Believe Mobile Service

Believe Mobile Service

Share

To solve people's mobile phone error.

Photos from Believe Mobile Service's post 07/02/2022
03/01/2022

Facebook Account Locked မကျအောင်
ဒီလိုအရာတွေ ဆောင်

(1) Facebook Setting ထဲက Location ကို ပိတ်(Off)ထားပါ။

(2) မိမိ Facebook Account ကို Two Factor ခံပြီးသုံးပါ။

(3) Facebook Account ထဲကို မိမိအမြဲသုံးမယ့် Gmail Account တစ်ခုခုနဲ့ ချိတ်ဆက်ထားပါ။

(4)Facebook Account ID ပြောင်းပါ။

(5) Facebook Account အသစ်ဆိုရင် Friends တွေ Add လုပ်ပါ , Profile/ Cover Photo တွေတင်ပေးပါ, နောက်ပြီး Facebook Account Active ဖြစ်ရပါမယ်။

24/12/2021
29/11/2021

Viber Activation failed ဖြစ်နေတဲ့ ဖုန်းတွေ အသုံးပြုလို့ရမယ့် နည်းလမ်းလေးပါ။

----------------
----------------
Viber Update ကြောင့် တချို့သော ဖုန်းတွေမှာ Viber Account ဖွင့်ရင် Activation failed error ဆိုပြီး တွေ့လာရပါတယ်။

Huawei နဲ့ Xiaomi China Stable ဖုန်းတွေ ကိုင်ထားတာဆိုရင် လက်ရှိသုံးနေတဲ့ Viber Account ကို Sign out မလုပ်ရင်တော့ သုံးလို့ရနေဦးမှာပါ။
အကယ်၍များ Sign out လုပ်မိတာ/ Viber App ကိုဖျက်မိတာဆိုရင်တော့ ပြန်ဖွင့်မယ်ဆိုရင်
Activation failed error ပြနေပါလိမ့်မယ်။

ဒါဆိုရင် Viber ကို သုံးလို့အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ?

Huawei ဖုန်းတွေဆိုရင်တော့ Gspace App ကို
install လုပ်ပြီး Gspace app ထဲမှာ Gmail Account ထည့်ရပါမယ်။အဲဒါပြီးရင်‌‌တော့ Gspace App ထဲက Play store ထဲကနေ Viber ကို Download လုပ် အသုံးပြုလို့ရပါတယ်။

Xiaomi China Stable လုံးတွေကတော့ Global
ချိန်းရင်ချိန်း မချိန်းချင်ရင် Gspace app ကို install လုပ်ပြီး အသုံးပြုလို့ရပါတယ်။

Gspace App Download 👇👇👇

https://www.mediafire.com/download/tj0etygs9tmco2n

Gspace App အသုံးပြုပုံကို ဒီ Post ကနေ ကြည့်နိုင်ပါတယ်။

https://www.facebook.com/103451258343689/posts/232806205408193/

Photos from Believe Mobile Service's post 22/11/2021

အခုတလော VPN တွေကြောင့် ဖုန်းနံပါတ်ဖြင့် လုပ်ထား တဲ့ Facebook Account တွေ Facebook Application မှာ Login ဝင်ဖို့ အဆင်မပြေ ဖြစ်နေသူများအတွက် နည်းလမ်းလေးပါ။

18/11/2021

တန်ဆောင်းမုန်းလပြည့် အခါသမရမှာ
(၇)ရက်သားသမီးများ ကပ်ရောဂါမှ ကင်းဝေးပြီးကျန်းမာကြပါစေ။
အလုပ်အကိုင် စီးပွားရေးများလည်း အဆင်ပြေကြပါစေ။
🙏🙏🙏

12/11/2021

China ROM ကနေ Global ROM ကို ပြောင်းမယ်ဆိုရင် Erro တွေရှိနိုင်လား ?

ဖြေ => ဟုတ်ကဲ့ ရှိပါတယ်။ဖုန်းအားလုံး ဖြစ်တာမျိုးတော့မဟုတ်ပါဘူး။ ဖုန်း အလုံး(50) မှာ (1)လုံး လောက်‌‌ကတော့ ဖြစ်တတ်တာလေးတွေရှိပါတယ်။

မေး => ဘာ Error တွေဖြစ်နိုင်လဲ ?

ဖြစ်တတ်တဲ့ Error လေးတွေကတော့ စက်ပူ/battery % အကျမြန်တာ / သုံးနေရင်း စက်
ဟန်းသလို ဖြစ်တာမျိုး စတဲ့ အချက်လေးတွေတော့ ရှိတတ်ပါတယ်။

သို့ပေမယ့် Xiaomi Model တချို့မှာ Global ပြောင်းရင် Error ကြီးကြီးမားမားဖြစ်နိုင်တာလေးတွေတော့ရှိပါတယ်။
ဒါတွေကတော့ -

- Mi CC9 Pro ကို Global ပြောင်းရင် သုံးနေရင်းဖုန်းရဲ့ Display Screen ဟာ တုန်လာတာမျိုး၊ Display color လက်သွားတာမျိုး ဖြစ်တတ်ပါတယ်။
(Display Screen အသစ်လဲလည်းမရပါဘူး)

- Mi 9 SE ကို Global ပြောင်းမယ်ဆိုရင် တခါတလေ သုံးနေရင်း Touch ဆွဲမရတော့တာမျိုးတွေ ရှိတတ်ပါတယ်။(Touch Screen လဲမယ်ဆ်ုရင်လဲ မရပါဘူး)

- Mi 8 SE Model ကို Global(EU) ပြောင်းမယ်ဆိုရင်တော့ Wifi ချိတ်မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

- Redmi Note 9(4G) Model ကို Global ပြောင်းမယ်ဆိုရင် ဖုန်းကို Power ပိတ်လိုက်ပြီး ပြန်ဖွင့်မရတာမျိုး (9008 Mode error) ဖြစ်တတ်ပါတယ်။

ဒီ Model တွေကတော့ လက်ရှိကြုံ နေရတဲ့ Model ဖြစ်တဲ့အတွက်ကြောင့် တခြားဖြစ်နိုင်တဲ့ Model တွေနဲ့ Error တွေ သိရရင် ထပ်ပြောပြပေးပါ့မယ်။

ဒီလို Error တွေကလည်း ဖုန်းအားလုံးဖြစ်မယ်လို့မဆိုပေမယ့် ကိုယ်က အဲဒီထဲက Model တွေကိုင်ထားပြီး China ကနေ Global ပြောင်း ကြည့်လို့ ကံမကောင်းရင် ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

🙏 အားလုံးကိုကျေးဇူးတင်ပါတယ် 🙏

05/11/2021

Xiaomi ဖုန်းတွေရဲ့ China ROM နဲ့ Global ROM ဆိုတာတာဘာတွေလဲ ?

အဲဒါတွေ မပြောခင် ROM ဆိုတာ ဖုန်းတစ်လုံးရဲ့ Software အစိတ်အပိုင်းတစ်ခုလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကိုပဲ အရင်ဆုံးသိထားပေးပါ။

( China ROM )

China ROM မှာကတော့ Alpha ROM, Beta ROM , Stable ROM ဆိုပြီးရှိပါတယ်။

Alpha ROM ဆိုတာ Developer သမားတွေ စမ်းသပ် အသုံးပြုတဲ့ ROM ဖြစ်ပြီး Beta ROM ကတော့ Mobile Software Technician သမားတွေအတွက် စမ်းသပ် အသုံးပြုနိုင်အောင် Public ထုတ်ပေးထားတဲ့ ROM တွေဖြစ်ပါတယ်။

Alpha ROM နဲ့ Beta ROM တွေမှာ Error ‌တော်တော်များများ တွေ့ရပြီး အဲဒီ Error တွေကို System Update ပေးကာ ပြင်ဆင်တာမျိုးတွေလည်း လုပ်‌ပါတယ်။

Stable ROM ဆိုတာကတော့ အပေါ်မှာ ပြောခဲ့တဲ့ Alpha ROM နဲ့ Beta ROM က‌နေတဆင့် စမ်းသပ်ပြီး Error အကင်းဆုံးနဲ့ User တွေ အသုံးပြုလို့ ရနိုင်အောင် ပြင်ဆင် ထုတ်လုပ်ပေးခဲ့ ROM ပဲဖြစ်ပါတယ်။( Stable ဆိုတာ အတည်ငြိမ်ဆုံး ဖြစ်တယ်လို့ ဆိုလိုတာပါ။ )

( Global ROM )

Global ROM မှာလည်း Beta ROM နဲ့ Stable ROM ဆိုပြီး ရှိပါတယ်။

Beta ROM ကဘာလဲ ၊ Stable က ဘာလဲဆိုတာကတော့ China ROM မှာရှိတဲ့ ပုံစံမျိုးနဲ့အတူတူဖြစ်တာမို့ မရှင်းပြတော့ပါဘူး။

မေး => ဒါဆိုရင် China ROM နဲ့ Global ROM ဘာတွေကွာလဲ ?

ဟုတ်ကဲ့ China ROM နဲ့ Global ROM တွေမှာ သူ့အားနည်းချက် သူ့အားသာချက် ရယ်လို့ မရှိပေမယ့် သူ့ဟာနဲ့သူ အဆင်ပြေကြပါတယ်။ ကျွန်တော်ပြောနေတဲ့ China ROM, Global ROM ဆိုတာတွေက Software ပိုင်းဆိုင်ရာ ဖြစ်တဲ့အတွက် ကိုယ်က China ROM ကနေ Global ROM ပြောင်းမယ်ဆိုရင် ဖုန်းရဲ့ Software ပိုင်းကိုသာ ပြောင်းလဲသွားပြီး စက်ပိုင်းဆိုင်ရာ Hardware တွေကတော့ ပြောင်းလဲသွားတာမျိုး မရှိပါဘူး။

China ROM & Global ROM ကွာခြားချက်
--------------------

Google Play service
~~~~~~~~~~~~~~~~~~

China ROM တွေမှာ အရင်တုန်းကတော့ Google play services ရအောင် Third party Application တွေနဲ့ အသုံးပြုရပြီး အခုနောက်ပိုင်း Xiaomi ဖုန်းတွေ ရဲ့ System update တွေမှာ Google play services မရတော့ တာတွေများလာပါတယ်။(Basic Google ရတဲ့ ဖုန်းတွေကလွဲရင်ပေါ့)

Global ROM မှာကတော့ Google play service က Built-in အဖြစ် ပါဝင်ထားတာကြောင့် အရန်သင့် Gmail account ထည့်သုံးရုံပါပဲ။

China Application
~~~~~~~~~~~~~~~~

China ROM က တရုတ်ပြည်အတွက် ရည်ရွယ်ထုတ်လုပ်ထားတာမို့ China Application တွေ တော်တ်ောများများ တွေရပါလိမ့်မယ်။

Global ROM ကတော့ တစ်ကမ္ဘာလုံး အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ကြောင့် China Application ကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။

System Update
~~~~~~~~~~~~~~

System Update တွေမှာ‌ကတော့ China ROM က အစောဆုံး ရတတ်ပြီး Global ROM ကတော့ China ROM ထက် နောက်ကျမှ ရတတ်ပါတယ်။

Browser application
~~~~~~~~~~~~~~~~~~

China ROM မှာ Browser application ထဲဝင်လိုက်ရင် တရုတ်ကြေငြာ‌တွေ/သတင်းတွေ ကိုတွေ့ရတတ်ပြီး တစ်ခုခု ရှာချင်တာမျိုးဆိုရင်တော့ www.google.com ဆိုပြီး စတဲ့ website Name ကိုအရင်နှိပ်ပြီး ရှာရတတ်ပါတယ်။

Global ROM မှာကတော့ Google search engine ကိုသုံးထားတာကြောင့် Browser Application ထဲကိုဝင်လိုက်တာနဲ့ ကိုယ် ရှာချင်တာကို key points လေးတွေရိုက်ပြီး တန်းရှာလို့ရုံပါပဲ။

ဒီလောက်ဆိုရင် Xiaomi ဖုန်းတွေရဲ့ China ROM နဲ့ Global ROM ဆိုတာ ဘာလဲ သိပြီလို့ထင်ပါတယ်။

🙏 ကျေးဇူးတင်ပါတယ် 🙏

30/10/2021

Facebook Feature အသစ်လေးတွေ သုံးရဖို့
Facebook Version ကို Update မြင့်တင်ပေးပါ။

Feature အသစ်တွေကို တခြားသူတွေသုံးနေရပြီး ကိုယ်က သုံးမရလို့ ခေတ်နောက်ကျတယ်မဖြစ်ရအောင် Facebook Version ကို အမြဲ Update လုပ်ပေးပါ။

Facebook Version ကို Play Store App ကနေ Update မြင့်နိုင်သလို Apk Pure Application ကနေလည်း Update ပြုလုပ်လို့ရပါတယ်။

Apk pure app download link 👇

https://m.apkpure.com/apkpure-app.html

Want your business to be the top-listed Furniture Store in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


Mandalay
05011