24/10/2026
ကားစီးရင်း ဖုန်းသုံးလိုက်တာနဲ့ ခေါင်းမူးလာတတ်တဲ့သူတွေရှိလား?
Samsung Galaxy Fold8 Series နဲ့ Android 17 ရှိတဲ့ ဖုန်းလေးတွေမှာစပြီးသုံးလို့ရနေပြီဖြစ်တဲ့ Motion Assist Feature လေးနဲ့သာဆိုရင်တော့ ကားမူးတဲ့ပြဿနာအတွက် အေးဆေးပဲနော်။
ကားစီးရင်းဖုန်းသုံးတဲ့အခါ ကိုယ်က ဖုန်းမျက်နှာပြင်ကိုပဲကြည့်နေပေမယ့် ကိုယ့်ခန္ဓာကိုယ်ကတော့ ကားလှုပ်ရှားနေတာကို ခံစားနေရတာကြောင့် အာရုံခံစားမှုတွေ မကိုက်ညီတာမျိုးဖြစ်ပြီး လူကိုမူးဝေစေတာပဲဖြစ်ပါတယ်။
Motion Assist Feature က အဲ့ဒီမကိုက်ညီတာတွေကို လျော့ချပေးနိုင်ဖို့အတွက် ကားစီးနေရင်း ဖုန်းသုံးတဲ့အခါ ဖုန်းမျက်နှာပြင်ရဲ့ ဘေးနှစ်ဖက်မှာ အစက်လေးတွေပေါ်လာပြီး
ကားကွေ့တဲ့အချိန်၊ ဘရိတ်အုပ်တဲ့အချိန်မျိုးတွေမှာ ကားရဲ့လှုပ်ရှားမှုနဲ့အညီ Screen ကို လိုက်ရွေ့ပေးနေတာကြောင့် ခေါင်းမူးတာကို သက်သာစေမှာပါ။
တကယ်လို့ ကိုယ်က ကားစီးရင်းဖုန်းကြည့်လို့ မူးတတ်တဲ့သူတွေထဲမှာပါတယ်ဆိုရင် ဒီ Feature လေးကို စမ်းသုံးကြည့်လိုက်တော့နော်။
𝐎𝐧𝐞 𝐌𝐨𝐛𝐢𝐥𝐞 𝐖𝐨𝐫𝐥𝐝
HOTLINE: 09756714472 (9:30 AM – 6:00 PM)
No. 1/163, Bogyoke Aung San Main Road, SanSai (B), Tachileik.
(ဗိုလ်ချုပ်လမ်းမကြီး၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဆန်ဆိုင်းလမ်းဆုံ၊ တာချီလိတ်မြို့)