Tractor and Combine Harvester H W M

Tractor and Combine Harvester H W M

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tractor and Combine Harvester H W M, Maubin, Ayyawaddy/Myanmar, Yangon.

13/12/2021

ဒါမသိရင် ဗားချိန်လို့ မရဘူး 🤷‍♂️
တစ်လုံးထိုးကလွဲရင်ပေါ့ 👌

အင်ဂျင်မီးပေါက်စဉ် (Fire Order) 💥

လေ့လာစုဆောင်းထားတဲ့ မတူညီတဲ့ မီးပေါက်စဉ်များအကြောင်း

Fring Order 1-5-3-6-2-4

[ 4-cylinderFiring order ]

• 1-3-4-2 Most straight-4s, Ford Taunus V4 engine
• 1-2-4-3 Some English Ford engines, Ford Kent engine
• 1-4-3-2 Volkswagen air cooled engine

[ 5-cylinder Firing order ]

• 1-2-4-5-3 Straight-5, Volvo 850, Audi 100

[ 6-cylinder Firing order ]

• 1-5-3-6-2-4 Straight-6, Opel Omega A
• 1-6-5-4-3-2 GM 3800 engine
• 1-2-3-4-5-6 GM 60-Degree V6 engine
• 1-4-2-5-3-6 Mercedes-Benz M104 engine
• 1-4-5-2-3-6 Chevrolet Corvair
• 1-4-3-6-2-5 Mercedes-Benz M272 engine,

[ 8-cylinder Firing order ]

• 1-8-4-3-6-5-7-2 1988 Chrysler Fifth Avenue, Chevrolet Small-Block engine

• 1-8-7-2-6-5-4-3 GM LS engine, Toyota UZ engine
• 1-3-7-2-6-5-4-8 Porsche 928, Ford Modular engine, 5.0 HO

• 1-5-4-8-7-2-6-3 BMW S65
• 1-6-2-5-8-3-7-4 Straight-8
• 1-8-7-3-6-5-4-2 Nissan VK engine
• 1-5-4-2-6-3-7-8 Ford Windsor engine
• 1-5-6-3-4-2-7-8 Cadillac V8 engine 368, 425, 472, 500 only

• 1-5-3-7-4-8-2-6 Ferrari Dino V8 (F355)
• 1-2-7-8-4-5-6-3 Holden V8

[ 10-cylinder Fire Order ]

• 1-10-9-4-3-6-5-8-7-2 Dodge Viper V10
• 1-6-5-10-2-7-3-8-4-9 BMW S85

[ 12-cylinderFiring order ]

• 1-7-5-11-3-9-6-12-2-8-4-10 Ferrari 456M GT V12
• 1-7-4-10-2-8-6-12-3-9-5-11 Lamborghini Diablo

VT
• 1-4-9-8-5-2-11-10-3-6-7-12 Caterpillar Inc. 3412E
• 1-12-5-8-3-10-6-7-2-11-4-9 Audi VW Bentley

W12 engine

• 1,12,7,6,3,10,11,2,5,8,9,4 Rolls-Royce Merlin

• 1,12,4,9,2,11,6,7,3,10,5,8 Lamborghini Aventador

Crd to orignial uplaoder 🙏




#မူရင်း

07/12/2021

ဗားချိန်နည်း / တိုက်ပစ်ချိန်နည်း မေးထားလို့ပါဗျို့ 🤷‍♂️💯
သိပြီးသား ကဝိအကျော်အမော်တွေ ကျော်သွားကြပါဗျာ 👌

💥 " ဗားချိန်ခြင်း " 💥

စက်ဆရာပဲ.ဖြစ်ဖြစ်.
မိမိကိုယ်ပိုင်ကားပဲဖြစ်ဖြစ်
Engine တစ်လုံးတွင်
အရုန်းအစွဲကျလာခြင်း
စက်သံဆူညံသံ..မူမမှန်သံများကြားခြင်းဟတ်ဂတ်စဂတ်ပေါက်ခြင်းများတို့တွင်ပြန်လည်တပ်ဆင်ပြီးသည့်အချိန်တွင် ဗားနှင့် ရော့ကားအမ်းမောင်းအကြား..ကြားလွတ်တန်ဖိုးတစ်ခုကို...ပြန်ချိန်ပေးရမည်မှာ...မလွဲသာပေ...ဒါကြောင့်ဗားချိန်နည်းလေးကို...သိသလောက်တက်သလောက်...အတွေ့ကြုံနှင့်...မျှဝေပေးလိုက်ပါရစေ...

4 stroke အင်္ဂျင်ဖြစ်သည့်အတွက်
Stroke 4 မျိုးကိုတော့..ပိုင်မှဖြစ်ပါမည်..
Stroke 4 မျိုးမှာ
၁ intake stroke...ပြင်ပမှလေကိုဆလင်ဒါအတွင်းသွင်းယူခြင်း
၂...compression stroke..ဆလင်ဒါအတွင်း..သွင်းယူပီးသောလေကို.ဖိသိပ်၍ပူအောင်လုပ်ခြင်း
၃...power stroke& ပူနေသောလေအတွင်းသို့ လောင်စာဆီဖျန်း၍ပေါက်ကွဲမူ့ဖြစ်ပီး...ပါဝါအားရရှိခြင်း
၄...Exhaust stroke ပေါက်ကွဲ၍ဖြစ်ပေါ်လာသော..မီးခိုးငွေ့များကိုအင်္ဂျင်ပြင်ပသို့စွန့်ထုပ်ခြင်း...တို့ဖြစ်ပါတယ်..

၄.လုံးထိုးအင်္ဂျင်နှင့်..၆.လုံးထိုးအင်္ဂျင်တို့ကိုအခြေခံပီး...ပြောပြပေးသွားမှာဖြစ်ပါတယ်
ဗားချိန်ရာတွင်....နည်းလမ်း..4...မျိုးရှိပါတယ်

..... ဗားချိန်နည်းလမ်း 4 မျိုး....

1.. ချိန်နည်း...ပစ်စတင်တစ်လုံးစီpower stroke ရှာ၍ ချိန်နည်း

2...ချိန်နည်း....နော်ဇယ်အဝင်ဆီပိုက်ကိုလျှော့ထား၍ဆီတွန်းသည့်ပစ်စတင်ကိုချိန်နည်း[မှတ်ချက်] CRS စနစ်တွင်..မရပါ.

3...သတ်မှတ်ထားသည့် fireing order မီးပေါက်စဉ်အတိုင်း..ချိန်နည်း
4 လုံးထိုး 1-3-4-2
6 လုံးထိုး 1-4-2-6-3-5
6 လုံးထိုး 1-5-3-6-2-4

4.....ချိန်နည်း နံပါတ်တစ်ပစ်စတင်ကိုသာလျှင်ကြည့်၍.. ချိန်နည်း
တို့ဖြစ်ပါတယ်....

...........အကျယ်ရှင်းလင်းခြင်း......

1...ချိန်နည်းနှင့်
2...ချိန်နည်းတို့မှာ...အဖြေပါပြီးသားမို့ရှင်းမပြတော့ပါ

3...ချိန်နည်း..4..လုံးထိုးအတွက်

လေးလုံးထိုးဆိုလျှင်သိရမှာက..အပေါ်မှာပြောခဲ့သလို...မီးပေါက်စဉ်တိုင်ပင်သိရပါမယ် 1-3-4-2 ဆိုသည့်အတိုင်း..1 ကနေစပီးတော့ချိန်ပါမယ် 1.စချိန်မယ်ဆိုလျှင်
1 ပစ်စတင်နှင့်အတူ...အတက်အဆင်းအတူတွဲနေသည့် ပစ်စတင် နံပါတ် 4...ရဲ့အင်းတိတ်ဗား အထောက်ကိုကြည့်ရပါမယ်...ဘာလို့အင်းတိတ်ဗားအထောက်ကိုကြည့်ရသလဲဆိုရင် အတက်အဆင်းအတူတွဲနေတဲ့ ပစ်စတင်နှစ်လုံးမှာတစ်လုံးကအင်းတိတ်ဆို ကျန်တစ်လုံးကပါဝါဖြစ်နေလို့ပါပဲ...ဒါကြောင့်နံပါတ်4 ပစ်စတင်ရဲ့အင်းတိတ်ထောက်တာနဲ့...နံပါတ် 1 ပစ်စတင်ချိန်လို့ရပါပီ.....ဟုတ်ပီ 1 ပြီးပါပီ..

.....အင်္ဂျင်ကိုလည်ပတ်ရာအတိုင်းဆက်လှည့်ပါ..
ဒါဆို.မီးပေါက်စဉ်လေးပြန်စဉ်းစားလိုက်ပါ
1-3-4-2 .....အဲ့မှာ 1 ပီးတော့ 3လာပီ
နံပါတ် 3 လာပီဆိုတော့ စောန ပြောခဲ့သလိုပဲ 3 နဲ့အတူ အတက်အဆင်းတူနေတဲ့ နံပါတ် 2 ကိုကြည့်ပါ... ဘာကိုကြည့်ရမလဲဆိုတော့ အင်းတိတ်ဗားထောက်ပီလား.အင်တိတ်ဗားထောက်ပီဆိုတာနဲ့ နံပါတ် 3 ပစ်စတင်ဗားချိန်လို့ရပါပီ...

ဟုတ်ပီ နံပါတ်3 ပြီးပီဆိုတော့
အင်္ဂျင်ကိုဆက်လှည့်ပါ လားရာအတိုင်း မီးပေါက်စဉ်လေးပြန်စဉ်းစားပါ...1-3-4-2 ဆိုတော့နံပါတ် 4 ပစ်စတင်အလှည့်လာပါပီ
အရင်အတိုင်းပါပဲ....နံပါတ် 4 ပစ်စတင်နဲ့အတူတူအတက်ဆင်းတွဲနေတဲ့ နံပါတ် 1 ပစ်စတင်ရဲ့အင်းတိတ်ဗားအထောက်ကို ကြည့်ပါအင်းတိတ်ဗားထောက်ပီဆိုတာနဲ့
နံပါတ် 4 ပစ်စတင်ရဲ့ ဗားချိန်လို့ရပါပီ
အင်္ဂျင်ကိုဆက်လှည့်ပါ

..မီးပေါက်စဉ်လေးပြန်စဉ်းစားပါ 1-3-4-2
နံပါတ်4ပီးတော့ နောက်ဆုံး 2လာပါပီ.
နံပါတ် 2 ချိန်တော့မယ်ဆိုတော့ကာ
နံပါတ် 2 ပစ်စတင်နှင့်အတူတူအတက်အဆင်းတွဲနေသော နံပါတ် 3 ပစ်စတင်ရဲ့
အင်းတိတ်ဗားအထောက်ကိုကြည့်ပါ...အင်းတိတ်ဗားထောက်ပီဆိုတာနဲ့ နံပါတ်2 ပစ်စတင်မှာ power stroke ပါဝါစတုတ်ဖြစ်သောကြောင့် .နံပါတ် 2 ကိုချိန်လို့ရပါပီ......😜😜

6 cylinder 6လုံးထိုးအလှည့်လာပါပီ ဆပစ်စတင် 6လုံးပါတဲ့အင်္ဂျင်မှာလည်းအပေါ်မှာပြောခဲ့သလိုပဲ...အတူတူအတက်အဆင်းတွဲနေတဲ့ ပစ်စတင်နှစ်လုံးကိုပဲကြည့်ရမှာပါ ...ဒါမယ့်6လုံးထိုးအဂျင်္င်မှာ မီးပေါက်စဉ်နှစ်မျိုးလာပါတယ်
1-4-2-6-3-5 ရယ်
1-5-3-6-2-4 ဆိုပီးတော့လာမယ်
အပေါ်ကအတိုင်းပဲချိန်ရမှာပါ
1ချိန်ရင် 6အင်းတိတ်ကိုကြည့်
4ချိန်ရင် 3 အင်းတိတ်အထောက်ကြည့်
2ချိန်ရင် 5 အင်းတိတ်အထောက်ကြည့်
6ချိန်ရင် 1အင်းတိတ်အထောက်ကြည့်
3ချိန်ရင် 4 အင်းတိတ်အထောက်ကြည့်
5ချိန်ရင် 2 အင်းတိတ်အထောက်ကြည့်
ဆိုပီးတော့အပြန်အလှန်သွားနေတာပါ...
1-5-3-6-2-4- လည်းဒီလိုပဲချိန်သွားရမှာပါ.
🌟အဲ့မှာပြောခဲ့ချင်သေးတာက🌟
1-4-2-6-3-5လား 1-5-3-6-2-4 လားခွဲနည်းပြောပေးပါမယ်...
ဘယ်မီးပေါက်စဉ်ပဲလာလာကျနော်တို့အရင်ဆုံးချိန်ရမှာ နံပါတ် 1 ပါ ....ဟုတ်ပီ 1 ချိန်ပီးတာနဲ့ အင်္ဂျ င်ကိုမလှည့်သေးပဲ ဗားအထောက်ကိုတစ်ချက်ရှိုးလိုက်ပါ...နောက်ချိန်မယ့်ပစ်စတင်နံပါတ်က 4 ဖြစ်နေခဲ့ရင်နံပါတ် 3 မှာ အိတ်ဇောဗားထောက်နေရပါမယ်...÷÷÷÷÷÷ဒါမှမဟုတ်နောက်ချိန်မယ့်ပစ်စတင်နံပါတ်က 5 ဖြစ်နေခဲ့ရင် နံပါတ် 2 ပစ်စတင်မှာ အိတ်ဇောထောက်နေမှာပါဗျ.......

😊ဗားချိန်နည်း...4😊

ဒီနည်းလေးကတော့ အင်္ဂျင်ကြီးတွေနဲ့
လည့်ရခက်တဲ့အင်္ဂျင်တွေမှာ အဆင်ပြေပါတယ် {မှတ်ချက်} 4လုံးထိုးအင်္ဂျင်နှင့်
6 လုံးထိုး အင်္ဂျင် 1-5-3-6-2-4 သာလျင်

ဒီဗားချိန်နည်းကတော့ နံပါတ် 1 ပစ်စတင်ကိုပဲကြည့်ရမှာဖြစ်ပြီးတော့ ကရိုင်းနှစ်ပတ်သာလှည့်ရမှာဖြစ်ပါတယ်...

4... လုံးထိုးအင်္ဂျင်အတွက်အရင်ပြောပါမယ်
နံပါတ် 1 ပစ်စတင်ရဲ့ ပါဝါစတုတ်ကိုရှာပါပစ်စတင်ထိပ်ဆုံးမှာရှိနေပါစေ ပီးရင်တော့
1-2 အင်းတိတ်ဗားချိန်မယ်
1-3 အိတ်ဇောဗားချိန်မယ်ပါမယ်..ပီးနောက်
အင်္ဂျင်ကိုဆက်လှည့်မယ်
နံပါတ်တစ်ပစ်စတင်ရဲ့အိတ်ဇောစတုတ်ရဲ့ပစ်စတင်ထိပ်ဆုံးတည့်တည့်ကိုထားမယ်

3-4 အင်းတိတ်ဗားချိန်မယ်
2-4 အိတ်ဇောဗားချိန်မယ်
ဒါဆိုရင်ဆုံသွားပါပီး...ပစ်စတင်လေးလုံးစလုံးရဲ့ဗားတွေကုန်သွားပါပီ....

😜6 လုံးထိုးလာပါပီ😜
1-5-3-6-2-4 သာလျင်
အပေါ်ကအတိုင်းပဲ
နံပါတ် 1 ပစ်စတင်ရဲ့ power stroke ကိုရှာပါ ပစ်စတင်ထိပ်ဆုံးမှာရှိနေပါစေ
ပီးရင်တော့

1-2-4 အင်းတိတ်ဗားချိန်လို့ရပါပီ
1-3-5 အိတ်ဇောဗားချိန်လို့ရပါပီ

ဆက်လှည့်ပါမယ် နံပါတ် 1 ပစ်စတင်ရဲ့အ်ိတ်ဇောစတုတ် ရဲ့ ပစ်စတင်ထိပ်ဆုံးမှာထားပါ

3-5-6 အင်းတိတ်ဗားချိန်ပါ
2-4-6 အိတ်ဇောဗားချိန်ပါ...
ပစ်စတင် 6 လုံးရဲ့ဗားတွေကုန်သွားပါပီ
============================
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Credit >>> original uploader

#စက်ပြင်

09/08/2020

❗️ဟိုက် တကယ် ကြီး ဗျ 😳

အားလုံး အံ့ဩသွားစေမယ့် အကြောင်းအရာတစ်ခုပြောပြပါ့မယ် . .

ဒါကတော့ Facebook မှ သင့်ရဲ့ Facebook စဖွင့် စသုံးတဲ့အချိန်ကစပြီး ယခုချိန်အထိ သင့်ရဲ့ Phone Contact တွေကို မှတ်သားထားတယ်ဆိုတာပါပဲ ။

သင့်ရဲ့ ဖုန်းမှာ မမှတ်ထားတော့တဲ့ ဖျက်လိုက်မိတဲ့ Phone No အဟောင်းတွေကို နာမည်နဲ့ တကွ ပြန်ကြည့်နိုင်မယ်ဆို သင်အရမ်းအံ့ဩသွားမယ်ထင်ပါတယ်။

ဥပမာ - ရည်းစားဟောင်းတွေဖုန်း No ကို ဖျက်လိုက်ပေမယ့် Facebook ရဲ့ မှတ်တမ်းမှာ ရှိနေသေးတာမျိုး

သင့်ဖုန်းတွေ တစ်လုံးပီး တစ်လုံးပြောင်းနေပါစေ Contact တွေ ဖျက်လိုက် အသစ်ထည့်လိုက် လုပ်နေပါစေ Facebook က Auto Save နေမှာပါ။

ကဲ မယုံရင် အောက်ပါ Link မှာ ဝင်ကြည့်လိုက်ပါ။

https://m.facebook.com/mobile/messenger/contacts

- Crd

အကြောင်းကြောင်းကြောင့် ပျက်သွားတဲ့ ဖုန်းနံပါတ်တွေ ပြန်လိုချင်သူတွေတော့ အရမ်းအဆင်ပြေသွားတယ် 👍👍👍

ထွက်ခွါသွားတဲ့သူတွေရဲ့ ဖုန်းနံပါတ်တွေ ပြန်မြင်ရတော့လည်း ရင်ထဲမှာအဟောင်းတွေ အသစ်ပြန်ဖြစ်စေတာပေါ့ 😢

m.facebook.com

27/05/2020

New Holland TT75

Photos from Tractor and Combine Harvester H W M's post 27/05/2020

24'' 18 Disc Harrow

Photos from Tractor and Combine Harvester H W M's post 23/04/2020

အဖြစ်များတဲ့ ရေတိုင်​ကီ အဖုံး အ​ကြောင်း
အရမ်း​ကောင်းလို့ ပြန်​လည်​ မျှ​ဝေပါ​ရ​စေ...

ရေတိုင်ကီ အဖုံးကို ခဏခဏဖွင့်ပြီးရေထည့်သူများ
အဖုံး ကို Kpa & Bar နားမလည် ဘဲ အသစ်လဲ ထည့်သူများအသစ်လဲသူများ ဖတ်ရန်
ဈေးပေါတိုင်းလဲကြတာလေ
ရေတိုင်ကီများ၏ ရေဖြည့်ပေါက်တွင် pressure cap ခေါ် အအေးခံစနစ်၏ ဖိအားကို တိုးမြှင့်ပေးရန် အဖုံးတစ်ခုတပ်ဆင်ထားပါတယ်။ Radiator cap လို့လည်းခေါ်လေ့ရှိပါတယ်။

Pressure Cap ကို ရေတိုင်ကီပေါ်တွင်လည်းကောင်း၊ Expansion tank ဟုခေါ်သော ပလတ်စတစ်ရေတိုင်ကီအသေးလေးပေါ်တွင်လည်းကောင်း တပ်ဆင်လေ့ရှိပါတယ်။ ရေတိုင်ကီများတွင်
Downflow radiator နှင့် Crossflow radiator ဟူ၍ အမျိုးအစားနှစ်မျိုးရှိပါတယ်။
Downflow radiator များကိုတော့ ၁၉၉၅ ရှေ့ပိုင်းထုတ်သော ယာဉ်များမှာသာ တွေ့ရမှာပါ။Downflow radiator များတွင် coolant သည် ရေတိုင်ကီ၏ အပေါ်မှဝင်ပြီး အပေါ်မှအောက်သို့ စီးဆင်းကာ ရေတိုင်ကီ၏ အောက်ဘက်မှ ပြန်ထွက်သွားတာပါ။ Crossflow radiator တွင် coolant သည် ရေတိုင်ကီ၏ ဘေးတစ်ဖက်မှဝင်ပြီး အခြားတစ်ဖက်သို့ ကန့်လန့်ဖြတ်စီးဆင်းတာပါ။

ခေတ်ပေါ်ယာဉ်များတွင် crossflow radiator အသုံးများပါတယ်။ Crossflow radiator တွေမှာ expansion tank ပါဝင်လေ့ရှိပြီး pressure cap ကို၎င်း tank ပေါ်တွင် တပ်ဆင်လေ့ရှိပါတယ်။အအေးခံစနစ်တွင် ဖိအားတစ်ပေါင် တိုးလာတိုင်း အရည်ဆူမှတ် ၁.၆ ဒီဂရီ စင်တီဂရိတ်ခန့်မြင့်တက်လာလေ့ပါတယ်။ရိုးရိုးရေသည် ပင်လယ်ရေမျက်နှာပြင် အခြေအနေတွင် ၁၀၀ ဒီဂရီ စင်တီဂရိတ်တွင် ရေဆူပြီး Antifreeze ၅၀ ရာခိုင်နှုန်း ရောထားသော coolant သည် ၁၀၃ ဒီဂရီ စင်တီဂရိတ်တွင် အရည်ဆူသည်။အင်ဂျင်ထုတ်လုပ်သူများသည် အအေးခံစနစ်၏ ဖိအားကို ၁၃ ပေါင်မှ ၁၈ ပေါင်
အထိမြှင့်တင်ထားလေ့ရှိပါတယ်။

ယင်းဖိအားရရှိစေရန် pressure cap ကို အအေးခံစနစ်တွင် တပ်ဆင်အသုံးပြုထားပြီး ဖိအားတန်ဖိုးကို pressure cap ၏ အပေါ်တွင် ဖတ်ရှု့နိုင်ပါတယ်။
Psi သို့မဟုတ် bar သို့မဟုတ် kPa တန်ဖိုးဖြင့် ဖော်ပြလေ့ရှိပါတယ်။
(1 bar = 14.5 psi, 1 bar = 100 kPa, 1 kPa = 0.145 psi)

Antifreeze ၅ဝ ရာခိုင်နှုန်းနှင့် ရေ ၅ဝ ရာခိုင်နှုန်း ရောထားသော coolant သုံးထားသော အအေးခံစနစ်တွင် ဖိအား ၁၅ ပေါင် (15 psi) ရှိသော pressure cap ကိုသုံးထားပါက ၄င်း coolant ၏ အရည်ဆူမှတ်သည် ၁၂၈ ဒီဂရီ စင်တီဂရိတ်ခန့်ထိ မြင့်တက်လာစေမှာပါ။ ပင်လယ်ရေမျက်နှာပြင် အမြင့်ထက် ပေ ၁ဝဝဝ မြင့်တက်သွားတိုင်း အရည်ဆူမှတ်သည် ဝ.၅ ဒီဂရီခန့် နိမ့်ကျသွားလေ့ ရှိသည်ကိုလည်း သတိပြုရမှာပါ။

အရည်ဆူမှတ် မြင့်လာခြင်းကြောင့် အင်ဂျင်တစ်လုံး၏ လည်ပတ်ရန် အကောင်းဆုံး အပူချိန် (optimum operating temperature) ဖြစ်သော ၉ဝ-၉၃ ဒီဂရီ စင်တီဂရိတ် ကြားတွင် coolant ဆူပွက် လာမည်ကို ပူစရာမလိုဘဲ လည်ပတ်နိုင်မှာပါ။Coolant ၏ အရည်ဆူမှတ် မြင့်လာခြင်းကြောင့် အင်ဂျင်မှအပူကို ပို၍စုပ်ယူသယ်ဆောင် နိုင်လာစေပြီး ရေတိုင်ကီအတွင်း ဖြတ်သန်းချိန်တွင် ပြင်ပလေဖြင့် အအေးခံရာ၌ အပူကူးပြောင်းမှု ပိုမိုကောင်းမွန်စေပါတယ်။ အပူကူးပြောင်းခြင်း နိယာမအရ coolant နှင့် ပြင်ပလေ၏ အပူချိန် ကွာခြားချက်များလေလေ အပူကူးပြောင်းမှုနှုန်း ကောင်းလေလေပါ။

အအေးခံစနစ်၏ ဖိအားကိုမြှင့်တင်လိုက်ခြင်းဖြင့် ရေလည်အုံ (water pump) ၏ efficiency ကိုလည်း ပို၍ မြင့်တက်လာစေပါတယ်။ အအေးခံစနစ်ကို ဖိအားပေးမထားပါက ရေလည်အုံ၏ efficiency အပြည့်မရဘဲ ရေလည်အုံ အဝင်နေရာ၌ အလွယ်တကူ အရည်ဆူနိုင်ပြီး cavitation ဖြစ်စေနိုင်ပါတယ်။
Cavitation ဆိုသည်မှာ coolant အရည်ဆူပါက လေပူပေါင်းများ ဖြစ်ပေါ်လာပြီး ၄င်းလေပူပေါင်းများ အအေးခံစနစ်အတွင်း စီးဆင်းသွားရာမှ အအေးခံစနစ် အတွင်း၌ ပေါက်ကွဲခြင်းကိုခေါ်ပါတယ်။

Cavitation ကြောင့် ရေလည်အုံများ၊ စလင်ဒါလိုင်နာများ၌ ကျောက်ပေါက်မာကဲ့သို့ အပေါက်ငယ်လေး များဖြစ်ပေါ်စေပြီး အချိန်ကြာလာသောအခါ စလင်ဒါလိုင်နာများပေါက်၍ မီးလောင်ခန်းအတွင်းသို့ အအေးခံရည်များ ပေါက်ဝင်လာသည်အထိ ဖြစ်နိုင်ပါတယ်။ထို့ကြောင့် အအေးခံစနစ်တွင် သင့်တော် မှန်ကန်သော pressure cap ကို ရွေးချယ်၍ မှန်ကန်စွာ တပ်ဆင်အသုံးပြုသင့်ပါတယ်။

Pressure cap တွင် pressure valve, pressure spring,vacuum valve နှင့် sealing rings များပါဝင်ပါတယ်။ Pressure valve ကို ၄င်း၏ နောက်ဘက်ရှိ pressure spring ဖြင့် ဖိထားခြင်းဖြင့် ရေတိုင်ကီကို လုံအောင်ပိတ်ထားပေးပါတယ်။အအေးခံစနစ်၏ ဖိအားသည် pressure spring ၏ဖိအားကို ကျော်လွန်လာပါက pressure valve ပွင့်ပြီး coolant တချို့သည် ရေတိုင်ကီ၏ ရေပြန်ပိုက် မှတစ်ဆင့် expansion tank ခေါ် recovery over tank ဟုခေါ်သော ပလတ်စတစ်ရေတိုင်ကီ အသေးလေးဆီသို့ စီးဆင်းသွားစေခြင်းဖြင့် အအေးခံစနစ်၏ မြင့်တက်လာသော ဖိအားကိုလျော့ကျစေပါတယ်။

အအေးခံစနစ်၏ ဖိအားသည် pressure spring ၏ဖိအားထက် နည်းသွားပါက စပရင်၏ တွန်းအားကြောင့် pressure valve ပြန်လည် ပိတ်သွားပြီး အအေးခံစနစ်၏ လိုအပ်သော ဖိအားကို ထိန်းသိမ်းပေးပါတယ်။Pressure valve ၏ အလယ်တည့်တည့်တွင် vacuum valve ကို တပ်ဆင်ထားပါတယ်။ အအေးခံစနစ်ပြန်လည် အေးသွားပြီး အအေးခံစနစ်၏ ဖိအားသည် ပြင်ပလေထု၏ ဖိအားထက် နည်းသွားပါက vacuum valve ပွင့်၍ expansion tank မှ coolant များ ရေတိုင်ကီ ထဲသို့ပြန်လည် စီးဆင်းဝင်ရောက် စေပါတယ်။
ကားကိုရေစစ်ချင်ပါက ရေတိုင်ကီ အပေါ်က အဖုန်းကို မဖွင့်စေလိုပါ
Over Tank မှာ Full (F) Low(L)
လို့ရေးထားပါတယ် ရေလျာ့ပါက ဒီover tank ကသာရေဖြည့် ပါခင်ဗျား
ဗီယာ ဒုံး
Crd

Want your business to be the top-listed Furniture Store in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon
47200