Order တွေ ပြုံကျပြီး များနေလို့
ကျွန်တော် Reply နောက်ကျခဲ့ရင် ကျေးဇူးပြုပြီး
ကျွန်တော့ဖုန်းကို ဆက်ခဲ့ပေးပါခင်ဗျာ ❤️
☎️09785231520
DS Wood Working
✨Desk Setup အိပ်မက် အမှန်တကယ် လက်တွေ့ကောင်အထည်ဖော်ပေးနေတဲ့ တစ်ခုတည်းသောနေရာ ✨
အိမ်ထဲက အိမ်ပြင်ထွက်စရာမလိုပဲ Gaming Desk တွေကို အိမ်အရောက်လိုက်ဆင်ပေးနေပြီဆိုတာ သိပြီးပြီလား ?
☎️09785231520
Honest Review အားရပါးရပေးတာကြီး သဘောကျ
အခုခုံလေးကတော့ Black Titan ၆ ပေ နဲ့ ၃ ပေ Monitor Riser အတွဲလေးပဲဖြစ်ပါတယ်
အခုတန်ဆောင်တိုင်မှာ ထူးထူးခြားခြား Promotion လေးပေးထားပါတယ်
6’ Black Titan Desk + Monitor riser တွဲရက်ဆိုရင် လက်ဆောင်၃ မျိုး
1. RGB Strip Light
2. Cable Tray
3. Cable Ties
Free လက်ဆောင် ယူပါ ( အစုံ ၂၀သာ )
တစ်ခါဆင် လှလှလေးနဲ့ အကြာကြီးသုံး
☎️09785231520
01/11/2025
ကိုယ့်ရဲ့ သိန်းဆယ်ချီတန် တန်ဖိုးကြီး Setup တွေကို...
ကျဉ်းကျဉ်းကျပ်ကျပ် နေရာလေးမှာပဲ ထားနေရတုန်းလား?
သုံးရတဲ့ ကိုယ်တိုင်လည်း "စိတ်ကျဉ်းကျပ်" ရသလို Setup ကလည်း လှသင့်သလောက် မလှတော့ဘူး။
အဆိုးဆုံးက... နေရာကျဉ်းလို့ တိုက်မိပြီး "ပြုတ်ကျကွဲမဲ့ Risk ကလဲရှိနေသေးတယ်
ဒီခံစားချက်၊ ဒီပြဿနာတွေကို ကျွန်တော်အတိအကျ နားလည်ပါတယ်။
ဒါကြောင့်...
ဒီပြဿနာအားလုံးကို ဖြေရှင်းပေးဖို့ DS Woodworking က Desk အကြီးကြီး တစ်လုံးကို လှလဲလှရမယ် တောင့်တင်းခိုင်မာရမယ် သေချာစဉ်းစားပြီး ဒီဇိုင်းထုတ်ထားတာပါ။
ဒါက ရိုးရိုးစားပွဲ မဟုတ်ပါဘူး။
✅ ကိုယ့်အခန်းတစ်ခုလုံးရဲ့ Vibe ကို ချက်ချင်း ပြောင်းပစ်မယ့် Upgrade ပါ။
✅ ကိုယ့်ရဲ့ Setup ကို လှသင့်တာထက် ပိုလှသွားစေမယ့် Frame ပါ။
✅ တန်ဖိုးကြီးပစ္စည်းတွေကို စိတ်ချလက်ချ တင်ထားနိုင်မယ့် "Safe Zone" ပါ။
အရေးကြီးဆုံးက... "ကျယ်ကျယ်လွင့်လွင့်၊ လွတ်လွတ်လပ်လပ်" ဆိုတဲ့ ခံစားချက်မျိုးနဲ့ နေ့တိုင်း အလုပ်လုပ်၊ ဂိမ်းဆော့နိုင်ပါပြီ။
တန်ဆောင်တ်ိုင်မှာ Promotion လေးလဲပေးထားပါတယ် 6’ Desk + Monitor Riser တွဲယူတာနဲ့ လက်ဆောင် (၃) မျိုးလုံး FREE ယူပါ!
🎁 အရောင်ပြောင်းလို့ရတဲ့ RGB မီးကြိုး
🎁 Cable Tray (ကြိုးဝှက်စရာ)
🎁 Cable Ties (ကြိုးစည်း)
နေရာကြပ်တဲ့ဒဏ်၊ ကြိုးရှုပ်တဲ့ဒဏ်ကနေ လွတ်မြောက်ပါပြီ
ပုံကတော့ မိတ္ထီလာက Brother ရဲ့ Before and After ဆင်ပြီး ပို့လာပေးတဲ့ Black Titan ၆ ပေ Gaming Desk Setup ပဲဖြစ်ပါတယ် ❤️
☎️0978523120
01/11/2025
🔥 Desk Set ဝယ်၊ "စျေးလည်းလျှော့" + "လက်ဆောင် (၃) မျိုး" ပါ FREE ယူ! 🔥
တန်ဆောင်တိုင် မီးမထွန်းခင်၊ Setup မီးထွန်းမယ်! (အစုံ ၂၀သာရပါမယ်)
🎁 🎁 ဒီထဲမှာပါဝင်မဲ့ အခမဲ့ လက်ဆောင် (၃) မျိုးကတော့ Promotion ကာလအတွင်း ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့် 6’ Minimalist White Desk နဲ့ Monitor Riser တွဲလျက် ဆိုရင် အခန်းတစ်ခုလုံးရဲ့Vibe ပြောင်းလဲပေးနိုင်တဲ့
✅ ကြိုးတွေရှုပ်ပြီး ဖွာမနေအောင် ရှင်းလင်းပေးမဲ့ Cable Ties ရယ်
✅ ကြိုးတွေအောက်ကျမနေပဲ ရှင်းပြီးလှနေအောင် Cable Tray ရယ်
✅ ကိုယ့်Feeling အတိုင်းအရောင်ပြောင်းပြီးသုံးလို့ရမဲ့ စားပွဲနောက်ခံ RGB Ambient Light ရယ် အဲ့ဒါတင်မကသေးပါဘူး
🛒 Promotion Set တွင် ပါဝင်တာတွေကတော့
1. Premium 6’ Minimalist White Desk
• Size: 6’ (အလျား) x 2’ (အနံ) x 2’6” (အမြင့်)
• မူလစျေး: ~~450,000 Kyats~~
• တန်ဆောင်တိုင်စျေး: 435,000 Kyats (Save 15,000!)
2. Monitor Riser
• Size: 3’ (အလျား) x 0’8” (အနံ) x 0’4.5” (အမြင့်)
• Price: 65,000 Kyats
(ဒီစျေးနဲ့ Desk Set ရမယ့်အပြင် တန်ဖိုးရှိ လက်ဆောင် ၃ မျိုးပါ အခမဲ့ ရပါမယ်။)
ဒီ Promotion ကို ဘယ် Model တွေနဲ့ ရနိုင်မလဲ?
ကြော်ငြာထဲက 6ft White Desk (15,000 လျှော့စျေးနဲ့) အပြင်၊ ကျွန်တော်တို့ရဲ့ Best Seller Black Titan 5ft/6ft Set တွေနဲ့လည်း ဒီလက်ဆောင် ၃ မျိုးကို ရယူနိုင်ပါတယ်။ (Model အလိုက် စျေးနှုန်းအသေးစိတ်ကို Messenger မှာ မေးမြန်းနိုင်ပါတယ်)
Promotion က ဘယ်တော့ထိလဲ?
Model အားလုံးပေါင်း စုစုပေါင်း အစုံ ၂၀ သာ ရမှာပါ။
နောက်ဆုံးရက်: 4.11.2025 (အစုံ ၂၀ ပြည့်သွားရင် ရက်မတိုင်ခင် ရပ်ပါမယ်)
၃။ Delivery & Service (မြန်မာနိုင်ငံတစ်ဝန်းလုံးအတွက်ပါ)
ဒီ Promotion က မြို့တိုင်းအတွက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အထူးဝန်ဆောင်မှုတွေကတော့...
• ✅ မန်းလေးမြို့တွင်းဆိုရင်ဘာမှ လုပ်စရာမလို အိမ်အရောက်: Deli Free + တပ်ဆင်ခ Free ၊ တစ်ခါတည်းအဆင်သင့်ထိုင်သုံးလို့ရအောင်ဆင်ပေးမှာပါ
• ✅ ရန်ကုန်မြို့: ကြိုရှင်းစရာမလိုအိမ်အရောက်ငွေချေ (COD) စနစ်နဲ့ ပို့ဆောင်ပေးပါတယ်။
(ပစ္စည်းရောက်မှ ငွေချေရမှာမို့ ယုံကြည်မှုအပြည့်နဲ့ မှာနိုင်ပြီ။)
• ✅ တခြားမြို့များ: (ကားဂိတ်/အိမ်အရောက် စနစ်များနဲ့ ပို့ဆောင်ပေးပါတယ်)
အစုံ ၂၀ သာရရှိမဲ့ ထူးထူးခြားခြား အခွင့်အရေးမလို့ လက်မလွတ်ချင်ရင် Messenger မှာ " Gift Set " လို့ ပို့ပြီး မှာယူနိုင်ပါပြီ
☎️ 09785231520
☘️MDY - Cash On deli
🍀YGN - Cash On deli
☘️Others- prepaid
☘️Kpay - No Percentage
တန်ဆောင်တ််ိုင် RGB Free Gift ❤️
#တန်ဆောင်တိုင်Freegift
တစ်ရက်တာမှာ စိတ်ပင်ပန်း လူပင်ပန်းခဲ့တာတွေရှိတယ်
တစ်ရက်တာ ပြီးဆုံးသွားတဲ့ အချိန်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်နေရာလေးမှာ ကိုယ်ကြိုက်တဲ့ သီချင်းလေး နားထောင် ၊ ဇာတ်ကားလေးကြည့် ၊ ဂိမ်းလေးဆော့ရင်း စိတ်အပန်းဖြေ အနားယူလို့ရတယ်
24/10/2025
𝑫𝒓𝒆𝒂𝒎 𝑺𝒆𝒕𝒖𝒑 တစ်ခုရဲ့ အရေးအကြီးဆုံး အချက်က RGB မီးတွေ မဟုတ်ပါဘူး…
အဲ့ဒီမီးတွေ Decorတွေကို ပိုပေါ်လွင်စေမယ့် အဓိကအခြေခံအုတ်မြစ်ကတော့ 'ခိုင်ခံ့ကျယ်ဝန်းတဲ့' Desk တစ်လုံးပါ။
ကိုယ့်အခန်းထဲမှာ "Black Titan" ၆ ပေ Desk နဲ့မြင်ယောင်ကြည့်ပါ ဆယ်ချီရာချီ စျေးကြီးပေးဆင်ထားတဲ့ PC တွေကို ကြမ်းပြင်မှာရင်နာနာနဲ့ ချစရာမလိုတော့ဘူး
ကိုယ့် PC ကို စားပွဲပေါ်မှာ ခန့်ခန့်ညားညား ထည်ထည်ကြီး တင်သုံးလို့ရမယ်၊ Monitor မှာ ကိုယ်အကြိုက်ဆုံး Game Wallpaper တင်ထားမယ်။ ညပိုင်းRGB မီးလေးဖွင့် နောက်ဆုံးပေါ် Game အသစ်လေးတွေဆော့ရင်း
ကိုယ့်ရဲ့ ညခင်းလေးက နေ့ရက်တိုင်းဘယ်လောက်တောင်အဓိပ္ပါယ်ရှိလိုက်မလဲ မြင်ယောင်ကြည့်ပါ❤️
ပုံကတော့ ကိုယ့်Customer ကိုယ်တိုင်ကိုယ်ကျ ဆင်ပြီး စိတ်တိုင်းကျလို့ ပို့လာပေးတဲ့ပုံပဲဖြစ်ပါတယ်ခင်ဗျာ ❤️
22/10/2025
ကိုယ့်အခန်းထဲမှာ "Simple Luxury" ဆိုတဲ့ ခံစားချက်မျိုးကို ရှာနေတာလား? ✨
ရှုပ်ထွေးနေတဲ့နေ့တွေမှာ စိတ်ကိုပြန်လည်စုစည်းဖို့ ကိုယ်ပိုင် "Calm Corner" လေးတစ်ခု တကယ်ကို လိုအပ်နေပြီလို့ ခံစားနေရပါသလား?
𝑫𝑺 𝑾𝒐𝒐𝒅𝒘𝒐𝒓𝒌𝒊𝒏𝒈 ရဲ့ ၆ ပေ 𝑴𝒊𝒏𝒊𝒎𝒂𝒍𝒊𝒔𝒕 𝑾𝒉𝒊𝒕𝒆 𝑫𝒆𝒔𝒌 က အခန်းရဲ့အလှကိုမြှင့်တင်ပေးရုံသာမက၊ စိတ်ကိုပါ ကြည်လင်အေးချမ်းစေဖို့ ဖန်တီးထားပါတယ်။
✨ အခန်းကို အသက်ဝင်စေတယ်: အဖြူရောင်သန့်သန့်က အလင်းပြန်ပြီး အခန်းကျဉ်းလေးကိုတောင် ပိုကျယ်၊ ပိုလင်းသွားစေတဲ့ ခံစားချက်မျိုးပေးနိုင်တယ်
✅ 𝑷𝒓𝒐𝒅𝒖𝒄𝒕𝒊𝒗𝒊𝒕𝒚 နဲ့ 𝑭𝒐𝒄𝒖𝒔 ကို တစ်နေရာတည်းမှာ ရရှိစေတယ်
ဒီ Desk က သင့်ရဲ့ Laptop, Monitor, မှတ်စုစာအုပ်တွေအားလုံးကို ကျယ်ကျယ်ဝန်းဝန်းထားဖို့ နေရာအလုံအလောက်ရှိတဲ့အတွက်ကြောင့် အမြင်ရှုပ်တာတွေ၊ မလိုအပ်တဲ့ Distraction တွေ မရှိတော့တဲ့အတွက် စိတ်က အလိုလို တည်ငြိမ်ပြီး အရေးကြီးတဲ့အလုပ်တွေပေါ်မှာပဲ 𝑭𝒐𝒄𝒖𝒔 အပြည့်ရစေလို့ 𝑷𝒓𝒐𝒅𝒖𝒄𝒕𝒊𝒗𝒊𝒕𝒚 ပိုဖြစ်စေပါတယ်
ဒါကြောင့် ဒီနေရာလေးက အလုပ်စားပွဲတစ်ခု သက်သက်မဟုတ်တော့ပါဘူး။ တစ်နေ့တာလုံး ပင်ပန်းလာသမျှကို မေ့ထားပြီး...
📖 စာအုပ်လေးတစ်အုပ်နဲ့ အတွေးနယ်ချဲ့မလား၊
🎧 သီချင်းလေးနားထောင်ရင်း စိတ်ကိုလွှင့်မျောမလား၊
🎬 ကိုယ်ကြိုက်တဲ့ ဇာတ်ကားလေးကြည့်မလား၊
ဒါဟာ သင့်ရဲ့ စိတ်အပန်းဖြေဖို့ရော၊ အလုပ်တွင်ဖို့ပါ အကောင်းဆုံး နေရာလေးတစ်ခု ဖြစ်လာမှာပါ။
ကိုယ့်ရဲ့ ကိုယ်ပိုင် "Calm Corner" လေးကို အခုပဲ ဖန်တီးတည်ဆောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် Page Messenger မှာ "𝑾𝒉𝒊𝒕𝒆 𝑫𝒆𝒔𝒌” လို့ ပို့ပြီး အသေးစိတ်မေးမြန်းနိုင်ပါပြီ။
☎️ 09785231520
☘️MDY - Cash On deli
🍀YGN - Cash On deli
☘️Others- prepaid
☘️Kpay - No Percentage
#ကိုယ့်workspaceတကယ်လှချင်ရDSဆီလာပါ
12/10/2025
Hi! မတွေ့တာကြာပြီနော်။ အားလုံးနေကောင်းကြမယ်လို့ မျှော်လင့်ပါတယ်။
ဒီကြားထဲ ကျွန်တော် လုံးဝပျောက်သွားခဲ့တာက မတ်လ ၂၈ ရက်နေ့က ငလျင်မှာ ကျွန်တော်တို့အိမ်လေး ပြိုကျသွားခဲ့လို့ပါ။ ကံကောင်းစွာနဲ့ မိသားစုအားလုံး ဘေးကင်းခဲ့ပေမဲ့ ရုတ်တရက် အရာအားလုံးက သုညကနေ ပြန်စခဲ့ရပါတယ်။
ကိုယ်တိုင်နေခဲ့တဲ့အိမ်ကို ဖြိုဖျက်နေတာ ထိုင်ကြည့်ရင်း ဝမ်းနည်းပြီး လမ်းတွေပျောက်နေခဲ့တယ် ။ ဘယ်ကစပြီး ဘာလုပ်ရမှန်းမသိ၊ ညတွေမှာ အိပ်မပျော်ဘဲ "မနက်ဖြန် ငါဘာဆက်လုပ်ရမလဲ" ဆိုတဲ့ အဖြေမရှိတဲ့မေးခွန်းတွေ တဝဲဝဲလည်ပြီး အိပ်မပျော်ခဲ့တဲ့ရက်တွေမနည်းပါဘူး။
ကျွန်တော့်ဆီမှာ Control လို့ရတာ ရွေးချယ်စရာ၂ လမ်းပဲရှိတယ်။ စုထားသမျှ ပိုက်ဆံအကုန်သုံးပြီး ဒီအိမ်ကို ပြန်ပြင်မလား? ဒီလမ်းကတော့ Safe ဖြစ်တယ် အရင်လိုပဲ လုပ်ငန်းမြန်မြန်ပြန်လုပ်လို့ရတယ် ဒါပေမဲ့ ကိုယ်လုပ်ချင်တာလုပ်ခွင့်မရတော့ပဲ အရင် Result မျိုးနဲ့ လုပ်ငန်းချဲ့ရခက်လိမ့်မယ်
ဒါမှမဟုတ် ဒီပိုက်ဆံကို အိမ်မပြင်ပဲ ကိုယ်လုပ်ချင် လိုချင်နေခဲ့တဲ့ ကိုယ်ပိုင်အလုပ်ရုံကို All in ပြီး တည်ထောင်လိုက်မလား? ဒါကတော့ ဘာမှန်းညာမှန်းမသိဘူး Risk ကတော့နည်းနည်းကြီးတယ်
" ဒီလမ်းကိုကျတော့တစ်ချိန်မဟုတ်တစ်ချိန်လျှောက်ရမှာ ဒီတစ်ခါမှRisk မယူရင် နောင်ဘယ်အချိန် နောက်ဘယ်တော့မှ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်ရတော့မလဲ" တသက်လုံးလုပ်ခွင့်မရတော့တာလဲဖြစ်သွားနိုင်တယ် ငယ်တုန်းငါမလုပ်ခဲ့လိုက်ရလေခြင်း ဆိုတဲ့ နောင်တရမှာ ကြောက်တဲ့စိတ်" က ကြီးစိုးနေပြန်ရော ဘယ်ဟာဆုံးဖြတ်ချက်ချလို့ချရမှန်းမသိ တစ်ယောက်တည်း ခေါင်းထဲမှာ အဖြေမရှိတဲ့အတွေးတွေနဲ့ ရှုပ်နေခဲ့တယ်
ဒီလိုနဲ့ ဖုန်းသုံးရင်း "What if I rise?" ဆိုတဲ့ စာသားလေးကို ရုတ်တရက်တွေ့လိုက်တယ်။
အဲ့မှာခေါင်းက ရုတ်တရက်အလင်းပွင့်သွားတာ ဟုတ်သားပဲလို့ "ငါကုန်စရာဆုံးရှုံးစရာ အလွန်ဆုံးမှ ဒီပိုက်ဆံတွေပဲရှိတာ မဟုတ်လဲ ဒီ Level က ဒီ Level ပဲ ထူးထူးထွေထွေကြောက်စရာမရှိဘူး …
ဒါပေမဲ့ ဒါပေမဲ့ တကယ်လို့များ ငါအောင်မြင်သွားခဲ့ရင်ရော...?" အဲ့မှာအတွေးတွေလုံးဝရှင်းလင်းသွားတယ် ဆုံးဖြတ်ချက်က ပိုပြီးခိုင်မာသွားတယ် ရှိသမျှ အကုန်လုံး မျက်စိမှိတ်ပြီး All in ဒီRisk ကို ကြောက်ကြောက်နဲ့ ရွေးချယ်ခဲ့ပါတယ်။
အလုပ်ရုံကို အားတင်းပြီးစခဲ့တယ်။ ဒါပေမဲ့ ထင်သလောက်မလွယ်ခဲ့ပါဘူး။ ဂိုဒေါင်တစ်ဝက်မပြီးခင်မှာပဲ စုထားတာတွေကုန်၊ ကုန်ဈေးနှုန်းတွေကတက်နဲ့ ပိုက်ဆံပြတ်လုနီးပါးဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်မှာတော့ ရွေးချယ်စရာမရှိတော့ဘူး။ နေ့ခင်းဘက်မှာ အလုပ်ရုံဆောက်၊ တစ်နေ့တာရသမျှ Order တွေစု ညဘက် Customer တွေအတွက် ပစ္စည်းတွေထုပ်ပိုး...
ဒီလိုနဲ့ ရလာတဲ့ ပိုက်ဆံမှန်သမျှကို အလုပ်ရုံထဲပဲ ပြန်ပုံထည့်ရင်း ရုန်းကန်ခဲ့ရပါတယ်။
ဒီလို အပြင်းအထန်ရုန်းကန်နေရချိန်မှာ ကျွန်တော့်ကို တကယ်ကယ်တင်ခဲ့တာက အမာခံ Customer တွေပါ။ ❤️
လိုင်းပေါ်မတွေ့တော့လို့ စိတ်ပူပြီး ဖုန်းဆက်မေးကြတာတွေ၊ "DS က ပစ္စည်းမှကြိုက်တာ၊ ဘယ်လောက်ကြာကြာ ရတယ်စောင့်မယ်" ဆိုပြီး နားလည်ပြီး အားပေးကြတာတွေ၊ တစ်ယောက်တည်းကနေ သုံးခေါက်၊ လေးခေါက်အထိ ထပ်ခါထပ်ခါ အားပေးကြတဲ့ Customer တွေ၊ ပြီးတော့ အချင်းချင်းလက်တို့ပြီး ညွှန်းပေးကြလို့ ရောက်လာကြတဲ့ Customer အသစ်တွေ….
အဲ့လိုမျိုးအမာခံ ရှိနေခဲ့လို့သာ တောင့်ခံပြီးလုပ်လို့ရခဲ့တာ
ဒီလို အမာခံ Customer တွေရဲ့ အားပေးမှုသာမရှိခဲ့ရင် ဒီလုပ်ငန်းလေးကို ကျွန်တော့မှာရှိတဲ့ အားနဲ့ ဘယ်လိုမှပြန်ထောင်နိုင်မှာ မဟုတ်ပါဘူး။
အခုတော့ အလုပ်ရုံလေး အကုန်ပြီးစီးလို့
လုပ်ငန်းလေး ပြန်စလို့ရနေပါပြီ
ကျွန်တော့်ကို ယုံကြည်စွာနဲ့ အားပေးခဲ့တဲ့ ယုံကြည်ပေးကြတဲ့ Customer တွေအတွက် သီတင်းကောင်းလေးရှိပါတယ်
အရင်လို Desk နဲ့ Monitor riser နဲ့တင်မဟုတ်တော့ပဲ တကယ်မိုက်တဲ့ ပစ္စည်း အသစ်အသစ်တွေ ထပ်ထုတ်ပေးဖို့ရှိပါတယ်
အဲ့အတွက်လဲ အမြန်စီစဉ်နေပါတယ်
ကိုယ်တိုင်စမ်းသုံးကြည့်ပြီး စိတ်တိုင်းကျပြီဆိုရင် မကြာခင်ရပါမယ်
ရေရေလည်လည်မိုက်စေရမယ်လို့ အာမခံပါတယ် ❤️
ကျွန်တော့ကို ယုံကြည်ပြီး အမြဲအားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို တကယ်ရင်ထဲကနေ ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ 🙏🏻❤️
.0
Asahi Condo မှာဆင်ပေးခဲ့တဲ့ ရှင်းရှင်းလင်းလင်း ၂ ယောက်ထိုင်ဖို့ Creative Desk ၆ ပေ ❤️ ိပ်မက်အမှန်တကယ်လက်တွေ့ဖော်ဆောင်ပေးနေတဲ့တစ်ခုတည်းသောနေရာ
24/03/2025
Product Show Case ရိုက်ဖို့အတွက်ဆိုပြီး
ရန်ကုန် စမ်းချောင်းကနေ မှာယူလို့
အကုန်သေချာပြင်ဆင်ထုပ်ပိုးပြီး ပို့ပေးလိုက်ပါပြီခင်ဗျာ ❤️
☎️09785231520
ိပ်မက်အမှန်တကယ်လက်တွေ့ဖော်ဆောင်ပေးနေတဲ့တစ်ခုတည်းသောနေရာ
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
Mandalay
Opening Hours
| Monday | 08:00 - 21:00 |
| Tuesday | 08:00 - 21:00 |
| Wednesday | 08:00 - 21:00 |
| Thursday | 08:00 - 21:00 |
| Friday | 08:00 - 21:00 |
| Saturday | 08:00 - 21:00 |
| Sunday | 08:00 - 21:00 |