DOZiN4 Books' Review

Call Directions Website

DOZiN4 Books' Review 🌻🌻🌻
Life is too short to surround yourself with people who only love you when you’re present. Find the ones who will still choose you when you’re not there. ST

ညအခါကလေးငယ်လေးတစ်ယောက်လိုအိပ်ပျော်ပြီး .....နေ့အခါ နတ်ဖုရားတစ်ပါးလို အလုပ်လုပ်တယ်။ပြီးတော့ ကမ္ဘာကြီးရဲ့ အစွန်အဖျားလေးမှာ...
08/10/2026

ညအခါ
ကလေးငယ်လေးတစ်ယောက်လို
အိပ်ပျော်ပြီး .....
နေ့အခါ
နတ်ဖုရားတစ်ပါးလို အလုပ်လုပ်တယ်။

ပြီးတော့
ကမ္ဘာကြီးရဲ့ အစွန်အဖျားလေးမှာ
ငါနေတယ်။

#ထက်ထက်ထွန်း (Waterfall)



ကိုယ့်ရဲ့ စာအဖတ်ဆုံး အချိန်ကိုပြောပါဆို"ဘဝကို မျှော်လင့်ချက်မဲ့တယ်လို့" ခံစားနေရတဲ့အချိန်ပါပဲ။မနေ့ကတော့ တစ်နေကုန် "ပင်လယ...
07/10/2026

ကိုယ့်ရဲ့ စာအဖတ်ဆုံး အချိန်ကိုပြောပါဆို
"ဘဝကို မျှော်လင့်ချက်မဲ့တယ်လို့" ခံစားနေရတဲ့အချိန်ပါပဲ။

မနေ့ကတော့ တစ်နေကုန် "ပင်လယ်ပြာနှင့် တံငါအို" ဆိုတဲ့ စာအုပ်ကို ပြန်ဖတ်မိတယ်။

ဒီမှာ အဘိုးအိုရဲ့ မကြာခဏ သူ့အတွေးနဲ့သူ ရေရွတ်တတ်တဲ့ "တခြားဘာကို လုပ်တာမလုပ်တာ အပထား၊ လက်ငင်းလုပ်ဖို့သင့်တာကို လုပ်လိုက်ရတာ အံအကိုက်ဆုံးပဲ" ဆိုတဲ့ ကိစ္စတစ်ခုကို ချက်ချင်းဖြေရှင်းရမဲ့အချိန်မှာ ရှိတဲ့အရာတွေနဲ့ ဖြေရှင်းဖို့ စဉ်းစားသွားတွေက ..... စာအုပ်တစ်အုပ်လုံးကို တစ်ထိုင်တည်း ဖတ်လို့က်ဖို့ ဆွဲခေါ်သွားတာပါပဲ။

ဒါနဲ့ ကိုယ်က မဆီမဆိုင်
လေရူးသုန်သုန်ထဲက စကားလက်ဂျိုဟန်ဆင်ရဲ့ "အို ငါ စိတ်ညစ်ရာ‌တွေကို မနက်ဖြန်မှ စဉ်းစားမယ်။ ဒီနေ့အတွက် အချိန်မရှိဘူး" ဆိုတာလေးတွေကိုတောင် သတိရတယ်။ စကားလက်ဆိုတာနဲ့ .... "မနက်ဖြန်မှ စဉ်းစားမယ်" ဆိုတာကို တွဲ‌မြင်တာရတဲ့ အထိပဲလေ။


#မောင်ဆုရှင်
#ပင်လယ်ပြာနှင့်တံငါအို

"ရန်ကုန်ဟာ ကျဥ်းပါတယ်ဒါပေမယ့်...  မဆုံနိုင်တော့ဘူး ။"ဝင်းမြင့်Yangon isn't that big, but our paths will never cross agai...
07/10/2026

"ရန်ကုန်ဟာ ကျဥ်းပါတယ်
ဒါပေမယ့်...
မဆုံနိုင်တော့ဘူး ။"

ဝင်းမြင့်

Yangon isn't that big,
but our paths will never cross again.

Translation: HZH

ဒီနေ့ စာအုပ်ရှင်းရင်းစီးပွားရေးတက္ကသိုလ်ရဲ့ ပင်ရင်းမြန်မာစာ စာအုပ်လေးတွေ့လို့ ရောက်ရာစာမျက်နှာကိုအရင် ကောက်ဖတ်။ ဖတ်နေရင်...
06/10/2026

ဒီနေ့ စာအုပ်ရှင်းရင်း
စီးပွားရေးတက္ကသိုလ်ရဲ့ ပင်ရင်းမြန်မာစာ စာအုပ်လေးတွေ့လို့ ရောက်ရာစာမျက်နှာကိုအရင် ကောက်ဖတ်။ ဖတ်နေရင်း "ဒီအာဘော်ဟာ ပီမိုးနင်းပဲ" ဖြစ်ရမယ်ဆိုပြီး .... အဆုံးထိဖတ်ပြီး စာရေးသူနာမည် ကြည့်‌တော့ "ပီမိုးနင်း" တဲ့။

ဆရာကြီးပီမိုးနင်းရဲ့ အရေးအသားက
စာအုပ်တွေအများကြီး မဖတ်ဖူးလည်း နှစ်အုပ်လောက်ကို ကျကျနန ဖတ်ဖူးရုံနဲ့ လိုတိုရှင်း စကားပြေရေးဟန်ကို ခံစားလို့ရတယ်လေ။

ဒီထဲမှာ ဆရာကြီးပီမိုးနင်းက
အလုပ်ကို သေသေချာချာ ပီပီပြင်ပြင် လုပ်ခြင်း မလုပ်ခြင်းနဲ့ ဆက်စပ်ပြီး လူ့ စိတ်ရဲ့ သဘောထားကြီးကျယ်တတ်ခြင်း၊ သေးနုပ်တတ်ခြင်း အကြောင်းအရာကို ..... စိတ်ပညာရှုထောင့်နဲ့ ရေးထားတာ။

စီးပွားရေးတက္ကသိုလ် ပထမနှစ် သင်ရိုးထဲ သင်ကြားခြင်းက တကယ်ကို ကျောင်းသားများအတွက် သတိပြုမိစေတာပါပဲ။

"ပြုပြင်ပြောင်းလဲခြင်း အစ ပညာရေး" က ဆိုသည့်အတိုင်း တကယ်က ကျနော်တို့နိုင်ငံရဲ့ မြန်မာစာပေဟာ ဘဝထဲထိ အသုံးချစရာတွေချည်းပါပဲ။
-
-
ကိုယ့်မှာ သားလေးတစ်ယောက်ရှိတော့
ကိုယ့်သားလေးကို မြန်မာစာ မြန်မာစကားကို ကျကျနန သိပ်ကို ဖတ်တတ်၊ ရေးတတ်စေချင်တာပဲ။
-
ဪ စကားပြေခေါင်းစဉ်က
"အလုပ်ဂုဏ်" တဲ့


#ရန်ကုန်စီးပွားရေးတက္ကသိုလ်
#ပင်ရင်းမြန်မာစာ
#ပထမနှစ်
#ပီမိုးနင်း

ကဗျာဆိုတာ ခေတ်စနစ်ကိုလည်း ကိုယ်စားပြုပြန်သတဲ့။ .... ဒီသံသရာအကြော့တွေက ဆရာအောင်ချိမ့်ကနေ ကျနော်တို့မျိုးဆက်တွေထိကို ........
05/10/2026

ကဗျာဆိုတာ ခေတ်စနစ်ကိုလည်း ကိုယ်စားပြုပြန်သတဲ့။ .... ဒီသံသရာအကြော့တွေက ဆရာအောင်ချိမ့်ကနေ ကျနော်တို့မျိုးဆက်တွေထိကို .....။

"ဘယ်တတ်နိုင်မလဲ
ကိုယ်ချင်းစာတရားမရှိတဲ့သူတွေကို
အတောင်ပံတွေတပ်ပေးခဲ့ကြတာကိုး ...။"

ဒီလိုနဲ့ပဲ ဒီကဗျာကို
လက်ဆင့်ကမ်းပြီး ထပ်မံဖော်ပြလိုက်ပါတယ်။

#ငါ့စုဗူး
#အောင်ချိမ့်

03/10/2026

ကဗျာဆိုတာ ဖတ်ရသူအတွက်
ကိုယ်တွေးချင်ရာ တွေးလို့ရစေတယ်လို့
ကြီးမြတ်သော တစ်စုံတစ်ယောက်က စာပေဆွေးနွေးပွဲမှာ ပြောဖူးတာ အမှတ်ရတယ်။

ဒီနေ့လည်း စိတ်ထဲမှာ ကဗျာသိပ်ရွတ်ချင်လို့ဆရာအောင်ချိမ့်ရဲ့ ကဗျာလေးတွေကို စိတ်ထဲက မဖတ်ဘဲ အသံထွက်ရွတ်နေမိတယ်။

ဒီထဲကမှ ငါ့စုဗူး -၂၈ ကို ရွတ်ရင်း

"ငါ့စိတ်နဲ့အမျှ
ငါ့ကိုယ်နဲ့အမျှ
ငါရှိခဲ့သမျှ
ငါရှိနေသမျှ ငါ့အော်သံ။

ငါ အကြိမ်ကြိမ်
ငါ အကြိမ်ကြိမ်
ငါ ပြန်ကြားရ ငါ ပြန်အော်မိ
ငါ ပြန်ရှိ။ ။"

ဆိုတာကို ရွတ်မိတော့ ဆရာအောင်ချိမ့် ဒီကဗျာကို ရေးတုန်းက ဆေးလိပ်တော့ သောက်နေမယ်မထင်ဘူးလို့ တွေးမိတယ်။
ဒါဟာ အတွေးနက်နက်ထဲ ကျဆင်းသွားလို့ လူတစ်ယောက်ရဲ့ ကူကယ်ရာမဲ့ အသံလို့ ကိုယ့်ဘာသာ ခံစားနေမိတယ်။

ဟုတ်ပါတယ် ... ကျနော်လည်း ကိုယ်ပြန်ကြားရ ကိုယ်ပြန်အော်မိပြီး .... ကိုယ်ရှိနေသေးပါလားဆိုတဲ့ အခိုက်မျိုး ကြုံဖူးလို့ပါ။

ဘယ်ပြောရမလဲ?
ဒီကဗျာက ဆရာအောင်ချိမ့် အိပ်ပျော်နေရင်း (မြန်မာ့အယူအရ) ဘီလူးစီးတာ ခံစားရာကနေလည်း ဖြသ်လာနိုင်တာပဲဆိုပြီးလေ .....။

"ငါ့စိတ်နဲ့အမျှ
ငါ့ကိုယ်နဲ့အမျှ
ငါရှိခဲ့သမျှ
ငါရှိနေသမျှ ငါ့အော်သံ။

ငါ အကြိမ်ကြိမ်
ငါ အကြိမ်ကြိမ်
ငါ ပြန်ကြားရ ငါ ပြန်အော်မိ
ငါ ပြန်ရှိ။ ။"

#ငါ့စုဗူး
#အောင်ချိမ့်

ဖွားရာဂတိလားရာဂတိတွားသွား ကြီးပြင်း အစာရှာရုန်းကန်းပြီး ရုန်းကန်သံသရာ ...ဒါကို ဘဝဘဝဆိုတာ ဒီလို"ငါ ပြင်းလာသလို"အဲသလိုလား။...
03/10/2026

ဖွားရာဂတိ
လားရာဂတိ
တွားသွား ကြီးပြင်း အစာရှာ
ရုန်းကန်းပြီး ရုန်းကန်
သံသရာ ...
ဒါကို ဘဝ
ဘဝဆိုတာ ဒီလို
"ငါ ပြင်းလာသလို"
အဲသလိုလား။

မပူပါနဲ့။

"အိုဟင်နရီ" တစ်ပုဒ်ပုဒ်
လာပါလိမ့်မယ်
အံ့ဩလို့မဆုံး ကြုံရပါလိမ့်မယ်
Twist တော့ ပါတာပေါ့လေ။ ။

#အောင်ချိမ့်
#ငါ့စုဗူး

စိတ်သည် ပင်ပန်းစွာလူသည် ပင်ပန်းစွာနှလုံးသားသည် ပင်ပန်းစွာအသက်ရှင်ရပါသည်ဤစကားမှန်ပါကတိုင်းပြည်သည် အေးချမ်းပါစေကမ္ဘာသည် ငြ...
01/10/2026

စိတ်သည် ပင်ပန်းစွာ
လူသည် ပင်ပန်းစွာ
နှလုံးသားသည် ပင်ပန်းစွာ
အသက်ရှင်ရပါသည်

ဤစကားမှန်ပါက
တိုင်းပြည်သည် အေးချမ်းပါစေ
ကမ္ဘာသည် ငြိမ်းချမ်းပါစေ

သူသည်
မင်းသည်
ငါသည်
ကောင်းသော အသက်ရှင်ခြင်းရှိပါစေ။

#သုခမိန်လှိုင်

"လောကဓါတ်တစ်ခွင် "အချစ်" မပါလျှင်" ဘယ်ပုံဘယ်နည်းနဲ့ပဲ ကြည့်ကြည့် ဟောဒီ လောကဓါတ်တစ်ခွင်မှာ အချစ် မပါလျှင် အခုနဲ့ မခြား ဖြ...
28/09/2026

"လောကဓါတ်တစ်ခွင် "အချစ်" မပါလျှင်"

ဘယ်ပုံဘယ်နည်းနဲ့ပဲ ကြည့်ကြည့် ဟောဒီ လောကဓါတ်တစ်ခွင်မှာ အချစ် မပါလျှင် အခုနဲ့ မခြား ဖြစ်တည်နေပါ့မလား?

လောကဇာတ်ခုံပေါ်မှာ "အချစ်" ကလည်း တစ်ခန်းတစ်ကဏ္ဍကနေ တစ်သားတည်း ပါဝင်ကပြနေရတာပဲ မဟုတ်လား?

ဒါ့အပြင် လောကအတွက် "အချစ်"ရဲ့ ထောက်ကူ ဆောင်ရွက်မှုတွေကလည်း နေ့စဉ်တိုးတက်ဖြစ်ထွန်းလာနေသလို "အချစ်" အပေါ် လောကရဲ့ အားထားမှုကလည်း ပိုလာတယ်လေ။

ကမ္ဘာလောကရဲ့ ကျန်ရှိသမျှ သဗ္ဗရနံ့ပေါင်းတွေရဲ့ ကိုယ်စား "အချစ်" ပါဝင်တဲ့ အခန်းကဏ္ဍအတွက် အချစ်ကို ကျေးဇူးတင်ပါတယ်။

စံကားဝါ
(From my old Diary)

Page က engagement တွေFollowers တွေ အစရှိ ငွေဝင်ချင်လို့ လုပ်ထားတဲ့ Page မဟုတ်ပါဘူး။-အားတဲ့အခါ ကဗျာ‌လေးတွေ၊ စာလေးတွေဖတ်မယ...
18/09/2026

Page က engagement တွေ
Followers တွေ အစရှိ ငွေဝင်ချင်လို့ လုပ်ထားတဲ့ Page မဟုတ်ပါဘူး။
-
အားတဲ့အခါ
ကဗျာ‌လေးတွေ၊ စာလေးတွေဖတ်မယ်။
စာဖတ်ရင်း ကိုယ့်ဘဝနဲ့ဆက်စပ်မိတဲ့
အတွေးတွေကို ချရေးဖြစ်ပြီး Post အနေနဲ့တင်ဖြစ်မယ် ... ဒီလောက်ပါပဲ။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959943441398

Alerts

Be the first to know and let us send you an email when DOZiN4 Books' Review posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share