Gmate Myanmar

Gmate Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gmate Myanmar, Kamayut.

30/05/2026

အချိုတွေလည်း သေချာရှောင်ပါတယ်၊ ဆေးလည်း ပုံမှန်သောက်နေရက်နဲ့ သွေးချိုတွေ ခဏခဏ တက်နေလို့ စိတ်ညစ်နေပါသလား?"

တကယ်တော့ နေ့စဉ်နေထိုင်မှုပုံစံထဲက သတိမထားမိတဲ့ အကျင့်တချို့က သွေးတွင်းသကြားဓာတ်ကို မသိမသာ မြင့်တက်စေနိုင်ပါတယ်။

၁။ စိတ်ဖိစီးမှုများခြင်း: စိတ်ဖိစီးချိန်တွင် ထွက်လာသော ဟော်မုန်းများကြောင့် သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေနိုင်သည်။

၂။ အိပ်ရေးပျက်ခြင်း: ညဘက်အိပ်ရေးမဝခြင်းက ခန္ဓာကိုယ်၏ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ကျဆင်းစေပြီး သွေးချိုတက်စေသည်။

၃။ အစားချိန်မမှန်ခြင်း: အစားလွတ်သွားခြင်း သို့မဟုတ် အချိန်နောက်ကျမှ စားခြင်းတို့သည် သကြားဓာတ်ကို မတည်မငြိမ်ဖြစ်စေသည်။

၄။ လှုပ်ရှားမှုနည်းပါးခြင်း: တစ်နေရာတည်းတွင် အကြာကြီးထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့က သွေးချိုကျဆင်းရန် ခက်ခဲစေသည်။

ဒါကြောင့် နေ့စဉ် အစားအသောက်၊ အိပ်စက်ချိန်နဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို မျှတအောင် အထူးဂရုစိုက်ဖို့ အရေးကြီးပါတယ်။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတို့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖို့အတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ဆောင်ထားကြပါစို့ရှင်။🥰

#သွေးတွင်းသကြားဓာတ် #ကျန်းမာရေးဗဟုသုတ

28/05/2026

Healthy moments captured at KBZMS ✨
Gmate Blood Glucose Monitoring System promotion activities successfully completed 💙

Thank you everyone who joined us and checked your blood sugar level with Gmate.
Better care starts with regular monitoring 🩺

24/05/2026

မိုးဖွဲဖွဲလေးကျတာနဲ့ နှာစေး၊ ချောင်းဆိုးပြီး ဖျားချင်သလိုလို ဖြစ်နေတတ်တာကို ရိုးရိုးရာသီတုပ်ကွေးပဲဆိုပြီး ပေါ့ပေါ့ဆဆ နေမိနေလား? 🤒🌧

မိုးရာသီမှာ ရာသီဥတုအပြောင်းအလဲနဲ့ စိုစွတ်မှုကြောင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေ 🦠 ပေါက်ပွားလွယ်ပြီး ကိုယ်ခံအားနည်းတဲ့အခါ အခုလို ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ 🛡

၁။ အသက်ရှူလမ်းကြောင်းရောဂါ 🫁 - အအေးမိ၊ နှာစေးချောင်းဆိုးခြင်းမှသည် အဆုတ်ရောင်သည်အထိ လွယ်ကူစွာ ကူးစက်နိုင်ပါတယ်။ 😷

၂။ ခြင်မှတစ်ဆင့်ကူးစက်သောရောဂါ 🦟 - ရေဝပ်ရာမှ ခြင်ပေါက်ပွားပြီး သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါအန္တရာယ် မြင့်မားပါတယ်။ 🩸

၃။ အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာ 🤢 - မသန့်ရှင်းသောရေ၊ အစားအစာနှင့် ယင်ကောင်များကြောင့် ဝမ်းပျက်ဝမ်းလျှောနှင့် အစာဆိပ်သင့်မှုများ အဖြစ်များပါတယ်။ 🍲

၄။ အရေပြားမှိုစွဲခြင်း 👣 - အဝတ်အစားနှင့် ဖိနပ်များ သေချာမခြောက်သွေ့ပါက အရေပြားယားယံခြင်း၊ သဲဝဲစားခြင်းနှင့် မှိုရောဂါများ ဖြစ်လွယ်ပါတယ်။ 👕

ဒါကြောင့် မိုးရေထဲသွားပြီးတိုင်း ရေခြောက်အောင် သေချာသုတ်ပေးဖို့ လိုအပ်ပါတယ်။ ☔️ အရေးအကြီးဆုံးကတော့ ကိုယ်ခံအားကောင်းအောင် နေထိုင်ပြီး ထိခိုက်ဒဏ်ရာ တစ်ခုခုရလာရင် ပေါ့ပေါ့ဆဆမနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကုသဖို့ပဲ ဖြစ်ပါတယ်။ 👩‍⚕️🩺

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတို့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖို့အတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ဆောင်ထားကြပါစို့ရှင်။ ✨🥰

#မိုးရာသီ #မိုးတွင်းကျန်းမာရေး

20/05/2026

ရင်ဘတ်ခဏခဏအောင့်ပြီး အမောမခံနိုင်တာတွေကို ပေါ့ပေါ့ဆဆ ပစ်ထားမိနေပြီလား?

ဒါဟာ ဆီးချိုရောဂါက သင့်ရဲ့ 'နှလုံး' ကို တိတ်တဆိတ် ဒုက္ခပေးနေတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

၁။ သွေးကြောကျဉ်းခြင်း (Atherosclerosis): သွေးကြောနံရံများတွင် အဆီပိုများစုပုံလာကာ သွေးလှည့်ပတ်မှုကို နှောင့်နှေးစေပါတယ်။

၂။ သွေးတိုးရောဂါ (High Blood Pressure): သွေးကြောများ ကျဉ်းလာသဖြင့် သွေးပေါင်ချိန်တက်လာပြီး နှလုံးကို ပိုအလုပ်လုပ်ရစေပါတယ်။

၃။ နှလုံးသွေးကြောပိတ်ခြင်း (Heart Attack): ရင်ဘတ်အောင့်သည့် လက္ခဏာသိပ်မပြဘဲ ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း (Silent Heart Attack) အထိ ဖြစ်တတ်ပါတယ်။

၄။ လေဖြတ်ခြင်း (Stroke): ဦးနှောက်သို့သွားသော သွေးကြောများ ကျဉ်းခြင်း၊ ပိတ်ဆို့ခြင်းတို့ကြောင့် ရုတ်တရက် လေဖြတ်နိုင်ပါတယ်။

နှလုံးကျန်းမာရေးကို ဘယ်လိုကာကွယ်မလဲ? 🧐

အဆီအဆိမ့်လျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပါ။ သွေးချို၊ သွေးပေါင်ချိန်နဲ့ သွေးတွင်းအဆီဓာတ် (Cholesterol) ကို ပုံမှန်စစ်ဆေးထိန်းသိမ်းပါ။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတို့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖို့အတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ဆောင်ထားကြပါစို့ရှင်။🥰

ီးချိုတိုင်းစက် #ဆီးချိုရောဂါ #နှလုံးကျန်းမာရေး

09/05/2026

ဆီးချိုရောဂါရှိသူတွေအတွက် သတင်းကောင်း! Gmate ရဲ့ အထူးပရိုမိုးရှင်း လာပါပြီနော်... 💦🌸

ဆီးချိုသမားတိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ Gmate ဆီးချိုတိုင်းစက်လေးကို အခုလို ပရိုမိုးရှင်းကာလမှာ ဝယ်ယူပြီး လက်ဆောင်တွေ ရယူလိုက်ပါ။

🎁 ပရိုမိုးရှင်း အစီအစဉ်
Gmate ဆီးချိုတိုင်းစက် (၁) စုံ (သို့မဟုတ်) Gmate သွေးစစ်တံ ၅၀ ပါ (၁) ဘူး ဝယ်ယူသူတိုင်းအတွက် ➡️ သွေးစစ်တံ ၂၅ ချောင်းပါ (၁) ဘူး လက်ဆောင် (FREE) ရရှိမှာ ဖြစ်ပါတယ်။ 🤩

🗓 ပရိုမိုးရှင်းကာလ နှင့် ဝယ်ယူရရှိနိုင်မည့် ဆေးဆိုင်များ

📍 ရွှေအိုးဆေးဆိုင်ခွဲများ (မေလ ၁၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ)
📍 April ဆေးဆိုင် (မေလ တစ်လလုံး)
📍 Kyaw ဆေးဆိုင် (မေလ တစ်လလုံး)

ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆီးချိုတိုင်းစက်လေးကို လက်ဆောင်တွေနဲ့အတူ ဝယ်ယူနိုင်ဖို့ အချိန်မနှောင်းခင် နီးစပ်ရာ ဆေးဆိုင်တွေကို အမြန်လေး သွားဝယ်လိုက်ကြပါစို့။ 🙏

Photos from နေ့သစ်ကျန်းမာ's post 07/05/2026
27/04/2026

ခြေထောက်လေးတွေ ခဏခဏ ထုံကျင်နေတာကို သာမန်ပဲလို ထင်ပြီး ပစ်ထားမိနေလား? တကယ်တော့ ဒါဟာ ဆီးချိုရောဂါက ပေးနေတဲ့ အန္တရာယ်အချက်ပေးခေါင်းလောင်းသံ ဖြစ်နိုင်တယ်ဆိုတာ သိပြီးပြီလား?"🥰

ဆီးချိုကြောင့် သွေးတွင်းသကြားဓာတ် အချိန်ကြာမြင့်စွာ များနေတဲ့အခါ အာရုံကြောတွေနဲ့ သွေးကြောတွေကို ထိခိုက်စေပြီး ခြေထောက်ပိုင်းဆိုင်ရာမှာ အခုလို ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၁။ အာရုံကြောများ ထိခိုက်ခြင်း (Nerve Damage): ခြေဖျားလေးတွေ ထုံကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ စူးခနဲ နာကျင်တာတွေ ခံစားရတတ်ပြီး နောက်ပိုင်းမှာ အထိအတွေ့ ခံစားမှု လုံးဝ ပျောက်ဆုံးသွားနိုင်ပါတယ်။

၂။ အနာကျက်နှေးခြင်း (Poor Healing): သွေးလည်ပတ်မှု မကောင်းတာကြောင့် သာမန် ပွန်းပဲ့ဒဏ်ရာ ပေါက်ပြဲတာလေးတွေကအစ အလွယ်တကူ မကျက်ဘဲ ပိုးဝင်လွယ်ပါတယ်။

၃။ ခြေထောက်ပုံစံပြောင်းလဲခြင်း (Foot Deformities): အာရုံကြောထိခိုက်မှုကြောင့် ခြေထောက်ကြွက်သားတွေ အားနည်းလာပြီး ခြေချောင်းလေးတွေ ကွေးကောက်တာ၊ ပုံပျက်တာတွေ တဖြည်းဖြည်း ဖြစ်လာနိုင်ပါတယ်။

၄။ ဆိုးရွားသော အနာများဖြစ်လာခြင်း (Diabetic Foot Ulcers): ထုံကျင်နေတဲ့အတွက် ဒဏ်ရာရမှန်းမသိဘဲ အနာတွေ ပိုဆိုးလာတတ်ပါတယ်။ အချိန်မီ ကုသမှုမခံယူရင် ခြေထောက်ဖြတ်ရတဲ့အထိ အန္တရာယ်ကြီးမားပါတယ်။

ခြေထောက်ကျန်းမာရေးအတွက် ဘယ်လိုကာကွယ်မလဲ? 🧐

ခြေထောက်ကို နေ့စဉ် သေချာစစ်ဆေး သန့်စင်ပြီး ရေခြောက်အောင် သုတ်ပေးဖို လိုအပ်ပါတယ်။ သွေးလည်ပတ်မှုကောင်းစေဖို တင်းကျပ်လွန်းတာမျိုးမရှိဘဲ သက်တောင့်သက်သာရှိတဲ့ ဖိနပ်မျိုးကို အမြဲ ရွေးချယ်စီးရပါမယ်။ အရေးအကြီးဆုံးကတော့ သွေးချိုကို စနစ်တကျ ထိန်းချုပ်ထားပြီး ထိခိုက်ဒဏ်ရာ တစ်ခုခုရလာရင် ပေါ့ပေါ့ဆဆမနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကုသဖိုပဲ ဖြစ်ပါတယ်။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတိုအနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖိုအတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ဆောင်ထားကြပါစိုရှင်။ 🥰

16/04/2026

သွေးတွင်းသကြားဓာတ်များနေတာက သင့်ရဲ့ အဖိုးတန်တဲ့ အမြင်အာရုံကို တိတ်တဆိတ် ခိုးယူသွားနိုင်တယ်ဆိုတာ သိပြီးပြီလား?"🥰

ဆီးချိုရောဂါဟာ ခန္ဓာကိုယ်အနှံက သွေးကြောလေးတွေကို ထိခိုက်စေတဲ့အထဲမှာ မျက်စိက သွေးကြောငယ်လေးတွေလည်း ပါဝင်ပါတယ်။ သွေးချိုကို သေချာမထိန်းနိုင်ဘူးဆိုရင် အောက်ပါ မျက်စိကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။

၁။ မျက်စိမှုန်ခြင်း၊ ဝါးခြင်း: သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်လာတဲ့အခါ မျက်စိမှန်ဘီလူး ရောင်ရမ်းလာပြီး အမြင်အာရုံ ယာယီ ဝါးသွားတတ်ပါတယ်။

၂။ အတွင်းတိမ်ဖြစ်လွယ်ခြင်း (Cataract): ဆီးချိုရှိသူတွေဟာ သာမန်လူတွေထက် အတွင်းတိမ် ပိုဖြစ်လွယ်သလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့လည်း ဖြစ်လာနိုင်ခြေ များပါတယ်။

၃။ ရေတိမ်ရောဂါ (Glaucoma): မျက်လုံးတွင်း ဖိအားများလာပြီး အမြင်အာရုံကြောတွေကို ထိခိုက်စေတာကြောင့် မျက်ကွယ်တဲ့အထိ အန္တရာယ်ရှိပါတယ်။

၄။ မျက်မှေးလွှာပျက်စီးခြင်း (Diabetic Retinopathy): ဆီးချိုကြောင့် မျက်စိအနောက်ဘက်က သွေးကြောလေးတွေ ပေါက်ထွက်ပြီး အမြင်အာရုံကို လုံးဝ ဆုံးရှုးစေနိုင်တဲ့ အဆိုးရွားဆုံး နောက်ဆက်တွဲ ပြဿနာတစ်ခု ဖြစ်ပါတယ်။

မျက်စိကျန်းမာရေးအတွက် ဘယ်လိုကာကွယ်မလဲ? 🧐

ဒီလိုဆိုးရွားတဲ့ ပြဿနာတွေကနေ ကာကွယ်ဖိုဆိုရင် သွေးချိုကို စနစ်တကျ ထိန်းချုပ်ထားဖိုက အဓိကပါပဲ။ မျက်စိကို တစ်နှစ်တစ်ခါ ပုံမှန်စစ်ဆေးမှုခံယူတာ၊ နေပြင်းတဲ့အချိန် အပြင်သွားရင် နေကာမျက်မှန်တပ်တာနဲ့ မျက်စိအားဖြည့်ပေးတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတိုအနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖိုအတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ဆောင်ထားကြပါစိုရှင်။ 🥰

14/04/2026

ဆီးချိုရောဂါဆိုတာနဲ့ နှလုံး၊ ကျောက်ကပ်နဲ့ မျက်စိတွေကိုပဲ အဓိက ထိခိုက်စေနိုင်တာမဟုတ်ပဲ မိတ်ဆွေတို သတိမထားမိတတ်တဲ့ အဆုတ်ကျန်းမာရေးကိုပါ တိတ်တဆိတ် ခြိမ်းခြောက်နေတယ်ဆိုတာကို သိပြီးကြပြီလား?"🥰

အများစုက နှလုံးနဲ့ ကျောက်ကပ်ကိုပဲ သတိထားမိကြပေမယ့် ဆီးချိုကြောင့် သွေးတွင်းသကြားဓာတ်များနေရင် အဆုတ်ကိုပါ အခုလို ထိခိုက်စေနိုင်ပါတယ်။

၁။ အမောမခံနိုင်ခြင်း: အဆုတ်တွင်းရှိ သွေးကြောငယ်လေးတွေ ထိခိုက်လို အဆုတ်ရဲ့ လေရှူသွင်း၊ ရှူထုတ်နိုင်စွမ်း ကျဆင်းလာပါတယ်။

၂။ ပိုးဝင်လွယ်ခြင်း: ခုခံအားကျဆင်းလို နမိုးနီးယား၊ တီဘီနဲ့ တုပ်ကွေးလို အဆုတ်ရောဂါတွေ သာမန်လူထက် ပိုဖြစ်လွယ်ပါတယ်။

၃။ ရင်ကျပ်ရောဂါဆိုးရွားခြင်း: ပန်းနာရင်ကျပ်ရှိရင် လက္ခဏာပိုဆိုးတတ်ပြီး သောက်ရတဲ့ဆေးတွေကလည်း သွေးချိုကို ရုတ်တရက် တက်စေနိုင်ပါတယ်။

၄။ အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်း: ညဘက် လုံလောက်တဲ့ အောက်ဆီဂျင်မရလို နေ့ဘက်မှာ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

အဆုတ်ကျန်းမာရေးအတွက် ဘယ်လိုကာကွယ်မလဲ? 🧐

အဆုတ်ကျန်းမာရေးကို ကာကွယ်ဖိုဆိုရင် သွေးချိုကို စနစ်တကျ ထိန်းချုပ်ပြီး ဆရာဝန်နဲ့ ပုံမှန်ပြသတိုင်ပင်ဖို လိုအပ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ အဆုတ်ရောင်နဲ့ တုပ်ကွေးကာကွယ်ဆေးတွေ ထိုးနှံထားသင့်သလို၊ ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ပြီး ဖုန်မှုန့်ကင်းစင်တဲ့ လေကောင်းလေသန့်ရမယ့် နေရာမှာ နေထိုင်ပေးပါ။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတိုအနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖိုအတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ဆောင်ထားကြပါစိုရှင်။ 🥰

06/04/2026

သင်္ကြန်ရဲ့ အငွေ့အသက်တွေရနေတဲ့ ဧပြီလလေးမှာ... 💦🌸

ကျန်းမာရေးကိုလည်း ဂရုစိုက်နိုင်ဖို့ Gmate Myanmar ရဲ့ အထူးပရိုမိုးရှင်း သတင်းကောင်းလေး လာပါပြီရှင်! 📣

🎁 ပရိုမိုးရှင်း အစီအစဉ်က ဘာလဲ?
Gmate ဆီးချိုတိုင်းစက် (၁) စုံ (သို့မဟုတ်) Gmate သွေးစစ်တံ အချောင်း ၅၀ ပါ ဘူးကြီး (၁) ဘူး ဝယ်ယူသူတိုင်းအတွက်...
👉 သွေးစစ်တံ ၂၅ ချောင်းပါ ဘူးငယ် (၁) ဘူးကို လက်ဆောင် (FOC) ချက်ချင်းပေးသွားမှာပါ ✨

🏥 ဘယ်ဆေးဆိုင်တွေမှာ ပရိုမိုးရှင်း ရနိုင်မလဲ?

🗓 ဧပြီလ (၇) ရက် နှင့် (၈) ရက်နေ့များတွင်
📍 တာမွေမြို့နယ်ရှိ ဘေးမခဆေးဆိုင်

🗓 ဧပြီလ တစ်လလုံး ရရှိနိုင်မယ့် ဆိုင်များ
📍 365 ဆိုင်ခွဲတိုင်း
📍 April ဆေးဆိုင်
📍 Kyaw ဆေးဆိုင်
📍 ထွန်းတောက် ဆေးဆိုင်

အချိန်မနှောင်းခင် လက်ဆောင်တွေရယူဖို့ ဒီပရိုမိုးရှင်းအစီအစဉ်ကြီးမှာ အမြန်ဆုံး ပါဝင်လိုက်ကြပါစို့နော်။ 🏃‍♀️🏃‍♂️

မိဘပြည်သူများအားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာကောင်းတဲ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယလေး ဖြစ်ပါစေလို့ ကျွန်မတို့ Gmate Myanmar မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ 🙏✨

Want your business to be the top-listed Furniture Store in Kamayut?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Kamayut
11041