15/09/2026
❝ iOS Users တွေ စောင့်မျှော်နေကြတဲ့ iOS 27 Official Update ကြီး ရောက်ရှိလာပါပြီ !! ❞
Apple ရဲ့ 2026 ခုနှစ်အတွက် အဓိက OS Update ဖြစ်တဲ့ iOS 27 ကို စက်တင်ဘာလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ည 11:30 PM ဝန်းကျင်မှာ Apple ဘက်က Official Release လုပ်ပေးသွားပါပြီ iPhone SE Second Generation,iPhone 11 Series to 18 Series ထိ Updateလုပ်လို့ရပါတယ်……
ဒါပေမယ့် ပိုစမတ်ကျတဲ့ Siri AI နဲ့ Apple Intelligence စွမ်းဆောင်ရည်တွေကို အပြည့်အဝ သုံးချင်ရင်တော့
iPhone 15 Pro, 15 Pro Max နဲ့
iPhone 16,
iPhone 17,
iPhone 18 series တွေ ဖြစ်ဖို့ လိုပါမယ်ရှင့်……
ဒီတစ်ခေါက် iOS 27 က Feature အသစ်တွေ ထည့်ပေးထားရုံတင်မကဘဲ AI, Siri, Photos နဲ့ System Performance ပိုင်းတွေမှာလည်း သိသိသာသာ အဆင့်မြှင့်တင်ထားပါတယ်။
Safari နှင့် ဖြတ်လမ်းစနစ်
ဝက်ဘ်ဆိုက် Tab တွေကို အကြောင်းအရာအလိုက် စုစည်းပေးတာ ကိုယ်လိုချင်တဲ့ Shortcut တွေကို သာမန်စကားပြောဟန်နဲ့ ညွှန်ကြားရုံနဲ့ အလိုအလျောက် ဖန်တီးပေးနိုင်လာပါတယ်။
📸 Camera & AI Photos Tools
Photos နဲ့ Camera ပိုင်းမှာလည်း AI ကို ပိုပြီးအသုံးချလာပြီး Visual Search, Photo Editing, Clean Up နှင့် Reframing Tools တွေက ပုံတွေကို ရှာဖွေခြင်း၊ ပြင်ဆင်ခြင်းနဲ့ အသုံးချခြင်းတွေကို ပိုပြီး လွယ်ကူစေမှာပါ။
💦Liquid Glass ဒီဇိုင်းအသစ်
စနစ်တစ်ခုလုံးရဲ့ Interface ကို ပိုမိုရှင်းလင်းအောင် မွမ်းမံထားပြီး Settings ထဲမှာ အကြည်ရောင် (Ultra-clear) သုံးမလား၊ အရောင်ရင့် (Tinted) သုံးမလားဆိုတာ Slider လေးဆွဲပြီး စိတ်ကြိုက် ချိန်ညှိနိုင်ပါပြီ။
ဒီတော့ iOS 27 က Usersတွေအတွက် နေ့စဉ်သုံးမှာ ပိုအဆင်ပြေစေမယ့် အချက်ကတော့
• ဖုန်းပြောနေချိန် လိုအပ်တဲ့ Booking နံပါတ် ဒါမှမဟုတ် Code တွေကို ချက်ချင်းဖော်ပြပေးတဲ့ Call Context
• အသံပိုင်းဆိုင်ရာအတွက် တော်တော်များများ တောင်းဆိုနေကြတဲ့ Alarm နဲ့ Timer အသံအတိုးအကျယ်ကို သီးသန့်ခွဲထုတ်ပေးထားခြင်း
⚙️ ဘယ်လိုတင်ရမလဲ?
Settings > General > Software Update ကနေ Firmware File ဒေါင်းပြီး installation လုပ်နိုင်ပါတယ်
Battery ကို အနည်းဆုံး 50% အထက်ရှိထားပြီး လိုင်းငြိမ်တဲ့ Wi-Fi နဲ့ တင်ဖို့ အကြံပြုလိုပါတယ်။🤗
Botay Mobile Solutions
Mandalay