒဂုံ သို့
ကိုယ်တိုင်လာရောက်ပြီး စုံစမ်းနိုင်သလို...
📱 Viber – 09 961 406 000
💬 page / TikTok Chat Box
ကနေတစ်ဆင့်လည်း
ကိုယ်လိုချင်တဲ့ Furniture ပုံလေးတွေနဲ့ အတိုင်းအတာလေးတွေကို ပို့ပေးပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ 🥰
ကိုယ့်စိတ်ကူးထဲက Furniture လေးတွေကို အိမ်ထဲအရောက် ပုံဖော်ပေးစေချင်တယ်ဆိုရင် NOVEL ကို သတိရလိုက်ပါရှင်။ ✨🤎
#မန်ဂျန်ရှား
07/08/2026
Solid Wood နဲ့ MDF က ဘာကွာလဲ? 🤔
Furniture ဝယ်တော့မယ်ဆိုရင် "Solid Wood" နဲ့ "MDF" ဆိုတဲ့ စကားလုံးလေးကိုတော့ ကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။
သူတို့နှစ်ခုက ဘာကွာလဲဆိုတာကို လွယ်လွယ်နဲ့ မြင်အောင် ပြောရရင်...
🍎 Solid Wood ဆိုတာက သစ်သီးအစစ်တစ်လုံးလိုပါပဲ။
🍰 MDF (Medium Density Fiberboard) ဆိုတာကတော့ သစ်သားအမှုန့်တွေကို ကော်နဲ့ဖိနှိပ်ပြီး ပြုလုပ်ထားတဲ့ ပစ္စည်းဖြစ်လို့ သစ်သီးတွေကို ကြက်ဥ၊ ဂျုံတို့နဲ့ ရောနယ်ပြီး လုပ်ထားတဲ့ Fruit Cake လေးတစ်လုံးလိုပါပဲရှင်။
နှစ်မျိုးလုံးက သစ်သားကို အခြေခံပြီး ထုတ်လုပ်ထားတာ မှန်ပေမဲ့ ဖွဲ့စည်းပုံနဲ့ အသုံးခံနိုင်စွမ်းမှာတော့ ကွာခြားသွားပါတယ်။
ဒါကြောင့်...
🤎 သဘာဝသစ်သားရဲ့ အလှဖြစ်တဲ့ သစ်ကြောသစ်ကွက်၊ ခိုင်ခံ့မှုနဲ့ နှစ်ပေါင်းများစွာ အသုံးခံနိုင်စွမ်းကို လိုချင်တယ်ဆိုရင်တော့ Solid Wood ကို ရွေးချယ်ရမှာ ဖြစ်ပြီး
🤍 မျက်နှာပြင်ညီညာလှပပြီး သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ပရိဘောဂကို ရှာနေတယ်ဆိုရင်တော့ MDF ကလည်း ရွေးချယ်စရာတစ်ခုပဲ ဖြစ်ပါတယ်ရှင်။
အဓိကကတော့...
"ဘယ်ဟာက ပိုကောင်းလဲ?" ဆိုတာထက်...
"ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ဘယ်ဟာက ပိုကိုက်ညီမလဲ?" ဆိုတာကို စဉ်းစားပြီး ရွေးချယ်တာက အကောင်းဆုံးပါပဲရှင်။ 🤎
📌 ဒီလို Furniture နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ဖတ်ချင်တယ်ဆိုရင် ကျွန်မတို့ရဲ့ Page လေးကို Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။🥰
#မန်ဂျန်ရှားသစ်
#သစ်မာသားစစ်စစ်
#အိမ်လှပြီးဇိမ်ကျစေဖို့
14/07/2026
ပုံပြင်မဟုတ်ဘူးနော် ✨
🌧️ မိုးလေးတဖွဲဖွဲ ကျနေတဲ့ ညနေခင်းတစ်ခုမှာ ကျွန်မတို့ NOVEL Furniture Showroom ရှေ့ကို ကားကြီးတစ်စီး ဆိုက်ရောက်လာခဲ့ပါတယ်...
ကားပေါ်ကနေ ပိန်ပိန်ပါးပါးနဲ့ အစ်မကြီးတို့ ဇနီးမောင်နှံ ဆင်းလာတာကြောင့် ကျွန်မတို့လည်း ထုံးစံအတိုင်း အပြုံးလေးတွေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ရတာပေါ့ရှင်။ 😄
ဒါပေမဲ့ ဒီတစ်ခါ ရောက်လာတဲ့ အစ်မကြီးက တခြား Customer တွေနဲ့မတူဘဲ စျေးနှုန်းတွေကို အရင်မမေးပါဘူး။ ဆိုင်ထဲက ပရိဘောဂတွေဆီ တန်းတန်းမတ်မတ် သွားပြီး သစ်သားမျက်နှာပြင်တွေကို သေသေချာချာ ကိုင်တွယ်ပွတ်သပ် ကြည့်နေခဲ့ပါတယ်။ သူ့မျက်နှာမှာ တအံ့တသြနဲ့ သဘောကျနေတဲ့ အရိပ်အယောင်တွေ အပြည့်နဲ့ပေါ့...
"ညီမ... ဒါတွေက မန်ဂျန်ရှား သစ်သားစစ်စစ်တွေနဲ့ လုပ်ထားတာလား" လို့ သူက လှမ်းမေးပါတယ်။
"ဟုတ်ပါတယ်ရှင်၊ မန်ဂျန်ရှား သစ်မာသားစစ်စစ်တွေပါ" လို့ ကျွန်မတို့က ပြန်ဖြေတဲ့အခါ —
"ဒါဆို သေသေချာချာ ပေါင်းခံအခြောက်ခံပြီးမှ လုပ်တာပေါ့... စက်ရုံက တိုက်ကြီးဘက်မှာ ရှိတာမလား" လို့ သူက စိတ်ဝင်တစားနဲ့ ထပ်မေးပါတော့တယ်။
"ဟုတ်ပါတယ်ရှင့်၊ တိုက်ကြီးစက်ရုံကနေ စနစ်တကျ ပေါင်းခံထုတ်လုပ်ထားတာပါ" ဆိုတော့မှ အစ်မကြီးက တအံ့တသြနဲ့ စကားတစ်ခွန်း ပြောရှာပါတယ်...
"အစ်မတို့လည်း အဲဒီဘက်မှာ မန်ဂျန်ရှားအပင်တွေ အများကြီး စိုက်ထားတာလေ။ ဒါပေမဲ့ ဒီသစ်သားတွေက ဒီလောက်အထိ လှပခိုင်ခံ့တဲ့ ပရိဘောဂတွေ လုပ်လို့ရမှန်း မသိခဲ့ဘူး။ ဒီတိုင်းပဲ တန်ချိန်အလိုက် ဖြတ်ရောင်းလိုက်တာ... နှမြောစရာကြီးကွယ်။ မြန်မာပြည်မှာ မန်ဂျန်ရှားကို ပရိဘောဂအထိ အဆင့်မြှင့်ပြီး သီးသန့်ထုတ်တာ ဒီတစ်ဆိုင်ပဲ ရှိဦးမယ်ထင်တယ်နော်" တဲ့။
"ဟုတ်ပါတယ်ရှင်၊ ဗီယက်နမ်လို နိုင်ငံမျိုးမှာဆိုရင် ဒီမန်ဂျန်ရှားပင်တွေကို ၅ နှစ်သက်တမ်းလောက်နဲ့တင် ခုတ်ပြီး စက္ကူပျော့ဖတ် လုပ်ကြတာများပါတယ်။ ဒါပေမဲ့ ကျွန်မတို့ NOVEL ကတော့ မန်ဂျန်ရှားရဲ့ တကယ့်တန်ဖိုးဖြစ်တဲ့ ခိုင်ခံ့မှုနဲ့ သဘာဝသစ်သားအလှကို လူတွေသိစေချင်လို့ ပရိဘောဂအဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်ထားတာပါရှင်" လို့ ကျွန်မတို့က ဂုဏ်ယူစွာနဲ့ပဲ ရှင်းပြပေးခဲ့ပါတယ်။
အစ်မကြီးကလည်း "ကိုယ်တွေက မသိခဲ့လို့ရယ်... တကယ့်ကို သဘောကျတယ်ကွယ်" လို့ တဖွဖွ ပြောရင်း အားပေးသွားခဲ့ပါတယ်ရှင်။ ✨
သစ်အကြောင်း ကောင်းကောင်းသိတဲ့သူနဲ့ ဆုံရတဲ့အခါ ရောင်းသူနဲ့ ဝယ်သူ အသံတူပြီး စိတ်ချမ်းချမ်းသာသာနဲ့ စျေးရောင်းလိုက်ရတဲ့ ဒီနေ့ညနေခင်းလေးဟာ တကယ့်ကို အမှတ်တရပါပဲရှင်။ 🤎
#မန်ဂျန်ရှား
03/06/2026
မင်္ဂလာပါ...
ကျွန်တော်က မန်ဂျန်ရှားသစ်သားတုံးလေးတစ်တုံးပါ။ 🪵
အခု မိတ်ဆွေတို့မြင်နေရတဲ့ သပ်ရပ်လှပတဲ့ ပရိဘောဂတစ်ခု ဖြစ်လာဖို့...
နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။
အစတုန်းကတော့...
မိုးရွာသံတွေကြား...
နေရောင်ခြည်နွေးနွေးအောက်...
တောအုပ်တစ်ခုထဲက မျိုးစေ့သေးသေးလေး တစ်စေ့သာ ဖြစ်ခဲ့ပါတယ်။
နေ့တွေ၊ လတွေ၊ နှစ်တွေ ကြာလာတော့...
အမြစ်တွေ ပိုနက်လာတယ်...
ကိုင်းတွေ ပိုဖြာလာတယ်...
လေတိုက်သမျှ ခံရတယ်...
မိုးရွာသမျှ စိုခံရတယ်...
ဒါပေမယ့်...
မလဲခဲ့ဘူး။
သက်တမ်းပြည့်သစ်မာ တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တယ်။
တကယ်တော့...
ကျွန်တော်တို့ မျိုးနွယ်ရဲ့ မွေးရပ်မြေက ဩစတြေးလျမြောက်ပိုင်းနဲ့ ပါပူဝါနယူးဂီနီဘက်က မိုးသစ်တောတွေပါ။
နောက်ပိုင်းမှာတော့...
အင်ဒိုနီးရှား...
မလေးရှား...
ထိုင်း...
ဗီယက်နမ်...
မြန်မာနိုင်ငံ...
ဒီလို အာရှနိုင်ငံများစွာမှာ စတင်စိုက်ပျိုးလာကြတယ်။
ကြီးထွားနှုန်းမြန်တယ်...
ခိုင်ခံ့တယ်...
သဘာဝနဲ့ လိုက်လျောညီထွေ ရှင်သန်နိုင်တယ်...
ဒါကြောင့် လူတွေက ကျွန်တော်တို့ကို တန်ဖိုးထားလာကြတာပါ။
ဒီလိုနဲ့...
မြန်မာနိုင်ငံက စိုက်ခင်းတစ်ခုမှာ ကြီးပြင်းလာခဲ့တဲ့ ကျွန်တော်ဟာ...
တစ်နေ့မှာ သစ်ပင်ဘဝကနေ ခရီးအသစ်တစ်ခု စတင်ခဲ့တယ်။
ပရိဘောဂစက်ရုံကို ရောက်ခဲ့ရပြီး...
လှီးဖြတ်ခံရတယ်...
အပူခန်းထဲမှာ ပေါင်းခံတာ ခံရတယ်...
ပွတ်တိုက်ခံရတယ်...
ပုံသွင်းခံရတယ်...
တစ်ခါတစ်လေတော့...
ဒါတွေက ဆုံးရှုံးခြင်းတွေလို့ ထင်ရပေမယ့်...
တကယ်တော့ ဒါတွေက ပိုကောင်းတဲ့ဘဝတစ်ခုအတွက် ပြင်ဆင်မှုတွေ ဖြစ်နေခဲ့တာပါ။
ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေရဲ့ လက်ထဲရောက်တော့...
ကျွန်တော့်ရဲ့ သစ်ကြောတိုင်းကို တန်ဖိုးထားပေးခဲ့တယ်။
ကျွန်တော့်ရဲ့ သဘာဝအလှတရားကို ထိန်းသိမ်းပေးခဲ့တယ်။
ပြီးတော့...
ပရိဘောဂတစ်ခုအဖြစ် အသက်သွင်းပေးခဲ့တယ်။
အခုဆို...
ကျွန်တော်က သစ်သားတုံးတစ်တုံး မဟုတ်တော့ဘူး။
မိသားစုတစ်စုရဲ့ ထမင်းစားဝိုင်း ဖြစ်နိုင်တယ်...
အဖေ စာဖတ်နေတဲ့ စားပွဲတစ်လုံး ဖြစ်နိုင်တယ်...
ကလေးတွေ ကြီးပြင်းလာမယ့် ကုတင်တစ်လုံး ဖြစ်နိုင်တယ်...
ဒါမှမဟုတ်...
အိမ်တစ်အိမ်ရဲ့ အမှတ်တရတွေ သိမ်းဆည်းထားတဲ့ ပရိဘောဂလေးတစ်ခုလည်း ဖြစ်နိုင်တယ်။
ကျွန်တော့်ရဲ့ ခရီးစဉ်က...
တောအုပ်ထဲမှာ စတင်ခဲ့ပေမယ့်...
ကျွန်တော့်ရဲ့ တကယ့်တန်ဖိုးကတော့...
လူတွေရဲ့ ဘဝထဲ ရောက်သွားတဲ့အချိန်မှ စတင်တာပါ။ 🤎
ဘာလို့လဲဆိုတော့...
ပရိဘောဂဆိုတာ သစ်သားနဲ့လုပ်ထားတဲ့ ပစ္စည်းတစ်ခု သက်သက်မဟုတ်ဘဲ...
မိသားစုရဲ့ အချိန်တွေ...
ရယ်မောသံတွေ...
အမှတ်တရတွေကို သိမ်းဆည်းထားတဲ့ နေရာလေးတစ်ခု ဖြစ်လို့ပါ။ 🪵✨
ခုလို ကျွန်တော့်ဘဝဇာတ်ကြောင်းလေးကို နားထောင်ပြီးတဲ့နောက်...
သဘာဝသစ်သားစစ်စစ်ရဲ့ အလှတရားနဲ့ ခိုင်ခံ့မှုကို ကိုယ်တိုင်တွေ့မြင်ခံစားချင်တယ်ဆိုရင်...
အမှတ် (၅၈၅)၊ မောင်းမကန်ကမ်းသာလမ်း၊ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ Novel Furniture Showroom ကို သွားရောက်လေ့လာကြည့်ပါ။
ဒီဇိုင်းစုံလင်တဲ့ တံခါးများ၊ ခုတင်များနှင့် အိမ်သုံးပရိဘောဂမျိုးစုံကို အရည်အသွေးမြင့် မန်ဂျန်ရှားသစ်သားများဖြင့် စနစ်တကျ ထုတ်လုပ်ထားပြီး လူနေမှုဘဝအတွက် တန်ဖိုးရှိတဲ့ အမှတ်တရများကို ဖန်တီးပေးဖို့ အသင့်ရှိနေပါတယ်။ 🤎
သစ်သားတစ်တုံးရဲ့ ခရီးစဉ်က...
သင့်အိမ်နဲ့ မိသားစုဝင်တွေရဲ့ အမှတ်တရအသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ 🪵✨