FAMILY HOUSE - အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်း

FAMILY HOUSE - အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်း

Share

In-home Services in Nay Pyi Taw. Home Improvement Services Provider

FAMILY HOUSE သည် FH Family House General Services Co.,Ltd ၏လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး နေပြည်တော်တွင် 2019 ခုနှစ်မှ စတင်ကာ နေအိမ်နှင့်သက်ဆိုင်သော အလုံးစုံ ဝန်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက် ပေးလျက်ရှိပါသည်။ ထောင်နှင့်ချီသောဝန်ဆောင်မှုရယူသူ မိတ်ဆွေများအား မိသားစုနှင့်အတူစိတ်ချမ်းသာပျော်ရွှင်စွာဖြင့် နေထိုင်နိုင်ရန် လိုအပ်ချက်များကို ကျွမ်းကျင်စိတ်ချရမှုများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ယုံက

14/02/2024

အမေးများတဲ့ epoxy သုတ်နည်းလမ်းလေးကို ပြန်လည်ဝေမျှပေးချင်ပါတယ်ခင်ဗျာ

ုတ်ရန်နည်းလမ်းများ

💥 ပထဉီးစွာ မိမိ ပြု့လုပ်လိုသည့် ကြမ်းခင်ကို epoxy မသုတ်ခင် အရင်ဉီးဆုံး ကြမ်းခင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လေခိုခြင်း ၊ အက်ကွဲကြောင်းများရှိမရှိ အရင်စစ်ဆေးသင့်ပါတယ်..။

💥 လေခိုခြင်း ၊ အက်ကွဲကြောင်းများရှိပါက ပြန်လည်ပြုပြင်ဖာထေးပေးရပါမယ်ခင်ဗျာ ..။

💥​ ကြမ်းခင်းကိုပြန်လည်ပြုပြင်ပြီးပါက သန့်ရှင်းရေးသေချာလုပ်ပေးရပါမယ်။

💥သန့်ရှင်းရေးပြီးစီးသွားတဲ့အခါ ပတ်တီးစရိုက်လို့ရပါပြီ ၊

💥 ပတ်တီးကတော့ တတ်နိုင်ရင် epoxy ပတ်တီးရိုက်ပေးပါ။ အကယ်၍ epoxy ပတ်တီးမရိုက်ချင်ရင် ဘိလပ်မြေကို ကော်နှင့် အချိုးကျကျစပ်ပြီးပတ်တီးရိုက်ပေးလို့ရပါတယ်ခင်ဗျာ..။

💥 ပတ်တီးခြောက်သွေ့တဲ့အခါ ကော်ပတ်တိုက်ပေးရပါမယ်..။

💥ကော်ပတ်တိုက်ပြီးတဲ့အခါ သန့်ရှင်းရေးပြုလုပ်ပေးပြီး epoxy sealar ကို epoxy ရိုလာဖြင့် ချုပ်ပေးရပါမယ် ။ တခြားရိုလာဖြင့်မရပါခင်ဗျာ ။ ရိုလာမထိတဲ့ နေရာတွေကိုတော့ ကော်ရိုးစုတ်တံဖြင့် အသုံးပြုနိုင်ပါတယ်..။

💥 sealar ခြောက်သွေ့ချိန် ( 24) နာရီထားပေးရပါမယ်၊

💥 sealar ခြောက်တဲ့အခါ မိမိကြိုက်နှစ်သက်ရာ epoxy ကာလာကို တစ်ကုတ်စသုတ်လို့ရပါပြီခင်ဗျာ..။

💥 ခြောက်သွေ့ချိန် 24 နာရီထားပေးရပါမယ် ။ ( ပထမတစ်ကုတ်မခြောက်ခင် final ကုတ်သုတ်လို့မရပါဘူး ခင်ဗျာ)

💥ပထမဆေးတစ်ကုတ်သုတ်ပြီးခြောက်သွေ့တဲ့အခါ ကော်ပတ်စား သန့်ရှင်းပြုလုပ်ပြီး epoxy final ဆေးသုတ်လို့ရပါပြီခင်ဗျာ

ကရေမတားနိုင်တဲ့အတွက် စလပ်မိုးတွေ ရေစိမ့်ရေယိုတဲ့အခါ ရေတားဆေးကိုသာအသုံးပြုပေးပါခင်ဗျာ...။

www.facebook.com/familyhousenpt

#ဆေးသုတ်လုပ်ငန်း
#ရေဆေးဆီဆေးပေါလစ်လုပ်ငန်း






25/01/2024


အိမ်/ရုံးပြောင်းဝန်ဆောင်မှု
ကို ယုံကြည်စိတ်ချစွာဖြင့် ရယူခဲ့သော Customer
မိသားစုအား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ😍🙏😍..

ဥစ္စာစီးပွား ဒီရေအလား တိုးတက်ကြီးပွားပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
𝑩𝒆 𝑯𝒂𝒑𝒑𝒚 𝑾𝒊𝒕𝒉 𝑭𝒂𝒎𝒊𝒍𝒚 & 𝑩𝒐𝒐𝒌 𝑵𝒐𝒘‼️ 𝑪𝒃/𝑴𝒆𝒔𝒔𝒆𝒏𝒈𝒆𝒓 မှတဆင့်လည်း ဘွက်ကင် တင်နိုင်ပါတယ်။
ဖုန်းနံပါတ်ချန်ထားခဲ့ရင်လည်း 𝑭𝑨𝑴𝑰𝑳𝒀 𝑯𝑶𝑼𝑺𝑬 𝑻𝑬𝑨𝑴 က ပြန်လည်ဆက်သွယ်ပေးမှာဖြစ်ပါတယ်။
အခုပဲဘွက်ကင်တင်ပြီး မိသားစုနှင့်အတူပျော်ရွှင်စွာနေ လိုက်ပါ..။
🏘️မိတ်ဆွေအိမ်ဂေဟာလေး လှပပြီး မိသားစုနဲ့ အစဉ်ပျော်ရွှင်ချမ်းမြေ့ စေဖို့ အိမ်တိုင်ရာရောက် 𝑭𝑨𝑴𝑰𝑳𝒀 𝑯𝑶𝑼𝑺𝑬...
𝑩𝒆 𝑯𝒂𝒑𝒑𝒚 𝑾𝒊𝒕𝒉 𝑭𝒂𝒎𝒊𝒍𝒚 & 𝑩𝒐𝒐𝒌 𝑵𝒐𝒘‼️

- 𝑷𝒂𝒓𝒕 𝑻𝒊𝒎𝒆 𝑴𝒂𝒊𝒅 𝑺𝒆𝒓𝒗𝒊𝒄𝒆 (အိမ်အကူဝန်ဆောင်မှု)
- 𝑫𝒆𝒆𝒑 𝑪𝒍𝒆𝒂𝒏𝒊𝒏𝒈 𝑺𝒆𝒓𝒗𝒊𝒄𝒆 (အလုံးစုံသန့်ရှင်းရေးဝန်ဆောင်မှု)
- 𝑨𝒊𝒓-𝑪𝒐𝒏 𝑺𝒆𝒓𝒗𝒊𝒄𝒆 (အဲကွန်းပြုပြင်ခြင်းဝန်ဆောင်မှု)
- 𝑹𝒆𝒇𝒓𝒊𝒈𝒆𝒓𝒂𝒕𝒐𝒓, 𝑭𝒓𝒆𝒆𝒛𝒆𝒓, 𝑾𝒂𝒔𝒉𝒊𝒏𝒈 𝑴𝒂𝒄𝒉𝒊𝒏𝒆 𝑹𝒆𝒑𝒂𝒊𝒓 𝑺𝒆𝒓𝒗𝒊𝒄𝒆 (အိမ်သုံး/လုပ်ငန်းသုံး ရေခဲသေတ္တာ၊အဝတ်လျော်စက် ပြုပြင်ရေး ဝန်ဆောင်မှု) - -𝑪𝒂𝒓𝒑𝒆𝒏𝒕𝒓𝒚, 𝑴𝒂𝒔𝒐𝒏, 𝑷𝒂𝒊𝒏𝒕𝒊𝒏𝒈 𝑺𝒆𝒓𝒗𝒊𝒄𝒆 (လက်သမား၊ပန်းရံ၊ဆေးသုတ်ဝန်ဆောင်မှု)
-𝑬𝒍𝒆𝒄𝒕𝒓𝒊𝒄𝒂𝒍 & 𝑷𝒍𝒖𝒎𝒃𝒊𝒏𝒈 𝑺𝒆𝒓𝒗𝒊𝒄𝒆 (လျှပ်စစ်မီးလိုင်း နှင့် ရေပိုက် ပြုပြင်၊ သွယ်တန်းတပ်ဆင်ခြင်း ဝန်ဆောင်မှု) - 𝑷𝒊𝒄𝒌-𝒖𝒑 / 𝑫𝒆𝒍𝒊𝒗𝒆𝒓 𝑳𝒐𝒖𝒏𝒅𝒓𝒚 𝑺𝒆𝒓𝒗𝒊𝒄𝒆 ( လာယူလာပို့ အဝတ်လျော် မီးပူတိုက်ဝန်ဆောင်မှု)
- 𝑺𝒕𝒆𝒆𝒍 𝑺𝒕𝒓𝒖𝒄𝒕𝒖𝒓𝒆 (သံပန်း၊သံတခါး ပြုလုပ်တပ်ဆင်ခြင်း)
- 𝑴𝒐𝒗𝒊𝒏𝒈 𝑯𝒐𝒖𝒔𝒆 𝑺𝒆𝒓𝒗𝒊𝒄𝒆(အိမ်ပြောင်း/ရွှေ့ဝန်ဆောင်မှု)
☎ 𝟎𝟗 𝟒𝟓𝟕 𝟕𝟑𝟕 𝟑𝟒𝟑,𝟎𝟗 𝟔𝟕𝟔 𝟏𝟒𝟒 𝟏𝟐𝟑 📧 𝒊𝒏𝒇𝒐.𝒇𝒂𝒎𝒊𝒍𝒚𝒉𝒐𝒖𝒔𝒆𝒏𝒑𝒕@𝒈𝒎𝒂𝒊𝒍.𝒄𝒐𝒎 🏠 𝑵𝒐.(723), Shwe Li qqa𝑺𝒕𝒓𝒆𝒆𝒕, 𝑺𝒉𝒘𝒆 𝑲𝒚𝒂𝒓 𝑷𝒊𝒏 𝑸𝒖𝒂𝒓𝒕𝒆𝒓, 𝒁𝒂𝒃𝒖𝒕𝒉𝒊𝒓𝒊 𝑻𝒐𝒘𝒏𝒔𝒉𝒊𝒑, 𝑵𝒂𝒚 𝑷𝒚𝒊 𝑻𝒂𝒘.

FAMILY HOUSE -အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်း






21/01/2024

မီးဖို​ချောင်​လေးက ကျဥ်းကျဥ်း​​လေး​ပေမယ့် သန့်ရှင်းသပ်ရပ်​နေတာပဲ။ ❤️

Photo credits to respective owner. 📸🖼

Photos from FAMILY HOUSE - အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်း's post 19/01/2024

အိမ်​ဆောက်ပြီးရင် ​ရေစိမ်ကန်နဲ့ ​ရေကူးကန်​လေး​တွေ လုပ်ချင်တဲ့သူ​တွေအတွက်။ 💙💙

Photo credits to respective owner. 📸🖼

Photos from FAMILY HOUSE - အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်း's post 18/01/2024


အိမ်/ရုံးပြောင်းဝန်ဆောင်မှု
နှင့် လျှပ်စစ်မီး ပြုပြင်တပ်ဆင်ခြင်းဝန်ဆောင်မှု တို့
ကို ယုံကြည်စိတ်ချစွာဖြင့် ရယူခဲ့သော
မိသားစုအား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ😍🙏😍..

ဥစ္စာစီးပွား ဒီရေအလား တိုးတက်ကြီးပွားပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
𝑩𝒆 𝑯𝒂𝒑𝒑𝒚 𝑾𝒊𝒕𝒉 𝑭𝒂𝒎𝒊𝒍𝒚 & 𝑩𝒐𝒐𝒌 𝑵𝒐𝒘‼️ 𝑪𝒃/𝑴𝒆𝒔𝒔𝒆𝒏𝒈𝒆𝒓 မှတဆင့်လည်း ဘွက်ကင် တင်နိုင်ပါတယ်။
ဖုန်းနံပါတ်ချန်ထားခဲ့ရင်လည်း 𝑭𝑨𝑴𝑰𝑳𝒀 𝑯𝑶𝑼𝑺𝑬 𝑻𝑬𝑨𝑴 က ပြန်လည်ဆက်သွယ်ပေးမှာဖြစ်ပါတယ်။
အခုပဲဘွက်ကင်တင်ပြီး မိသားစုနှင့်အတူပျော်ရွှင်စွာနေ လိုက်ပါ..။
🏘️မိတ်ဆွေအိမ်ဂေဟာလေး လှပပြီး မိသားစုနဲ့ အစဉ်ပျော်ရွှင်ချမ်းမြေ့ စေဖို့ အိမ်တိုင်ရာရောက် 𝑭𝑨𝑴𝑰𝑳𝒀 𝑯𝑶𝑼𝑺𝑬...
𝑩𝒆 𝑯𝒂𝒑𝒑𝒚 𝑾𝒊𝒕𝒉 𝑭𝒂𝒎𝒊𝒍𝒚 & 𝑩𝒐𝒐𝒌 𝑵𝒐𝒘‼️

- 𝑷𝒂𝒓𝒕 𝑻𝒊𝒎𝒆 𝑴𝒂𝒊𝒅 𝑺𝒆𝒓𝒗𝒊𝒄𝒆 (အိမ်အကူဝန်ဆောင်မှု)
- 𝑫𝒆𝒆𝒑 𝑪𝒍𝒆𝒂𝒏𝒊𝒏𝒈 𝑺𝒆𝒓𝒗𝒊𝒄𝒆 (အလုံးစုံသန့်ရှင်းရေးဝန်ဆောင်မှု)
- 𝑨𝒊𝒓-𝑪𝒐𝒏 𝑺𝒆𝒓𝒗𝒊𝒄𝒆 (အဲကွန်းပြုပြင်ခြင်းဝန်ဆောင်မှု)
- 𝑹𝒆𝒇𝒓𝒊𝒈𝒆𝒓𝒂𝒕𝒐𝒓, 𝑭𝒓𝒆𝒆𝒛𝒆𝒓, 𝑾𝒂𝒔𝒉𝒊𝒏𝒈 𝑴𝒂𝒄𝒉𝒊𝒏𝒆 𝑹𝒆𝒑𝒂𝒊𝒓 𝑺𝒆𝒓𝒗𝒊𝒄𝒆 (အိမ်သုံး/လုပ်ငန်းသုံး ရေခဲသေတ္တာ၊အဝတ်လျော်စက် ပြုပြင်ရေး ဝန်ဆောင်မှု) - -𝑪𝒂𝒓𝒑𝒆𝒏𝒕𝒓𝒚, 𝑴𝒂𝒔𝒐𝒏, 𝑷𝒂𝒊𝒏𝒕𝒊𝒏𝒈 𝑺𝒆𝒓𝒗𝒊𝒄𝒆 (လက်သမား၊ပန်းရံ၊ဆေးသုတ်ဝန်ဆောင်မှု)
-𝑬𝒍𝒆𝒄𝒕𝒓𝒊𝒄𝒂𝒍 & 𝑷𝒍𝒖𝒎𝒃𝒊𝒏𝒈 𝑺𝒆𝒓𝒗𝒊𝒄𝒆 (လျှပ်စစ်မီးလိုင်း နှင့် ရေပိုက် ပြုပြင်၊ သွယ်တန်းတပ်ဆင်ခြင်း ဝန်ဆောင်မှု) - 𝑷𝒊𝒄𝒌-𝒖𝒑 / 𝑫𝒆𝒍𝒊𝒗𝒆𝒓 𝑳𝒐𝒖𝒏𝒅𝒓𝒚 𝑺𝒆𝒓𝒗𝒊𝒄𝒆 ( လာယူလာပို့ အဝတ်လျော် မီးပူတိုက်ဝန်ဆောင်မှု)
- 𝑺𝒕𝒆𝒆𝒍 𝑺𝒕𝒓𝒖𝒄𝒕𝒖𝒓𝒆 (သံပန်း၊သံတခါး ပြုလုပ်တပ်ဆင်ခြင်း)
- 𝑴𝒐𝒗𝒊𝒏𝒈 𝑯𝒐𝒖𝒔𝒆 𝑺𝒆𝒓𝒗𝒊𝒄𝒆(အိမ်ပြောင်း/ရွှေ့ဝန်ဆောင်မှု)
☎ 𝟎𝟗 𝟒𝟓𝟕 𝟕𝟑𝟕 𝟑𝟒𝟑,𝟎𝟗 𝟔𝟕𝟔 𝟏𝟒𝟒 𝟏𝟐𝟑, 📧 𝒊𝒏𝒇𝒐.𝒇𝒂𝒎𝒊𝒍𝒚𝒉𝒐𝒖𝒔𝒆𝒏𝒑𝒕@𝒈𝒎𝒂𝒊𝒍.𝒄𝒐𝒎 🏠 𝑵𝒐.(𝟗𝟐𝟓), 𝟕𝒕𝒉 𝑵𝒈𝒂𝒘𝒖𝒏 𝑺𝒕𝒓𝒆𝒆𝒕, 𝑺𝒉𝒘𝒆 𝑲𝒚𝒂𝒓 𝑷𝒊𝒏 𝑸𝒖𝒂𝒓𝒕𝒆𝒓, 𝒁𝒂𝒃𝒖𝒕𝒉𝒊𝒓𝒊 𝑻𝒐𝒘𝒏𝒔𝒉𝒊𝒑, 𝑵𝒂𝒚 𝑷𝒚𝒊 𝑻𝒂𝒘.

FAMILY HOUSE -အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်း





Photos from FAMILY HOUSE - အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်း's post 02/12/2023

မြေနေကျဉ်းကျဉ်းလေးမှာ ဆောက်သွားတဲ့ အခန်းလေး 🏡🩶

Credit to original photo 🖼️

29/11/2023

အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင်
ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။

စည်းလုံးမှုကို သိချင်ရင်တော့
ထမင်းဝိုင်းကို ကြည့်ရပါမယ်တဲ့။

လူတစ်ယောက်ရဲ့စည်းကမ်းကိုသိချင်ရင်တော့
ဖိနပ်ချွတ်ပုံကိုကြည့်ရင်သိနိုင်တယ်။

လူမှုအဆင့်အတန်းကိုသိချင်ရင်
အိပ်ခန်း နဲ့ အိပ်ယာကိုကြည့်ပါ တဲ့။

စာနာမှုနဲ့ ကြင်နာတရားသိချင်ရင်တော့
စကားအပြောအဆို စကားလုံးနဲ့ ဆက်ဆံမြုကို
ကြည့်နိုင်ပါတယ်။

ယဉ်ကျေးမှုကို သိချင်ရင်
ကိုယ်ဟန်မူယာကနေသိနိုင်ပါတယ် တဲ့။

အိမ်တအိမ်ရဲ့ ကျန်းမာရေးအတွက်ကိုတော့
မီးဖိုချောင်ကို ကြည့်ပါ။

မေတ္တာတရားနဲ့ပျော်ရွှင်မှုကိုသိချင်ရင်တော့
အိမ်ရှင်မရဲ့အဆင်းရူပကာ ကိုကြည့်ပါတဲ့။

ဒါ တကယ့်ကို အမှန်တရားတွေပါ။။

Crd

24/10/2023

သီတင်းကျွတ် အခါသမယတွင် မိသားစုနှင့်အတူ ကျန်းမာပျော်ရွှင်စွာဖြင့် ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။


19/10/2023

အခန်းသန့်ရှင်းရေးလုပ်မယ်လုပ်မယ်နဲ့ မအားတာနဲ့မဆိုစလောက်လေးရှုပ်သွားတယ်။

ဒီလိုမဖြစ်ရလေအောင်...
ဒီလိုပြဿနာတွေကို ဖြေရှင်းပေးဖို့ အမြန်ဆုံး အင်အားဖြည့်တင်းပြီးဆောင်ရွက်နေပါတယ်ခင်ဗျာ...





Photo credit- Jaka

14/10/2023

Plaster cracking 🔎🔎🔎
နံရံအက်ကွဲခြင်းအကြောင်း
---------------------------

ချောသားနံရံပြင်တွေမှာ
PlasterCrack တွေဘယ်အချိန်မှာစပြီး
မြင်ရနိုင်မလည်းဆိုလျင်တော့
ဆေးပိုင်းအချောဝင် အိမ်အပ်ပြီးနောက်
နှစ်လနဲ့သုံးလအတွင်းမှာပေါ်လာနိုင်ပါတယ်
အိမ်အပ်ပြီးတစ်လလောက်အတွင်းမှာတော့
မပေါ်နိုင်သေးပါဘူး
နံရံပြင်အတွင်းပိုင်းမှာ အစိုဓာတ် (moisture) တွေ
ကျန်နေသေးတဲ့အတွက် မကွဲသေးတာပါ

တစ်လကျော်လောက်ကြာပြီးတဲ့နောက်မှာတော့
ပြင်ပအပူချိန်ကြောင့်
နံရံအတွင်းပိုင်းအစိုဓာတ်တွေနည်းးလာပြီး
နရံပြင်ခြောက်သွေ့လာတဲ့အခါမှာတော့
Plaster Crack တွေစဖြစ်လာပါပြီ

Column crack / Beam crack တွေ
ဖြစ်ပေါ်လာခဲ့လျင် စိုးရိမ်နိုင်စရာရှိပေမယ့်
အပူအအေးမမျှလို့ / ရောစာတွေမသန့်လို့ဖြစ်ပေါ်လာတဲ့
Plaster crack တွေကတော့ သိပ်ပြီး
စိုးရိမ်လောက်စရာမရှိပါဘူး

( Structure fail ဖြစ်လို့ပေါ်လာတဲ့
Crack မျိုးဆိုရင်တော့စိုးရိမ်ရပါတယ် )

Plaster crack တွေဘာကြောင့်ဖြစ်ပေါ်စေသလည်း
(1) အချောကိုင်ရန်ဖျော်စပ်တဲ့သဲအတွင်း
နှုန်း /အမှိုက် တွေရောပါနေခြင်း

(2) အချောကိုင်မည့်အုတ်ရိုးများအားသန့်ရှင်းရေးမလုပ်မိခြင်း

(3) ခြောက်သွေ့နေတဲ့အုတ်ရိုးများအားရေမပေးပဲအချောကိုင်မိခြင်း

(4) Plaster အတွင်းရေမစစ်သေးတဲ့အချိန်ပျော့တွဲနေစဥ်အချိန်မှာပဲ
လက်ပွတ်စားအချောကိုင်မိခြင်း

(5) အုတ်စီရာတွင် Joint များမမိခြင်း

(6) Formwork အထပ်သားပြောင်ချောမှုကြောင့်
​အဆီတက်နေတဲ့တိုင်တွေအား ဗြုတ်မရိုက်ပဲအချောကိုင်မိခြင်း

(7) ဘိလပ်မြေအတွင်း Chemical ပါဝင်မှုများပြားနေခြင်း
5:2:5 class ကိုအချောကိုင်တဲ့နေရမှာမသုံးသင့်ပါ
4:2:5 class လောက်ကိုသာအသုံးပြုသင့်ပါတယ်

(8) အချောကိုင်ပြီးသားနံရံပြင်အား ရေမလောင်းမိခြင်း
Current setting မလုပ်ခြင်း

(9) အချောကိုင်ပြီစနံရံအတွင်း စိုထိုင်းစရှိနေချိန်
ရေဓာတ်မကုန်သေးသည့်အချိန်
အပေါ်မှပတ်တီးရိုက်ဆေးသုတ်မိခြင်း
စတဲ့အချက်တစ်ချို့ကြောင့်
နံရံပြင်တွေမှာ Plaster cracking တွေဖြစ်ပေါ်လာရပါတယ်

အက်ကွဲကြောင်းသေးသေးလေးတစ်ခုလောက်တွေ့ရုံနဲ့
စိုးရိမ်စိတ်မဝင်မိကြဖို့ အသိပေးချင်ပါတယ်

မသိသေးတဲ့သူတွေအတွက်ဗဟုသုတဖြစ်အောင်
တင်ပေးရခြင်းပဲဖြစ်ပါတယ်

ပေးပါတယ် ခင်ဗျာ








11/10/2023

အိမ်‌သုတ်ဆေး တွက်နည်း
~~~~~~~~~~~~~~~~~~
အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံများ၏ အလျားနှင့် အရှည်‌ပေများ အားလုံးကို ပေါင်းပါ၊ ထို့နောက် ရလာသော အဖြေကို အခန်း၏အမြင့်ပေ (ကြမ်းခင်းမှ မျက်နှာကြတ် အထိ)ဖြင့် မြှောက်ပါ၊ ရလာသော အဖြေသည် ယင်းအခန်း၏ 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐨𝐨𝐭𝐚𝐠𝐞 ဖြစ်ပါသည်။

ဆေးသုတ်ရမည့် 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐨𝐨𝐭𝐚𝐠𝐞 တွက်နည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တံခါးရွက်နှင့် ပြူတင်းပေါက်များသည် မတူညီသော ဆေးအမျိုးအစား သုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကို နုတ်ပေးရပါမည်၊ ယေဘူယျအားဖြင့် တံခါးတစ်ချပ်ချင်းစီ အတွက် (𝟐𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နှင့် ပြူတင်းပေါက် တစ်ခုချင်းစီအတွက် (𝟏𝟓) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ရမည် ဖြစ်ပါသည်။

ရလာသော အဖြေသည်‌ ဆေးသုတ်ရမည့် အနီးစပ်ဆုံး နံရံဧရိယာ ဖြစ်ပါသည်၊ ယင်းဧရိယာကို တစ်ဂါလံမှာ (𝟑𝟓𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 ရှိတဲ့အတွက် (𝟑𝟓𝟎) ဖြင့် စားလိုက်ပါက နံရံအတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)ကို ရရှိပါမည်၊ အဖြေတွင် စားကြွင်းက (𝟎.𝟓) ထက်နည်းပါက ကွာတား (𝟐) ဗူးဖြင့် လုံလောက်နိုင်သော်လည်း (𝟎.𝟓) ထက်များပါက (𝟏) ဂါလံ ဝယ်ရပါမည်။

𝟏𝟒 𝐱 𝟐𝟎 ပေအခန်း အမြင့် (𝟖) ပေ တံခါး (𝟐) ပေါက်၊ ပြူတင်းပေါက် (𝟐) ခုရှိသော အခန်းကို ဥပမာ အနေနဲ့ တွက်ပြပေးပါမည်။

𝐂𝐞𝐢𝐥𝐢𝐧𝐠 ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~
𝐂𝐞𝐢𝐥𝐢𝐧𝐠 ၏ အလျား‌ပေ x အနံပေ = 𝐂𝐞𝐢𝐥𝐢𝐧𝐠 𝐀𝐫𝐞𝐚
𝟏𝟒 𝐱 𝟐𝟎 = 𝟐𝟖𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

𝐂𝐞𝐢𝐥𝐢𝐧𝐠 အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
𝟐𝟖𝟎 ÷ 𝟑𝟓𝟎 = 𝟎.𝟖

ထိုအဖြေအရ 𝐂𝐞𝐢𝐥𝐢𝐧𝐠 ဆေးတစ်ထပ် သုတ်ရန် (𝟏) ဂါလံ လိုအပ်ပါမည်၊ (𝟐) ထပ်သုတ်လျင် (𝟐) ဂါလံလိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
~~~~~~~~~~~~
နံရံတစ်ချပ်ချင်းစီ၏ အ‌လျားပေကို ပေါင်းပါ။
𝟏𝟒 + 𝟐𝟎 + 𝟏𝟒 + 𝟐𝟎 = 𝟔𝟖 ပေ

နံရံဧရိယာ တွက်ရန် အဖြေကို နံရံအမြင့်ပေဖြင့် မြှောက်ပါ။
𝟔𝟖 𝐱 𝟖 = 𝟓𝟒𝟒 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

ဆေးတကယ်သုတ်ရန် လိုအပ်သောနံရံ ဧရိယာကို ရှာရန် တံခါး (𝟏) ချပ်စီတိုင်း အတွက် (𝟐𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ပါ (𝟐𝟎 𝐱 𝟐 = 𝟒𝟎)၊ ပြူတင်းပေါက် တစ်ခုချင်းစီတိုင်း အတွက် 𝟏𝟓 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ပါ (𝟏𝟓 𝐱 𝟐 = 𝟑𝟎)
𝟓𝟒𝟒 - 𝟕𝟎 = 𝟒𝟕𝟒 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

နံရံ အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
𝟒𝟕𝟒 ÷ 𝟑𝟓𝟎 = 𝟏.𝟒

ထိုအဖြေအရ နံရံ ဆေးတစ်ထပ် သုတ်ရန် (𝟏) ဂါလံ (𝟐) ကွာတားနှင့် (𝟐) ထပ်သုတ်လျင် (𝟐) ဆ လိုအပ်ပါမည်။

တံခါးနှင့် ပြူတင်းပေါက် ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~~~~~~~~~~~~~
𝟐𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 = တံခါး (𝟏) ချပ်
တံခါးအရေအတွက်ကို (𝟐𝟎) ဖြင့် မြှောက်ပါ။
𝟐 𝐱 𝟐𝟎 = 𝟒𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

ပြုတင်းပေါက် အရေအတွက်ကို (𝟕.𝟓) ဖြင့်မြှောက်ပါ။
𝟐 𝐱 𝟕.𝟓 = 𝟏𝟓 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

ထိုနောက် ရလာတဲ့ အဖြေများကို ပေါင်းပါ။
𝟒𝟎 + 𝟏𝟓 = 𝟓𝟓

ပြီးလျှင် 𝟑𝟓𝟎 ဖြင့်စားပါ။
𝟓𝟒 ÷ 𝟑𝟓𝟎 = 𝟎.𝟏𝟔

ထိုအဖြေအရ တံခါးနှင့် ပြူတင်းပေါက် အတွက် ဆေး (𝟏) ကွာတား ဝယ်ဖို့ လိုအပ်မည် ဖြစ်ပြီး တံခါးနှင့် ပြူတင်းပေါက် တို့အား နှစ်ဖက်စလုံး သုတ်မည်ဆိုပါက အဖြေကို (𝟐) ဖြင့် မြှောက်ရမည် ဖြစ်ပါသည်။

ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ထပ်ဖတ်ချင်တယ်ဆိုရင်တော့ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ခဲ့ဖို့ မမေ့ပါနဲ့နော်🙋‍♀️🙋‍♂️

ပြန်လည်ကူးယူ မျှဝေပေးပါသည်။











#ရေဆေး_ဆီဆေး_ပေါလစ်ဆေးသုတ်လုပ်ငန်း

Want your business to be the top-listed Furniture Store in Naypyidaw?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. (723), Shwe Li Street, Shwe Kyar Pin Quarter, Zabuthiri Township
Naypyidaw
15011