RAM နဲ့ ROM လိုတိုရှင်း❗
#ဖုန်းသင်တန်း #ဖုန်းနည်းပညာ
Dr.Phone - A Cure For Your Devices
We repair mobile devices
Source လေး နည်းနည်း ထည့်ပေးလိုက်တယ်
AI က Podcast ပုံစံ လေးနဲ့ မြန်မာလို နားလည်အောင် ပြန်ရှင်းပြပါ
Emmc အကြောင်းလေး ဗဟုသုတ လေးပေါ့
#ဖုန်းနည်းပညာ #ဖုန်းသင်တန်း
5 လပိုင်း အတန်း စာရင်းပိတ်ပါပြီ
အားလုံးပဲ သင်တန်မှာ ဆုံကြရအောင်
ခရီးသွားခြင်းဟာ လေ့လာမှုကို အားကောင်း စေတဲ့အတွက်
Dr.Phone သင်တန်းသားများနဲ့အတူ ခရီးတို
#ဖုန်းသင်တန်း #ခရီးတို
Lock ဖြုတ်နည်းမလေ့လာခင်
Lock တွေ အကြောင်းလေ့လာရအောင်
Disclaimer - ခိုးလုံးများ Lock မဖြည်ပါ။
#ဖုန်းပြုပြင်ရေး #ဖုန်းသင်တန်း
အသည်းကွဲနေရင်လည်း လာတက်လို့ရတယ်
#ဖုန်းသင်တန်း #ဖုန်းပြုပြင်ရေး #ဖုန်းနည်းပညာ
31/12/2024
KBZ Pay Hack ခံရတယ် ဆိုတာ
- OTP
- NRC
- Remote APP
စတာတွေနဲ့ တစ်ခုခု ညှိတာ ကြောင့်မို့လို့ ဖြစ်တာပါ အဆင့်မြင့် Hack နည်းမဟုတ်ပါဘူး။ ဒါပေမဲ့ ကျားဖြန့် လိုမျိုး လူလိမ် အဖွဲ့အစည်းနဲ့ လိမ်တာတွေ ဖြစ်ပါတယ်။
KBZ Pay အောင်မြင်အောင် Hack ဖို့ ဆိုလျှင်
ဒီအချက်တွေ သိရမှ ရပါမယ်။
- KBZ Pay Phone Number
- OTP
- NRC
စတဲ့အချက်သုံးချက် သိမှ Hack တာ
အောင်မြင်မှာ ဖြစ်ပါတယ်
ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းအရာလေးတွေ ဗဟုသုတ အနေဖြင့် လေ့လာကြည့်ပါ၊
K-pay ဖောင့်ထားတဲ့ ဖုန်းနံပါတ်က သိဖို့ လွယ်တော့
မပြောတော့ ဘူး
ပထမဆုံး One Time Password ဘယ်လိုရယူနိုင်မလဲ?
နံပါတ်တစ် (1) လူချင်းရင်နှီးမှ လုပ်လို့ရတဲ့နည်းလမ်းပါ,
လူချင်းရင်းနှီးတော့ သူ့ဖုန်းနံပါတ်သိတာပေါ့ , ဒီဘက်က KBZ ဖုန်းမှာ သူ့ နံပါတ်ထည့် forget လုပ်လိုက်ရင် ခိုးသူသူက သူ့ဖုန်းဘေးမှာ ရှိနေရင် ဖုန်းပိုင်ရှင်ကလည်း Massage ကို Private လုပ်မထားရင် OTP ကျလာတာနဲ့ ဖုန်းက လင်းလာပြီး OTP Code လှမ်းကြည့်ပြီး ပါသွားနိုင်ပါတယ်, ခိုးသူက မှတ်ပုံတင်ပါသိထားရင်သွားရောပေါ့
နံပါတ်နှစ် (၂) ဖုန်းဆက် လှမ်းတောင်းတဲ့ နည်းပါ
ဒီနည်းကတော့ KBZ ဝန်းထမ်း အယောင်ဆောင်ပြီး OTP Code လှမ်းတောင်းပါ။ သူက တစ်နည်းနည်းနဲ့ မှတ်ပုံတင် နံပါတ် သိထားလို့ ဒီအဆင့်ကို လုပ်လို့ ရတာပါ။
နံပါတ်နှစ် (3) App Permissions
ကိုယ်သိတဲ့ APP နေနေ မသိတဲ့ APP နေနေ SMS ကို ဝင်ဖတ်လို့ ရတဲ့ Permission ပေးထားမထား စစ် ပါ, လူလိမ်တွေက long-term Projet တွေနဲ့ သွားတာ ဖြစ်တဲ့ အတွက်ကြောင့် လူတွေ စိတ်ဝင်စားမဲ့ APP တွေ ဖန်တီးပြီး ကိုယ့် Data တွေနဲ့ အမြတ်ထုတ်နေတာ ဖြစ်ပါတယ်။ ဥပမာ - လောင်းကစား ဂိမ်း တို့ ဘာတို့ ဆို Permission တွေအကုန်တောင်းတာပါ၊, တချို့ ငွေထုတ်ဖို့ ဆိုပြီး မှတ်ပုံတင် တွေ ဘာတွေ တောင်းတာ ကို ကြားသိရပါတယ်။ အကောင့်ဖောက်တော့ နံပါတ်ရတယ် , SMS Permission ရတော့ OTP ကို ဝင်ဖတ်နိုင်တယ် , ငွေထုတ်ဖို့ အတွက် မှတ်ပုံတင် ဆိုတော့ , အဲ့ မှာ NRC နံပါတ်ရပြီ, K- Pay Hack ဖို့အတွက် အချက်သုံးချက်နဲ့ ညှိတော့ ပါပြီပေါ့
မှတ်ပုံတင်နံပါတ် ဘယ်လို ရနိုင်မလဲ?
တချို့ Online Registration တွေ မှတ်ပုံ တင်နံပါတ်ထည့်ပြီး Register လုပ်ရတာတွေ ရှိပါတယ်။
ပြီးလျှင် တစ်ခုခုလုပ်ရင် ပွဲစားနဲ့ လုပ်ခိုင်းတာတွေ က ကိုယ့်မှတ်ပုံတင် နံပါတ် သိရှိနိုင်ပါတယ်။
တချို့ အဲဒီ Data တွေ ရောင်းစားတာတွေ ရှိပါတယ်။
Remote APP
Anydesk လို Software မျိုးပါ အားလုံးကို ထိန်းချုပ် ခွင့် ရသွားတာ ဖြစ်တဲ့ အတွက် OTP, တွေ NRC တွေ မလိုတော့ပဲ အကုန် ကုန် တာပေါ့
အနှစ်ချုပ်အနေနဲ့ ပြောရရင်
K Pay Hack မခံရဖို့ ဆိုရင်
- ကိုယ် မသိတဲ့ app တွေ မသွင်းပါနဲ့
- ကိုယ်သိတဲ့ app တွေကိုလည်း Permission တွေ မလို တာတွေ Deny ပေးပါ။
- ကိုယ်မသိတဲ့ Link တွေ မဝင်ပါနဲ့
- Online Register လုပ်တဲ့အခါ မလိုအပ်ပဲ Data တောင်းတာ သတိထားပါ။ NRC ထည့် ရတဲ့ Register မျိုး
မပြုလုပ်ပါနဲ့
- OTP Code ကျတဲ့ အခါ Noti မှာ စာမပေါ်အောင် Private လုပ်ပါ။
-ကိုယ့်မှတ်ပုံတင် Public ကို ထုတ်ပြတာတို့ , ပွဲစားနဲ့ တစ်ခုခုလုပ်ခိုင်းတာတို့ ရှောင်ကြင်ပါ။
မှတ်ချက် - ဘာ Info မှာ မသိရင် ဘာမှလုပ်မရပါ။
Hack ခံရတဲ့ အကောင့်တွေ Data Leak ဖြစ်ခဲ့တဲ့ အကြောင်းကြောင့် Hack ခံရတဲအကျိုး ဖြစ်တာပါ။
15/11/2024
14 လမ်း 86 87 ကြား Dr Phone မှာ မှန့်လုံး အခမဲ့ လာစားလို့ရပါပြီ
21/10/2024
Xiaomi ဖုန်းတွေ Official Global Change လို့ မရတော့ ဘူး!
ဘာလို့လဲ ဆိုတော့ Xiaomi က Bootloader Unlock လုပ်ခွင့် Step 10 ရက်နေ့ကစပြီး ပိတ် လိုက်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ Xiaomi က Privacy နဲ့ Security ပိုပြီး အလေးထားလာတာ ဖြစ်တဲ့ အတွက်ကြောင့် မို့ bootloader unlock ဖြစ်နေတဲ့ ဖုန်းက Privacy နဲ့ Security ကို အလွယ်တကူ ကျိုးပေါက်နိုင်တာကြောင့် , Bootloader Lock အနေအထားက ဖုန်း ကို အသေအချာ ကာကွယ် ပေးနိုင်မှာ မလို့ ဖြစ်ပါတယ်
User တွေအနေ နဲ့ က bootloader unlock လုပ်ပြီး Custom Rom တင်တာ တို့ , Global Rom တင်တာတို့ လုပ်လို့ ရတော့ မှာ မဟုတ်ပါဘူး
ဒီသတင်းက China market မှာတော့ Confirm ဖြစ်ပြီးတော့ Global Market က တော့ မသေချာသေးတဲ့ အနေအထားမှာ ရှိနေပါတယ်။
Xiaomi က နောက်ပိုင်းမှာ official Bootloader Unlock ဘယ်လို လုပ်ရမလဲ ဆိုတဲ့ အရာ တော့ သေသေချာချာ တိကျတဲ့ info မထုတ်ပြန်သေးပါဘူး အခုလောလောဆယ် တော့ Bootloader Unlock Official လုပ်ခွင့်မရှိသေးပါဘူး
Sources - https://www.ragonsflare.com/xiaomi-ends-bootloader-unlocking-policy/
https://www.technobaboy.com/2023/11/09/xiaomi-blocks-hyperos-updates-for-devices-with-unlocked-bootloaders/
ဘယ်လောက် သင်သင် သင်လို့ရတယ်
လက်တွေပါမလာရင်တော့ ဘာသင်သင် တက်မှာ မဟုတ်ဘူး
ကိုယ်တိုင် ကြိုးစား ဆရာရဲ့ နည်းလမ်းတကျသင်ကြားမှုကို လိုက်နာမယ်ဆိုရင်
ဒီ3 လမှာတင် ခြေခံပိုင်ပြီ
အခြေခံပိုင်ပြီ လက်တွေ့လဲ
လုပ်နေသူအတွက် အလုပ်လဲမရှားဘူး
ကိုယ်ပိုင်လုပ်ဖို့အတွက်လဲ ရဲရင့်နိုင်မယ်
#ဖုန်းသင်တန်း #အလုပ်အကိုင်
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
14St , Bet 86 & 87 Street
Mandalay
05011
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |