One Click Online shop

One Click Online shop

Share

DIY furniture and personal accessories
Computer and Mobile Accessories

ကျွန်တော်များ One Click Online shopမှ products များအား ပစ္စည်းမှန် စျေးနှုန်းမှန်ကန်စွာဖြင့် အရည်အသွေးပြည့်မှီစွာ ဝယ်ယူအားပေးနိုင်ကြပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

05/02/2021

တိဘက်က သိုးအရမ်းမွေးတယ် ။
သိုးတွေကို ဝံပုလွေက လာလာစားတော့ သိုးအုပ်ပိုင်ရှင်က လာစားတဲ့ ဝံပုလွေကို သတ်ဖို့ ညဖက်စောင့်တယ် ။
အဲ့ဒီမှာ အဖြစ် တစ်ခုသွားတွေ့တယ် ။
ညဖက် ဝံပုလွေလာခါနီး သိုးတွေက အနံ့ကြိုရတယ် ။
ဂဏာမငြိမ်တွေဖြစ်တယ် ။
အော်တယ် ဟိုပြေးသည်ပြေးလုပ်ကြတယ် ။
ခဏနေတော့ ဝံပုလွေဝင်လာတယ် ။
အေးအေးဆေးဆေးပဲ ဝင်လာတာ ။
တစ်ကောင်ထဲပဲ ။
သိုးတွေမှာ အော်ပြီး ပြေးကြတယ် ။
တစ်ခြံလုံးကို ညံနေတာပဲ ။
တကယ်က သိုးအုပ်က ရာချီတယ် အများကြီးပဲ ။
တစ်ကောင်တစ်ချက်တက်နင်းရင်ကို ဝံပုလွေ အစအနရှာရမှာမဟုတ်ဘူး ။
ဒါပေမယ့် ဝံပုလွေ အနားကို မကပ်ဘူး ။
ဝံပုလွေကို မထိရဲဘူး ။
အချင်းချင်းပဲ တိုးကြဝှေ့ကြတယ် အချင်းချင်းပဲ တက်ကြနင်းကြတယ် ။
ငယ်သံပါအောင်ပဲ အော်နေကြတယ် ။
ခဏနေတော့ ဝံပုလွေက
သိုးတစ်ကောင်ကို ဖမ်းကိုက်တယ် ။
အဖမ်းခံရတဲ့ သိုးခမြာ အော်လိုက်တာ !
ဘေးကသိုးတွေက ကြည့်နေတယ် !
အဖမ်းခံရတဲ့သိုးခမြာ သွေးတွေရွှဲပြီး
ရုန်းလိုက်ကန်လိုက်တာ !
ဘေးကသိုးတွေ ကြည့်နေတယ် !
ခဏနေတော့ အဖမ်းခံရတဲ့သိုး သေသွားတယ် !
အသံငြိမ်သွားတယ် !
ဘေးကသိုးတွေလဲ အသံငြိမ်သွားတယ် !
ဝံပုလွေဟာ သိုးအုပ်အလည်မှာ ကျကျနနထိုင်ပြီး
သူဖမ်းထားတဲ့သိုးကို အေးအေးဆေးဆေး ထိုင်စားတယ် ။ ဘေးက သိုးတွေက လဲ မြက်လေးဝါးတဲ့သူကဝါး
ချောင်လေးမှာခွေတဲ့သူကခွေ ဖြစ်ကုန်တယ် ။
ခဏကြာလို့ ဝံပုလွေက စားသောက်ပြီး ဘိုက်ဝလို့
ပြန်ထွက်သွားတဲ့အချိန်မှာ တချို့သိုးတွေက ပြန်အိပ်ပြီး ဟောက်တောင်ဟောက်နေပြီ ။
သူတို့စိတ်ချတယ်လေ ဒီနေတော့ ငါမဟုတ်ဘူး ။
ငါအစားမခံရဘူး ။
တခြားအစားခံလိုက်ရတဲ့သိုးဟာ ငါမဟုတ်ဘူး
ငါနဲ့မဆိုင်ဘူး ။
နောက်နေ့ဝံပုလွေလာရင် ငါမဟုတ်ဖို့ပဲ အရေးကြီးတယ် ။
ငါနဲ့လွတ်အောင်ငါနေမယ် ။
ဝံပုလွေမမြင်ဖို့ မမိဖို့ပဲ လိုတယ် ။
ဝံပုလွေမမိဖို့ တခြားသိုးကို နင်းဆိုလဲနင်းမယ်
ဝှေ့ဆိုလဲဝှေ့မယ် ဝံပုလွေကိုတော့
ကြည့်တောင်မကြည့်ရဲ ထိတောင်မထိရဲ ငါနေမယ် ။
ဒါဟာ တိရိစ္ဆာန်လောကမှာတော့ ဖြစ်နေကျပါပဲ ။
မထူးဆန်းပါဘူး ။
ဒါပေမယ့်ဒီလိုအဖြစ်မျိုး လူတွေကြားမှာ ဖြစ်လာရင်တော့ အတိုင်းထက်အလွန် ဝမ်းနည်းစရာပဲ ။
ကျွန်တော်တို့က လူတွေမဟုတ်လား ။
ဒါပေမယ့် အလွန်ကို စိတ်မကောင်းစရာပါ ။
ခုလူတွေကြားမှာ သိုးတွေ တွေ့ရပါတယ် ။
အချင်းချင်းနင်းတဲ့သိုးတွေ !
ချောင်လေးမှာ ကပ်နေတဲ့သိုးတွေ !
ဝံပုလွေစာ ကိုယ်မဖြစ်ဖို့အရေး !
တခြားသူကို ထိုးကျွေးနေတဲ့သိုးတွေ !
ဝံပုလွေကိုငဲ့ပြီး အချင်းချင်း လက်နက်နဲ့
ရန်ပြုပေးချင်တဲ့သိုးတွေ !
ဝံပုလွေကို ကာကွယ်နေတဲ့သိုးတွေ !
ဖြစ်ရလေဗျာ ။
ကျွန်တော်တို့က လူတွေလေ သိုးတွေမှ မဟုတ်ဘဲ ။
လူနဲ့ တိရာစ္ဆာန် မှာ ကွာတာက
အသိဉာဏ် စဉ်းစားဉာဏ်ပဲ ရှိပါတယ် ။
စဉ်းစားဉာဏ်မရှိပဲ မဆင်ခြင်ဘဲ လုပ်နေမယ်ဆိုရင်
လူဟာ တိရိစ္ဆာန်နဲ့မကွာတော့ပါဘူး ။
ပြီးတော့လေ တိရိစ္ဆာန်ဝံပုလွေက သိုးကိုသတ်တာ လောလောဆယ် သူစားဖို့ပဲ သတ်တာ သိလား ။
သူတစ်ကောင်နဲ့ဘိုက်ဝရင် ဆက်မသတ်တော့ဘူး ။
လူဝံပုလွေကတော့
ငါ့ဖို့ ငါ့သားသမီးဖို့ ငါ့မြေးဖို့ ငါ့မြစ်ဖို့နဲ့
လောဘက ဘယ်တော့မှ အတောမသတ်ဘူး ။
ဒါအတွက်သတ်ရမယ်ဆိုလဲ တစ်ရာနှစ်ရာ
တစ်ထောင်နှစ်ထောင် သူဂရုစိုက်မှာမဟုတ်ဘူး ။
စဉ်းစားဖို့ပါ ။
နိုင်ငံအသီးအပွင့် 70% လောက်ငါယူမယ်
မင်းတို့ကျန်တဲ့ပြည်သူတွေက ကျန်တဲ့ 30% လောက်ကို
ခွဲယူကြကွာ
အဲ့ဒီမှာ အချင်းချင်း နင်းချင်နင်းကြ
ကောက်ကျစ်ချင်ကောက်ကျစ်ကြ
ယုတ်မာချင်ယုတ်မာကြ
အချင်းချင်း နိုင့်ထက်စီးနင်းလုပ်ချင်လုပ်ကြ
အချင်းချင်းခေါင်းပုံဖြတ်ချင်ဖြတ်ကြ ဆိုပြီး
အုပ်စိုးတာကို အရိုးအရင်းကိုက်ရလဲ မနည်းဘူးဟ ဆိုပြီး ပြည်သူချင်းချင်းပဲ ရမယ်ရှာချင်တဲ့သူတေပဲ များနေရင်တော့လဲ ကျွန်တော်တို့နိူင်ငံရဲ့ ကံပေါ့ဗျာ ။
တစ်ခုတော့ရှိတယ် ။
အခုတက်ကြွလှုပ်ရှား စစ်အာဏာရှင်ကို
ဆန့်ကျင်နေကြသူတွေ အထူးသဖြင့် လူငယ်တွေ
ဟာ မှတ်သားတတ်တဲ့စိတ်ရှိတယ်ဆိုတာ မမေ့ကြပါနဲ့ ။ သမိုင်းက ခင်ဗျားတို့ အလုပ်တွေကို
မှတ်တမ်းတင်ထားပါလိမ့်မယ် ။
ကျတော်တို့လဲ မမေ့ကြပါဘူး ။
#စိတ်ခွန်အားပြည့်စာစုများ

05/02/2021



Photos from Thin Pyant Nwe-Store No 2's post 20/01/2021

Handmade phone stand လေးတွေကို သန်လျင်က သင်းပျံ့နွယ်စတိုးမှာလဲ ဝယ်ယူအားပေးနိုင်ပါကြောင်း သတင်းကောင်းလေး ထပ်ပါးလိုက်ပါရစေနော်။😍😍
https://www.facebook.com/Thin-Pyant-Nwe-Store-No-2-170527320167791


Photos from One Click Online shop's post 19/01/2021

⚡️⚡️ The Flash ⚡️⚡️
🏃‍♂️💨💨💨💨

ခုဆို ကျနော်တို့ မြန်မာပြည်သူ ပြည်သားတွေကို ကယ်တင်ဖို့ The Flash ရောက်လို့ လာပါပြီ။

USB 3.2 စံနှုန်းနဲ့ Type C to Type C cable လေးက data transfer speed 20GB/s မို့လို့ သူ့ကို The Flash လို့ခေါ်တာပါ။ 😉
😎😎Power Delivery (PD) ကို 100W အထိ support ပေးတဲ့အပြင် QC ရော superchargerပါ support ပေးပါသေးတယ်။
ဒီလိုဆိုတော့ အားပဲသွင်းသွင်း၊ Data အကူးအပြောင်းပဲ လုပ်လုပ် အချိန်ကုန်တာ သက်သာပြီးရင်း သက်သာနေတော့တာပေါ့။😋😋
👍👍နှစ်ဆ ပိုမို သိပ်သည်းတဲ့ Nylon နဲ့ ပြုလုပ်ထားတဲ့အပြင် 99.99% 4N oxygen ကင်းတဲ့ ကြေးနီနဲ့ ပြုလုပ်ထားတာဆိုတော့ ကျစ်လစ်ခိုင်မာပြီး မြန်ဆန်တဲ့နှုန်းကို ပေးစွမ်းနိုင်တယ်ဆိုတာ အသေအချာပဲပေါ့။💪💪
သူ့ရဲ့ ဈေးနှုန်းလေးကတော့ ၂၂၇၀၀ ကျပ်မို့လို့ ပေးရတဲ့ ဈေးထက် ပိုမိုကောင်းမွန်ပြီး အရည်အသွေးပြည့်ဝတဲ့ ပစ္စည်းလေးပြန်ရမှာဆိုတော့ ရှယ်ပဲပေါ့။😍😍 အယ့်တာအပြင် Warranty 2 Years ပါသေးတယ်နော်။😃😃
Brand ကလဲ နှစ်ပေါင်း ၅၀ကျော် နည်းပညာ company လောကမှာ ရပ်တည်လာတဲ့ Verbatim brand လေးဆိုတော့ စိတ်ချရလို့ အခုပဲ ဝယ်ယူလိုက်တော့နော်။👌
One Click Os မှ products လေးများကို ဝယ်ယူသူ Customer များအနေဖြင့် Factory false ဖြစ်ပါက ရန်ကုန်မြို့တွင်းဆိုပါက ချက်ချင်းလဲပေးြခင်း၊ နယ်မှ Customer များအတွက် ပစ္စည်းရောက်ပြီး ၄၈နာရီအတွင်း လဲလှယ်ပေးခြင်း စသည့် ဝန်ဆောင်မှုများအပြင်........😊😊
🚛🚛ရန်ကုန်မြို့အတွင်း မြို့နယ်အလိုက် ပို့ဆောင်ခ နှုန်ထားဖြင့် အိမ်တိုင်ရာရောက်စနစ်ဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက် ရှိပါသည်။
Price - 22700Ks.
Warranty - 2 Years



Photos from SPIRITS Fashion Accessories's post 15/01/2021

📣📣 ကျနော်များ One Click Os မှ Handmade Phone Stand လေးများကို မြေနီကုန်း Spirit မှာလဲ ဝယ်ယူအားပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။😊😊



13/01/2021

အမြင့်ကို ပျံတက်ပါ။🦅

"တစ်ခါက တိုင်းပြည်တစ်ပြည်က ဘုရင်ကြီးတစ်ပါးကို သူ့လက်အောက် ခံ နယ်ပယ်တစ်ခုရဲ့ နယ်စားကြီးက လက်ဆောင်ပေးလာပါတယ်။ လက်ဆောင်ကတော့ အလွန်လှပတဲ့ သိန်းငှက်နှစ်ကောင်ပါ။ ဘုရင်ကြီးဟာ ဒီလောက်လှတဲ့ သိန်းငှက် တစ်ခါမှမမြင်ဘူးလို့ အလွန်သဘောကျနေတာပေါ့။ ဘုရင်ကြီးလဲ သိန်းငှက်နှစ်ကောင်ကို ငှက်တွေလေ့ကျင့်ပေးသူဆီ လေ့ကျင့်ပေးဖို့ အပ်လိုက်ပါတယ်။

လေ့ကျင့်သူဟာ သိန်းငှက်နှစ်ကောင်ကို နေ့စဥ်လေ့ကျင့်ပေးနေတာ လပေါင်း အတော်ကြာသွားပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ သူဟာ ဘုရင်ကြီးဆီသို့ အခစားဝင်ပြီး လျှောက်တင်လိုက်တယ်။ သိန်းငှက်နှစ်ကောင်မှာ တစ်ကောင်ကတော့ ကောင်းကင်အမြင့်ကြီးမှာ ပျံဝဲလို့ရအောင် လေ့ကျင့်လို့ရပေမယ့် နောက်တစ်ကောင်ကတော့ သစ်ပင်ရဲ့ အကိုင်းမှာ အမြဲတမ်းခိုနားနေပြီး ဘယ်မှမသွားပါဘူးတဲ့။ အမြင့်ကိုလည်း ပျံမတက်သလို ပျံတက်အောင် လုပ်လို့လဲမရဘူးတဲ့။

ဘုရင်ကြီးလဲ လေ့ကျင့်သူဟာ သူ့တိုင်းပြည်ရဲ့ အတော်ဆုံး ငှက်လေ့ကျင့်ပေးသူမို့ အပြစ်မတင်ရက်တာကြောင့် နောက်ထပ်အချိန်ထပ်ပေးလိုက်ပါတယ်။ သို့သော်လည်း အရင်တိုင်း သိန်းငှှက်ဟာ သူနားနေတဲ့ သစ်ကိုင်းပေါ်ကလုံးဝရွှေ့မသွားပါဘူး။ ငှက်လေ့ကျင့်ပေးသူလဲ ဒီတစ်ခါတော့ လက်လျှော့သွားတာမို့ ဘုရင်ကြီးလဲ ပရောဟိတ် ပုဏ္ဏားတွေ၊ ဗေဒင်ဆရာတွေခေါ်ပြီး ဂါထာမန္တန်တွေရွတ်ကာ ပျံတက်အောင်လုပ်ပေမယ့် သိန်းငှက်ဟာ အရင်တိုင်း နေမြဲနေဆဲပါပဲ။

ဘုရင်ကြီးလဲ အလွန်တရာလှပတဲ့ ငှက်ဖြစ်တဲ့အတွက် မသတ်ရက်ဘူးတဲ့။
ဒီသတင်းဟာ တိုင်းပြည်တစ်ခုလုံး ပျံနှံ့သွားပြီး လယ်သမားလေးတစ်ယောက်က ကြားသွားပါတော့တယ်။ ဒီလိုနဲ့ လယ်သမားလေးဟာ ဘုရင်ကြီးစီ အခစားဝင်ကာ စမ်းသပ်လုပ်ကြည့်ဖို့ လျှောက်တင်တဲ့အတွက် ဘုရင်ကြီးလဲ ခွင့်ပြုပေးလိုက်ပါတယ်။ နောက်တစ်နေ့ မနက်မှာ မှူးမတ်မျာ းလျှောက်တင်တဲ့အတွက် ဘုရင်ကြီးလဲ ကောင်းကင်ယံကို ကြည့်လိုက် တဲ့အခါ သိန်းငှက်နှစ်ကောင်ဟာ အတူပျံဝဲနေတာကို မြင်တွေ့လိုက်ရပါတော့တယ်။ ဒီလိုနဲ့ လယ်သမားလေးကို မေးမြန်းတဲ့အခါ သူနားနေကြ သစ်ကိုင်းကို ဓားနဲ့ခုတ်ဖြတ်လိုက်ပါတယ်တဲ့။

ကျတော်တို့တစ်တွေဟာ လူရယ်လို့ဖြစ်လာကြတဲ့အခါ မိဘဆွေမျိုးစတဲ့ သစ်ကိုင်းတွေအပေါ်မှာ ခိုနားရင်း ဘဝကို လွယ်လွယ်ဖြတ်သန်းတတ်ကြပါတယ်။ ဒီလိုနေတတ်ကြတဲ့အတွက် ကျနော်တို့တစ်တွေဟာ အမြဲအောက်ခြေအဆင့်မှာပဲ ကျေနပ်ပျော်ပါးနေတတ်ကြပါတယ်။ အပြောင်းအလဲ မလုပ်ချင်ကြပါဘူး။ အပြောင်းအလဲ မလုပ်ရင် ကျနော်တို့တွေဟာ အမြင့်ကိုရောက်မှာ မဟုတ်ပါဘူး။ အောက်ခြေက ကြည့်ရတဲ့မြင်ကွင်းထက် အမြင့်ကကြည့်ရတဲ့ ရှုခင်းတွေက ပိုလှပါတယ်။

မျှဝေလိုသော အတွေးများ - ဗန်းမော်သိန်းဖေ
🥰🥰🥰

Photos from One Click Online shop's post 11/01/2021

"တစ်ချက်ခုတ် ၃ချက်ပြတ်"
*
*
*
"တစ်ချက်ခုတ် ၃ချက်ပြတ်" ဆိုတာဘာပါလိမ့်🤔🤔
"တစ်ချက်ခုတ် ၃ချက်ပြတ်"ဆိုတာ 👇👇ဟောဒီ ဖုန်း stand လေးတွေကို ပြောတာပါ.....
ကဲ....ဘာတွေများပြတ်လဲ လေ့လာကြည့်ရအောင်....🧐
◼️ ပထမဦးဆုံးအချက်အနေနဲ့ ထင်းရှူးပေါင်းသားနဲ့ ပြုလုပ်ထားတဲ့ Handmade ဖုန်း stand တွေဖြစ်တဲ့အတွက် သင့်ရဲ့ အလုပ်စားပွဲမှာဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် သင့်ကို အမြင်ဆန်းဆန်းနဲ့ စတိုင်ကျစေမှာအမှန်ပါ။
◼️ ဒုတိယအချက်အနေနဲ့ကတော့ ဖုန်း stand အပြင် သင့်ရဲ့ အလုပ်စားပွဲမှာ Paper weight အနေနဲ့ အသုံးပြုလို့ရပါတယ်.....
◼️ နောက်ဆုံးအချက်ကတော့ သဘာဝကာဗွန်သံသရာမှာ အပင်နဲ့ သစ်ပင်တွေဟာ လေထုထဲမှ ကာဗွန်ကို စုပ်ယူပေးနိုင်စွမ်းရှိတဲ့အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းက ကာကွယ်ပေးရာလဲရောက်နေပါတယ်။
ကဲ........... ဒီလိုဆိုတော့ တစ်ချက်ခုတ် သုံးချက်ပြတ်ပြီပေါ့😎😎
ဒါဆို သဘာဝသစ်သားနဲ့ ပြုလုပ်ထားတဲ့ Handmade Phone stand လေးတွေကို အသုံးပြုရင်း ကျနော်တို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းကနေ ကာကွယ်စောင့်ရှောက်ပေးလိုက်ကြရအောင်......🥰🥰
ဈေးနှုန်း - ၂၅၀၀ကျပ်
😃😃၅ခုနှင့်အထက် ဝယ်ယူပါက သတ်မှတ်ထားသည့် မြို့နယ်များသို့ ပို့ဆောင်ခ အခမဲ့....😃😃
📱 09-676200872



Photos from One Click Online shop's post 06/01/2021

🕵သင့်အနေနဲ့ အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းသင့်တင့်တဲ့ Flash Driveမျိုးရှာနေတယ်ဆိုရင်တော့ ဒီ post လေးက သင့်ကို အဖြေပေးနိုင်မှာပါလိမ့်မယ်။
⚡️ခေတ်မှီပြီး ဆန်းသစ်တဲ့အသွင်အပြင်နဲ့ Sandiskရဲ့ cz 57လေးက အသင့်ရှိနေပါတယ်နော်.....⚡️
Storage capacity 32GBနဲ့ on/off လုပ်လို့ရတဲ့ ဒီဇိုင်းလေးကြောင့် မသုံးတဲ့အချိန်တွေဆို USB ခေါင်းလေးကို hideထားလို့ရပါတယ်
World Wide Brand တစ်ခုဖြစ်တဲ့ Sandisk အမှတ်တံဆိပ်ဆိုတော့ အရည်အသွေးပိုင်းကတော့ အထူးတလည်ပြောစရာ မလိုတော့ဘူးနော်.....
👉Life Time Warrantyပါရှိသည့်အပြင် ဈေးနှုန်းကလဲ ၉၅၀၀ကျပ်သာဖြစ်ပါတယ်......
🚛🚛မြို့နယ်အလိုက် Deliveryနှုန်းထားဖြင့် ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ ဝန်ဆောင်မှုစနစ်ဖြင့် လိုက်လံပို့ဆောင်ပေးပါသည်။

လူကြီးမင်းတို့အနေဖြင့် ဈေးနှုန်းမှန်ကန်ပြီး အရည်အသွေးပြည့်ဝသော ပစ္စည်းများကို ရွေးချယ်မှာယူလိုပါက ကျနော်များ One Click osသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


Photos from One Click Online shop's post 05/01/2021

သင်ရဲ့ အရေးကြီးတဲ့ dataတွေကို မပျောက်မပျက်ပဲ သိမ်းဆည်းနိုင်ဖို့အတွက် သင့်အနေနဲ့ ယုံကြည်စိတ်ချပြီး အရည်အသွေးပြည့်မှီတဲ့ Flash Drive ကောင်းကောင်းတစ်ခု ရှိနေဖို့လိုအပ်ပါတယ်.......
ဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရန်အတွက် Sandisk ရဲ့ cz73လေးက အသင့်ရှိနေပြီးသားပါ.......
👉ပေါ့ပါးပြီး ကျစ်လစ်ခိုင်မာတဲ့အသွင်အပြင်နဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းလေးက သင့်ကိုစွဲဆောင်မှုရှိစေမှာ အမှန်ပါပဲ။
👉Data transfer rateကလဲ 150MB/s ဆိုတော့ အချိန်ကုန်သက်သာစေပါတယ်😎😎
👉128GBမို့လို့ memory မလောက်မှာလဲ စိတ်ပူစရာမလိုတော့ဘူးနော်။
ဈေးနှုန်းအနေနဲ့ ၃၉၀၀၀ကျပ်ဖြစ်ပြီး Warrantyက Life Timeဆိုတော့ မိုက်ပြီးရင်းမိုက်နေတာပေါ့........
ဒါဆိုရင် Sandiskရဲ့ Flash drive လေးနဲ့အတူ သင့်ရဲ့ data တွေဆုံးရှုံးမှာကို စိတ်ပူစရာမလိုတော့ဘူးနော်😍

ကျနော်များ One Click Online shopမှ productsလေးများကို အရည်အသွေးပြည့်မှီစွာဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။🙏🙏😊
Price - 39000Ks
Warranty - Life Time



04/01/2021

🇲🇲လွတ်လပ်ရေးနေ့🇲🇲
တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှု သွေးစည်းမှုတို့ဖြင့် ပင်လုံစိတ်ဓာတ်ကို အရင်းတည်ကာ ရရှိခဲ့သော (၇၃)ကြိမ်မြောက် လွတ်လပ်ရေးနေ့အား One Click Online shop မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။


Photos from One Click Online shop's post 01/01/2021

သင်ဟာ Travel Blogger ဒါမှမဟုတ် ခရီးသွားလာရခြင်းကို ကြိုက်နှစ်သက်သူတစ်ဦးဆိုရင်တော့ သင့်အတွက် ဒီပစ္စည်းလေးက မရှိမဖြစ်လိုအပ်မယ့် အရာလေးဖြစ်ပါတယ်......🧳🧳
အယ့်တာကတော့ 4 ports Travel Adapterလေးပါ😉
🚙International plugခေါင်းများ ပါဝင်ပြီး 4 ports ပါဝင်သည့်အတွက် devices ၄ခုလုံးကို တစ်ပြိုင်နက်တည်း အားသွင်းနိုင်မှာဖြစ်ပါတယ်။
🚙ဒါ့အပြင် Type C ကလဲ တစ်ပေါက်ပါသေးပြီး QC ရော PD ပါ support ပေးလို့ MacBook ရှိတဲ့ သူတွေအတွက်ပါ Quick Charge လုပ်နိုင်ပါတယ်။
🚙သူ့ Adapter ကိုပဲနောက်ထပ် extension ဆွဲလို့ရတဲ့ plug ပါ ပါတော့ ပိုပိုပြီးအဆင်ပြေတယ်နော့်......
🚙8A FUSEကိုအသုံးပြုထားသည့်အပြင် Extra Fuseပါထည့်ထားသည့်အတွက် devices ၄ခုလုံးကို တစ်ပြိုင်နက်အားသွင်းနိုင်သလို ဗို့အားမြင့်တာတို့ မငြိမ်တာတို့ပါ မစိုးရိမ်ရတော့ဘူးနော်😇😇
🚙အရည်အသွေးပိုင်းကတော့ စိတ်ချရတဲ့ Verbatimအမှတ်တံဆိပ်ပစ္စည်းလေးဖြစ်ပြီး FCC (U.S.), CE (EU), E1703 (Australia) certificates အစရှိတဲ့ နိုင်ငံတကာ အသိမှတ်ပြုလက်မှတ်ပေါင်းများစွာ ရရှိထားပါတယ်
Packing ထဲမှာအိတ်လေးပါလို့ သိမ်းရလွယ်ကူပြီး ခရီးပဲထွက်ထွက် အိမ်မှာပဲသုံးသုံး ဘက်စုံသုံးလို့ရတယ်နော်....
ဈေးနှုန်းအနေနဲ့ ၄၅၄၀၀ကျပ်ဖြစ်ပြီး ၁နှစ်အာမခံပေးထားပါတယ်။
ကျနော်များ One Click osမှ productsလေးများအား အရည်အသွေးစိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါသည်..... မြို့နယ်အလိုက် ပို့ဆောင်ခသတ်မှတ်၍ အိမ်အရောက်ပို့စနစ်ဖြင့် လိုက်လံပို့ဆောင်ပေးနေပါသည်။
Price - 45400Ks
Pt Code - 66198
Warranty - 1 Year


01/01/2021

ကျစ်လစ်ပြီး စတိုင်ကျတဲ့ designနဲ့ smart ကျကျ အသုံးပြုနိုင်တဲ့ 4 in 1 Wireless Charging Dock



Want your business to be the top-listed Furniture Store in Nay Pyi Taw?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Nay Pyi Taw