Aung Min Thu - ပရိဘောဂ

Aung Min Thu - ပရိဘောဂ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Min Thu - ပရိဘောဂ, Furniture shop, Thamainbayan Road, Yangon.

Photos from Aung Min Thu - ပရိဘောဂ's post 17/02/2022

👦 ကိုယ်က မော်ဒန်ပရိဘောဂပဲ 🥰
👩ချစ်ကတော့ ကျွန်း ပရိဘောဂပဲဆိုပြီး🥰🥰

အကြိုက်ချင်း မတူလို့ ဝေခွဲရခက်နေလား ?🤔🤔

🤦‍♂️🤦‍♀️ ညှိုနိုင်းမရပဲ စိတ်ကောက်နေကြပြီလား ?

တနေရာတည်း ပရိဘောဂ ၂ မျိုးလုံး
🔷 ကြည့်လို့လည်းရမယ်
🔷 ယှဥ်ကြည့်လို့ရမယ်
🔷 စျေးနှုန်းချိန်ဆလို့ရမယ်

မိမိတို့ နေအိမ် - အခန်းတွေနဲ့ ချိန်ဆပြီး
မိမိနှစ်သက်ရာ ပရိဘောဂတွေကို စိတ်ကြိုက်ရွေးချယ်လို့ရနေပါပြီ 😊
တခါသုံးမဟုတ်ပဲ အစဥ်အမြဲသုံးလို့ရတဲ့
ပရိဘောဂကိုပဲ ရွေးချယ်ဖို့ အကြံပြုပါရစေ 😊

တခါသုံးလို့ ရည်ရွယ်ပြီး ဝယ်တာ မှန်ပေမဲ့
နောက်တခါပြန်ဝယ်ရင် ပိုက်ဆံက ထပ်ကုန်မှာမို့လေ 😊

လူကြီးမင်းတို့ရဲ့ ပိုက်ဆံက ရိုးသားစွာ ရှာဖွေစုဆောင်းထားရတော့ အလေအလွင့်အဖြစ်ခံလို့မရပါဘူး 🥰
မိမိပေးရတဲ့တန်ဖိုးနဲ့ စစ်မှန်တဲ့ အရည်အသွေးကို ရရှိမှသာလျှင် ငွေသုံးစွဲမူ မှန်ကန်တာဖြစ်ပါတယ်
ငွေသုံးစွဲမူမှန်ကန်ခြင်းဟာ ငွေကြေးစုဆောင်းခြင်း တမျိုးဖြစ်ပါတယ် 👌👌👌

ဒါကြောင့်
✅ပစ္စည်းမှန်
✅စျေးနှုန်းမှန်
✅အရည်အသွေးပြည့်မှီတဲ့
ပရိဘောဂမျိုးတွေကိုပဲ ရွေးချယ်ဝယ်ယူသင့်ပါတယ် 🙏🙏🙏

အားလုံးဘဲ - သက်ရှည် - ကျန်းမာ - စိတ်ချမ်းသာလို့ -လိုအင်ဆန္ဒပြည့်ကြပါစေ 🙏🙏🙏
"" အောင်မင်းသူ ပရိဘောဂ ""
✅ ပရိဘောဂနဲ့ပတ်သက်ပြီးသိလိုသမျှကို ✅
အောက်ပါ ဆိုင်ဖုန်းနံပါတ်များကိုဆက်သွယ်ပြီးလည်း စုံစမ်းမေးမြန်းနိုင်ပါတယ် 👇👇👇
☎️☎️☎️ --- 019 541 610 , 09 404 135 318 ( Viber )
☎️☎️☎️ --- 09 793 805 735 ,09 254 020 250
🏘🏘🏘 --- အမှတ်-၁၁၁ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
🏘🏘🏘 --- အမှတ်-၁၁၂ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။

Photos from Aung Min Thu - ပရိေဘာဂ's post 02/02/2022

👨‍👩‍👧‍👦💞 မိသားစု စားပွဲဝိုင်း

ဒီစကားလုံးလေး ကြားလိုက်တာနဲ့ တပြိုင်နက်ထဲ
❣️❣️ ချစ်မိတ်ဆွေတို့ ရင်ထဲမှာ ဘာတွေခံစားလိုက်ရသလဲ ?
❣️❣️ ဘယ်အကြောင်းအရာကို အရင်ဆုံးပြေးမြင်မိနေလဲ?

အဖေ - အမေတို့နဲ့ လက်ဆုံစားရတဲ့ ထမင်းဝိုင်းရဲ့ အရသာ - ကြည်နူးစရာ - ပျော်ရွှင်အမှတ်ရစရာတွေကတော့ ဂန္ထဝင်ပါပဲ 🥰🥰🥰

🔷 ချစ်မိတ်ဆွေတို့ သတိထားမိမယ် ထင်ပါတယ်
TV ကို TV စင်မှာ အကျအနတင်ပြီး မိသားစုအားလုံး စုပေါင်းပြီးကြည့်တဲ့အချိန်တွေ နည်းသွားကြပါပြီ
🤔🤔🤔 ဒါပေမဲ့
TV ကို - TV စင် လှလှလေးပေါ်တင်ထားပြီး
အမြဲဖွင့်ထားတဲ့အချိန်တွေတော့ များနေကြတုန်းပါပဲ😊😊😊

💝💝💝 မိသားစုအားလုံး ဆုံချိန်ဟာ ကျန်တဲ့အချိန်တွေထက် အမေ့ရဲ့ထမင်းဝိုင်းလေးမှာပါပဲ 🥰🥰
✅ မနက်ပိုင်း ထမင်းဝိုင်းကတော့ ရုံးပိတ်ချိန် - ကျောင်းပိတ်ချိန်မှ မိသားစု စုံစုံလင်လင်ရှိပေမဲ့
✅ ညနေပိုင်း မိသားစု ထမင်းဝိုင်းလေးကတော့
အဖေလည်း ရုံးကပြန်လာပြီ အစ်ကို - အစ်မတွေလည်း အလုပ်ပြီးလို့ရောက်နေပြီ
ကျောင်းတက်နေတဲ့ ညီ နှင့် ညီမလေးလည်း ကျောင်းဆင်းလို့ အိမ်မှာရှိနေပြီ 🥰🥰🥰
အမေ့လက်ရာဟင်းတွေကလည်း မွှေးနေပြီ 😋😋
ဗိုက်ကလည်းဆာနေပြီဆိုတော့
အားလုံး ဆုံစည်းတဲ့နေရာ
မိသားစု ထမင်းစားပွဲဝိုင်းလေးရှိတဲ့နေရာဆီ အားလုံး လှမ်းလာကြပါပြီ 🥰🥰🥰

❣️❣️ တခါဝယ်ထားပြီးရင် တစ်သက်လုံးထိုင်စားလို့ရတဲ့
❣️❣️ မိသားစုထမင်းဝိုင်း စားပွဲလေးကိုတော့ ချစ်မိတ်ဆွေတို့အကြိုက် ရွေးချယ်လို့ရပါပြီ

အားလုံးဘဲ - သက်ရှည် - ကျန်းမာ - စိတ်ချမ်းသာလို့ -လိုအင်ဆန္ဒပြည့်ကြပါစေ 🙏🙏🙏

"" အောင်မင်းသူ ပရိဘောဂ ""

✅ ပရိဘောဂနဲ့ပတ်သက်ပြီးသိလိုသမျှကို ✅
အောက်ပါ ဆိုင်ဖုန်းနံပါတ်များကိုဆက်သွယ်ပြီးလည်း စုံစမ်းမေးမြန်းနိုင်ပါတယ် 👇👇👇

☎️☎️☎️ --- 019 541 610 , 09 404 135 318 ( Viber )
☎️☎️☎️ --- 09 793 805 735 ,09 254 020 250

🏘🏘🏘 --- အမှတ်-၁၁၁ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
🏘🏘🏘 --- အမှတ်-၁၁၂ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။

Photos from Aung Min Thu - ပရိေဘာဂ's post 20/01/2022

💞💞 မင်္ဂလာ ကုတင် 💞💞
အားလုံးပဲ ကြားဖူးနေကြ စကားလုံးလေး တလုံးပဲဖြစ်ပါတယ် 💞မင်္ဂလာ ကုတင် 💞

✅ ဒီစကားကို ကြားလိုက်တာနဲ့ တပြိုင်နက်ထဲမှာပဲ
မြန်မာမှု့ မြန်မာ့ဟန်တွေပြည့်နေပြီး ရွှေချထားတဲ့
ရှေးမြန်မာမင်းတွေရဲ့ ကုတင်ကို မြင်ယောင်မိတာ ကျွန်တော် အပါအဝင်ပါပဲ
အမှန်ကတော့ ကျွန်တော်အပါအဝင် မိတ်ဆွေတို့ထင်ထားတဲ့အတိုင်း မဟုတ်မှန်းသိလိုက်ရပါတယ်

✅ ကုတင် ဆိုတာက မိတ်ဆွေတိုင်း သိသလို
ကျွန်တော်တို့ရဲ့ တနေ့တာ ပင်ပန်းမှု့တွေကို ပြေပြောက်စေတဲ့ အိပ်စက်ရာ ကုတင်ဖြစ်ပါတယ်
မိမိတို့ရဲ့ ဘဝအနာဂါတ်တွေကို ပုံဖော်တဲ့နေရာ

💕 ဇနီးမောင်နှံဖြစ်ပါက ဘယ်လောက်ပဲ အခက်ခဲတွေရှိပါစေ
💕 အဲ့လိုအခက်အခဲတွေကို ကျော်ဖြတ်ဖို့ တိုင်ပင်ရာနေရာ
💕 ရွှေနန်းတော်ကြီးထဲမှာ ရွှေကုတင်နဲ့နေနိုင်ဖို့ တိုင်ပင်ရာနေရာ
💕 အခက်ခဲတွေရှိလာရင်လည်း အကောင်းဆုံးရင်ဆိုင်ဖို့ စဥ်းစားတွေးတော ဆုံးဖြတ်ချက်ချရာနေရာဖြစ်ပါတယ်

✅ ဒါကြောင့် မိမိတို့ရဲ့ ဘဝအမောတွေကို ပြေပျောက်စေတဲ့နေရာလေးကိုတော့ သန့်သန့်ရှင်းရှင်း ကောင်းကောင်းမွန်မွန်ရှိစေခြင်းဟာ ဘဝရဲ့ ဆုလာဒ်တခုပါပဲ
🥰🥰🥰 အရည်အသွေးကောင်းမွန်တဲ့ ကျွန်းနဲ့ပြုလုပ်ထားတဲ့ ကုတင်လေးပါ ပေါင်းစပ်လိုက်ရင်တော့ ပိုပြီးပြည့်စုံသွားတာပေါ့ဗျာ 😘😘😘

အားလုံးဘဲ - သက်ရှည် - ကျန်းမာ - စိတ်ချမ်းသာလို့ -လိုအင်ဆန္ဒပြည့်ကြပါစေ 🙏🙏🙏

"" အောင်မင်းသူ ပရိဘောဂ ""

✅ ပရိဘောဂနဲ့ပတ်သက်ပြီးသိလိုသမျှကို ✅
အောက်ပါ ဆိုင်ဖုန်းနံပါတ်များကိုဆက်သွယ်ပြီးလည်း စုံစမ်းမေးမြန်းနိုင်ပါတယ် 👇👇👇

☎️☎️☎️ --- 019 541 610 , 09 404 135 318 ( Viber )
☎️☎️☎️ --- 09 793 805 735 ,09 254 020 250

🏘🏘🏘 --- အမှတ်-၁၁၁ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
🏘🏘🏘 --- အမှတ်-၁၁၂ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။

03/01/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား
မြန်မာနိုင်ငံသားအားလုံးနှင့်အတူ " အောင်မင်းသူ ပရိဘောဂ " မိသားစုမှဂုဏ်ပြုကြိုဆိုပါသည်။

ညီညွတ်ရေးဆိုတာ
တိုင်းသူပြည်သားလူအများဟာ ဥမကွဲ၊ သိုက်မပျက် တညီတညွတ်တည်း စည်းကမ်းတကျရှိဖို့လိုတယ်။
မလိုတဲ့သူတွေက ဘယ်လိုတိုက်တိုက်၊ ရှို့ရှို့၊ စစ၊ မိမိတို့ အဓိကပန်းတိုင်ကို မျက်ခြည်ပြတ်မခံဘဲ၊ လမ်းမလွဲအောင် ကြိုးစားဖို့လိုတယ်။
( ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ည ၇ နာရီ၊ မိနစ် ၄၀ အချိန် ရေဒီယိုမှ ထုတ်လွှင့်ခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)

Photos from Aung Min Thu - ပရိေဘာဂ's post 02/01/2022

🧡 ကျွန်းသား စစ်စစ် ဆက်တီထိုင်ခုံ 🧡
#ဆက်တီထိုင်ခုံဆိုတာ
🔶 မိတ်ဆွေတွေလာရင် ဧည့်ခန်းမှာ
သက်သောင့် သက်သာနဲ့ ထိုင်လို့ရရုံမက မင်္ဂလာသတင်းတွေ စုဝေးတိုင်ပင်တဲ့နေရာဆိုလည်း မမှားပါဘူး
🔷 လူကြီး လူငယ်မရွေး ထိုင်တဲ့နေရာမို့
ထိုင်ခုံရဲ့ အနေအထားဟာ လေဝင်လေထွက်
ကောင်းရမယ် ထိုင်လိုက်တာနဲ့ စိတ်ရဲ့ လွတ်လပ်မူ့ရယ်
လူတိုင်းအတွက် စိတ်ချမ်းသာစေတဲ့ နေရာလေးဖြစ်နေမှာ အမှန်ပါ

❤️ ကျွန်းသစ်နဲ့ပြုလုပ်ထားလို့
ဧည့်ခံတဲ့နေရာမှာလည်း ဂုဏ်မငယ်စေတာ အမှန်ပါ
#ကျွန်းသစ်ပရိဘောဂတွေကို ရွေးချယ်လိုက်ပြီဆိုရင်
✅ သက်တမ်းကြာရှည်စွာ ခိုင်ခ့ံခြင်း
✅ ဆေးသား အထူးကောင်းမွန်ခြင်း
✅ သစ်သား ကျုံ့ခြင်း - ကျဲသွားမူ့မရှိခြင်း
✅ ရာသီဥတုဒဏ်ခံနိုင်ခြင်းတွေက ဘယ်အရာနဲ့မှ အစားထိုးလို့မရပါဘူး

💁💁 ဒါကြောင့် - မိတ်ဆွေတို့အနေနဲ့ ပရိဘောဂတွေကို
ရွေးချယ်တော့မယ်ဆိုရင်
ကျွန်းသားစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂတွေကိုပဲ ရွေးချယ်သင့့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်

✅ ဆိုင်ဖွင့်သက်တမ်း - နှစ်ပေါင်း ( ၃၀ ) ကျော်ရှိနေပြီဖြစ်တဲ့
" အောင်မင်းသူ ပရိဘောဂ " က ကိုယ်တိုင်ပြုလုပ်ထားလို့
🔴 ကျွန်းမစစ်ဘူး - လက်ရာ မသေသပ်ဘူးဆို
🔴 ငွေတပြားတချပ်မှပေးစရာမလိုပဲ အလကားယူသွားပါ

အားလုံးဘဲ - သက်ရှည် - ကျန်းမာ - စိတ်ချမ်းသာလို့ -လိုအင်ဆန္ဒပြည့်ကြပါစေ 🙏🙏🙏
"" အောင်မင်းသူ ပရိဘောဂ ""
✅ ပရိဘောဂနဲ့ပတ်သက်ပြီးသိလိုသမျှကို ✅
အောက်ပါ ဆိုင်ဖုန်းနံပါတ်များကိုဆက်သွယ်ပြီးလည်း စုံစမ်းမေးမြန်းနိုင်ပါတယ် 👇👇👇
☎️☎️☎️ --- 019 541 610 , 09 404 135 318 ( Viber )
☎️☎️☎️ --- 09 793 805 735 ,09 254 020 250
🏘🏘🏘 --- အမှတ်-၁၁၁ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
🏘🏘🏘 --- အမှတ်-၁၁၂ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။

31/12/2021

မြန်မာနိုင်ငံသူ - မြန်မာနိုင်ငံသားများအားလုံး
ကိုယ်စိတ်နှစ်ပါး နွေးထွေးမူတွေနဲ့ပြည့်စုံတဲ့
2022 - ခု နှစ်ဖြစ်ပါစေ...🙏🙏🙏

ကျန်းမာခြင်း - ချမ်းသာခြင်း - ချစ်ခြင်း -
ကြီးပွားတိုးတက်ခြင်းတွေနဲ့ ဖြတ်သန်းနိုင်ကြပြီး
ဆန္ဒနဲ့ ဘ၀ ထပ်တူကျပါစေကြောင်း
လေးလေးစားစားနဲ့ "" အောင်မင်းသူ ပရိဘောဂ "" မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်....🙏🙏🙏

☎️☎️☎️ --- 019 541 610 , 09 404 135 318 ( Viber )
☎️☎️☎️ --- 09 793 805 735 ,09 254 020 250
🏘🏘🏘 --- အမှတ်-၁၁၁ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
🏘🏘🏘 --- အမှတ်-၁၁၂ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။

Photos from Aung Min Thu - ပရိေဘာဂ's post 11/12/2021

#ကျွန်းသစ် အကြောင်း သိကောင်းစရာ
🔷 ကျွန်းသစ်လို့ပြောလိုက်တာနဲ့ မြန်မာတွင်သာမက ကမ္ဘာမှာပါ တန်ဖိုးအရှိဆုံး သစ်အမျိုးအစားဖြစ်တယ်ဆိုတာ မိတ်ဆွေတိုင်း သိကြပါတယ်
#ကျွန်းသစ်ဟာ မြန်မာမင်းများရဲ့ ထီးသုံးနန်းသုံးသစ်ဖြစ်တယ်ဆိုတာကို သိသာစေသောအချက်မှာ
ခရစ် ၁၇၅၂ ခုနှစ်တွင် အလောင်းမင်းတရားကြီးသည် ကျွန်းပင်များကို ခုတ်လှဲခြင်းမပြုရ ၊ ကျွန်းသစ်များသည် ဘုရင့်ဘဏ္ဍာတော် ပစ္စည်းဖြစ်သည်ဟု ကြေညာ ပညတ်တော်မူခဲ့သည်။
✅ ကျွန်းသားသည် မာ၍ခိုင်ခံ့သည်။
ကျုံ့ခြင်း - ကြွခြင်း မရှိပါ။ ထိုဂုဏ်သတ္တိများကြောင့် ကမ္ဘာပေါ်၌ ပထမတန်းစားသစ်အဖြစ် ထင်ရှားလေသည်။
✅ရာသီဥတုအမျိုးမျိုး၏ ဒဏ်ကိုခံရသော ---
မီးရထား နှင့် သင်္ဘောများတည်ဆောက်ရာ၌သုံးသည်
♦️ကမ္ဘာကျော် - မြန်မာကျော် မြနန်းစံကျော် ရွှေနန်းတော် ( ရွှေကျောင်း ) ကိုလည်း ကျွန်းဖြင့်တည်ဆောက်ထားပါတယ်
♦️ကမ္ဘာကျော် - မြန်မာကျော် ဦးပိန်တံတားကိုလည်း ကျွန်းဖြင့်တည်ဆောက်ထားပါတယ်
♦️ကမ္ဘာကျော် - မြန်မာကျော် ဗားကရာကျောင်းတော်ကြီးကိုလည်း ကျွန်းဖြင့်တည်ဆောက်ထားပါသည်။
🔶အခြားကျွန်းအသုံးပြုမှု့များမှာ ----
အိမ်ဆောက်ခြင်း - ပရိဘောဂပြုလုပ်ခြင်း - သိပ္ပံလက်တွေ့စမ်းသပ်ခန်းသုံး ထိုင်ခုံ နှင့် စားပွဲများပြုလုပ်ခြင်း - ကြမ်းခင်းများပြုလုပ်ခြင်း စသည့်နေရာအများအပြားမှာ အသုံးပြုကြပါတယ်
✅ ဒါကြောင့် ကျွန်းသစ်နဲ့ပြုလုပ်ထားသော ပရိဘောဂအမျိုးမျိုးသည်လည်း အရည်အသွေးက ပထမတန်းစားဖြစ်နေပြီး အသုံးပြုသူအပေါင်းကို စိတ်ချမ်းသာစေတာ အမှန်ပဲဖြစ်ပါတယ်ဆိုတာကို
ဗဟုသုတဖြစ်စေဖို့ တင်ပြပေးလိုက်ပါတယ် ခင်ဗျာ

အားလုံးဘဲ - သက်ရှည် - ကျန်းမာ - စိတ်ချမ်းသာလို့ -လိုအင်ဆန္ဒပြည့်ကြပါစေ 🙏🙏🙏

"" အောင်မင်းသူ ပရိဘောဂ ""

✅ ပရိဘောဂနဲ့ပတ်သက်ပြီးသိလိုသမျှကို ✅
အောက်ပါ ဆိုင်ဖုန်းနံပါတ်များကိုဆက်သွယ်ပြီးလည်း စုံစမ်းမေးမြန်းနိုင်ပါတယ် 👇👇👇

☎️☎️☎️ --- 019 541 610 , 09 404 135 318 ( Viber )
☎️☎️☎️ --- 09 793 805 735 ,09 254 020 250

🏘🏘🏘 --- အမှတ်-၁၁၁ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
🏘🏘🏘 --- အမှတ်-၁၁၂ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။

Photos from Aung Min Thu - ပရိေဘာဂ's post 01/02/2021

✅✅ မတော်တဆ အန္တရာယ်များကို ကာကွယ်ပေးမဲ့ ဖိနပ်စင်လေး ✅✅

🆗 ဘဝခရီးလမ်းကို လျှောက်လမ်းဖို့ နေ့စဉ်နဲ့အမျှ
ကိုယ့်အောက်ကနေ ဖြစ်လာမဲ့အန္တရာယ်တွေကို ကာကွယ်ပေးနေတာကတော့ ကျွန်တော်တို့ စီးနေတဲ့ ဖိနပ်တွေပါပဲ

⭕️ကိုယ့်ခြေဖဝါးကို ထိုးဖောက်မဲ့ သံချောင်းလိုအန္တရာယ်တွေနဲ့ အညစ်အကြေးတွေကိုလည်း အမြဲတမ်းပဲ ကာကွယ်ပေးနေပါတယ်
🔰အိမ်ပြန်ရောက်လို့ ဖိနပ်တွေကို ဖိနပ်စင်ပေါ်မှာချွတ်ထားလိုက်ပါတယ်
🔰မိသားစုနေအိမ်မှာ မိသားစုများနေမယ်ဆိုရင် ဖိနပ်စင်ပေါ်မှာ
#ဖိနပ်တွေနဲ့ ရှုပ်ပွနေပြီး အတက်အဆင်းလုပ်ရတာ အန္တရာယ်များပါတယ်

✅အထူးသဖြင့် အသက်အရွယ်ကြီးပြီး မျက်စိမှုန်တဲ့ အမိ - အဖ - အဘိုး - အဘွားတွေရှိမယ်
🔴ကလေးတွေလည်း ရှိမယ်ဆိုရင် မတော်တဆဖြစ်မဲ့ အန္တရာယ်က ပိုများပါတယ်
🚷 အသက်ကြီးတဲ့သူတွေ နဲ့ ကလေးတွေက အိမ်အောက်ကို အတက်အဆင်းလုပ်တဲ့အခါမှာ
🚷 ရှုပ်ပွအောင်ချွတ်ထားတဲ့ ဖိနပ်ကြိုးတွေနဲ့ငြိမိပြီး မတော်တဆပြုတ်ကျတာ - လဲကျတာတွေဖြစ်လေ့ရှိပါတယ်

⭕️မိမိကိုယ်တိုင်လည်း အလုပ်အရေးကြီးလို့ ဆင်းတဲ့အခါ ဖိနပ်တွေနဲ့ငြိပြီး လဲကျတတ်ပါတယ်
⭕️မတော်တဆဖြစ်တာကပဲ တခါတလေမှာ ဆုံးရှုံးလိုက်ရတဲ့တန်ဖိုးဟာ ကြီးမားလွန်းလှပါတယ်

✅မတော်တဆ ဘေးအန္တရာယ်ကနေ ကာကွယ်ပေးဖို့ဆိုရင်တော့
✅နေရာလည်းသိပ်မယူတဲ့ ဖိနပ်စင်လေးထားလိုက်တာဟာ အကောင်းဆုံးပါပဲ
🆗 ဖိနပ်စင်လေးမှာ ဖိနပ်ထားဖို့
🆗 အမိ-အဖက တဆင့်
🆗 မိမိတို့က တဆင့်
🆗 ကလေးများက တဆင့် သပ်သပ်ရပ်ရပ်လေးဖြစ်သွားတာပေါ့

✅မိမိနဲ့ မိမိရဲ့ ကလေးများကိုလည်း စည်းကမ်းတကျ - စနစ်တကျ
✅နေတတ်ထိုင်တတ်အောင် နည်းလမ်းပြပြီးသားလည်းဖြစ်သွားပါတယ်

👌👌👌 စည်းကမ်းတွေကိုသာ စနစ်တကျလက်ဆင့်ကမ်းခဲ့မယ်ဆိုရင်
👌👌👌 ဘေးအန္တရာယ် - ရန်အပေါင်းတွေမှလဲ တဖြည်းဖြည်းနဲ့ဝေးသွားမှာ အမှန်ပါပဲ
မတော်တဆ အန္တရာယ်များကို ကာကွယ်ပေးမဲ့
ဖိနပ်စင်လေးတွေကတော့ အိမ်တိုင်းမှာရှိရင်အကောင်းဆုံးပါပဲ...👌👌👌

အားလုံးဘဲ - သက်ရှည် - ကျန်းမာ - စိတ်ချမ်းသာလို့ -လိုအင်ဆန္ဒပြည့်ကြပါစေ 🙏🙏🙏
"" အောင်မင်းသူ ပရိဘောဂ ""
🤗🤗🤗 ပရိဘောဂနဲ့ပတ်သက်ပြီးသိလိုသမျှကို 🤗🤗🤗
အောက်ပါ ဆိုင်ဖုန်းနံပါတ်များကိုဆက်သွယ်ပြီးလည်း စုံစမ်းမေးမြန်းနိုင်ပါတယ် 👇👇👇
☎️☎️☎️ --- 019 541 610 , 019 548 505
☎️☎️☎️ --- 09 775 338 944 ,09 772 049 412 ( Viber ) , 09 408 720 207 ( Viber )
🏘🏘🏘 --- အမှတ်-၁၁၁ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
🏘🏘🏘 --- အမှတ်-၁၁၂ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။

26/01/2021

🙏🙏🙏 မိဘတို့အား အကောင်းဆုံး ကျေးဇူးဆပ်နည်း 🙏🙏🙏
" ပုခုံးထက် ထမ်းလျက်ထား အမိ အဖအား - ညောင်းညာပင်ပန်း နှိပ်နယ်ပေး
ရေပူ-ရေအေး ပေး - ကျင်ကြီးကျင်ငယ်စွန့် ပေးစေ - လုပ်ကြွေးပြုစုပေ "
ရဟန်းတို့ - ဤသို့ပင် အသက်ထက်ဆုံး လုပ်ကျွေးပြုစုသော်လည်း
အမိအဖတို့ အပေါ်၌လုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ပေးသည် မမည်သေး....
✅ရဟန်းတို့ ၊ အမှန်စင်စစ်အားဖြင့် အကြင်သူသည်
✅သဒ္ဓါတရား ခေါင်းပါးသော မိဘတို့ကို
သဒ္ဓါတရား ရှိအောင် ဆောင်ရွက်ပေး၏။ 🙏🙏🙏
✅သီလ မရှိသော မိဘတို့ကို
သီလရှိအောင် ဆောင်ရွက်ပေး၏။🙏🙏🙏
✅နှမြောဝန်တိုသော မိဘတို့ကို
စွန့်ကြဲလှူဒါန်းအောင် ဆောင်ရွက်ပေး၏။🙏🙏🙏
✅ပညာမရှိသော မိဘတို့ကို
ပညာရှိအောင် ဆောင်ရွက်ပေး၏။🙏🙏🙏
ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့်
အမိအဖတို့ အပေါ်၌
လုပ်သင့် လုပ်ထိုက်သည်ကို လုပ်သည်မည်၏။🙏🙏🙏
ပြာသိုလ်လပြည့် အမေများနေ့မှာ
မိခင်များအားလုံးကို
"" အောင်မင်းသူ ပရိဘောဂ "" မိသားစုမှ
ဦးညွတ်ဂါရဝပြုပါတယ်....🙏🙏🙏

Photos from Aung Min Thu - ပရိေဘာဂ's post 18/01/2021

အိမ်ထဲက အရှုပ်တွေကိုရှင်းဖို့ ဘာတွေလိုအပ်မလဲ ?
======================================
🟡 ကမ္ဘာမြေမှာခိုလှုံရာ ခေါ်ဆိုခဲ့အိမ်
🟡 ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်
🟡 ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
🟡 နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်
❣️ဒီလို တေးသံတွေကို နားထောင်မိသူတိုင်း
❣️အရမ်းပဲ နွေးထွေးမူ့တွေနဲ့ပြည့်စုံတဲ့
❣️ချစ်စရာမိသားစုနေအိမ်အတွင်းမှာ
တကယ်လို့များ မြင်မကောင်းအောင် ရှုပ်ပွနေပြီဆိုရင်
ဘယ်သူ့မှာ တာဝန်ရှိလည်းဆိုရင် မိသားစုတဦးချင်းစီတိုင်းမှာ တာဝန်ရှိပါတယ်
တာဝန်တွေကို ခွဲပေးမှလုပ်တတ်တာမဟုတ်ပဲ
ကိုယ့်အသိစိတ်ဓါတ်နဲ့ သန့်ရှင်းရေးလုပ်ဖို့ အရမ်းပဲလိုအပ်လှပါတယ်
✅မိမိအသုံးပြုလိုက်တဲ့ အမှိုက်စတွေကို
✅အိမ်ထဲမှာ ရှုပ်ပွနေအောင် မပစ်ထားပဲ
✅အမှိုက်ပုံးထဲမှာ စနစ်တကျ စွန့်ပစ်ခြင်းဟာ
✅တာဝန်သိတတ်ခြင်းပါပဲ
အမှိုက်တွေကို ပစ်ဖို့ အမှိုက်ပုံးရှိသလိုပဲ
အိမ်ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို
စနစ်တကျ သပ်သပ်ရပ်ရပ် - သေသေသပ်သပ်
သိုမှီးသိမ်းဆည်းထားဖို့အတွက် ဘီဒို ဆိုတာလိုအပ်ပါတယ်
🔴 ဥပမာ - ခုဆောင်းတွင်းပိုင်းမှာဆိုရင်
စောင်တွေအများကြီးအသုံးပြုကြတယ်
ဆောင်းတွင်းကျော်လွန်သွားရင် ဒီစောင်တွေကို စနစ်တကျ ဘီဒိုထဲမှာ ပြန်ပြီးသိမ်းဆည်းလိုက်ကြပါတယ်။
✅အဲ့ဒီလိုပဲ အသုံးမလိုသေးတဲ့ ပုဂံတွေ နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကိုလည်း ဘီဒိုတွေထဲမှာပဲ
သိမ်းဆည်းထားကြပါတယ်
ဒီမှာမေးစရာတခုရှိတာက အပြင်မှာ သိမ်းထားလို့မရဘူးလားဆိုတဲ့မေးခွန်းပါပဲ
✅ဟုတ်ကဲ့ --- ရပါတယ် -- ဒါပေမဲ့ --- အန္တရာယ်ရှိပါတယ်
🔴ကြွက် - ပိုးဟပ် - ဖုန်တင်ခြင်း အခြားသော ဆိုးကျိုး
🔴အန္တရာယ်တွေရှိတယ်ဆိုတာ မေ့ထားလို့မရပါဘူး
🔶ဘီဒိုဆိုတာ အမေလို့ခေါ်တဲ့ အိမ်ရှင်မတွေရဲ့
🔶အဖော်မွန်ကောင်းတယောက်လိုပါပဲရှင့်
🔶ဖခင်တွေအတွက်ဆိုလည်း စီးတဲ့ရေ - ဆည်တဲ့ကန်သင်းလိုပါပဲရှင့်
မိသားစုပျော်ရွှင်ဖို့ မိမိရှာလို့ရတဲ့ငွေကြေးနဲ့ ဝယ်ယူထားတဲ့
အသုံးအဆောင်ပစ္စည်းတွေကို မပျက်မစီး - မပျောက်ပျက်အောင်
စနစ်တကျ သပ်သပ်ရပ်ရပ် - သေသေသပ်သပ်
သိုမှီးသိမ်းဆည်းထားဖို့အတွက် ဘီဒို ဆိုတာလိုအပ်လှပါတယ်ရှင့်
✅အိမ်ထဲက ပစ္စည်းတွေကိုရှုပ်ပွနေအောင်မထားမှသာလျှင်စိတ်ကြည်လင်လန်းဆန်းပြီး အလုပ်တွေလွယ်ကူပြီး မြန်မြန်ပြီးမြောက်ပါလိမ့်မယ်ရှင့်
⚠️ဒါဆိုရင် အိမ်ထဲက အရှုပ်တွေကိုရှင်းဖို့ ဘာတွေလိုအပ်မလဲဆိုတာ မိတ်ဆွေတို့ နားလည်သွားပြီမဟုတ်လားရှင့်......
အားလုံးပဲ - သက်ရှည် - ကျန်းမာ - စိတ်ချမ်းသာလို့ -လိုရာပြည့်ကြပါစေ 🙏🙏🙏
"" အောင်မင်းသူ ပရိဘောဂ ""
🤗🤗🤗 ပရိဘောဂနဲ့ပတ်သက်ပြီးသိလိုသမျှကို 🤗🤗🤗
အောက်ပါ ဆိုင်ဖုန်းနံပါတ်များကိုဆက်သွယ်ပြီးလည်း စုံစမ်းမေးမြန်းနိုင်ပါတယ် 👇👇👇
☎️☎️☎️ --- 019 541 610 , 019 548 505
☎️☎️☎️ --- 09 775 338 944 ,09 772 049 412 ( Viber ) , 09 408 720 207 ( Viber )
🏘🏘🏘 --- အမှတ်-၁၁၁ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
🏘🏘🏘 --- အမှတ်-၁၁၂ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။

Photos from Aung Min Thu - ပရိေဘာဂ's post 05/01/2021

History Of Aung Min Thu Furniture
နှစ်ပေါင်း ၃၀ ကျော်တိုင်အောင် ခိုင်ခိုင်မာမာနဲ့ အောင်မြင်စွာရပ်တည်ခဲ့တဲ့
Aung Min Thu Furniture ဟာ ၁၉၉၀ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ
" အောင်မင်းသူ ပရိဘောဂ " အမည်ဖြင့် ဦးအောင်မင်း + ဒေါ်တင်တင် တို့မှစတင်တည်ထောင်ခဲ့ပြီး
ထုတ်လုပ်မှုနည်းပညာများကိုလည်း လိုအပ်ချက်အရ အဆင့်ဆင့်ပြောင်းလဲလုပ်ဆောင်ခဲ့ပါတယ် ..

✅✅ အောင်မင်းသူ ပရိဘောဂ " နှစ်ပေါင်း ၃၀ ကျော်တိုင်အောင် ရပ်တည်ခဲ့တဲ့ အဓိကလျှို့ဝှက်ချက်များမှာ...

#ကျွန်းအစစ် - ကျွန်းသားအသစ်များကိုပဲ အသုံးပြုထားကြောင်း အာမခံပါတယ် ✅
#မီးလောင်ထားသော ကျွန်း နှင့် ကျွန်းသားများကို လုံး၀ ( လုံး၀ ) အသုံးမပြုပါ ✅
#အသုံးပြုပြီးသော ကျွန်းသားဟောင်းများကိုလည်း လုံး၀ ( လုံး၀ ) အသုံးမပြုပါ ✅
#အောင်မင်းသူ ပရိဘောဂရှိ ကျွန်းပစ္စည်းတိုင်းတွင် တခြားမည့်သည့် သစ်အမျိုးအစားကိုမှရောနှော အသုံးပြုခြင်းမရှိပါ ✅
#ရာဘာ Wood ရယ် တခြား မော်ဒန်ပရိဘောဂများကိုလည်း တနေရာတည်းတွင် စုံစုံလင်လင်ရရှိနိုင်ပါသည် ✅✅✅
#ဈေးနှုန်းမှန်ကန်ခြင်း ✅✅✅
များကို ပေးလိုက်သော ကတိ တည်မြဲခြင်း ✅✅✅
#အော်ဒါအပ်သည့် ပစ္စည်းအချိန်မှန်ကန်ခြင်း
#ပစ္စည်းအရည်အသွေးထိန်းသိမ်းနိုင်ခြင်း

ဒီအချက်တွေကပဲ " အောင်မင်းသူ ပရိဘောဂ "ကို နှစ်ပေါင်း ၃၀ ကျော်တိုင်အောင်
ရပ်တည်စေခဲ့တယ်ဆိုရင်လည်း မမှားပါဘူး...

✅✅ အထူးအားဖြင့် အောင်မင်းသူ ပရိဘောဂ ကို အစဉ်တစိုက်ယုံကြည်စွာ ဝယ်ယူအားပေးကြတဲ့
မိဘပြည်သူအပေါင်းကြောင့်လည်းပဲ ရပ်တည်နေနိုင်တာဆိုရင် ပိုတယ်လို့မဆို လိုတောင်လိုနေပါသေးတယ်...

" အောင်မင်းသူ ပရိဘောဂ " တည်ထောင်ကာစ နှစ်များအတွင်းမှာ
လက်သုတ်ဆေး ပေါလစ်နဲ့စပြီး
ဖော်မီကာ - အထပ်သားနဲ့ တဖြည်းဖြည်း အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီး

ယနေ့တွင်မူ - သျှီလာ ( နိုင်ငံခြားဆေး ) ၊ Betex ( စင်္ကာပူဆေး ) တမျိုးတည်းကိုပဲအသုံးပြုထားပါတယ်
" အောင်မင်းသူ ပရိဘောဂ "မှ ထုတ်လုပ်သော ပရိဘောဂများပစ္စည်းတိုင်းတွင် ဆေးများညီစေရန်အတွက်
စပရေးမှုတ်ဆေးကိုအသုံးပြုပြီး ဆေးများကိုသုတ်လိမ်းပေးထားပါတယ်

ဒီလို အဆင့်ဆင့်ပြောင်းလဲလုပ်ဆောင်ခဲ့တဲ့နေရာမှာလဲ
မူလလက်ဟောင်းနည်းစနစ်တွေကို လုံးဝပစ်ပယ်ထားခြင်း
မဟုတ်ပဲ ခေတ်နဲ့လျော်ညီတဲ့ နည်းပညာအသစ်တွေနဲ့
ပေါင်းစပ်ကာ အကောင်းဆုံး ဖန်တီးခဲ့ကြပါတယ် ..
နိုင်ငံတကာအဆင့်မှီ ပရိဘောဂ ထုတ်ကုန်တွေဖြစ်လာဖို့
" အောင်မင်းသူ ပရိဘောဂ " မှ ဂုဏ်ယူစွာကြိုးစားလျက်ရှိနေပါတယ် ❤️❤️

မှတ်ချက် ။ ။ ဖော်ပြထားသောပုံများမှာ မှတ်တမ်းတင်ထားခဲ့သောပုံများဖြစ်လို့
ကာလာနဲ့ဆေးသား မှေးမှိန်ခြင်းများရှိပါတယ်။

အားလုံးဘဲ - သက်ရှည် - ကျန်းမာ - စိတ်ချမ်းသာလို့ -လိုအင်ဆန္ဒပြည့်ကြပါစေ 🙏🙏🙏

"" အောင်မင်းသူ ပရိဘောဂ ""

🤗🤗🤗 ပရိဘောဂနဲ့ပတ်သက်ပြီးသိလိုသမျှကို 🤗🤗🤗
အောက်ပါ ဆိုင်ဖုန်းနံပါတ်များကိုဆက်သွယ်ပြီးလည်း စုံစမ်းမေးမြန်းနိုင်ပါတယ် 👇👇👇

☎️☎️☎️ --- 019 541 610 , 019 548 505
☎️☎️☎️ --- 09 775 338 944 ,09 772 049 412 ( Viber ) , 09 408 720 207 ( Viber )

🏘🏘🏘 --- အမှတ်-၁၁၁ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
🏘🏘🏘 --- အမှတ်-၁၁၂ သမိန်ဗရမ်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။

03/01/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အား
မြန်မာနိုင်ငံသားအားလုံးနှင့်အတူ အောင်မင်းသူ ပရိဘောဂ မိသားစုမှဂုဏ်ပြုကြိုဆိုပါသည်။

‘တိုင်းပြည်တစ်ပြည် ထူထောင်တာဟာ ဘယ်လောက် ခက်ခဲတယ်၊
အတက် အကျ၊ လောကဓံအမျိုးမျိုးကို တွေ့ရ တယ်ဆိုတာ၊
ကမ္ဘာ့ရာဇဝင်သိတဲ့လူတိုင်းတော့ ဆင်ခြင်နိုင် ကြမှာပါ။
ဒါကြောင့် အမြင်ကျယ်ကျယ်၊
အမြော်အမြင်ကြီးကြီးနဲ့ စိတ်မပျက်လက်မပျက်ဘဲ၊
ရသမျှ အခွင့်အရေးကိုရတုန်း၊ မိမိရရယူကြရလိမ့်မယ်၊
ဒါမှ ကျုပ်တို့ မြန်မာပြည်ကြီးကျုပ်တို့ ချစ်ရာရောက်မယ်။ ကျုပ်တို့ ပြန်လည်ထူထောင်နိုင်မယ်’

(၁၉၄၄ ခုနှစ် နိုဝင်ဘာလ ဗိုလ်ချုပ်အောင်ဆန်း)

Want your business to be the top-listed Furniture Store in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Thamainbayan Road
Yangon
11211

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30