San Thit Tun - Furniture

San Thit Tun - Furniture

Share

Home useFurniture

12/06/2026

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Photos from San Thit Tun - Furniture's post 24/01/2024

3ရွက်ဖွင့်ဘီရို
အကျယ်5ပေ
ဘေးပျဉ်အကျယ်2ပေဘေးကပ်အပါ .
အမြင့် 6ပေ4လက်မ
တစ်လုံး 3️⃣5️⃣သိန်းပါ😂😂😂 .......
ဆောင်းရာသီ အထူးလျော့ဈေး 7️⃣သိန်းကျော်နဲ့လာယူပါ😜😜😜😜

09/10/2023

လစ်ပိုကိုတအားသောက်ကြတဲ့ ခေတ်တုန်းက လစ်ပိုအတုထုတ်ရောင်းသူ တစ်ယောက်ရှိတယ်။

တစ်ရက် ကုန်ကြမ်းပြတ်နေချိန် မိတ်မပျက်ရအောင်လို့ လစ်ပိုအစစ်တွေဝယ်ပြီး လက္ကားအမြဲဝယ်နေကြသူဆီ ပို့ပေးလိုက်တယ်။

နောက်ရက်ကြတော့ လစ်ပိုပုလင်းတွေပြန်လာပို့ပြီး “ဘာလို့ အတုတွေပို့လိုက်တာလဲ။ နောက်ကို ဒီလိုမလုပ်ပါနဲ့” ပြောသွားတယ်။

အတုတွေနဲ့ နေသားကြသွားတဲ့သူတွေက အစစ်ကို အတုထင်သွားတတ်ကြတယ်။

အတု အစစ် ခွဲခြားပြရင်လဲ “အတုကပိုကောင်းတယ်” ဆိုပြီး အတုကိုပဲဖက်တွယ်ထားကြတယ်။

ဘဝမှာ အတုတွေနဲ့ နေသားကြမသွားဖို့ သိပ်အရေးကြီးပါတယ်။

#ပျော်ရွှင်မှုအတုမိတ်ဆွေအတုချစ်သူအတု သူငယ်ချင်းအတု စသည် စသည်….။
မူရင်းစာရေးသားသူ
Asking Khema Nanda(https://www.facebook.com/profile.php?id=100002502694105&mibextid=2JQ9oc)

22/09/2023

"မှတ်သားဖွယ်ရာ ဘဝနေနည်းများ"

၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။

၂။ အကောင်းမြင်စိတ် မွေးပါ။

၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။

၄။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ မနိုင်းယှဉ်ပါနဲ့။
( အားငယ်စိတ်တွေ ဝင်တတ်သည်)

၅။ မှားခဲ့တဲ့ အမှားတွေကို ခနခနမတွေးပါနဲ့။( စိတ်ဆင်းရဲတက်သည် )

၆။ မှားခဲ့တဲ့ အမှားတွေကို သင်္ခန်းစာယူပါ

၇။ အရည်မရ အဖတ်မရတဲ့ အတင်းအဖျင်းပြောတာ ရှောင်ပါ။

၈။ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ။( ကိုယ်ကသာခံဘက်ကချည်းပဲမို့ )

၉။ မှားမှား၊ မှန်မှန်၊ အကျိုးမရှိရင် မငြင်းခုန်ပါနဲ့။
( ပြောနေလဲ ဘာမှမထူးဘူး )

၁၀။ ပိုက်ဆံကို ပစ္စုပ္ပန်မှာပဲအကုန်မသုံးပါနဲ့၊ အနာဂတ်အတွက်လည်း ချန်ထားပါ။( ကျန်းမားရေးကို မေ့မထားပါနဲ့ )

၁၁။ စီးပွားရေးကို ဖြတ်လမ်းကလိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။( အကျနာတတ်တယ် )

၁၂။ မအောင်မြင်ချင်နေပါစေ မကျရှုံးပါစေနဲ့။( စိတ်ဓာတ် )

၁၃။ သူများပြောတိုင်း ယုံတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

၁၄ ။ဆိုဆုံးမလို့ မရတဲ့သူကို အာညောင်းခံပြီး ပြောမနေပါနဲ့။

၁၅။ ရင့်ကျက်တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
( စာများများ ဖတ်ပါ )

၁၆။ မလိုအပ်ပဲ စကားများများပြောခြင်းကို ရှောင်ပါ။

၁၇။ ပျော်ပျော်နေပါ ပေါတောတော မနေပါနဲ့။

၁၈။ အမှတ်ထားပါ၊ အငြိုးအာဃာတ မထားပါနဲ့။

မူရင်းရေးသားသူအား
လေးစားစွာဖြင့်
Credit ပေးပါသည်။

Photos from San Thit Tun - Furniture's post 31/08/2023

လပြည့်နေ့လေး လုံးခင်း သို့⏭️⏭️⏭️⏭️⏭️

San Thit Tun Furniture (ဆန်းသစ်ထွန်း_ပရိဘောဂ)

ပြည်ထောင်စုလမ်းမကြီး၊အောင်နန်းရပ်၊ဟိုပင်မြို့

0️⃣9️⃣2️⃣5️⃣6️⃣4️⃣2️⃣8️⃣3️⃣9️⃣3️⃣
0️⃣9️⃣7️⃣5️⃣2️⃣4️⃣0️⃣1️⃣0️⃣9️⃣6️⃣

⏬⏬⏬⏬⏬⏬⏬⏬⏬⏬⏬

https://maps.app.goo.gl/auDT4n6Nc91Lr7G17

Photos from San Thit Tun - Furniture's post 28/08/2023

ဂျပန်ကနေ အိမ်အတွက် စိန်(ရွှေငါး)စက်တီနှင့် မှန်တင်ခုံလေး တကူးတကဝယ်ယူအားပေးသွားတဲ့ သူငယ်ချင်းရေကျေးဇူးအများကြီးတင်ပါတယ်😍
အိမ်သုံးပရိဘောဂပစ္စည်းမျိုးစုံကိုဆိုင်မှာလဲလာရောက်ကြည့်ရှုဝယ်ယူအားပေးလို့ရပါတယ်ဗျ😍😍😍နိုင်ငံရပ်ခြားကနေလဲ မိမိအိမ်အတွက် စိတ်ကြိုက်ဝယ်ယူအားပေးလို့ရပါတယ်ဗျ ⏭️⏭️⏭️⏭️

San Thit Tun Furniture (ဆန်းသစ်ထွန်း_ပရိဘောဂ)
ပြည်ထောင်စုလမ်းမကြီး၊အောင်နန်းရပ်၊ဟိုပင်မြို့

0️⃣9️⃣2️⃣5️⃣6️⃣4️⃣2️⃣8️⃣3️⃣9️⃣3️⃣
0️⃣9️⃣7️⃣5️⃣2️⃣4️⃣0️⃣1️⃣0️⃣9️⃣6️⃣

https://maps.app.goo.gl/auDT4n6Nc91Lr7G17

27/08/2023

စီးပွားတူတိုင်းရန်သူမဟုတ်ပါ..
စီးပွားတူတွေများလေ
Creative ပိုဖြစ်လေပါ
ပင်လယ်ရေသောက်မကုန်ပါဘူး။

တဦးတည်း monopoly စနစ်က
ကျန်ခဲ့တာကြာပါပြီ

သူများလုပ်တဲ့အလုပ်မလို့
မလုပ်ချင်ဘူးမစဉ်းစားပါနဲ့။

ဒါဆိုဘာမှကို လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။
ကိုယ့်အတွေးနဲ့ ကိုယ် ၊
ကိုယ်မိတ်နဲ့ ကိုယ် ၊ ကိုယ့်ပုံစံနဲ့ ကိုယ်ပါပဲ။

📌အမျိုးအစားချင်းတူတောင် qualityချင်းမတူဘူး။

📌Qualityချင်းတူတောင် ထုပ်ပိုးမှုချင်းမတူဘူး။

📌ထုပ်ပိုးမှုချင်းတူရင်တောင်ဝန်ဆောင်မှုချင်းမတူဘူး။

📌ဝန်ဆောင်မှုချင်းတူတောင် management system ချင်းမတူဘူး ။

📌Management systemချင်းတူရင်တောင်
location အလွယ်ရနိုင်ပုံချင်းမတူဘူး။

👉နောက် ကံတရားချင်းလည်း မတူပါဘူး

👉ပြိုင်ဘက်မရှိတဲ့စျေးကွက်ဆိုတာလည်းမရှိဘူး ။
Townshipတခုထဲပြိုင်ဘက်မရှိရင် မြို့ထဲမှာ ပြိုင်ဘက်ရှိမယ်

👉တမြို့လုံးဘယ်သူမှပြိုင်ဘက်မရှိရင် တခြားမြို့မှာ ပြိုင်ဘက်ရှိမယ်။

👉တခြားမြို့မှာပြိုင်ဘက်မရှိရင် တခြားနိုင်ငံမှာတော့ပြိုင်ဘက်ရှိမယ်။

☝️တခုပဲ အတွေးတခုရတာနဲ့အကောင်အထည်ဖော်ပြီး လုပ်နိုင်အောင်သာလုပ်ပါနော်။

💁အတွေးကိုအတွေးထဲ ထားရင်တော့လက်တွေ့မှာ ဘာမှရမည်မဟုတ်။

💢 တစ်ခုပဲ ဘာပဲလုပ်လုပ်စေတနာထားပြီးလုပ်💢

26/08/2023

ကားတစ်စီး ရွှံ့တွေထဲ ရုန်းမရ ဖြစ်နေတယ်။
ကားသမားက အကူအညီ ရလိုရငြား
အနီးအပါး လျှောက်ကြည့်တော့
တဲလေးတစ်လုံးကို လှမ်းမြင်ရတယ်။
သူ တဲနား ရောက်တော့
လယ်သမားတစ်ယောက်ကိုလည်း တွေ့ရရဲ့။

အခက်အခဲ ဖြစ်နေလို့
သူ့ကားကို ဆွဲပေးလို့ရတဲ့ ကားတစ်စီးတလေ
ဘယ်မှာ ရှိနိုင်မလဲ မေးမြန်းကြည့်တယ်။
ဒီရွာမှာ ကားတစ်စီးမှ မရှိကြောင်း
လယ်သမားက ဖြေတယ်။

သူ့နွားတွေကို တခြားရွာက ညီတစ်ယောက်ဆီ
အငှားချထားလို့ နွား သုံးလေးကောင်နဲ့
ဆွဲပေးဖို့လည်း အဆင်မပြေဘူးတဲ့။
လယ်သမားကြီးဟာ စကားပြောနေရင်းကနေ
တဲနောက်ဘက် ခဏ ဝင်သွားတယ်။
ပြန်ထွက်လာတော့ နွားတစ်ကောင် ပါလာရဲ့။
လက်ထဲမှာလည်း ကြိုးတစ်ခွေနဲ့။

နွားက သန်ပေမယ့်
ဒီနွားတစ်ကောင်တည်းနဲ့ ကားကို
ဆွဲနိုင်ပါ့မလားလို့ ကားသမားက တွေးတယ်။
သို့သော် ရလိုရငြား စောင့်ကြည့်ရတာပေါ့ဆိုတဲ့အတွေးနဲ့ စောဒက မတက်ဖြစ်။

ရွှံထဲ နစ်နေတဲ့ ကားဆီရောက်တော့
လယ်သမားက ကြိုးကို ကားမှာ ချည်လိုက်တယ်။
ပြီးတော့ သူ့နွားကြီးဘေးမှာ ရပ်ပြီး အော်တယ်။

" ရုန်းလိုက်စမ်း ငနီရေ "

နွားကြီးက လှုပ်တောင်မလှုပ်။

" ရုန်းလိုက်စမ်း ငညိုရေ "

နည်းနည်းတောင် မလှုပ်။

" ရုန်းလိုက်စမ်း ငအုန်းရေ "

ဒီတစ်ခါတော့ နွားကြီး လှုပ်ရွပြီး ရုန်းတယ်။
ကားဟာ နည်းနည်းပဲ ရွေ့ရဲ့။
ရွှံထဲ နစ်ဝင်တာ များနေလို့
တစ်ခါတည်း လွတ်မလာဘူး။
လယ်သမားက နွားကြီးကို
ခတ်ဆတ်ဆတ်လေး ပုတ်ပြီး အော်ပြန်တယ်။

" ထပ်ရုန်းလိုက်ပါဦး ငအုန်းရေ "

ဒီတစ်ခါ နွားကြီး ရုန်းလိုက်တာ
ရွှံထဲက ကားထွက်လာတယ်။

ကားသမားက ကျေးဇူးတင်စကားပြောပြီး
သူ သိချင်နေတာကို မေးတယ်။

" နွားကြီးကို ဘာလို့
နာမည်အမျိုးမျိုး ပေးထားတာလဲ "

လယ်သမားကြီးက ရှင်းပြတယ်။

" ငအုန်းဆိုတာသာ သူ့နာမည်။
ငအုန်းက မျက်စိ မမြင်ဘူး။
မမြင်လို့လည်း ကျုပ်ညီဆီ
အငှားမချဘဲ ချန်ထားတာ။
ခုနက နာမည်အမျိုးမျိုး ခေါ်တယ်ဆိုတာ
သူတစ်ကောင်တည်း ဆွဲနေရတာမဟုတ်ဘဲ
သူ့အဖော် ငနီတို့ ငညိုတို့လည်း ဘေးမှာ
ရှိနေတယ်ထင်အောင်လို့။

သူတစ်ကောင်တည်းမဟုတ်ဘဲ
သူ့ဘေးမှာ ကူညီသူတွေ ရှိတယ်ထင်အောင်ပေါ့။
အား ပိုရှိပြီး ရုန်းချင်အောင်ပေါ့ "

°°°°°°°°°°°°°°°°°°°°
ဒုက္ခတစ်ခုကို
ကိုယ်တစ်ယောက်တည်း ကြုံနေရတယ်လို့
ထင်တဲ့အချိန် တခြားလူတွေလည်း ကိုယ့်လို
ဖြစ်နေကြတာ တွေ့ရရင် ဒုက္ခဝန် ပေါ့လာသလို
ခံစားရတာမျိုး လူတွေမှာ ဖြစ်တတ်တယ်။

မီးဘေး၊ ရေဘေး၊ သဘာဝဘေး
မင်းဘေးတွေ ကြုံရတဲ့အချိန်
ကိုယ်တစ်ယောက်တည်း ထူးပြီး
ခံနေရတာမဟုတ်ပါလားဆိုတဲ့အသိက
ဒုက္ခဝန်ကို ပေါ့သယောင် ခံစားရစေတယ်။

အတူတူ ကြုံနေရတာမို့
အတူတူ ရုန်းရင် လွတ်နိုင်ပါလားလို့ တွေးမိပြီး အားတက်လာနိုင်တယ်။
(အများစု ဖြစ်နေကြတာမို့ ထူးထွေ ရုန်းမနေတော့ဘဲ
ဒီအတိုင်း နေလိုက်တော့မယ်လို့ စိတ်ပျက်အားလျှော့တတ်သူတွေလည်း ရှိမှာပဲ။)

လုပ်ငန်းခွင်မှာ တစ်ယောက်တည်း ရုန်းနေရပြီး
ကျန်သူတွေ ရေသာခိုနေတဲ့အခါ
တကယ် အလုပ်လုပ်နေရတဲ့လူတွေ
စိတ်အားလျော့ကျတတ်တယ်။

ကိုယ်သာ အလုပ်လုပ်ပြီး
သူတို့ကျ ရေသာခို လစာယူနေကြပါလားဆိုတဲ့
အသိက လုပ်ငန်းခွင်ထဲ မျှတမှုမရှိတာကို
ခံစားရစေတာကိုး။

တက်ညီလက်ညီ လုပ်ကြရင်
အလုပ်လည်း တွင်ပြီး
အရာပိုရောက်တာတွေ ဖြစ်လာနိုင်မှာမဟုတ်လား။

ငအုန်းက သူ့ဘေး ငနီနဲ့ ငညို ရှိတယ်ဆိုတဲ့အထင်နဲ့ အတူတူ ရုန်းနေကြရပါလားဆိုတဲ့အသိနဲ့
အားရှိလာတာမျိုးက အမြဲတမ်းတော့လည်း
ဘယ်ဖြစ်နိုင်မလဲ။
ငနီနဲ့ ငညို ဆွဲနေတာမို့
ငါ ရေသာခိုလိုက်မယ်ဆိုတဲ့ ငအုန်းမျိုးလည်း
ရှိနိုင်တယ်။
(ငအုန်းက အဲဒီလို ရေသာခိုရင်
လယ်သမားက မြင်နေရမှာကိုလည်း မမေ့သင့်ဘူး။)
ဒါ စဉ်းစားရမယ့် အချက်တစ်ချက်။

တချို့လူတွေ ရှိတယ်။
ငအုန်း ရုန်းနေတာ တွေ့တဲ့အခါ
အကူအညီ ဝင်မပေးတဲ့အပြင် ငနီတို့ ငညိုတို့
မင်းဘေးနား တကယ် မရှိဘူးဟေ့
ငအုန်းရေ မင်းတစ်ကောင်တည်းပဲဟေ့လို့
ဝိုင်းအော်တတ်သူတွေ။
(မင်းကို ညာခိုင်းနေတာဟေ့လို့ စေတနာစကားဆိုတာမဟုတ်ဘဲ ခိုင်းသူရော ရုန်းနေသူပါ စိတ်ပျက်အောင်
ဝင်နှောင့်ယှက်တတ်သူတွေကို ဆိုလိုတာပါ။)
ဒီလိုလူတွေကို သတိထားသင့်တယ်။

Crd to Owner with Respect!!!!
Thein Than Aung

Photos from San Thit Tun - Furniture's post 25/08/2023

အရောင်ရွှင်ရွှင်လေးနဲ့ အင်းတော်ကြီးက အော်ဒါထည်လေး ⏭️⏭️⏭️⏭️
ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျ😍

San Thit Tun Furniture (ဆန်းသစ်ထွန်း_ပရိဘောဂ)
ပြည်ထောင်စုလမ်းမကြီး၊အောင်နန်းရပ်၊ဟိုပင်မြို့

0️⃣9️⃣2️⃣5️⃣6️⃣4️⃣2️⃣8️⃣3️⃣9️⃣3️⃣
0️⃣9️⃣7️⃣5️⃣2️⃣4️⃣0️⃣1️⃣0️⃣9️⃣6️⃣

https://maps.app.goo.gl/auDT4n6Nc91Lr7G17

Photos from San Thit Tun - Furniture's post 04/06/2023

ဒီနေ့ပိုဖြစ်လိုက်တဲ့ အော်ဒါအပ်ထည် တရုတ်ဘုရားစင်လေးပါဗျ ❤️(ဆန်းဆန်းကြီးမကြိုက်ဖူး ရိုးရိုးရှင်းလေးနဲ့လှလှလေးဆိုပြီး) 🤩အကျဲတို့စိတ်တိုင်းကျ ပြုလုပ်ပေးထားပါတယ်ဗျ ဟိုပင်အိမ်အတွက်သာမက ဆိုင်းတောင်အိမ်အတွက်ပါ မှာယူပေးတဲ့အတွက် ဆန်းသစ်ထွန်းပရိဘောဂမှ ကျေးဇူးအများကြီးတင်ပါတယ်ဗျ။😍
ဝယ်ယူသူ မိသားစု ကျန်းမာ ချမ်းသာပါစေ။
အားလုံးလည်း ကပ်ဆိုးကြီး ဘေးမှ ကင်းလွတ်၍ ပျော်ရွှင်စရာ အချိန်နဲ့ လူမှူ့ဘဝတွေ အမြန်ဆုံး ရရှိပိုင်ဆိုင်နိုင်ကြပါစေ။ ။🙏🙏🙏

San Thit Tun Furniture (ဆန်းသစ်ထွန်း_ပရိဘောဂ)
ပြည်ထောင်စုလမ်းမကြီး၊အောင်နန်းရပ်၊ဟိုပင်မြို့
09 256 428 393
09 752 401 096
https://maps.app.goo.gl/auDT4n6Nc91Lr7G17

Want your business to be the top-listed Furniture Store in Hopin?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


ပြည်ထောင်စုလမ်းမကြီး
Hopin
XGRM+8JHOPIN