Dahua Technology Myanmar

Dahua Technology Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dahua Technology Myanmar, Naypyidaw.

11/08/2026

🏙️ ညဘက်အမှောင်ထုကို နေ့ခင်းဘက်လို လင်းထိန်သွားစေမယ့် Dahua HDCVI WizColor 1219 Series ကင်မရာအသစ်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာပါပြီ။ 📷

😎 Analog Camera လောကမှာ ညမြင်ကွင်းတွေအတွက် အကောင်းဆုံးလို့ တင်စားရလောက်အောင် အဆင့်မြင့် နည်းပညာတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ဒီ 1219 Series (1080P) မှာ ဘာတွေ ထူးခြားသွားလဲဆိုရင်

💡နေ့ခင်းဘက်လို ကြည်လင်ပြတ်သားခြင်း
-AI-ISP နည်းပညာ ပါဝင်တာကြောင့် ညဘက် အမှောင်ထဲမှာတောင် White Light ထိုးစရာမလိုဘဲ ပတ်ဝန်းကျင်တစ်ခုလုံးကို နေ့ခင်းဘက်အတိုင်း အရောင်အသွေး ကြည်လင်ပြတ်သားစွာ မြင်ရစေပါတယ်။

💡 ကြည်လင်ပြတ်သားတဲ့ အသံစနစ်
-Dahua ရဲ့ ကိုယ်ပိုင် Audio Noise Reduction နည်းပညာ ပါဝင်လို့ ပတ်ဝန်းကျင်ဆူညံသံတွေကို အထိရောက်ဆုံး လျှော့ချပေးပြီး ရှင်းလင်းပြတ်သားတဲ့အသံကို ဖမ်းယူပေးပါတယ်။

💡 တပ်ဆင်ရလွယ်ကူခြင်း
-မိမိစိတ်ကြိုက် အလွယ်တကူ တပ်ဆင်နိုင်ဖို့ Quick-install နဲ့ Standard ဆိုပြီး ဒီဇိုင်း (၂) မျိုးနဲ့ ထုတ်လုပ်ပေးထားပါတယ်။

မိတ်ဆွေတို့ရဲ့ အိမ်၊ ရုံး၊ စက်ရုံနဲ့ လုပ်ငန်းခွင် လုံခြုံရေးအတွက် အကောင်းဆုံး စွမ်းဆောင်ရည်ပေးနိုင်တဲ့ HDCVI WizColor 1219 Series (1080P) ကင်မရာများကို မြန်မာနိုင်ငံမှာ Stock အသင့် ဝယ်ယူရရှိနိုင်ပါပြီနော်။📷🛒

ထပ်မံပြီး အသေးစိတ်သိရှိလိုပါက Dahua Technology Myanmar ရဲ့ page မှာ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါတယ်ရှင်။ 😍

31/07/2026

Dahua ပစ္စည်းတွေရဲ့ အာမခံသက်တမ်းကိုသိဖို့ ဆိုင်အထိ မေးနေစရာ မလိုတော့ဘူးနော်။ Dahua Partner App လေး ရှိရုံနဲ့ မိမိဝယ်ယူထားတဲ့ Product တွေရဲ့ Warranty ကို အလွယ်တကူ စစ်ဆေးနိုင်ပါပြီ။ 🤩

1️⃣ App ထဲက 'More' ကို သွားပါ 2️⃣ 'Warranty' Function ကို နှိပ်ပါ 3️⃣ ပစ္စည်းမှာပါတဲ့ Barcode ကို Scan ဖတ်လိုက်ရုံပါပဲ။

Serial Number, Delivery Date နဲ့ Expired Date တွေကို တစ်နေရာထဲမှာ အကုန် စစ်ဆေးနိုင်ပါတယ်။ အသေးစိတ်ကို ဗီဒီယိုထဲမှာ ကြည့်ရှုနိုင်ပါတယ်ရှင်။ ✨

31/07/2026

Dahua Partner App ကို သုံးပြီး ကူပွန်တွေ ဘယ်လိုမျိုး လဲလှယ်ကြမလဲ❔🏷️😍
ဒီဗီဒီယိုလေးမှာ ကူပွန်တွေ Redeem လုပ်နိုင်တဲ့ နည်းလမ်း (၃) မျိုးကို အသေးစိတ်ရှင်းပြပေးထားပါတယ်နော်။

နည်းလမ်းလေးတွေကလည်း လွယ်ကူရိုးရှင်းတာမို့လို့ အခုပဲ မိမိအဆင်ပြေရာ နည်းလမ်းနဲ့ လဲလှယ် အသုံးပြုလိုက်ပါရှင်။ 🫶

29/07/2026

ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အချိန်အခါသမယလေးမှာ ခုနှစ်ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ Dahua Technology မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🏻

#ဝါဆိုလပြည့်နေ့

28/07/2026

မီးမလာလို့၊ အင်တာနက် (Wi-Fi) မရှိလို့ လုံခြုံရေးအတွက် စိတ်ပူနေရပြီလား ❓

နေရောင်ခြည်စွမ်းအင်သုံး Dahua APOLLO BP3EW-4G ကင်မရာက ဒီလိုအခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းပေးပါလိမ့်မယ်။

ကြိုးတွေသွယ်တန်းစရာမလိုဘဲ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်တဲ့ Dahua ရဲ့ APOLLO BP3EW-4G ကင်မရာမှာ ပါဝင်တဲ့ အမိုက်စား Features တွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်

◾ Solar Power & Battery
8W Solar Panel နဲ့ 10,000mAh Battery အကြီးစား ပါဝင်လို့ မီးမလာလည်း 24/7 အချိန်ပြည့် အလုပ်လုပ်ပေးနေမှာပါ။

◾ 4G Connection
Wi-Fi မရှိတဲ့ ခြံကျယ်ကြီးတွေ၊ စိုက်ခင်းတွေ၊ အပန်းဖြေအိမ်ရာတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအတွက် 4G ဆင်းကတ်ထည့်ပြီးလည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

◾ 2K Resolution & WizColor
ရုပ်ထွက် 2K (3MP) အထိရရှိပြီး WizColor နည်းပညာကြောင့် ညဘက်အမှောင်ထဲမှာတောင် နေ့လယ်ဘက်လို အရောင်အသွေးစုံစုံလင်လင် မြင်တွေ့ရမှာပါ။

◾ 360° View (PTZ)
ကင်မရာကို ဘယ်ညာ 350° နဲ့ အထက်အောက် 90° အထိ လှည့်ပတ်ကြည့်နိုင်လို့ မျက်ကွယ်ရာ လုံးဝမရှိစေရပါဘူး။

◾ AI Detection & Active Deterrence
လူနဲ့ ကားကို တိကျစွာ ခွဲခြားသိရှိနိုင်ပြီး၊ မသင်္ကာစရာ ကျူးကျော်သူကိုတွေ့ရင် အသံနဲ့မီးအချက်ပြပြီး ချက်ချင်းဟန့်တားပေးမဲ့ စနစ်ပါဝင်ပါတယ်။

◾ AOV Mode (Always-On Video)
သာမန်ကင်မရာတွေလို Battery ဖြုန်းတီးမှုမရှိဘဲ Ultra-low power နဲ့ အချိန်ပြည့် မှတ်တမ်းတင်ပေးနိုင်တဲ့ အဆင့်မြင့် နည်းပညာ ဖြစ်ပါတယ်။

◾ Two-way Talk
ဖုန်း App ကနေတစ်ဆင့် ကင်မရာရှိတဲ့နေရာကို အလွယ်တကူ အပြန်အလှန် စကားပြောဆိုနိုင်ပါတယ်။

◾ IP66 Protection
မိုးရွာရွာ၊ နေပူပူ၊ ဖုန်ထူထူ ရာသီဥတုဒဏ်ကို အပြည့်အဝ ခံနိုင်ရည်ရှိပါတယ်။

အိမ်တစ်အိမ်လုံး၊ ခြံတစ်ခြံလုံးရဲ့ လုံခြုံရေးအတွက် သင့်လျော်တဲ့ နေရာတွေမှာ တပ်ဆင်ပြီး Cloud စနစ်ကနေတစ်ဆင့် အလွယ်တကူ ချိတ်ဆက် စောင့်ကြည့်နိုင်ပါတယ်။

DMSS App ကနေ အချိန်မရွေး နေရာမရွေး Live ကြည့်နိုင်ပြီး လုံခြုံရေးသတိပေးချက် (Alerts) တွေကိုပါ လက်ခံရယူနိုင်မှာ ဖြစ်ပါတယ်။

မီးပျက်တာ၊ အင်တာနက်မရှိတာတွေအတွက် ခေါင်းခဲစရာမလိုတော့ဘဲ မိသားစုနဲ့ လုပ်ငန်းခွင် လုံခြုံရေးအတွက် Dahua APOLLO BP3EW-4G က အကောင်းဆုံးရွေးချယ်မှု ဖြစ်စေမှာပါ။




20/07/2026

🏠📷 အိမ်တွင်းလုံခြုံရေးအတွက် ယုံကြည်စိတ်ချရဆုံး အဖော်မွန် Dahua Hero Series (H3AS & H5AS)

ကျစ်လစ်လှပတဲ့ဒီဇိုင်းနဲ့ Dahua WITHS နည်းပညာသုံး Wi-Fi ကင်မရာမော်ဒယ်သစ် Hero H3AS, Hero H5AS တို့ ရောက်ရှိလို့လာပါပြီ။

Hero H3AS & H5AS ရဲ့ အဓိက အားသာချက်တွေကတော့

📶 2.4G ရော 5G ပါ ရရှိတဲ့ Dual-band Wi-Fi 6 နည်းပညာကြောင့် လိုင်းဆွဲအား ပိုမိုမြန်ဆန်ပြီး တည်ငြိမ်မှုလည်းရှိပါတယ်။
💡Infrared နဲ့ Full-color စနစ်ပါဝင်လို့ နေ့ရောညပါ ကြည်လင်ပြတ်သားပြီး အရောင်အသွေးစုံလင်တဲ့ ညဘက်မြင်ကွင်းကို ပေးစွမ်းပါတယ်။
🔊 ပိုမိုကြီးမား ကောင်းမွန်လာတဲ့ စပီကာကြောင့် ရုပ်ထွက်ကြည့်ရုံတင်မကဘဲ ကြည်လင်ပြတ်သားတဲ့အသံနဲ့ အပြန်အလှန် စကားပြောနိုင်ပါတယ်။
📷 ရုပ်ထွက်အရည်အသွေးကို တိုးမြှင့်ပေးပြီး Storage နေရာယူမှုကို လျှော့ချပေးလို့ ဗီဒီယိုမှတ်တမ်းတွေကို ပိုမိုကြာရှည်စွာ သိမ်းဆည်းပေးနိုင်ပါတယ်။

သင့်မိသားစုရဲ့ လုံခြုံရေးကို အဆင့်မြင့် Wi-Fi 6 စနစ်နဲ့ စောင့်ရှောက်ဖို့ Dahua Hero Series (H3AS & H5AS) ကို ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါ။ 🛡️✨

16/07/2026

Hard Disk ဖိုးတွေ ခဏခဏကုန်ပြီး Storage ပြဿနာ တက်နေပါသလား❓💾

CCTV မှတ်တမ်းတွေကို ပိုမိုကြာရှည်စွာ သိမ်းဆည်းနိုင်ပြီး ကုန်ကျစရိတ်ကို ထက်ဝက်နီးပါး ချွေတာပေးမယ့် Dahua ရဲ့ နောက်ဆုံးပေါ် Super AI Coding နည်းပညာနဲ့ မိတ်ဆက်ပေးပါရစေ။
ဘာကြောင့် Dahua Super AI Coding ကို ရွေးချယ်သင့်လဲ❔
▪️ပုံမှန်စနစ်တွေထက် Storage နေရာယူမှုကို ၃၀% မှ ၅၀% အထိ လျှော့ချပေးပါတယ်။
▪️ယခင် H.265 စနစ်မှာ 2TB ယူမယ့် Data ပမာဏကို Super AI Coding နဲ့ဆိုရင် 1TB ထဲနဲ့တင် လုံလောက်စွာ သိမ်းဆည်းနိုင်ပါတယ်။
▪️Storage နေရာ သက်သာသွားပေမယ့် ရုပ်ထွက်ကြည်လင်ပြတ်သားမှု မကျသွားဘဲ မူလအတိုင်း ရာနှုန်းပြည့် ကောင်းမွန်နေမှာဖြစ်ပါတယ်။
▪️Hard Disk အပိုဝယ်ရမယ့်စရိတ်တွေကို 50% အထိ သိသိသာသာ လျှော့ချပေးနိုင်လို့ အလွန်တွက်ခြေကိုက်ပါတယ်။

ဒီလိုမျိုး ကုန်ကျစရိတ်ကို လျှော့ချပေးပြီး စမတ်ကျတဲ့ လုံခြုံရေးစနစ်ကို ပိုင်ဆိုင်ဖို့ Dahua Super AI Coding နည်းပညာပါဝင်တဲ့ ကင်မရာတွေကို အခုပဲ ရွေးချယ်လိုက်ပါနော်။ ✨

11/07/2026

📸 ကင်မရာတွေ အများကြီးတပ်ပြီး စရိတ် ပိုအကုန်ခံမယ့်အစား CCTV တစ်လုံးတည်းနဲ့ နေရာအကျယ်ကြီးကို ထိထိရောက်ရောက် စောင့်ကြည့်ချင်ပါသလား❓ ကျူးကျော်သူတွေကို အကောင်းဆုံးဟန့်တားပေးနိုင်မယ့် Dahua ရဲ့ TiOC DUO (3-in-1 Camera) ရှိပါတယ်။

🔲 Dual Lens စနစ်ကြောင့် မျက်ကွယ်ရာမရှိဘဲ ၁၈၀° မြင်ကွင်းကျယ်ကို ပြသပေးလို့ ကင်မရာအလုံးအရေ အများကြီးတပ်ဆင်ဖို့ မလိုတော့ပါဘူး။ 20:9 Ratio ဖြစ်လို့ အပေါ်အောက်မြင်ကွင်းကိုလည်း ပိုမိုကျယ်ပြန့်စွာ မြင်ရပါတယ်။ ☑️

🔲 Active Deterrence (အသံနဲ့ မီးအချက်ပြ ဟန့်တားခြင်း)၊ Smart Dual Light နဲ့ WizSense (AI) တို့ကို ကင်မရာတစ်လုံးတည်းမှာ စုစည်းပေးထားပါတယ်။ Active Deterrence အနေနဲ့ ကျူးကျော်သူရှိပါက အနီ/အပြာ မီးတန်းများဖြင့် ချက်ချင်း သတိပေးပါတယ်။ Two-way Talk စနစ်အပြင် မိမိစိတ်ကြိုက် အသံသွင်းပြီး Customized Voice လည်း လုပ်နိုင်ပါတယ်။ ☑️

🔲 မြင်ကွင်းကျယ်ကို ကြည့်နေရင်း အရေးကြီးတဲ့နေရာကို Zoom ဆွဲကြည့်နိုင်ပြီး ရွေ့လျားနေတဲ့ပုံရိပ် (၅) ခုအထိကို တစ်ပြိုင်တည်း အလိုအလျောက် ခြေရာခံပေးပါတယ်။ ☑️

🔲 အဆင့်မြင့် AI ကြောင့် လူနဲ့ ကားကို 99% တိကျစွာ ခွဲခြားနိုင်ပြီး တိရစ္ဆာန်တွေကြောင့် ဖြစ်တတ်တဲ့ False Alarm ကို 1% အောက်အထိ လျှော့ချပေးပါတယ်။ ☑️

📍 အိမ်ရာ၊ ဆိုင်ခန်း၊ ဂိုဒေါင်နဲ့ ကားပါကင်တွေလို ကျယ်ဝန်းတဲ့ လုပ်ငန်းခွင်တွေအတွက် အထူးသင့်တော်တဲ့ Dahua TiOC DUO ကို အခုပဲ ရွေးချယ်လိုက်ပါ။ 📸👌

10/07/2026

Dahua 5E & Super AI Coding Online Training (Zoom Meeting)

📅 July 16 ရက်နေ့တွင် Dahua ၏ 5E & Super AI Coding အကြောင်းကို Zoom Meeting ဖြင့် Training ပေးသွားမည်ဖြစ်ပါသည်။

Online Training Program တက်ရောက်သူများအတွက် ထူးခြားသော Plan များလည်း ပါဝင်မည်ဖြစ်ပါသည်။

Training တက်ရောက်သူများအား Check-in Points (750) ကို Dahua Partner App တွင် လက်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

🎊 Training အပြီးတွင် Lucky Draw အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပါသည်။

📜 ယခု Training ကို တက်ရောက်ပါဝင်သော Customer များအား Dahua ရဲ့ Official Certificate ပေးအပ်သွားမည်ဖြစ်ပါသည်။

⏰ Training Time : 3:00 PM – 3:45PM

Zoom Meeting ID : 214 067 3198
Passcode : dahuatech

Want your business to be the top-listed Furniture Store in Naypyidaw?

Click here to claim your Sponsored Listing.

Location

Address


Naypyidaw

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00