ဝမ်းစတား ဆန်ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • ဝမ်းစတား ဆန်ရောင်းဝယ်ရေး
Call Directions

ဝမ်းစတား ဆန်ရောင်းဝယ်ရေး ပစ္စည်းမှန် စျေးမှန်လက်ကားဆန်ရောင်းဝယ်ရေး https://maps.app.goo.gl/tqwLorsYj7vLpish6

 #ဘေးကြားတောင်ပျံရဲ့၁၂လရာသီသဘောသဘာဝ  ​ဆန်ချစ်သူ ညီအစ်ကို မိတ်ဆွေတို့ ရင်းနှီးပြီးသားဖြစ်တဲ့ ဧရာဝတီနယ်ထွက်  #ဘေးကြားတောင်...
07/10/2026

#ဘေးကြားတောင်ပျံရဲ့၁၂လရာသီသဘောသဘာဝ
​
ဆန်ချစ်သူ ညီအစ်ကို မိတ်ဆွေတို့ ရင်းနှီးပြီးသားဖြစ်တဲ့ ဧရာဝတီနယ်ထွက် #ဘေးကြားတောင်ပျံ ဆန်ဟာ ထမင်းသား ကျစ်ကျစ်စင်းစင်းလေးနဲ့ လူကြိုက်များတဲ့ ဆန်တစ်မျိုးပါဗျ။ ဒါပေမဲ့ ကြားပျံရဲ့ ထမင်းသားအရသာဟာ တစ်နှစ်ပတ်လုံး ရာသီအလိုက် ပြောင်းလဲမှု ရှိတယ် ဆိုတာရော သတိပြုမိကြရဲ့လားဗျာ...
​
ဝယ်ယူချက်ပြုတ်တဲ့အခါ စိတ်တိုင်းကျ အဆင်ပြေစေဖို့ ကြားပျံဆန်ရဲ့ ၁ နှစ်ပတ်လုံး ပြောင်းလဲတတ်တဲ့ သဘောသဘာဝလေးတွေကို မင်မင် သိထားသလောက် မျှဝေပေးလိုက်ပါတယ်ဗျာ 👇✨
​
🗓️ ၁၁ လပိုင်း မှ ၁ လပိုင်း ➔ #ဆန်အသစ်ချိန်
• ​🌾 ပေါ်ခါစ ဆန်အသစ်မို့ အစေးဓာတ် ပါရှိပါတယ်ဗျ။ ဒါပေမဲ့ တခြားဆန်သစ်တွေထက်စာရင် အစေးသက်သာပြီး ချက်သား ပိုမိုကောင်းမွန်ပါတယ်။
• ​💡 ချက်ပြုတ်နည်း🔹️ပေါင်းအိုးနဲ့ ချက်တာထက် ရေငှဲ့ချက်ပေးရင် ပိုမို အဆင်ပြေပါတယ်။ ဆန်သစ်ကြိုက်သူတွေအတွက် ဦးစားပေး ရွေးချယ်သင့်တဲ့ အချိန်ပါပဲ။

​🗓️ ၂ လပိုင်း မှ ၄ လပိုင်း ➔ #မသစ်မဟောင်းချိန်
• ​🌾 အိုးတက်စပြုလာပြီး အစေးဓာတ် တော်တော်လေး လျော့ကျသွားပါပြီ။
• ​💡 ချက်ပြုတ်နည်း🔹️ပေါင်းအိုးနဲ့ ချက်ရတာလည်း အဆင်ပြေနေပါပြီဗျ။ တစ်နှစ်ပတ်လုံးစာ လှောင်ပြီး စားသုံးချင်သူတွေ ဝယ်ယူသိုလှောင်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

​🗓️ ၅ လပိုင်း မှ ၇ လပိုင်း ➔ #ဆန်ဟောင်းချိန်
• ​🌾 ထမင်းသား ဆန့်ထွက်အား (အိုးတက်အား) အကောင်းဆုံး ရောက်ရှိလာတဲ့ အချိန်ဖြစ်လို့ ဝယ်ယူသူတွေ စိတ်အကျေနပ်ရဆုံး အချိန်လို့ ပြောရမှာပါ။
• ​⚠️ သတိပြုရန်🔹️မိုးတွင်းကာလ ဖြစ်တဲ့အတွက် စားသုံးသူတွေရော ရောင်းသူတွေပါ မိမိ စားနိုင်/ရောင်းနိုင်တဲ့ ပမာဏထက် ပိုပြီး အလွန်အမင်း သိုလှောင်ခြင်း မပြုလုပ်သင့်တဲ့ အချိန်ပါဗျ။

​🗓️ ၈ လပိုင်း မှ ၁၀ လပိုင်း ➔ #ဆန်အရမ်းဟောင်းချိန်
• ​🌾 ထမင်း အလွန်အိုးတက်ပြီး ထမင်းသား အကြောတင်းလာပါတယ်။
• ​💡 ချက်ပြုတ်နည်း🔹️ပေါင်းအိုးနဲ့ ချက်ရင် ရေ ပိုထည့်ပေးရမှာဖြစ်ပြီး ရေငှဲ့ချက်ရင် အကြာကြီး ဆူအောင်ထားပြီးမှ ငှဲ့ရပါမယ်။ ထမင်းမာတာ မကြိုက်သူတွေအနေနဲ့တော့ ဒီအချိန်မှာ ကြားပျံဆန်ကို ရှောင်သင့်ပါတယ်ဗျ။

​🗓️ ၁၁ လပိုင်း နောက်ပိုင်း ➔ #အလွန်အမင်းဟောင်းချိန်
• ​🌾 ဆန်က အလွန်ဟောင်းသွားပြီမို့ သူ့ချည်းပဲ ချက်စားရင် ထမင်းဖွယ်တာ၊ အရသာ ပေါ့တာနဲ့ ထမင်းကြမ်းတာမျိုးတွေကြောင့် စားသုံးသူတွေ စိတ်မကျေနပ်ဆုံး အချိန်လို့ ပြောရပါမယ်။
• ​💡 အကြံပြုချက်🔹️ဒီအချိန်မှာ ကြားပျံကို စားချင်တယ်ဆိုရင်တော့ ဆန်အသစ်လေးနဲ့ နည်းနည်းရောပြီး ချက်စားပေးဖို့ မင်မင် ကာစတန်မာတွေကို အကြံပေးလေ့ရှိပါတယ်ဗျ။

​💗 မိမိ ကြိုက်နှစ်သက်တဲ့ ထမင်းသား အရသာအတိုင်း အချိန်အခါ မှန်မှန် ရွေးချယ် ချက်ပြုတ်နိုင်ကြပါစေဗျာ...
​
ဒီ Post လေးက အကျိုးရှိတယ်ဆိုရင် ဆန်ချစ်သူ မိတ်ဆွေတို့ဆီ Share ပေးသွားဖို့လည်း မမေ့နဲ့ဦးနော် 😉✨
​ #ဘေးကြားတောင်ပျံ #ကြားပျံဆန် #ဆန်ဗဟုသုတ #ထမင်းချက်နည်း

 #ရတနာလောကကိုခြေဆန့်တော့မယ် #ဆန်လောကမှာနေရတာသိပ်မကောင်းတော့ဘူး😩😩😩
06/10/2026

#ရတနာလောကကိုခြေဆန့်တော့မယ်
#ဆန်လောကမှာနေရတာသိပ်မကောင်းတော့ဘူး
😩😩😩

05/10/2026

🙏🙏🙏

05/10/2026

#ဖျာပုံပေါ်ဆန်းမွှေး #ဆန် #ဝမ်းစတား #သက်န်းကျွန်း

03/10/2026


📞 09-5046147 / 09-261620053

02/10/2026

#ငွေပန်းခိုင်ရွှေ
#ကြားပျံထူးထူးရှယ်

 #ဆန်ဆိုင်ပြောင်းဝယ်ရတာရည်းစားနောက်တစ်ယောက်ပြောင်းထားရသလိုပဲ...​ကျွန်တော့်ဆိုင်ကို အမြဲလာဝယ်နေကျ အ​ဝေးကဖောက်သည် အမတစ်ယော...
30/09/2026

#ဆန်ဆိုင်ပြောင်းဝယ်ရတာရည်းစားနောက်တစ်ယောက်ပြောင်းထားရသလိုပဲ...
​ကျွန်တော့်ဆိုင်ကို အမြဲလာဝယ်နေကျ အ​ဝေးကဖောက်သည် အမတစ်ယောက်ရှိတယ်။
အိမ်နဲ့ အနီးအနား ရပ်ကွက်ထဲမှာ ဆန်ဆိုင်တွေ ရှိနေရင်တောင် ကျွန်တော်တို့ဆိုင်အထိ တကူးတက လာဝယ်တတ်တယ်။

​တစ်ရက်တော့ ကျွန်တော်က စနောက်ပြီး မေးလိုက်တယ်။
​“အမရယ်… အမတို့အိမ်နားမှာလည်း ဆန်ဆိုင်တွေ ရှိတာပဲကို၊ ဝေးဝေးလံလံ ကျွန်တော်တို့ဆိုင်အထိ ဘာလို့ တကူးတက လာဝယ်နေတာလဲ?”လို့

​အဲ့ကျမှ အမက ပြန်ပြောတယ်။
​“ဆန်ဆိုင် ပြောင်းဝယ်ရတာဆိုတာ ရည်းစားနောက်တစ်ယောက် ထားရသလိုပဲ မောင်လေးရဲ့… မလွယ်ဘူး။
​ကိုယ်နဲ့ မရင်းနှီးတဲ့ ဆိုင်အသစ်တစ်ခုကို သွားလိုက်ရင်

ဆန်အသစ်နဲ့ ဆန်ဟောင်း မှားပေးမလား❓️
ဆန်အမျိုးအစား မှန်ရဲ့လား❓️
ဆန်ရော ရောင်းလိုက်မလား ❓️
ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ စိတ်မသေမချာဖြစ်ရတယ်။

​ဒီဆိုင်မှာကျ​တော့ ​ကောင်းရင်​ကောင်းတယ် မ​ကောင်းရင်မ​ကောင်းဘူး ​သေချာ​လေး​ပြောပြ​ပေးတယ်..

​အထူးသဖြင့် ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေရဲ့ မဖော်ရွေမှု၊ ကိုယ့်အကြိုက်ကို မမေးမမြန်းဘဲ ဝယ်ရင်ဝယ် မဝယ်ရင်သွားဆိုတဲ့ ခပ်ချေချေ ဆက်ဆံရေးမျိုးနဲ့ တွေ့ရမှာကို ပိုစိုးရိမ်တာ။

​မောင်​လေးတို့ဆန်ဆိုင်ကျ​တော့ ဆန်လဲ​ကောင်း ၊ ဆက်ဆံ​ရေးလဲ​ကောင်း ၊ အမဝယ်တာ နှစ် ၂၀ ​လေက်ရှိပြီ..မိသားစု​တွေလို​​တောင် ဖြစ်​နေပြီ '' တဲ့...
​
အဲ့ဒီစကားကြားပြီးတော့ ကျွန်တော်လည်း အတွေးတစ်ခုရလိုက်တယ်။
​ဆန်ဆိုင်ဆိုတာ ကုန်ပစ္စည်း ရောင်းတာတစ်ခုတည်း မဟုတ်ဘူး။ Service လုပ်ငန်းတစ်ခုလိုပဲ Customer ကို ကိုယ့်ဆီလာရတာ စိတ်အေးချမ်းပြီး သက်တောင့်သက်သာ ဖြစ်အောင် ဘယ်လောက်လုပ်ပေးနိုင်လဲဆိုတာက ဆိုင်ရဲ့ အသက်ပါ။
​ဆန်အကောင်းလိုင်းတွေ သီးသန့်တင်ထားရုံ၊ ဆိုင်အပြင်အဆင် လှနေရုံနဲ့ မပြီးပါဘူး။ စိတ်ပိုင်းဆိုင်ရာ ​ကျေနပ်မှုနဲ့ ဆိုင်အ​ပေါ်ယုံကြည်စိတ်ချရ​စေတဲ့ ခံစားချက်ကိုပါ ပေးနိုင်ရပါမယ်။

🧡ဘယ်အချိန်ပဲလာလာ နွေးထွေးတဲ့ ခရီးဦးကြိုဆိုမှုရှိတာ
🧡ဖော်​ရွေတဲ့ ဆက်ဆံ​ရေးရှိတာ
🧡ဖောက်သည် ကြိုက်တတ်တဲ့ ဆန်အမျိုးအစားကို မှတ်မိပေးတာ
🧡ဆန်အမျိုးအစားအကြောင်း မေးသမျှကို စေတနာပါပါနဲ့ မှန်မှန်ကန်ကန် ရှင်းပြပေးတာ...

​အဲ့ဒီအရာလေးတွေက ဖောက်သည်တစ်ယောက်ကို “ဒီဆိုင်က ငါ့ဆိုင်ပဲ” လို့ ခံစားရစေပြီး စိတ်အေးချမ်းစေတာပါ။

​တကယ်တော့ ဖောက်သည်တွေက ဆန်တစ်အိတ်၊ ဆန်တစ်ပြည် ဝယ်ဖို့ပဲ လာကြတာ မဟုတ်ပါဘူး။ စိတ်ချယုံကြည်ရတဲ့ နေရာ၊ စိတ်အေးချမ်းရတဲ့ နေရာတစ်ခုကိုပါ လာရှာကြတာပါ။

​ဒါကြောင့် ဆန်ဆိုင်ကောင်းတစ်ခု ဖြစ်ဖို့ဆိုတာ ဆန်ကောင်းရုံနဲ့ မရပါဘူး။ လာတဲ့သူတိုင်းကို မိသားစုလို၊ ကိုယ့်အိမ်ကိုယ်ရာလို ခံစားရအောင် စေတနာနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့လည်း လိုပါတယ်။

❤️ ဆိုင်အထိတကူးတက လာ​ရောက်ဝယ်ယူကြသူများ အားလုံးကို အစဥ်အမြဲ​ကျေးဇူးတင်လျက်..❤️

ချစ်ခြင်းအားဖြင့်
❣️မင်မင်❣️

29/09/2026

ဒီရက်ပိုင်းဆန်လာဝယ်ရင်
surprise​စျေးနဲ့ရပါမယ်
​စျေးကြားတာနဲ့surpriseဖြစ်သွား​​စေရပါမယ်😩😩😩

27/09/2026

#ဘေးကြားတောင်ပျံ #ဆန် #ဝမ်းစတား

Address

No-8, Laydaungkan Road, Laydaungkan Quarter, Thingangyun Township, Yangon (Near SanPyaZay Bus Stop)
Yangon

Opening Hours

Monday 06:00 - 17:00
Tuesday 06:00 - 17:00
Wednesday 06:00 - 17:00
Thursday 06:00 - 17:00
Friday 06:00 - 17:00
Saturday 06:00 - 17:00
Sunday 06:00 - 17:00

Telephone

+9595046147

Website

Alerts

Be the first to know and let us send you an email when ဝမ်းစတား ဆန်ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share