03/11/2025
တကယ်တော့ ရှာလကာရည် ဆိုတာ အိမ်တိုင်းမှာ မီးဖိုချောင်သုံးအဖြစ် ရှိနေပေမဲ့ ဒီလောက်အသုံးဝင်မှန်း မသိသေးတဲ့သူတွေ အများကြီးရှိပါတယ်။ ရှာလကာရည်ရဲ့ အသုံးဝင်ပုံတွေကို အခုပဲ ကြည့်လိုက်ရအောင်! 💚
🍃 ရိုးရှင်းပေမယ့် အသုံးဝင်လွန်းတဲ့ ရှာလကာရည် အသုံးပြုနည်းများ...
ပန်းကန်ဆေးဆပ်ပြာရည်နဲ့ ရောသုံးပါ။ ရေချိုးခန်း၊ မျက်နှာသစ်ဇလုံ၊ မှန်၊ သို့မဟုတ် အဆီအစွန်းအထင်းတွေ၊ စွဲကပ်နေတဲ့ အစွန်းအထင်းတွေရှိတဲ့ မီးဖိုချောင်ကောင်တာတွေကို တိုက်ချွတ်တဲ့အခါ အစွန်းအထင်းတွေ အလွယ်တကူ ပျက်သွားပါလိမ့်မယ်။ 🧽✨
အဝတ်လျှော်တဲ့အခါ၊ ဆပ်ပြာမှုန့်နဲ့အတူ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁–၂ ဇွန်း ထည့်လျှော်ပါ။ အဝတ်အစားတွေဟာ သန့်ရှင်းပြီး မွှေးကြိုင်ကာ အနံ့အသက်မထွက်တော့ဘဲ အရိပ်ထဲ လှန်းထားရင်တောင် မွှေးနေပါလိမ့်မယ်။ 👕🌸
အဝတ်ပျော့ဆေးအစား အသုံးပြုနိုင်ပါတယ်။
အဝတ်ပျော့ဆေးနဲ့ ပမာဏ အတူတူ ထည့်သုံးနိုင်ပါတယ်။ အဝတ်အစားတွေကို ပျော့ပြောင်းစေပြီး ခက်ထန်ခြင်း မရှိစေတဲ့အပြင် အဝတ်လျှော်စက်ထဲက အညစ်အကြေးတွေကိုလည်း လျှော်ချပေးပြီးသား ဖြစ်ပါတယ်။ 🌀
ဆား တစ်ဆုပ်ခန့်နဲ့ ရောပြီး၊ တစ်လကို ၁–၂ ကြိမ် အဝတ်လျှော်စက်ကို ဆေးကြောပေးပါ။ စက်ဟာ အသစ်လိုပဲ သန့်ရှင်းစင်ကြယ်သွားပါလိမ့်မယ်။ 🧂💦
အိမ်ရှေ့မှာ ခွေးလေးတွေ၊ ကြောင်လေးတွေ အညစ်အကြေး စွန့်တဲ့ ပြဿနာ ကြုံလာရင်၊ ရှာလကာရည် တစ်ဝက်ခန့်ကို ဆပ်ပြာမှုန့် နှစ်ဆုပ်ခန့် နဲ့ ရောပြီး ရေတစ်ဝက်ခန့် ထည့်ကာ အဲဒီနေရာကို လောင်းချပါ။ အနံ့က သူတို့ကို နောက်တစ်ခါ ထပ်မလာအောင် ကူညီပေးပါလိမ့်မယ်။ 🐶🚫🐱
ရေကြေးခွံများ စွဲနေတဲ့ ဖန်ခွက် (သို့) ပုလင်းများကို ရှာလကာရည်ထဲ တစ်ညလုံး စိမ်ထားပြီး ပုံမှန်အတိုင်း ပြန်ဆေးပါ။ ခြောက်အောင် သုတ်လိုက်ရင် အသစ်လိုပဲ တောက်ပနေပါလိမ့်မယ်။ 🥛✨
ထမင်းချက်တဲ့အခါ၊ ရှာလကာရည် ၁–၂ စက် ထည့်ချက်ပါ။ ထမင်းကို ပျော့အိစေပြီး အလွယ်တကူ မသိုးစေပါဘူး။ 🍚💛
💡 မွှေးကြိုင်စေရန် လျှို့ဝှက်ချက်
ရှာလကာရည်ရဲ့ အနံ့က ပြင်းလွန်းတယ်ဆိုရင် သံပုရာခွံ၊ လိမ္မော်ခွံ ဒါမှမဟုတ် အချဉ်ဓာတ်ရှိတဲ့ အသီးခွံတွေကို ရှာလကာရည်ထဲမှာ တစ်ညခန့် စိမ်ထားဖို့ အကြံပြုလိုပါတယ်။ အနံ့က လတ်ဆတ်မွှေးကြိုင်တဲ့ အနံ့အဖြစ် ပြောင်းလဲသွားပြီး အသုံးပြုရတာ ပိုလွယ်ကူလာပါလိမ့်မယ်။ 🍊🍋🌼
ရွှင်လန်း ချမ်းမြေ့ကြပါစေလို့ 🙏🏻
MON SOUNG
13/10/2024
🌝 သီတင်းကျွတ် အထူးလျှော့ဈေးလေး ပါရှင့်🌝
❄️နှစ်ယောက်အိပ် 6ပေ 6ပေခွဲ ဆိုဒ်ကို မြန်မာကျပ်ငွေ 35000 ကျပ်နဲ့ပဲ ယူပါနော်။
❄️ Mercury တံဆိပ် အိပ်ယာခင်းလေးတွေပါရှင့်။
❄️အသားအေးအေး အိအိ လေးနဲ့ ချည်ပေါင်းသားအိပ်ယာခင်းလေးတွေပါ။
❄️ပါကင်ဘူးလေးတွေနဲ့ လှလှပပ ထုတ်ပိုးထားလို့ လက်ဆောင်ပေးဖို့ အထူးသင့်တော်ပါတယ်နော်။
❄️အရည်အသွေးကလည်း 100% အာမခံပါတယ်ရှင့်။
❄️ရေဘယ်လောက် လျှော်လျှော် အသီးထခြင်း၊အထည်ဆွေးခြင်း၊ အရောင် ကျခြင်း မရှိပါဘူးနော်။။ ❄️ပစ္စည်းမှန် ဈေးတန် အရည်အသွေးကောင်းကောင်းနဲ့ သီတင်းကျွတ်မှာ လက်ဆောင်ပေးချင်တာဖြစ်ဖြစ် လူကြီး မိဘ ကန်တော့ချင်တာဖြစ်ဖြစ် အထူးသင့်လျော် တာမို့ အားပေးချင်ပါတယ်ဆို မင်မင့် ဆီမှာမြန်မြန်လေးဆက်သွယ်အားပေးလို့ရပါတယ်ရှင့်🥰
in Style - SiS online bedsheets Shop
☎️09-963563615,09-669199599
#သီတင်းကျွတ်လက်ဆောင်
#ချည်သားအိပ်ယာခင်း
12/10/2024
တံဆိပ် မေးထားတဲ့ ချစ်သော ကာကာတွေ အတွက်ပါရှင့်😊😊😊
ရာသီမရွေးအသုံးပြုနိုင်တဲ့ အသားအေးအေးလေးနဲ့ ထူလည်းထူ တဲ့ အသားလေးပါနော်😊
လျှော်လိုက်လို့ အရောင်လွင့်မှာ ကျွတ်မှာလည်း စိတ်ပူစရာမလိုပါဘူးရှင့်💯💯💯
ကွာလတီ 👉👉👉
✅ အသီးမထ အရောင်မကျွတ်
✅ ချည်၉၅%မို့ အသားမပူ /မပါးပါ /ချော်ချော်အသားမဟုတ်
✅အစွပ်ဆိုဒ်တွေမတော်မှာမပူနဲ့နော်
✅အနာဆာဆို ၁၀၀%မင်မင်တာဝန်ယူတယ်
ပါဝင်ပစ္စည်း👉👉👉
Lotus တံဆိပ်➡2ယောက်အိပ် 1စုံမှာဆို 👉ခေါင်းအုံးစွပ်2ခု /ဖက်လုံးစွပ် 2ခု/6ပေခွဲ 6ပေခွဲထောင့်လေးဖက် မျှော့ကြိုးပါ 9လက်မထုထိစွပ်လို့ရတဲ့ အခင်းစွပ်၁ခု -(ထုက 3လက်မမှ 9လက်မထိရ)
Lotus တံဆိပ်➡ 1 ယောက်အိပ်မှာဆို ခေါင်းစွပ်1 ခု/ဖက်လုံးစွပ် 1 ခု/3 ပေ6ပေခွဲထောင့်လေးဖက်မျော့ကြိုးပါ 9 လက်မထုထိစွပ်လို့ရတဲ့ အခင်းစွပ် 1 ခုပါ
in Style - SiS online bedsheets shop
09-963563615/09-669199599
#အိပ်ရာခင်း
#လက်လီလက္ကား
#အိပ်ရာခင်းကောင်းကောင်းကြိုက်သူများ ❤️❤️❤️
24/05/2024
🙏🙏🙏မဂ်လာရှိသောနေ့လေးဖြစ်ပါစေရှင့်🙏🙏🙏
30/04/2024
🌞တအားပူလွန်းတဲ့ ရာသီဥတုနဲ့ ကိုက်ညီမဲ့ အခင်းလေးတွေ ရောင်းပါရစေရှင့်😊
💟မထူလွန်း မပါးလွန်းတဲ့ ယိုးဒယားချည်သား အိအိလေးပါရှင့်
💟အလျှော်ခံ အလှန်းခံ အရောင်မကျ ပါဘူးနော်
💟ထုအပြည့် ဆိုဒ်အပြည့်ပါရှင့်
💟ဈေးနှုန်းနဲ့ Quality ပိုင်းကို အာမခံရောင်းချပေးတာမို့ လိုအပ်ရင် CB or phone တို့ဖြင့် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
☎️ 09-963563615/09-669199599
Sleep in Style - SiS online bedsheets shop
#ချည်သားအိပ်ယာခင်းလက်လီလက်ကား
17/04/2024
မြန်မာနှစ်သစ်ကူး အချိန်ခါ သမယမှာ အားလုံးသော မိဘပြည်သူ ညီအကို မောင်နှမ အပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်မာခြင်းတို့နဲ့ပြည့်စုံပြီး လိုအင်ဆန္ဒများ တလုံးတ၀တည်း ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်🙏🙏🙏
Sleep in Style - SiS online bedsheets shop
12/04/2024
သင်္ကြန်ရေသတိပြုကြပါ
၂၀၂၄ ဧပြီလ ၁၂ရက်နေ့မှ ၁၉ရက်နေ့အတွင်း
မြန်မာနိုင်ငံမှာ အပူချိန်လွန်ကဲနိုင်သဖြင့် သင်္ကြန်ကာလအတွင်း
မနက် ၁၀နါရီမှ ညနေ ၅နာရီခွဲအတွင်း ရေပက်ရေလောင်းခြင်းများကိုရှောင်ကျဥ်သင့်ပါတယ်
ISSUED TIME
09/04/2024 6:30pm(MMT)
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚
04/04/2024
အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ
Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။
အပူချိန် 35C - 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1
37C ကနေ upper 40C ထိတိုးလာရင် Level 2 danger ပါ ။
ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။
ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။
အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။
အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြနော် ။
ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ