Mahogany Woodworks

Mahogany Woodworks

Share

Handcrafted wooden furniture.

Photos from Mahogany Woodworks's post 20/06/2025

'DISCOVER YOUR TASTE'

မှန်ကန်တဲ့ ပရိဘောဂနဲ့ အခန်းအတွင်းပိုင်း ဒီဇိုင်းပုံစံရွေးချယ်မှုက သင့်လိုအပ်ချက်နဲ့ ကိုက်ညီပြီး စိတ်တိုင်းကျတဲ့ အခန်းတစ်ခန်းကို ဖန်တီးရာမှာ အရေးကြီးပါတယ်။

“လူတစ်ကိုယ် အကြိုက်တစ်မျိုး” ဆိုသလို၊ ကျွန်‌တော်တို့ရဲ့ စတိုင်နဲ့ ခံစားမှုအမြင် တွေဟာလည်း တစ်ဦးနှင့်တစ်ဦး မတူညီကြပါဘူး။ ဒါ့အပြင် မိမိအကြိုက်ကို သေချာနားလည်လာတာနဲ့အမျှ ကိုယ်ပိုင်ဟန်ကို ထင်ဟပ်နေတဲ့ အခန်းတစ်ခန်းကို ဖန်တီးရတာ ပိုမိုလွယ်ကူလာပါတယ်။

သင်နှစ်သက်ရာ Interior Design ပုံစံတွေကို ပိုမိုသိရှိလာပြီး အရည်အသွေးမီတဲ့ ပရိဘောဂတွေနဲ့ သင့်အိမ်ကို စိတ်တိုင်းကျဖန်တီးနိုင်ဖို့က ကျွန်တော်တို့ Mahogany ရဲ့ တာဝန်ပါပဲ။

ဒါကြောင့် ဒီနေ့မှာတော့ သင်ဟာ

- ပေါ့ပေါ့ပါးပါးနဲ့ ခေတ်မီတဲ့ ဒီဇိုင်းတွေကို နှစ်သက်သူလား။
- ကျယ်ဝန်းပြီး ဇိမ်ကျတဲ့ ဒီဇိုင်းတွေကို ခံစားတတ်သူလား။
- ဒါမှမဟုတ် အရောင်အသွေးစုံလင်ပြီး Contrast များတဲ့ ဒီဇိုင်းတွေကိုကြိုက်တတ်သူလား။
- သဘာဝကို ခံစားရစေမဲ့ဒီဇိုင်းတွေကို သဘောကျသူလား ဆိုတာကို ရှာဖွေလိုက်ရအောင်။

-centurymoderndesign

05/05/2025

Reclaimed wood လို့ ကြားလိုက်တာနဲ့ “သုံးပြီးသား သစ်သားကြီးပါကွာ ငါတို့က အသစ်ပဲ ဝယ်သုံးမှာပေါ့”၊ “သစ်အ‌ဟောင်းကြီးကို ပြန်သုံးတော့ လွယ်လွယ်နဲ့ ပြန်ပျက်မှာပဲ မဟုတ်ဘူးလား” စသဖြင့် မေးခွန်းများစွာနဲ့ စိုးရိမ်ပူပန်စရာများနေကြမှာပါ။

ဒီလိုမျိုး အထင်အမြင်လွဲမှားနေမှုတွေကို ကျွန်တော်တို့က ရှင်းပြပေးပါရစေ။

၁။ မေး။ “Reclaimed wood တွေက သုံးပြီးသားသစ်တွေမို့ မသန့်ရှင်းဘူးလေ”
ဖြေ။ မဟော်ဂနီကနေ ပြန်လည်အသုံးပြုထားတဲ့ သစ်သားတွေဟာ သေချာကို ပြန်လည်ကော်ပတ်တိုက်စားပြီး သန့်စင်ကာ ပေါလစ်လုပ်ထားတာမို့ သစ်သားအသစ်စက်စက် မဟုတ်ရင်တောင် အသစ်လိုပဲ သန့်ရှင်းပါတယ်ဗျ။

၂။ မေး။ “သုံးပြီးသားမို့ ကျိုးလွယ်ပဲ့လွယ်နိုင်တာ မဟုတ်ဘူးလား”
ဖြေ။ တကယ်တော့ သစ်အဟောင်းတွေက သဘာဝရာသီဥတုဒဏ်ကို ခံစားဖူးပြီးသားမို့လို့ မပေါင်းထားတဲ့ သစ်အသစ်တွေလို ရုန်းတာပွတာ မရှိတော့ဘဲ ပိုတောင်ခံနိုင်ရည်ရှိပါသေးတယ်။

၃။ မေး။ “သစ်ဟောင်းတွေပဲ ပြန်သုံးတာဆိုတော့ အရောင်တင်တဲ့အခါရော ‌ရွေးချယ်စရာ ရှိရဲ့လား”
ဖြေ။ ပြန်လည်အသုံးပြုရတဲ့ သစ်သားတွေကို အဖြူထည်အဆင့်ထိ အရောင်ချွတ်ပြီးမှ ပြန်လည်အရောင်တင်တာမို့လို့ ကြိုက်တဲ့ အမှိန်၊ အပြောင် ပေါလစ်အရောင် ရွေးတင်လို့ ရပါတယ်။

၄။ မေး။ “သုံးပြီးသားသစ်တွေဆိုတော့ ပိုပြီး ဂရုတစိုက် ထိန်းသိမ်းရမဲ့ ပုံစံပဲနော်”
ဖြေ။ Reclaimed wood တွေဟာ ပျက်စီးယိုယွင်းနေတဲ့ သစ်တွေမဟုတ်ဘဲ သစ်အကောင်းအတိုင်းမို့လို့ သာမန်ပရိဘောဂတွေလိုပဲ အထူးတလှယ် ပြင်ဆင်ရထိန်းသိမ်းရတာမျိုး မရှိပါဘူး။

ကျွန်တော်တို့ မဟော်ဂနီရဲ့ ပြန်လည်အသုံးပြုထားတဲ့ သစ်တွေဟာ သစ်ပင်အသစ်တွေ ခုတ်လှဲပြီး သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် ဆိုးကျိုးထက် ကောင်းကျိုးပိုများတဲ့ မဟော်ဂနီကို ရွေးချယ်ခြင်းဖြင့် စိတ်ချမ်းသာမှုကို ကျေနပ်စွာ ရရှိစေမှာပဲ ဖြစ်ပါတယ်။

29/04/2025

ဒီနေ့မှာတော့ သဘာဝမှ ရှင်သန်တဲ့ ပရိဘောဂတွေကို မြတ်နိုးကြတဲ့ မဟော်ဂနီရဲ့ မိတ်ဟောင်းမိတ်သစ်များအတွက် ကြိတ်သားပရိဘောဂနဲ့ Reclaimed Wood ပရိဘောဂကြားက ကွာခြားချက်တွေနဲ့ ဘယ်လိုရွေးချယ်သင့်လဲဆိုတာလေးကို မျှဝေပေးချင်ပါတယ်။

ယခုနောက်ပိုင်း Readymade ပရိဘောဂတွေမှာ အသုံးများလာတဲ့ ကြိတ်သားဟာ စွန့်ပစ်ပစ္စည်းတွေ၊ သစ်သားစ၊ လွှစတို့ကို Formaldehyde နဲ့ ဖိသိပ်ပြီးပေါင်းစပ်ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ Formaldehyde က ကင်ဆာဖြစ်စေနိုင်တဲ့အတွက် ကြိတ်သားပရိဘောဂတွေကို ကာလကြာရှည်စွာ အသုံးပြုမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒီလိုကျန်းမာရေးကို ထိခိုက်စေတဲ့ ကြိတ်သားမှာလည်း အားသာချက်တွေရှိပါတယ်။ သူက သစ်သားအသစ်တွေထက် စျေးနှုန်းသက်သာပြီး လူတိုင်းလက်လှမ်းမှီတယ်။ ရွှေ့ရပြောင်းရလွယ်ပြီး အလုပ်ရှုပ်သက်သာခြင်းနဲ့ လွယ်ကူစွာရရှိနိုင်ခြင်းတို့ကြောင့် နောက်ပိုင်း လုပ်ငန်းခွင်နဲ့ ဆိုင်ခန်းတွေမှာ ကြိတ်သားတွေကို အသုံးများလာကြတာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘာမြေကြီးကို ကျန်းမာစေချင်ပြီး Sustainable ဖြစ်တဲ့ ပရိဘောဂတွေကို ရေရှည်အသုံးပြုချင်တဲ့သူတွေအတွက် ဒီပြသနာတွေကို သတိထားသင့်ပါတယ်။

(၁) ကြိတ်သားက သိပ်သည်းဆနည်းတာကြောင့် ကိုင်တွယ်၊ ဖြတ်တောက်တဲ့အချိန် ကွဲခြင်း၊ ဖွာထွက်ခြင်းနဲ့ ကွေးကောက်တတ်ခြင်း။

(၂) ရေ‌ငွေ့ကို စုပ်ယူတာကြောင့် စိုထိုင်းဆများတဲ့ပတ်ဝန်းကျင်တွင် ပွလွယ်ခြင်း၊ ဖောင်းကြွပျက်စီးလာခြင်း။

(၃) ခြစားဒဏ်ကို အနည်းနဲ့ အများခံရပြီး မှိုတက်လွယ်ခြင်း။

(၄) ကလေး၊ လူကြီးများနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အန္တရာယ်ရှိနိုင်တာကြောင့် နေအိမ်အတွက် မသင့်တော်ခြင်း။

(၅) ကြိတ်သားက သစ်အစစ်မဟုတ်တာကြောင့် သဘာဝရဲ့ စစ်မှန်တဲ့ လှပတင့်တယ်မှုကို မပေးစွမ်းနိုင်ခြင်း။

(၆) ပြန်လည်ရောင်းချရာမှာ ဝယ်စျေးရဲ့ တစ်ဝက်လောက်သာရနိုင်ပြီး စျေးပါ အနှိမ်ခံရနိုင်ခြင်း။

‌(၇) ရေတိုမှာငွေကြေးအကုန်အကျသက်သာနိုင်ပေမယ့် ပျက်စီးလွယ်ခြင်းကြောင့် (၂-၃‌) နှစ်အတွင်း ပြန်လည်အစားထိုးရခြင်းကြောင့် ရေရှည်တွင် ကုန်ကျစရိတ်များနိုင်ခြင်း။

ဒါပေမဲ့ ကြိတ်သားနေရာမှာ စျေးအနည်းငယ်သာပိုတဲ့ Reclaimed Wood ကိုသာပြောင်းလဲ အသုံးပြုမယ်ဆိုရင် အနည်းဆုံး ၁၀ နှစ်ကနေ နှစ် ၂၀ လောက်အထိကို လှည့်ကြည့်စရာမလိုပဲ ဒီပြသနာတွေကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။

ဘာလို့လဲဆိုတော့ ကျွန်‌တော်တို့ရဲ့ Reclaimed Wood ပရိဘောဂတွေဟာ ဓာတုပစ္စည်းများ လုံးဝမပါဝင်ဘဲ သဘာဝအတိုင်း အိုမင်းလာခြင်းကြောင့် ခိုင်ခံ့ပြီး ခြစားခြင်းနဲ့ ပိုးမွှားဒဏ်တွေကို ခံနိုင်ရည်ရှိပြီး သင့်ရဲ့ အချစ်ဆုံးမိသားစုအတွက်လည်း လုံခြုံစိတ်ချရပါတယ်။ ‌ကြိတ်သားနဲ့မတူတာက Reclaimed Wood ဟာ သဘာဝရဲ့ လှပတဲ့အ‌ရောင်အသွေး၊ အပွေးလှလှများနဲ့ ပုံသဏ္ဍာန်မျိုးစုံကို ပိုင်ဆိုင်ထားပါတယ်။ အကျိုးကျေးဇူးများပြီး နှစ်ပေါင်းများစွာ အသုံးပြုနိုင်တဲ့အပြင် အချိန်နဲ့အမျှတန်ဖိုးပိုတက်လာနိုင်တဲ့ ကျွန်တော် တို့ရဲ့ Reclaimed Wood Furniture ဟာဆိုရင် သမိုင်းအမွေအနှစ်တစ်ခုအဖြစ် သင့်အိမ်ကို အလှဆင်ပေးနိုင်မှာပါ။

ကျွန်တော်တို့ဆီက လက်ရာတစ်ခုချင်းစီတိုင်းဟာ မြန်မာ့မြေပေါ်က အဖိုးတန်သစ်သားတွေရဲ့ စစ်မှန်တဲ့အလှတွေကို သယ်ဆောင်ထားပါတယ်။ ပိတောက်သားရဲ့ ရွှေ‌ရောင်တောက်ပမှု၊ တံမလန်းရဲ့ နူးညံ့သိမ်မွေ့မှု၊ ကျွန်းသစ်ရဲ့ ခိုင်ခံ့မှုနဲ့ ပျဥ်းကတိုးရဲ့ သက်တမ်းရင့်အလှတို့နဲ့ အသက်သွင်းထားတဲ့ ကျွန်တော်တို့ရဲ့ ပရိဘောဂတွေဟာ သင့်အိမ်ကို အေးချမ်းလှပစေမယ့် သဘာဝရဲ့ နှစ်သက်ဖွယ်လက်ဆောင်တွေပါပဲ။ လူကြီးမင်းတို့ရဲ့ ဆိုင်ခန်း၊ ရုံးခန်း၊ အိမ်ခန်းနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ပရိဘောဂများကို 09 258 957 482 ဆက်သွယ်ရုံနဲ့ မဟော်ဂနီမှ အခမဲ့အကြံပြုဆွေးနွေးပေးပါတယ်ခင်ဗျာ။

Photos from Mahogany Woodworks's post 23/04/2025

“သစ်ဟောင်းတစ်ချောင်းက သစ်တစ်ပင်ချမ်းသာရာ”

ကျွန်တော်တို့မဟော်ဂနီမှာ သစ်ပင်တွေကို ထပ်ပြီး ခုတ်လှဲစရာမလိုအောင် ကျွန်းသစ်အဟောင်းတွေကို အခုလို အနုပညာလက်ရာတွေအဖြစ် ပြောင်းလဲထွင်းထုပေးခဲ့ပါတယ်။

ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်မှာ ဖွင့်လှစ်လျက်ရှိတဲ့ The Pie Bar အတွက်လည်း သက်တောင့်သက်သာရှိစွာ ထိုင်နိုင်တဲ့ ကျောမှီကြိမ်ထိုင်ခုံများနဲ့ ကျွန်းစားပွဲများ အားလုံးကို အကုန်ကျစရိတ်အသက်သာဆုံးဖြစ်အောင် ပြုလုပ်ဖန်တီးပေးခဲ့ပါတယ်။

ကျွန်တော်တို့ မဟော်ဂနီမှာ ပရိဘောဂတွေပြုလုပ်ရာမှာ အကောင်းဆုံး Solid Wood Type ထဲက ကျွန်းအစစ်အသားဟောင်းများနဲ့ ပြုလုပ်ပေးတာဖြစ်လို့ နှစ်ပေါင်းများစွာ ပြန်လှည့်ကြည့်စရာမလိုဘဲ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ လူကြီးမင်းတို့ လိုအပ်ချက်နဲ့ ထပ်တူကျပြီး သဘာဝအလှကို အပြည့်အဝ ခံစားနိုင်မယ့် ပရိဘောဂဒီဇိုင်းများကို ဖန်တီးအသုံးပြုလိုပါက 09 450 919 897 ကိုဆက်သွယ်စုံစမ်းလိုက်ပါ။

09/04/2025

“အခု ၂၁ရာစုနှောင်းပိုင်း ပရိဘောဂပြုလုပ်ရာမှာ လူတွေအသုံးများလာတဲ့ Reclaimed Wood ဆိုတာဘာလဲ? သစ်သားအသစ်တွေကို မသုံးဘဲ Reclaimed Wood ကို ဘာလို့ရွေးချယ်သင့်တာလဲ?” ဆိုတဲ့ မေးခွန်းမျိုးတွေ ကြားရတတ်ပါတယ်။

ရှေးဟောင်းအိမ်တွေရဲ့ သစ်သားနံရံ၊ သမိုင်းဝင် တံတားတိုင်တွေ၊ အသုံးမပြုတော့တဲ့ သင်္ဘောအဟောင်း သို့မဟုတ် အခြားပရိဘောဂတွေကနေ ဂရုတစိုက်ဖြုတ်ယူပြီး သန့်စင်အချောသတ်ကာ ပြန်လည်အသုံးပြုလို့ရတဲ့သစ်ကို Reclaimed Wood လို့ခေါ်ပါတယ်။ မဟော်ဂနီရဲ့ Reclaimed Wood Furniture ဆိုတာကလည်း ရှေးဟောင်းအတိတ်အမွေအနှစ်တွေကို မြန်မာ့ရိုးရာလက်သမားပညာနဲ့ ပြန်လည်အသက်သွင်းပုံ‌ဖော်ထားတဲ့ ပရိဘောဂတွေပဲဖြစ်ပါတယ်။

ဒါကြောင့် မဟော်ဂနီရဲ့ ပရိဘောဂတွေထဲက ထိုင်ခုံတစ်လုံးဟာ တစ်ချိန်တုန်းက သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ တံတားတိုင်လုံးဖြစ်နိုင်သလို၊ စားပွဲခုံတစ်လုံးဟာ ကိုလိုနီခေတ် ဘိုးဘွားအိမ်ဟောင်းက ဖြုတ်ယူထားတဲ့ ကျွန်းတိုင်တွေလည်းဖြစ်နိုင်ပါတယ်။

Reclaimed Wood က သဘာဝပတ်ဝန်းကျင်အတွက် ကောင်းရုံတင်မကပါဘူး။ သစ်သားအသစ်တွေထက် ဘာကြောင့် ပိုသုံးသင့်သလဲဆိုရင်တော့ -

(၁) ပိုမိုတည်ငြိမ်ပြီး ကြာရှည်ခံတယ်။
သစ်သားအသစ်တွေဟာ ရာသီဥတုအပူအအေး၊ စိုထိုင်းမှုတွေကြောင့် ရုန်းခြင်း၊ ပွခြင်း၊ ကွဲအက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ Reclaimed Wood ကတော့ ဒီအခြေအနေတွေကို များစွာ ဖြတ်သန်းပြီးသားဖြစ်တဲ့အတွက် ပိုမိုတည်ငြိမ်ပြီး သင်းသတ်ထားပြီးသား သစ်တွေဖြစ်တာကြောင့် ရုန်းခြင်း၊ ခုံးခြင်း၊ စိုခြင်းနဲ့ ကွဲခြင်းတွေ မရှိဘဲ ကြာရှည်ခံပါတယ်။

(၂) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတယ်။
သစ်ပင်အသစ်များကို မခုတ်လှဲရတာကြောင့် သစ်သားပြုန်းတီးမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သစ်သားအသစ်တွေကို အသုံးပြုရာမှာ ပိုးမစားအောင် ဓာတုပစ္စည်းတွေသုံးရပေမယ့် Reclaimed Wood ကတော့ သဘာဝအတိုင်း အိုမင်းပြီးသားဖြစ်တဲ့အတွက် ဒီဓာတုပစ္စည်းတွေမလိုအပ်ပါဘူး။ သစ်ခုတ်တဲ့စက်ပစ္စည်းတွေကနေ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။

(၃) စျေးနှုန်းသက်သာပြီး သဘာဝရဲ့အလှအပကို ပိုမိုဖော်ဆောင်နိုင်တယ်။
သစ်အသစ်နဲ့လုပ်တဲ့ ပရိဘောဂတွေထက် အကုန်အကျ ပိုသက်သာတဲ့အပြင်၊ Reclaimed Wood ဖြစ်တဲ့ ကျွန်း၊ ပျဥ်းကတိုးတွေဟာ အပွေးလှတာကြောင့် ကြိတ်သားတွေပဲ အသုံးပြုနေကြတဲ့ပတ်ဝန်းကျင်မှာ အများနဲ့မတူဘဲ ပိုမိုတင့်တယ်လှပနေမှာပါ။
Reclaimed Wood ဟာ ခေတ်ရေစီးကြောင်း တစ်ခုသာသာမဟုတ်ဘဲ ရေရှည်မှာ သင့်အတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ပါ ရေရှည်အကျိုးပြုမယ့် ရွေးချယ်မှုတစ်ခုပါ။ ဒါကြောင့် ကျွန်တော်တို့ မဟော်ဂနီမှာ မြန်မာ့ရိုးရာ လက်သမားပညာနဲ့ ပြန်လည်အသက်သွင်းထားတဲ့ Reclaimed ပရိဘောဂတွေကို ရွေးချယ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ တထောင့်တနေရာကနေ ပါဝင်လိုက်ပါ။


Photos from Mahogany Woodworks's post 25/09/2024

ရိုးရှင်းတဲ့ဘဝနေထိုင်နည်းကို နှစ်ခြိုက်ကြတဲ့ လူဦးရေတွေ တစ်စတစ်စ တိုးမြှင့်လာတာဟာ ကမ္ဘာမြေကြီးအတွက် သိပ်ကိုဝမ်းမြောက်စရာပါ။ ရိုးရှင်းတဲ့ဘဝနေထိုင်နည်းဆိုတဲ့နေရာမှာ မလိုအပ်တာတွေ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့်အရာတွေကို မလုပ်ပဲ လိုအပ်တာလေးအနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ် နေထိုင်နည်းကိုဆိုလိုတာပါ။ ဘဝကရိုးရှင်းလေလေ ပိုပျော်ရွှင်ရလေပဲလေ ဟုတ်တယ်မလား။

ဒီနေ့မှာတော့ ကျွန်တော်တို့မဟော်ဂနီအနေနဲ့ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိစေမယ့် Reclaimed Furniture တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြမယ်ဆို ရရှိလာမယ့် အကျိုးရလဒ်တွေထဲက (၅) ချက်ကို မျှဝေပေးသွားပါမယ်။

(၁) သစ်တောပြုန်းတီးမှုကို လျှော့ချပေးနိုင်ပါတယ်။

(၂) Carbon Footprint တွေကို အထိုက်အလျောက် လျှော့ချပေးနိုင်ပါတယ်။

(၃) ကမ္ဘာမြေကြီးက အခမဲ့ပေးနေတဲ့ လောင်စာစွမ်းအင် ထုတ်ယူသုံးစွဲမှုကို လျှော့ချပေးနိုင်ပါတယ်။

(၄) သစ်သားအသစ်တွေမှာ အသုံးပြုရတဲ့ Toxic Chemical တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေအရင်းအမြစ် နဲ့ မြေဆီလွှာ ပျက်စီးစေမှုကို ကာကွယ်ပေးပါတယ်။

(၅) သစ်ပင်တွေမဆင်မခြင် ခုတ်ယူမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် တိရစ္ဆာန်လေးတွေရဲ့ စားကျက်မြေပျောက်ဆုံးမှု၊ ရာသီဥတုဆိုးရွားစွာ ဖောက်ပြန်မှု၊ ရှားပါး အပင်နဲ့ တိရစ္ဆာန်မျိုးစိတ်လေးတွေ မျိုးသုန်းပျောက်ကွယ်မှုတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ကျွန်တော်တို့ အခမဲ့နေထိုင်နေရတဲ့ ဒီကမ္ဘာမြေကြီးကို ကျွန်တော်တို့မှ မချစ်ရင်၊ ဂရုမစိုက်ရင်၊ မကာကွယ်ပေးရင် ဘယ်သူက ကာကွယ်ပေးမှာလဲ။ ကျွန်တော်တို့သတိထားမိပေမယ့် သတိမမူမိဘဲ နေအိမ်တွေ၊ ဆိုင်ခန်းတွေရဲ့ နေရာထိုင်ခင်းအတွက် သစ်သားအသစ်တွေ အသုံးပြုမိနေတာကို ဆင်ခြင်လိုက်မယ်ဆိုရင် ကျန်းမာလှပပြီး နေချင်စရာကောင်းတဲ့ ကမ္ဘာမြေကြီးကို ပိုင်ဆိုင်ရမှာပါ။

Reclaimed ပျဉ်းကတိုး၊ ကျွန်းသစ်နဲ့ ပြုလုပ်ထားတဲ့ အိမ်သုံး၊ ရုံးသုံး၊ ဆိုင်သုံး ပရိဘောဂများကို သင့်တင့်သောစျေးနှုန်းဖြင့် မှာယူရန်နဲ့ အကြံပြုချက်များ ရယူလိုပါက 09 882 881 903 ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Photos from Mahogany Woodworks's post 27/08/2024

မိတ်ဆွေတို့အတွက် ပင်ပန်းနွမ်းနယ်သမျှ အမောဖြေအနားယူဖို့က (၈) နာရီကြာ အိပ်စက်ခြင်းနဲ့ ကုန်ဆုံးကြတာ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။

အနားယူခြင်းနဲ့ တစ်ရက်တာရဲ့ သုံးပုံတစ်ပုံကို ကုန်ဆုံးရတဲ့ မိတ်ဆွေတို့ရဲ့ အိပ်ယာက သက်သောင့်သက်သာမဖြစ်ရင်လည်း မနက်ခင်းမှာ လန်းလန်းဆန်းဆန်း နိုးထလာနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ငြိမ့်‌ငြိမ့်ညောင်းညောင်းနဲ့ အရည်အသွေးကောင်းမွန်တဲ့ အိပ်ယာတစ်ခုကို ပိုင်ဆိုင်ထားဖို့လည်း အရေးကြီးပါသေးတယ်။

ဒီလိုမျိုး လှပသေသပ်ပြီး ခိုင်ခံ့ကျစ်လစ်တဲ့ ကျွန်‌တော်တို့ရဲ့ Mid-Century Modern Teak Beds တွေကို ရွေးချယ်လိုက်ခြင်းဖြင့် လဲလျောင်းလိုက်တိုင်းမှာ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူနိုင်စေမှာပါ။

Reclaimed Teak Wood (ကျွန်းသစ်ဟောင်း)ကို အသုံးချပြုလုပ်တာကြောင့်လည်း စျေးနှုန်းသင့်တင့်မျှတပါတယ်။ ဒါ့အပြင် သစ်ပင်အသစ်တွေ ခုတ်လှဲစရာမလိုတာကြောင့်လည်း သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းကူညီရာ ရောက်ပါတယ်။

သင့်တင့်တဲ့စျေးနှုန်းနဲ့ အရည်အသွေးပြည့်မှီတဲ့ ပရိဘောဂတွေဝယ်ယူချင်တယ်ဆိုရင်တော့ ☎️ ၀၉ ၈၈၂ ၈၈၁ ၉၀၃ ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📍အမှတ် ၇၉/၈၁၊ Central Tower၊ အမှတ် - ၂၀၅၊ (၃၉) လမ်းနှင့်အနော်ရထာလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

Photos from Mahogany Woodworks's post 23/07/2024

ဗဟန်းမြို့နယ်၊ ကုက္ကိုင်းရေကူးကန်လမ်းတွင် အသစ်ဖွင့်လှစ်သော Thalawaddy Cafe အတွက် လှပကျော့ရှင်းပြီး တောင့်တင်းခိုင်မာတဲ့ ကျွန်းပရိဘောဂများကို Mahogany မှ ကုန်ကျစရိတ်အသက်သာဆုံးဖြင့် တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။

Reclaimed ကျွန်းသစ်ဖြင့် ပြုလုပ်ထားသော အိမ်သုံး၊ ရုံးသုံး၊ ဆိုင်သုံး ပရိဘောဂများကို အသင့်တင့်ဆုံးစျေးနှုန်းဖြင့် မှာယူရန်နှင့် အကြံပြုချက်များ ရယူလိုပါက 09 882 881 903 ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

20/07/2024

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာ ‘ဓမ္မစင်္ကြာအခါတော်နေ့’ ဝါဆိုလပြည့်မှ စတင်ပြီး ခုနှစ်ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပြီး စီးပွားတိုးတက် အလှူရေစက် လက်နဲ့မကွာ ပေးကမ်းစွန့်ကြဲနိုင်သူတွေ ဖြစ်ကြပါစေကြောင်း မဟော်ဂနီမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

Photos from Mahogany Woodworks's post 11/07/2024

Why settle for boring shoe cabinets?

ဧည့်သည်က မိမိအိမ်အဝင်ပေါက်ဝကို ဝင်လိုက်တာနဲ့ ပထမဆုံးမြင်တွေရမယ့် ပရိဘောဂပစ္စည်းကို ပျင်းစရာကောင်းတဲ့ ရုပ်ဆိုးဆိုးဖိနပ်ဗီရိုတွေကို မသုံးစေချင်ပါဘူး။

မိတ်ဆွေတို့ အိမ်အဝင်မှာ တင့်တယ်ပြီး အနုပညာဆန်တဲ့ ဖိနပ်ဗီရိုထားချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Mahogany မှ ကူညီပေးပါရစေ။

ကျွန်တော်တို့ဆီမှာ လက်ရာသေသပ်ပြီး တောင့်တင်းခိုင်မာမှုရှိတဲ့ Mid-century Modern Shoe Cabinet တွေ ရရှိနိုင်ပါတယ်။

Reclaimed Teak Wood (ကျွန်းသစ်ဟောင်း)ကို အသုံးချပြုလုပ်တာကြောင့်လည်း စျေးနှုန်းသင့်တင့်မျှတပါတယ်။ ဒါ့အပြင် သစ်ပင်အသစ်တွေ ခုတ်လှဲစရာမလိုတာကြောင့်လည်း သဘာဝပတ်ဝန်းကျင်ကို တဖက်တလမ်းက ထိန်းသိမ်းကူညီရာ ရောက်ပါတယ်။

သင့်တော်တဲ့စျေးနှုန်းနဲ့ အရည်အသွေးပြည့်မှီတဲ့ ပရိဘောဂတွေဝယ်ယူချင်တယ်ဆိုရင်တော့ ☎️ ၀၉ ၈၈၂ ၈၈၁ ၉၀၃ ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📍အမှတ် ၇၉/၈၁၊ Central Tower၊ အမှတ် - ၂၀၅၊ (၃၉) လမ်းနှင့်အနော်ရထာလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

27/06/2024

ထူးခြားဆန်းသစ်ပြီး လက်ရာသေသပ်မှုကို အဓိကဦးစားပေးတဲ့ မဟော်ဂနီက ပရိဘောဂတွေကို လူကြီးမင်းတို့အနေနဲ့ ဘာကြောင့်ရွေးချယ်သင့်လဲ။

✅အရည်အသွေးမြင့်မားခြင်း
✅စျေးနှုန်းမှန်ကန်ခြင်း
✅ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ခြင်း
✅သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုခြင်း
✅လူကြီးမင်းတို့ရဲ့စိတ်ကျေနပ်မှုကို ရာနှုန်းပြည့်ပေးနိုင်ခြင်း စသည်အချက်များနဲ့ ပြည့်စုံတာကြောင့် ယုံကြည်စွာရွေးချယ်နိုင်ပါတယ်။

ပရိဘောဂပစ္စည်းတွေနဲ့ ပက်သက်ပြီး အသေးစိတ်ကျကျ အခမဲ့အကြံပြုဆွေးနွေးချက်များ ရယူချင်တယ်ဆိုရင်တော့ Page Messenger (သို့မဟုတ်) ရုံးဖုန်းနံပါတ်ဖြစ်တဲ့ ၀၉ ၈၈၂ ၈၈၁ ၉၀၃ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

24/06/2024

မှန်တင်ခုံတစ်စုံဟာ အိပ်ခန်းတွင်းတစ်နေရာမှာပဲထားတဲ့ ပရိဘောဂပစ္စည်းတစ်ခုဖြစ်ရုံပဲလို့ မှတ်ထင်နေကြတာလား။

တကယ်တော့ မှန်တင်ခုံဆိုတာ ကိုယ်ရည်ကိုယ်သွေးအလှပတွေကို ထင်ဟပ်ရုံသာမက ယုံကြည်မှုတွေပါ ထပ်တိုးရရှိစေနိုင်တဲ့ အမျိုးသမီးတွေရဲ့ ကမ္ဘာငယ်လေးတစ်ခုဖြစ်ပါတယ်။

ဒီလိုကမ္ဘာငယ်လေးကို Sustainable Life Style နဲ့အညီ ရွေးချယ်တဲ့အခါ ဂန္တဝင်ဆန်ပြီး ခေတ်မှီတဲ့ဒီဇိုင်းဖြစ်ဖို့နဲ့ အလှအပအသုံးအဆောင်တွေကို သပ်သပ်ရပ်ရပ် သိမ်းဆည်းနိုင်ဖို့ Reclaimed သစ်မာသားတွေနဲ့ ပြုလုပ်ဖို့ စဉ်းစားနေတယ်ဆိုရင် ကျွန်တော်တို့ Mahogany ကအသင့်ရှိနေပါတယ်။

လူကြီးမင်းတို့ စိတ်တိုင်းကျရွေးချယ်နိုင်တဲ့ Customized ဒီဇိုင်းတွေကို ကျွန်တော်တို့ Mahogany က လက်မှုပညာရှင်တွေရဲ့ လက်ရာသေသပ်မှုတွေနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် အလွန်ပြီးပြည့်စုံပြီး ရေရှည်အသုံးဝင်တဲ့ မှန်တင်ခုံလေးတစ်စုံ ပိုင်ဆိုင်သွားမှာပါ။

မှန်တင်ခုံအပြင်အခြားသော ပရိဘောဂပစ္စည်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကျကျ အခမဲ့အကြံပြုဆွေးနွေးချက်များ ရယူချင်တယ်ဆိုရင်တော့ Page Messenger (သို့မဟုတ်) ရုံးဖုန်းနံပါတ်ဖြစ်တဲ့ ၀၉ ၈၈၂ ၈၈၁ ၉၀၃ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Want your business to be the top-listed Furniture Store in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


MPSE Headquarters, Room-205, Central Tower, Corner Of 39th Street And Anawyahtar Road, Kyauktada Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00