01/03/2026
တရားဟေားခုံကြီး လှူဒါန်းမှု့
21st Anniversary
ဘုရားပုလ္လင်၊ တရားဟောခုံ၊ ပန်းခက်၊ ?
01/03/2026
တရားဟေားခုံကြီး လှူဒါန်းမှု့
21st Anniversary
13/04/2025
🙏မြန်မာ နှစ်သစ်ဆုတောင်းလွှာ🙏
===================
💦မြန်မာ့ ရိုးရာ အတာသဘင် သင်္ကြန်ပွဲတော်💦 အခါသမယမှာ စိတ်အေးချမ်းသာ ဘေးဘယာဝေးကွာကာ ကျန်းမာချမ်းသာကြပါစေကြောင်း🌼 ပုလဲစံ မြန်မာမှု့မိသားစု🌼 မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🥰
07/09/2024
Order မှာပေးသော မိသားစုများ ဆထပ်တိုး ကျန်းမာ ချမ်းသာကြပါစေရှင့် ကျမတို့ ပုလဲစံမြန်မာမှူ့ မိသားစုမှ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်🥰🙏
15/05/2024
ကောင်းမွန်တဲ့ အားထုတ်မှု့တိုင်းမှာတော့ အကောင်းဆုံးရလာဒ် ရမှာပါ။
ပုလဲစံ မြန်မာမှု့လုပ်ငန်းရဲ့ သေသေချာချာ အချိန်ပေး ထုလုပ်ခဲ့တဲ့ ဘုရားပုလ္လင်လေးပါ
ထုလုပ်မဲ့သစ်၊ ထုလုပ်ထားတဲ့ပန်းပုလက်ရာ၊ဆေးသုပ်တာကအစ အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထားပြီး မှာယူထာတဲ့ ဧရာဝတီတိုင်း
သာပေါင်းမြို့သို့ ပို့ဆောင်ပေးလိုက်ပါပြီ။
ဘုရားညဏ်တော် 4ပေ ပူဇော်လို့ရပါတယ်။
Ph 09402619162/
09 965021373 သို့ ဆက်သွယ်မှာယူပူဇော်နိုင်ပါတယ်။
27/01/2024
ခရမ်းမြို့
မဖူးစုကျောင်းတိုက် ဘုရားခန်းတပ်ဆင်ပြီးစီးမှု့
အလျား 14ပေ
အမြင့် 9ပေ10လက်မ
27/01/2024
ပြခန်း
16/12/2023
အလုပ်အပေါ်စေတနာထားပါ
သင့်စေတနာကမုချ ပြန်အကျိုးပေးမှာပါ။
♥ရွှေတိဂုံစေတီ သက်တမ်း♥
♥♥♥♥♥♥♥♥♥♥
ဂေါတမဗုဒ္ဓသည် BC-624 (တနည်း)
မဟာသက္ကရာဇ် 68ခုနှစ်တွင် ဖွားမြင်တော်မူပါသည်။
သက်တော်(35)နှစ် အရွယ်တွင်
ဘုရားဖြစ်တော်မူပါသည်။
ထိုကာလသည် BC-589 (တနည်း)
မဟာသက္ကရာဇ် 103ခုနှစ်တွင် ဖြစ်ပါသည်။
ဂေါတမဗုဒ္ဓ ဘုရားဖြစ်တော်မူသော
သက်တော် (35)နှစ်အရွယ်တွင်
ကုန်သည်နှစ်ဦးဖြစ်သော တဖုဿနဲ့
ဘလ္လိက ညီနောင်သည် ဘုရားရှင်
အား သွားရောက်တွေ့ဆုံဖူးမျှော်ကာ
ဆွမ်းကပ်လှူပြီး ပထမဦးဆုံးသော
သရဏဂုံနှစ်ပါး တည်ခဲ့ကြသူများဖြစ်၏။
ညီနောင်နှစ်ဦးလည်း ဘုရားရှင်အား
ကြည်ညိုလွန်းလှသဖြင့် ဘုရားရှင်
ကိုယ်စား ပူဇော်ရာ တစ်ခုခုကို
ပေးသနားတော်မူပါဟု လျှောက်တင်
ရာ...ဘုရားရှင်မှ ဆံတော်(8)ဆူကို
ပေးသနားတော်မူပါသည်။
ညီနောင်နှစ်ဦးလည်း ဆံတော်(8)ဆူ
အား ပင့်ဆောင်ကာ ဥက္ကလာပ
တိုင်းပြည်သို့ ပြန်လည်ရောက်ရှိလာ
ကြပါသည်။
ဥက္ကလာပတိုင်းသူပြည်သားများနှင့်
ပြည့်ရှင်မင်းကြီးတို့၏ ဆုံးဖြတ်ချက်
နဲ့ သင်္ဂုတ္တရကုန်းတော်ပေါ်တွင်
ဂေါတမဗုဒ္ဓ၏ ဆံတော်(4)ဆူနှင့်
တကွ ပွင့်တော်မူပြီးသော ကကုဿန်
ဘုရားရှင်၏ တောင်ဝှေးတော်၊
ကောဏဂုံဘုရားရှင်၏ ရေစစ်တော်၊
ကဿပဘုရားရှင်၏ ရေသနုပ်
သင်္ကန်းတော် တို့နှင့်အတူ ဌာပနာ
ထား၍ စေတီတည်ထား ကိုးကွယ်ခဲ့ကြပါသည်။
လေးဆူဓာတ်ပုံရွှေတိဂုံဟုလည်း ခေါ်တွင်ပေသည်။
#စေတီအစ ရွှေတိဂုံဘုရားကဟု
စာဆိုလည်း ရှိခဲ့သည်။
စေတီတည်စတွင် ဉာဏ်တော်အမြင့်
မှာ (66ပေ)သာရှိပြီး ခေတ် -----
အဆက်ဆက် ပြုပြင်မွမ်းမံလာခဲ့ရာ
ယခုအချိန်တွင် ဉာဏ်တော်အမြင့် (326ပေ) ရှိတော်မူပါသည်။
ထိုကဲ့သို့ ရွှေတိဂုံစေတီတည်သောနှစ်
သည် ဂေါတမဗုဒ္ဓ ဘုရားဖြစ်သော
သက်တော်(35)နှစ်တွင် ဖြစ်၏။
ထိုကာလသည် BC-589 (တနည်း)
မဟာသက္ကရာဇ် 103ခုနှစ်တွင် ဖြစ်ပါသည်။
=======================================
♥ #ရွှေတိဂုံဘုရားရဲ့သက်တမ်းကို သိချင်ရင် -------
ဘုရားတည်ခဲ့သော BCခုနှစ်ကို
လက်ရှိရောက်နေသော AD
(အင်္ဂလိပ်ခုနှစ်)နဲ့ ပေါင်းရပါမယ်။
♥589 + 2023 = 2612 ရွှေတိဂုံစေတီသက်တမ်း♥
တနည်းအားဖြင့်
သာသနာသက္ကရာဇ်ကို ဘုရားရှင်၏
ဝါတော်(45) ထည့်ပေါင်းလျှင်
ရွှေတိဂုံဘုရားသက်တမ်းကို ရပါမည်။
♥2567 + 45 = 2612 ရွှေတိဂုံစေတီသက်တမ်း
=======================
ဂေါတမဗုဒ္ဓသည် သက်တော်(80)၊
ဝါတော် (45)ခန့်တွင် ပရိနိဗ္ဗာန်
ပြုတော်မူပါသည် ။
ထိုကာလသည် BC-544 (တနည်း)
မဟာသက္ကရာဇ် 148ခုနှစ် ခန့်တွင် ဖြစ်ပါသည်။
ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသော
BC-544 (တနည်း) မဟာသက္ကရာဇ်
148ခုနှစ်မှစ၍ သာသနာသက္ကရာဇ်နဲ့
ကောဇာသက္ကရာဇ် စတင်ရေတွက်လာခဲ့ခြင်း ဖြစ်ပါသည်။
#မှတ်ချက် --------
ဆံတော် 4ဆူ နဲ့ 8ဆူမှာ အငြင်းပွားစရာ ရှိပါတယ်။
"လေးဆူဓာတ်ပုံရွှေတိဂုံ"ဆိုတဲ့
စကားအရ လေးဆူဓာတ်ပုံဆိုတာ
ဂေါတမဗုဒ္ဓရဲ့ ဓာတ်တော်ဖြစ်သော
ဆံတော်လေးဆူကို ဆိုလိုခြင်းသာဖြစ်ပါတယ်။
ပွင့်တော်မူပြီးတဲ့ ဘုရားရှင်သုံးပါးရဲ့
ဓာတ်တော်တွေ မပါဝင်ပါဘူး ။
ထိုဘုရားရှင်တွေရဲ့ ပရိဘောဂ
အသုံးအဆောင်တွေသာ ပါဝင်တာ
ဖြစ်လို့ ပရိဘောဂဆိုတာ ဓာတ်တော်
မဟုတ်ပါဘူး။
ထို့ကြောင့် "လေးဆူဓာတ်ပုံ
ရွှေတိဂုံ"ဆိုတာ ဂေါတမဗုဒ္ဓရဲ့
ဆံတော်လေးဆူကိုသာ ရည်ညွှန်း
ခေါ်ဝေါ်ခြင်း ဖြစ်ပေသည်ဟု ယူဆပါသည်။
=======================================
ဦးသက်နိုင်ဝင်း
===============
20/12/2022
ရှေးဟောင်း ပုလ္လင်ကြီး
တကဲပန်း၊ဘေးခါးပန်း ကို မူရင်ပုံစံအတိုင်း အနီးစပ်ဆုံး ထုလုပ်တပ်ဆင်ပေးခဲ့ပါသည်။အလှူရှင် နှင့်တကွ ဆရာတော်ကြီးများ ကျေနပ်နှစ်သက်ပိတိဖြစ်နေတာ မြင်ရတော့ ဝမ်းသာကြည်နူးမိပါတယ်။
ပုလဲစံ မြန်မာမှု့