TZL Trading Group Co.Ltd

Call Directions Website Contact the business

TZL Trading Group Co.Ltd Tzl Coal Act so that it can assist Myanmar in all aspects of development. Kyaukse Industrial Zone Mandalay. TL: 09750202120

Tzl Trading is a coal trading company committed to becoming the supplier of choice to industrial customers and power utilities across myanmar . Our mission is to leverage the significant product and logistics cost advantage over other producers supplying the target market to secure short and longer term coal sales.

17/10/2025

ကျောက်မီးသွေးမှ လောင်စာတောင့် (Coal Briquette) ထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံ၏ စွမ်းအင်ဌာနတွင် အရေးပါသော နည်းလမ်းတစ်ခုဖြစ်လာပြီဖြစ်သည်။ ယခုလို လောင်စာတောင့်ထုတ်လုပ်မှုသည် မြန်မာပြည်သူများ၏ စီးပွားရေးနှင့် ပတ်ဝန်းကျင်အတွက် အကျိုးများစွာ ရရှိစေသော အားသာချက်များရှိပါတယ်။ ယင်းကာလ၏ သမိုင်းကြောင်းနှင့် လုပ်ငန်းလုပ်ဆောင်မှုများ၊ စျေးကွက်အသွားလမ်းနှင့် စွမ်းအင်ကုန်ကျစရိတ်များအပေါ် မိမိ၏ အကျိုးသက်ရောက်မှုများကို မည်သို့ပြင်ဆင်ပြီး အားထုတ်ဆောင် ရွက်နိုင်မည်ဆိုတာကို ဤစာရေးဆရာအနေဖြင့် ရေးဆွဲလိုက်ပါသည်။

၁. သမိုင်းကြောင်း

ကျောက်မီးသွေးထုတ်လုပ်ခြင်းနှင့် လောင်စာတောင့် (Coal Briquette) ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံ၏ အရေးပါသော စွမ်းအင်ရင်းမြစ်တစ်ခုဖြစ်လာခဲ့သည်။ ယနေ့တိုင် မြန်မာနိုင်ငံတွင် ကျောက်မီးသွေး သည် စီးပွားရေးနှင့် လောင်စာအတွက် အထောက်အကူပြုမှုအနေနှင့် အသုံးပြုသော ကုန်ကြမ်းရင်းမြစ်တစ်ခုဖြစ်နေသည်။ ဤနည်းလမ်းသည် ပတ်ဝန်းကျင်ထိခိုက်မှုများကို လျော့နည်းစေပြီး အလွန်ကြီးမားသော စီးပွားရေးအကျိုးသက်ရောက်မှုများကို အကောင်အ ထည်ဖော်ပေးနေသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု: စီးပွားရေးတွင် စက်မှုလုပ်ငန်းများအတွက် လောင်စာအဖြစ် ကျောက်မီးသွေးကို အသုံးပြုသောအခါ၊ ကျောက်မီးသွေးထုတ်လုပ်မှုသည် အလုပ်အကိုင်များဖွဲ့စည်းစေပြီး၊ တည်ငြိမ်သော စီးပွား ရေးတိုးတက်မှုအတွက် အခြေခံပစ္စည်းတစ်ခုအဖြစ် တည်ရှိလာသည်။

၂. သုံးစွဲမှုသက်သေ

ကျောက်မီးသွေးမှ လောင်စာတောင့်များကို အဓိကအားဖြင့် စက်ရုံများ၊ လောင်စာဖြင့် လျှပ်စစ်ထုတ်လုပ်မှု၊ အိမ်တွင်းသုံးစွဲမှုများ၊ စျေးကွက်တွင် အသုံးပြုကြသည်။

စက်ရုံများ: စက်ရုံများသည် လောင်စာတောင့်ကို စက်ပစ္စည်းများအား လှုပ်ရှားရန်အတွက် အသုံးပြုရသော လောင်စာအဖြစ် သုံးစွဲကြသည်။ အထူးသဖြင့် ကုန်ကြမ်းနှင့်စက်မှုပစ္စည်းများဖွဲ့စည်းမှုများတွင် ကောင်းမွန်သောအကြောင်း အရာများရှိပါသည်။

အိမ်တွင်းသုံးစွဲမှု: အိမ်ပြင်အတွက်၊ သေးငယ်သောမီးဖိုချောင်များနှင့် လောင်စာအနေနှင့် အသုံးပြုခြင်းသည် နေ့စဉ်ဘဝတွင် အရေးပါသည်။ စွမ်းအင်ကုန်ကျစရိတ်များလျော့ပါးစေနိုင်သည်။
၃. စျေးကွက်

လောင်စာတောင့်သည် မြန်မာနိုင်ငံတွင် ရောင်းအားမြင့်မားသော ကုန်ပစ္စည်းတစ်ခုအဖြစ် ဈေးကွက်တွင် စိတ်ဝင်စားမှုများကို ရရှိနေပါသည်။

မြန်မာနိုင်ငံအတွင်း: မြန်မာပြည်တွင်းတွင် ကျောက်မီးသွေးမှ လောင်စာတောင့်ထုတ်လုပ်ခြင်းသည် လောင်စာနှင့် စွမ်းအင်ဌာနဆိုင်ရာ တိုးတက်မှုတွင် အကောင်းဆုံးဖြစ်ပြီး၊ နေ့စဉ်အသုံးပြုသော လောင်စာများအနေနှင့် ယုံကြည်စွာအသုံးပြုနေရသည်။

အပြည်ပြည်ဆိုင်ရာ: မြန်မာနိုင်ငံသည် စွမ်းအင်များနည်းပါးသောကမ္ဘာလုံးဆိုင်ရာဒေသတစ်ခုဖြစ်သည့်အတွက်၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့်တကွ၊ အခွန်များအပြင် ဈေးကွက်ကြီးများရှိပါသည်။
၄. ထုတ်လုပ်မှု

ကျောက်မီးသွေးမှ လောင်စာတောင့်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်သည် အ နည်းငယ်စွမ်းအင်ကုန်ကျစရိတ်များနှင့် ပြုလုပ်နည်းလမ်းများကို ရပ်တည်သော ကုန်ပစ္စည်းဖြစ်သည်။

စက်ရုံနည်းပညာ: စက်ရုံနည်းပညာ သည် စွမ်းအင်များနည်းပါးသောနည်းလမ်းများဖြင့် ကျောက်မီးသွေးကို အပြည့်အဝ အသုံးပြုနိုင်စေပြီး၊ အရည်အသွေးမြင့်စွာသော လောင်စာတောင့်များကို ထုတ်လုပ်နိုင်သည်။

ထုတ်လုပ်မှုဈေးနှုန်း: ထုတ်လုပ်မှုကုန်ကျစရိတ်သည် သက်သာစွာရှိနိုင်သောအတွက် စျေးကွက်တစ်ခု၏ လယ်ယာများလည်း ပိုမိုအထောက် အကူပြုသည်။
၅. ကုကျစရိတ်လျှော့ချမှု

ပတ်ဝန်းကျင်ထိခိုက်မှု: ကျောက်မီးသွေးမှ လောင်စာတောင့်ထုတ်လုပ်ခြင်းသည် ကုန်ကျစရိတ်များကိုလျော့ချနိုင်ပြီး၊ လောင်စာအရင်း အမြစ်များအားလုံးမှ ဆိုးကျိုးများကို ကာကွယ်နိုင်သည်။

အသုံးပြုမှု စျေးနှုန်း: စျေးကွက်တွင် လောင်စာတောင့်များ၏ စျေးနှုန်းသည် သာမန်လောင်စာများထက်သက်သာသောကြောင့် လောင်စာအတွက် ကုန်ကျစရိတ်များလျော့ချနိုင်သည်။

ကျောက်မီးသွေးမှ လောင်စာတောင့်ထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ စွမ်းအင်ကုန်ကျစရိတ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် စျေးကွက်အသွားလမ်းများအပေါ် အကျိုးသက်ရောက်မှုများစွာရှိသော အရေးပါသော လုပ်ငန်းတစ်ခုဖြစ်သည်။
#ကျောက်မီးသွေး #ကျောက်မီးသွေးမိုင်း #တွင်းထွက် #ကျောက်မီးသွေးမိုင်း

09/10/2025

Tzl Coal ဆိုတာ 😎

#အလွန် သက်တမ်းမနုပေမဲ့ သက်တမ်းအမြင့်ဆုံးလဲ ဖြစ်မနေဘူး မာကျော မဲပြောင် ကျစ်လစ်မှု နဲ့ BTU ကောင်းမွန်မှုက 9+လောက်ရှိတယ်...

#ပင်မကျောက်မီးသွေး​ကျောက သဘာဝတွင်းထွက်ဆိုတော့ မီးပေါင်အားကလည်း နိမ့်မသွားဘူးဆိုတဲ့ သုံးစွဲဖူးသူတွေ ထောက်မှုတွေကလဲ Tzl Coal မှာပဲရှိတယ်...

#သိုလှောင်မှုလဲ ဂရုစိုက်တယ်
အရည်အ​သွေးလဲ မိုင်းတွင်းမှစနစ်တကျထုတ်လုပ်ပေးတယ်
အရည်အသွေးအာမခံချက် အပြည်အဝပေးတယ်
ဝယ်ယူသုံစွဲသူသိချင်တဲ့ အကြောင်းအရာတိုင်းကို
ခရေစေ့ တွင်းကျ ရှင်းပြနိုင်တယ်

#တရားဝင်မှုနဲ့လုပ်ငန်းလိုင်စင်က သုံးစွဲမှုပြဿနာတွေ တစ်ခုခုကြုံလာခဲ့ရင်တောင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့အတူ လိုက်ဖြေရှင်းနိုင်တာမျိုး...

Coal ဆိုတာ
သုံးစွဲဖူးသူတိုင်း ပဏာမနမူနာပေးတဲ့အတိုင်း ပေးပို့တဲ့ထုတ်ကုန်က လွှဲမှားမှုထဲတော့ တစ်ခါမှမပါဘူး ။

#ကျောက်မီးသွေးအရည်အသွေးစိတ်ချရမှုက 😎
အာမခံချက်နဲ့အတူကံကောင်းတယ်ဆိုတာ ကျောက် မီးသွေးကုန်သည်အများကြီး ရှိတာကိုပြောတာ မ ဟုတ်ဘူး

Tzl Coalလို တရားဝင်လိုင်စင်နဲ့ ထုတ်လုပ်ဖြုန့်ဖြူးဖြစ်ခွင့်ရတဲ့သူမျိုးကို ပြောတာ...

ဲ့အမာခံဝယ်ယူသူများကို
ကျောက်မီးသွေးသုံးစွဲမှုဆိုင်ရာ နည်းပညာတွေ အ များကြီး ဝန်ဆောင်ပေးထားသလို စျေးကွက်ကလည်း တန်းတစ်ခု ရောက်နေပြီး ကျောက်မီးသွေးကုန်ကြမ်းထုတ်လုပ်မှုကုန်ကျစရိတ်သက်သာမှုကို တွက်ချက်ရှင်းပြနိုင်တဲ့ သူမျိုး..... 😏

#ဘယ်လိုပဲပြောပြော
သဘာဝတွင်းထွက် ပင်မမီးပေါင်မြင့် ကျောက်မီး သွေးကရှားပါး တန်ဖိုးကြီးစမြဲမို့ မှာယူသုံးစွဲနေတဲ့စက်ရုံကြီးကတော့ Tzl Coal လို အရည်အသွေးမြင့် ထုတ်ကုန်ကို ရှာယူပါလို့ ...

အကြံဥာဏ်ကောင်းလေး ပါးလိုက်ပါရစေ။

Tzl Coal Telegram Channel:
https://t.me/tzlcoal

Tzl Coal Youtube Channel:
https://www.youtube.com/

Tzl Coal Tiktok Channel:
https://www.tiktok.com/.mm

Google Maps is
https://maps.app.goo.gl/jpoLbPQZdZsaB8hLA

☎️ 09750204551, 09750202488
📧 [email protected]


#ကျောက်မီးသွေး
#ကျောက်မီးသွေမိုင်း
゚

29/12/2024

ကျောက်မီးသွေးရေစိမ်လောင်စာ Coal -Water Slurry Fuel (CWSF) ဆိုတာ​ဘာလဲ၊ ဘယ်နေရာတွေမှာသုံးတာလဲ ၊ ဘယ်နိုင်ငံမှ စတင်အသုံးပြုနေပြီလဲ ဘယ်လိုထုတ်လုပ်တာလဲ စသည့်မေးခွန်းများဖြင့်ပွဲဖြစ်​မဲ့ခေါင်းစဥ်တွေပေါ့ဗျာ

ကျောက်မီးသွေးရေစိမ်လောင်စာ ထုတ်လုပ်​ရတဲ့ ရည်းရွယ်ချက်ကတော့ရှင်းပါတယ်စက်မှုလုပ်ငန်းများနှင့်လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် ရေနံလောင်စာအစားထိုးနိုင်သည့် နည်းလမ်းအဖြစ်စဉ်းစားအထဲမှာတော့ ကျောက်မီးသွေးရေ စိမ်လောင်စာ Coal-Water Slurry Fuel (CWSF)လုပ်ငန်း​ပါဝင်ခဲ့ပါတယ်။

CWSF သမိုင်းကြောင်းအနေနဲ့ကတော့

CWSF ၏ သမိုင်းကိုကြည့်ပါက ၁၉၅၀ ပြည့်နှစ်အလယ်ပိုင်းတွင် ဆိုဗီယက်ပြည် ထောင်စုသည် ကျောက်မီးသွေးရေစိမ်လောင်စာကိုစွမ်းအင်ထုတ်လုပ်ရေးတွင် အသုံးပြုရန်စမ်းသပ်ခဲ့တယ်။ အထူးသဖြင့် Belovo နှင့် Novosibirsk အကြား ၂၆၂ ကီလိုမီတာအကွာတွင် ပိုက်လိုင်းမှတဆင့်ပို့ ဆောင်ခဲ့ပြီး၊ Novosibirskaya TEC-5 တွင် တစ်နာရီလျှင် 1,340 တန်ခန့် အသုံးပြုခဲ့သည်။

၁၉၈၀ ပြည့်နှစ်များတွင် အခြားနိုင်ငံများတွင်လည်း CWSF နည်းပညာကို စမ်းသပ်မှုမျာ ပြုလုပ်ခဲ့ကြသည်။ ဥပမာအား ဖြင့်အမေရိကန်တွင် ကျောက်မီးသွေးရေစိမ်လောင်စာကို ရေနံလောင်စာအစားထိုးနိုင်သည့်နည်းလမ်းအဖြစ်စဉ်းစားခဲ့ကြတယ်။

၂၀၂၂ ခုနှစ်တွင် နောက်ပိုင်းတွင် အာစတီးရီးယားနိုင်ငံရှိ Effective Energy Techno logy GmbH ကုမ္ပဏီသည် ယူရိုပတွင် CW SF ထုတ်လုပ်ခြင်းနှင့်လောင်ကျွမ်းခြင်းဆိုင် ရာ နည်းပညာများကို တည်ဆောက်ခဲ့သည်။

ယနေ့တွင် CWSF သည် တရုတ်နိုင်ငံတွင် အများဆုံးထုတ် လုပ်အသုံးပြုလျက်ရှိပြီး အခြားနိုင်ငံများတွင်လည်း စွမ်းအင်ထုတ် လုပ်ရေးတွင် အသုံးပြုနိုင်သည့် နည်းလမ်းအဖြစ် စဉ်း စားဆောင်ရွက်နေကြတယ်။

ကျောက်မီးသွေးရေစိမ်လောင်စာကို (CW SF)လို့လဲခေါ် ပြီးကျောက်မီးသွေးမှုန့်ကိုရေဖြင့်ရောစပ်ထားသော လောင်စာတစ်မျိုဖြစ်တယ် ကျောက်မီးသွေးမှုန့်၏အရွယ် အစားသည် 10 မိုက်ခရိုမီတာမှ 65 မိုက်ခရိုမီတာအထိရှိပါတယ်။

ဘယ်လိုအသုံးဝင်လဲဆိုတော့ကာ

ကျောက်မီးသွေးရေစိမ်လောင်စာ Coal WaterSlurryFuel (CWSF)ကကျောက် မီးသွေးမှုန့်ကိုရေဖြင့်ရောစပ်ထားသောလောင်စာဖြစ်ရလာပြီး ကျောက်မီးသွေးရေ စိမ်လောင်စာဖြင့်စက်မှုလုပ်ငန်းများနှင့်လျှပ် စစ်ဓာတ်အားပေးစက်ရုံများတွင်ရေနံလောင်စာအစားထိုးအသုံးပြနိုင်ပါတယ်။

ကျောက်​မီးသွေး​နဲ့ပတ်သက်​သည့် သုံးစွဲမှုဆိုင်ရာနည်းပညာများနှင့် နည်းပညာဆိုရာပညာသုတများကို မျှဝေခြင်းသာဖြစ်ပါတယ်ခင်ဗျာ့ အသုံးဝင်​ရဲ့လားဟုတ်ရဲ့လားမေးခွန်းအတွက် တော့ အောက်ပါလင့်တွေမှာလဲ လေ့လာ​မှတ်သား ထီထွင်ကြံ ဆမှာကြကုန်လော့ဗျာ့

https://www.steam-generator.com/coal-water-slurry-fuel-cwsf-steam-boiler-fluidization-suspension-type/

Tzl Coal Telegram Channel:
https://t.me/tzlcoal

Tzl Coal Youtube Channel:
https://www.youtube.com/

Tzl Coal Tiktok Channel:
https://www.tiktok.com/.mm

Google Maps is
https://maps.app.goo.gl/jpoLbPQZdZsaB8hLA

☎️ 09750204551, 09750202488
📧 [email protected]


#ကျောက်မီးသွေး
#ကျောက်မီးသွေမိုင်း #ကျောက်မီးသွေးရေစိမ်လောင်စာ

ကျောက်​မီးသွေးက Gas ထွက်လာ?ဟုတ်ကဲ့ထွက်ပါတယ် ထွက်လို့လဲ  ကျောက်မီးသေ်းသုံးပြီး တိုင်တန်း​နစ်​လို သင်္ဘောအင်ဂျင်လည်ပတ်လို့...
27/12/2024

ကျောက်​မီးသွေးက Gas ထွက်လာ?

ဟုတ်ကဲ့ထွက်ပါတယ် ထွက်လို့လဲ ကျောက်မီးသေ်းသုံးပြီး တိုင်တန်း​နစ်​လို သင်္ဘောအင်ဂျင်လည်ပတ်လို့ရတာပေါ့

ကျောက်မီးသွေးက ဘယ်လိုဓာတ်ငွေ့ထွက်လဲဆိုတော့ Synthetic Natural Gas (SNG)ပါ

ကျောက်မီးသွေးကို အလင်းရောင်၊ အပူပေးခြင်းများအတွက် ကျောက်မီးသွေးဓာတ်ငွေ့ထုတ်နည်းလမ်း တစ်ခုလဲဖြစ်ပါတယ် ထိုနည်းလမ်းကကျောက်မီး သွေးကိုအပူ နှင့် ဖိအားသုံးပြီး ဓာတ်ငွေ့ဖြစ်စေပြီး Methane မီသိန်း နှင့် အခြားဓာတ်ငွေ့များကိုထုတ် လုပ်ခဲ့ကြသည်။

ဘယ်ကစပြီးတီထွင်ခဲ့လဲဆိုတော့...

၁၉၈၀ ခုနှစ်တွင် အမေရိကန်အစိုးရမှ စွမ်းအင်နည်း ပါးမှု၊ တင်သွင်းရသည့်ရေနံနှင့်သဘာဝဓာတ် ငွေ့များကိုကုစားထိုးနိုင်ရန် SyntheticFuelsCorporation ကိုဖန်တီးခဲ့ပြီး ကျောက်မီးသွေးရုပ်ကြွင်းလောင်စာများမှsyntheticfuels ထုတ်လုပ်ရေးကိုရည်ရွယ်ခဲ့ကြတာပါ။ သိုသော် ၁၈၈၅ ခုနှစ်တွင်သဘာဝဓာတ် ငွေ့နှင့်ရေနံဈေးကွက်ပြောင်းလဲလာမှုကြောင့်ရပ်တန့်ခဲ့တာပါ။ သေရှာရဲ့လားမေးရင်တော့ Wikipedia link ချပေးထားတယ် သဘာပတ်ဝန်းကျင်ပျက်စီးလို့ရပ်တန့်ခဲ့တာမဘူးနော်

https://en.m.wikipedia.org/wiki/Coal_gasification

ကျောက်မီးသွေးဓာတ်ငွေ့သို့ ပြောင်းလဲခြင်းဖြင့် ဘယ်လိုနေရာတွေမှာ အသုံးဝင်တာလဲ...

သဘာဝဓာတ်ငွေ့နှင့်ရေနံစျေးနှုန်းမြင့်မားသော အ ခါ ကျောက်မီးသွေးဓာတ်ငွေ့သည် ပိုမိုစျေးနှုန်းချို သာပြီး လျှပ်စစ်စနစ်နှင့်စက်မှုလုပ်ငန်းများတွင် အ သုံးဝင်​ပြီး ကျောက်မီးသွေးဓာတ်ငွေ့ကို လျှပ်စစ် ဓာတ်အားပေးစနစ်အဖြစ် ဆောင်ရွက်နိုင်ပါတယ်။

တကယ်ရောဟုတ်ရဲ့လား ၊ အသုံးဝင်ရဲ့လား...

ဟုတ်ကဲ့ မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပြင်သာကျေးရွာအနီးတွင် တည်ရှိသောတီဂျစ်ကျောက်မီးသွေးဓါတ်အားပေးစက်ရုံဟာ လျှပ်စစ်ထုတ်လုပ် မှု၁၂၀ မဂ္ဂါဝပ် (MW) ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံတစ်ခုလဲဖြစ်ပါတယ်။

သဘာဝပတ်ဝန်ကျင်ထိခိုက်မှုမရှိဘူးလား?

ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ဓာတ်ငွေ့အန္တရာယ်နှင့် လေထုညစ်ညမ်းမှုဆိုင်ရာ စိုးရိမ်မှုများရှိသဖြင့် ပတ် ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများနှင့်အညီဆောင်ရွက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ အဓိကဖြစ်သော ရေသန့်ရှင်းရေးနှင့်မီးခိုးအန္တရာယ်တို့ကို ထိန်းချုပ်ရန်အရေးကြီးတာပေါ့..

အပျက်သဘောဆောင်တဲ့ဘက်က တွေးနေရင်တော့ အပျက်ဘက်ကိုဘဲဆောင်မှာလေ အပြုသဘောဆောင်တဲ့ အတွေးလေးထားရင်တော့ လုပ်ရင်မဖြစ်နိုင်စရာမှမရှိဘူးလေ..မတ္တရာအယ်ဖာလဲ ကျောက် မီးသွေးနဲ့လျှပ်စစ်မီး သုံးနေတာဘဲလေဗျာ..

Coal ကို Methanation ဖြင့် Synthetic Natural Gas SNG အဖြစ် အသုံးဝင်ပြီး SNG သည် သဘာ ဝဓာတ်ငွေ့ Natural Gasနှင့် Methane (CH₄) ၏ သန့်စင်မှုအရည်အသွေးက 95%-98% ရှိပြီး စွမ်း အင်ထုတ်လုပ်ရေးနှင့် အခြားလုပ်ငန်းစဉ်များတွင်လဲအသုံးပြုနိုင်ပါသေးတယ်။

SNG ဘာလုပ်လို့ရလဲ?

ကျနော်သိသလောက် အနည်းငယ်ရှင်းပြပါ့မယ် ကျယ်ကျယ်ပြန့်ပြန့်သိချင်ရင်တော့ ပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Coal မှ SNG ထုတ်လုပ်မှုလုပ်ငန်းစဉ်က ၄ ဆင့်ရှိတယ်

၁။ Coal Gasification
၂။ Gas Cleaning and Conditioning
၃။ Methanation Process နဲ့
၄။ Methane Purification တွေပါဘဲ

SNG ၏ အသုံးဝင်မှုတွေကတော့ သဘာဝဓာတ်ငွေ့လိုင်းများဖြင့် စက်ရုံများတွင်အသုံးပြုနိုင်သလို Ammonia, Methanolနှင့် အခြားဓာတုထုတ်ကုန်များ အတွက်လဲ raw material အဖြစ်အသုံးပြုနိုင်သေးပါတယ်။

Coal-to-SNG ၏ အားသာချက်က သဘာဝဓာတ် ငွေ့မရနိုင်သောနေရာများတွင် မီးသွေးကိုစွမ်းဆောင် ရည်မြင့်စွာအသုံးပြုနိုင်ပြီး သဘာဝဓာတ်ငွေ့တင်သွင်းမှုများလဲ လျှော့ချနိုင်ပြီး ပြည်တွင်းရင်းမြစ်များကို အားထားနိုင်တာပေါ့။

ဘယ်လုပ်ငန်းမဆို အားသာချက်ရှိသလို အားနဲချက်ရှိတာပေါ့ အချို့သော အခွင့်အရေးများနှင့်တပြိုင် နက်ရင်းနှီးမြှုပ်နှံမှုများလိုအပ်ပြီး၊ဈေးနှုန်းမြင့်မားမှုနှင့်နည်းပညာအသုံးပြုမှု ပညာအခက်အခဲများလဲ ရှိနိုင်တာပေါ့ သို့​သော်ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါတယ်။

Tzl Coal Telegram Channel:
https://t.me/tzlcoal

Tzl Coal Youtube Channel:
https://www.youtube.com/

Tzl Coal Tiktok Channel:
https://www.tiktok.com/.mm

Google Maps is
https://maps.app.goo.gl/jpoLbPQZdZsaB8hLA

☎️ 09750204551, 09750202488
📧 [email protected]


#ကျောက်မီးသွေး
#ကျောက်မီးသွေမိုင်း
゚

23/12/2024

အားလုံးပဲ “Merry Xmas” ပါဗျာ။ ပျော်ရွှင်စရာ Christmas အချိန်ကာလလေးကို ပြီးပြည့်စုံစွာ ဖြတ်သန်းဖို့ဆိုရင် Tzl Coal လိုအပ်သလောက်စက်မှုကြမ်းစုဆောင်းထားဖို့လိုမယ်နော်။


Address

Kyaukse Tezu

Alerts

Be the first to know and let us send you an email when TZL Trading Group Co.Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TZL Trading Group Co.Ltd:

Shortcuts

Share