18/06/2018
KENBO Smartphone ရဲ့ အသစ်ထပ်မံထွက်ရှိတဲ့  Hero3 Lite ပါ။
ဈေးနှုန်းသက်သာတယ်......(89800)ပဲ။
အရည်သွေးအမြင့်၊Function အမြင့်.............(Android Go နော်)
မြင်ကွင်းကျယ်ကျယ်ကြည့်ရှုနိုင်မယ့်...........Full View (18:9)
ကာလာကကော ...........ရွှေရောင်၊အနက်ရောင်နဲ့ မီးခိုးရောင်ဆိုပြီး သုံးမျိုးတောင်ဗျာ....။
Screen Size က ....5.45inches
ခဲခြစ်ကံစမ်းမဲကလည်းပါသေး......။
မနှေးအမြန်ကြွခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါရစေ။
K
14/06/2018
ကဲ........ညီအစ်ကိုတို့.......။
ဒီနေ့ ကမ္ဘာ့ဖလားစပြီနော်........။
ဘောလုံးပွဲ ကြည့်ဖို့ မြင်ကွင်းကျယ်ကျယ်နဲ့ Smartphone ကို လိုချင်ရင်တော့ KENBO ရဲ့ New Product ဖြစ်တဲ့ Hreo 3 lite ကို ညွှန်းဆိုပါရစေ။
မကြာမှီ.......လာမည်......မျှော်
15/02/2018
မင်္ဂလာပါ။
Kenbo ချစ်သူတို့ ရေ………..
မကြာခင်မှာရောက်ရှိလာတော့မယ့် တရုတ်နှစ်သစ်ကူးအခါသမယမှာ အားလုံးပဲပျော်ရွှင်နိုင်ကြပါစေ။
စီးပွားလာဘ်လာဘများတိုးပွားနိုင်ပါစေ။
04/12/2017
#ဘယ်လိုဖုန်းမျိုးဝယ်မလဲ???
++++++++++++++++%
*ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်
ဖုန်းအကြောင်းနည်းနည်းလေးတော့်သိထားဖို့လိုအပ်ပါတယ်
တစ်ချို့နည်းပညာတွေနဲ့
အလှမ်းဝေးနေကြပါတယ်လေ့လာဖို့အချိန်မပေးနိုင်ကြပါဘူး။
*ဖုန်းဝယ်တော့မယ်ဆိုမှ ဟိုဖုန်းကောင်းလား ဒီဖုန်းကောင်းလား
လိုက်မေးကြရပါတယ်
အဲဒီမှာစတော့တာပါပဲ ၀ယ်လာပြီးမှဟိုဟာမကောင်း ဒီဟာမကောင်း ဖြစ်ကုန်တော့တာပါပဲ။
ဒီပို့(စ်)လေးဆုံးအောင်ဖတ်ပြီးရင်တော့
အနည်းငယ်နားလည်လာပါလိမ့်မယ် ကျွန်တော်ကိုယ်တိုင်လည်း
သိတတ်လို့မဟုတ်ပါ
ခဏ ခဏ ခံရလို့နားလည်လာတာပါ။
ဝယ်ပြီးရင်ပြန်လဲလို့အဆင်မပြေသလို လွှင့်ပစ်ဖို့လည်းခက်ပါတယ်
သူဌေးတွေကတော့ ဒီ post ကိုဖတ်ဖို့မလိုပါဘူးကျော်သွားပါ
ကျွန်တော်တို့လို အခြေခံလူတန်းစားတွေအတွက်ပါ
နည်းနည်း လေရှည်မိသွားပြီ
**ဖုန်းတစ်လုံးမှာ ဘာတွေအရေးကြီးလဲဆိုရင်**
(1)RAM=RAM ဆိုတာ Random Access Memory ပါ။
မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရင်တော့ ကျပန်းဝင်ရောက်နိုင်သော သိမ်းဆည်းသူပေါ့။အလွယ်ပြောရရင် မန်မိုရီပါ။ဒါပေမဲ့ မန်မိုရီထက် ပိုပါတယ်။ ဖုန်းတစ်လုံးမှာမန်မိုရီကဒ်မရှိလည်း အလုပ်လုပ်တယ် သူမရှိရင်တော့ အလုပ်မလုပ်ဘူး မြန်တာ၊နှေးတာ၊လိုင်းကောင်းတာ၊ မကောင်းတာ၊ကျော်ခွတာတွေကအစ သူနှင့်ဆိုင်တယ် ပြောရရင်တော့ အများကြီးပေါ့ဗျာ၊၊ နောက်မှပဲ RAMကိုဆက်တာပေါ့
RAM များတဲ့ဖုန်းက နည်းတဲ့ဖုန်းထက်ပိုသွက်မှာပဲ မယုံရင်
SAMSUNG RAM 500 လောက်ရှိတဲ့ဖုန်းနှင့် နာမည်မရှိတဲ့ဖုန်းRAM
2GBလောက်ရှိတဲ့ ဖုန်းကိုယှဉ်သုံးကြည့်ပါ။
ဒါကြောင့် ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် အနည်းဆုံး RAN 1GBရှိရ ပါမယ်။ဘယ်လိုကြည့်မလဲဆိုရင် ဖုန်းဝယ်ရင် ဘူးခွံမှာပါပါတယ်သေချာ ကြည့်ပါ။
(2)BATTERY= ဖုန်းတစ်လုံးမှာ ဘက္ထရီကလည်း အရမ်းအရေးကြီးပါတယ် ဘက္ထရီမကောင်းရင် POWER BANK ၀ယ်ထားဖို့ပြင်ပါ။
ဒါကြောင့်ဖုန်းတစ်လုံးဝယ်ရင် အနည်းဆုံး
BATTERY 2700MAH ရှိရပါမယ်
(မှတ်ချက်= မှန်မျက်နှာပြင်ပေါ်မူတည်ပြီးစဉ်းစားပါ)
5.0" အတွက်=2700MAH
(3) CAMERA=ခေတ်က ဆယ်ဖီ(လ်)ခေတ်ဖြစ်နေတဲ့အတွက်
ကင်မရာမကောင်းလို့မဖြစ်တော့ပါဘူး
ဒါကြောင့်ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်
အနည်းဆုံး
နောက်ကင်မရာ 8MP
ရှေ့ကင်မရာ 5MP ရှိရပါမယ်
(4)CPU=CPU ဆိုတာလည်း ဖုန်းတစ်လုံးမှာအရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပါပဲ
သူကပြောရရင် ဌာနတစ်ခုဆို မန်နေဂျာပဲ
လူဆိုရင် သမ္မတပဲဗျ ဘာလို့လဲဆိုရင် ဘာပဲလုပ်လုပ် သူကနေချိတ်ဆက်ပြီးမှ အလုပ်လုပ်ရတယ် သူကတဆင့်ညွှန်ကြားရတယ်
ဒါကြောင့်ဖုန်းတစ်လုံးဝယ်မယ်ဆိုရင်
အနည်းဆုံး 1.0GHzရှိရပါမယ်
(5)VERSION=ကတော့ သိတဲ့အတိုင်းမြင့်လေကောင်းလေပေါ့နော်
အခုအကောင်းဆုံးဗားရှင်းကတော့ နောက်ဆုံးဖြစ်တဲ့
MARSHMALLOW 6.0.1 ပါ သူကတော့
တကယ်ကိုလန်းတယ် PROCESSOR
တွေအရမ်းကောင်းတဲ့အတွက်
တကယ်ကိုသွက်လက်မြန်ဆန်လာစေပါတယ်
အရင်ဗားရှင်းတော်တော်များများက ဒိတ်အောက်နေပါပြီ တော်ရုံ
APPLICATION တွေဆိုသုံးမရတော့ပါဘူး
ဒါကြောင့်ဖုန်းတစ်လုံးဝယ်မယ်ဆိုရင်
အနည်းဆုံး
KIKAT (4.4.2)ဗားရှင်းဖြစ်ရပါမယ်
မြန်မာပြည်မှာဝယ်ရင် ဖုန်းကိုနှိပ်ကြည့်ခွင့်ပေးပါတယ်
အဲဒါဆိုရင် * #06 # ကိုနှိပ်ကြည့်ပါ
ဒီနည်းလေးက 100% မဟုတ်ရင်တောင် အနည်းဆုံးတော့အထောက်အကူ ပြုမှာပါ
ဆရာတစ်ယောက်ဆီက copy ကူးထားတဲ့နည်းလေးပါ
အဲဒီမှာနိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ်
(International Mobile Equipment Identity - IME )
ဂဏန်း ၁၅ လုံးထွက်ပေါ်လာတာကို မြင်တွေ့ရမှာပါ။
ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5 ဆိုပါစို့။အဲဒီ ဂဏန်း
၁၅လုံးထဲက (၇)ကြိမ်မြောက်နဲ့(၈)ကြိမ်မြောက်ဂဏန်းဟာ-
(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက
တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်
ဆိုတာ ဖော်ပြနေတာပါပဲ။
(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းကို ဂျာမနီမှာ
ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။Quality ရှိတဲ့ဖုန်းတစ်လုံး ဖြစ်တယ်ဆိုတာဖော်ပြနေတာပါပဲ။
(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းကို
ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။
Quality ပြည့်တဲ့ဖုန်းတစ်လုံးလို့သတ်မှတ်နိုင်ပါတယ်။
(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ
ထုတ်လုပ်တယ်ဆိုတာကို ပြသနေပါတယ်။အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့သတ်မှတ်နိုင်ပါတယ်။
(၅) 05 (သို့မဟုတ်) 50 ဖြစ်မယ်ဆိုရင် ကိုရီးယားနိုင်ငံထုတ်ဖြစ်ပြီး၊
03 (သို့) 30၊ 04, 40၊ 06, 60 ဖြစ်မယ်ဆိုရင် ဗီယက်နမ်၊စင်္ကာပူ၊
ထိုင်ဝမ် တို့မှာထုတ်လုပ်ပြီး Quality
အတော်ကောင်းတဲ့ဖုန်းဖြစ်နေပါပြီ၊
(၆) 13 (သို့မဟုတ်) 31 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ
အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။
အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျမ်းမာရေးအတွက်
အန္တရယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့
ဝန်မလေးပါနဲ့။
အမှာပါရင်ခွင့်လွှတ်ပါ
မေတ္တာဖြင့်........
-Original Uploader
20/10/2017
မင်္ဂလာပါခင်ဗျာ
Kenbo smartphone ကိုအားပေးနေကြတဲ့
Kenbo phone ချစ်သူများအတွက် ခုအသစ်ထွက်ထားတဲ့ Fly 2မှာ ဘာတွေပါဝင်ထားသလဲ????
12/10/2017
Selfie ဆွဲတဲ့အခါ အလျင်မြန်ဆုံးနဲ့
အလွယ်ကူဆုံး ရိုက်ကူးနိုင်ဖို့ Fly2 မှာ
လေးနှင့်ဆို အားလုံး Ok
25/09/2017
မင်င်္ဂလာပါခင်ဗျာ
Kenboမှအသစ်ထွက်ထားတဲ့ဖုန်းလေး(Fly 2)ကို P-orderတက်ချင်သူများ
Orderတက်လို့ရပါပြီ။P-orderကို(5.10.2017)ထိသတ်မှတ်ထားပြီး P-orderမှာယူသူများအတွက် ပုံမှန်လက်ဆောင်ပစ္စည်းများအပြင် အပိုလက် ဆောင်ပစ္စည်း(၂)မျိုးကိုလည်းခံစားခွင့်ရမှာဖြစ်ပါတယ်။ အဲဒါကတော့ VR မျက်မှန်နှင့်selfie stickတို့ဖြစ်ပါတယ်။
အခုFly 2 Model သစ်လေးနှင့်မိတ်ဆက်ပေးပရစေ။သူဆိုရင် Camera အရမ်းကောင်းတဲ့ဖုန်းလေးဖြစ်ပါတယ်။Camera က 13MP & 8MP ဖြစ်တဲ့ အပြင်(super pixel function (5200mpx3200mp)ပါဝင်သောကြောင့် photoတစ်ပုံချင်းစီကို 16ဆZoomဆွဲလို့ရပါတယ်။တခြားFunctionတွေ လည်းအများကြီးပါတဲ့အပြင် Resolutionအရမ်းကောင်းတဲ့ဖုန်းလေးပါ။ Resolution ကတော့(1280×7200HD)ပါဝင်ပါသည့်cameraပိုင်းအရမ်း ကောင်းတဲ့အတွက် photo တွေကို ဓာတ်ပုံပြန်ထုတ်မယ်ဆိုရင်တောင် Resolutionအရမ်းကောင်းတဲ့အတွက်Cameraကြီးနှင့်ရိုက်ထားတဲ့အတိုင်း ကြည်လင်ပြတ်သားစေတာအမှန်ပါပဲ။လူကြိုက်အများဆုံးCamera functionကတော့portrait Moodပဲဖြစ်ပါတယ်။သူကတော့ကိုယ်မလိုချင်တဲ့ အရာအားလုံးကိုဝါးထားလို့ရပါတယ်။ပြီးရင်အခြားဖုန်းတွေနှင့်မတူတဲ့ functionတွေလည်းပါပါတယ်။အဲဒါကကိုယ့်ရဲ့photoတွေကိုsoftwareထည့်စရာမလိုပဲ video file လုပ်လို့ရပါတယ်။Grade Selfie ကိုလည်းထည့် ထားပေးပါတယ်။သူကတော့Finger print နှင့်photoတွေလည်းလုပ်လို့ရပါ တယ်။လက်ဗွေကအလုပ်လုပ်တဲ့ကြာချိန်ကတော့ မှန်ပြင်ပိတ်တာမကြာ သေးရင်0.2secondsညအိပ်ပြီးမနက်မှာဖွင့်ရင်0.4secondsအရမ်းမြန်ပါတယ်Systemပိုင်းဆိုရင်လည်းRam3..ROM32ဖြစ်တဲ့အတွက်စက်တွေ အသုံးပြုနေရင်းအသုံးပြုနေရင်းဟန်းသွားမှာကိုလည်းစိတ်ပူစရာမလိုပါဘူး။ Screen ကတော့5.5"ဖြစ်ပြီး Version ကလည်း7.0ဖြစ်တဲ့အတွက်Game အမြင့်တွေဆော့တဲ့အခါမှာလည်း ပိုမိုလျှင်မြန်စေပါတယ်။Appအားလုံးကို ထည့်သွင်းအသုံးပြုနိုင်ပြီး 4G Network ရတဲ့အတွက်လိုင်းဆွဲအားလည်း ပိုမိုလျှင်မြန်သွက်လက်စေပါတယ်။Bodyကတော့အလူမီနီယံနှင့်တိုက်တင်နီယံရောစပ်အသုံပြုထားသောကြောင့် ကိုင်ရတာပေါ့ပါးပြီး အကြမ်းခံပါ တယ်။ဖုန်းရဲ့အထူမှာလည်း8.56mmသာရှိပြီးကိုင်တွယ်ရာတွင်အရမ်းအ ဆင်ပြေပါတယ်။Sim2ကဒ်ဆိုဒ်ရတဲ့အပြင်SDကဒ်ပါထည့်ဆိုက်လို့ရပါတယ်Battery3000ပါတဲ့အတွက် အားကိုကြာရှည်အသုံးပြုနုင်တဲ့အတွက်ဖုန်းသုံး တဲ့အခါမှာလည်းစိတ်ချယုံကြည်စွာအသုံးပြုနိုင်ပါတယ်။OTG System ကိုလဲ အသုံးပြုလို့ရပါတယ်။ ဈေးသင့်ပြီး သုံလို့အရမ်းကောင်းတာ kenbo fly 2ပါ။ အရောင်မှာတော့ ဆွဲဆောင်မှုရှိတဲ့ရွှေရောင်၊အပွန်းအစင်းခံတဲ့ ငွေရောင် မှန်ပြင်မှာလည်းအခုံးဖြစ်ပြီး Video ကြည့်ရာတွင်ရုပ်ကြွပြီး ကိုင်တွယ်ရာတွင် ချောမွေ့ပြီးအကြမ်းခံပါတယ်။ကဲမြန်မြန်သာ အပြေးလေး နီးစပ်ရာဆိုင်မှာ pre.order တက်ကြပါစို့။Fly 2 နှင့်ပျော်ရွှင်းစရာ သီတင်းကျွတ်ပွဲတော်မှာ ပုံလှလှလေးတွေရိုက်ကြမယ်။
စီးပွါးရေးတွေ ဒီရေအလားတိုးတက်ကြပါစေ။ကျမ်းမာချမ်းသာပြီးဘေးရန် ကင်းကြပါစေ။ဆုတောင်းမေတ္တာပို့ပါတယ်မိတ်ဆွေတို့
22/09/2017
ဖုန်းမှန်ကွဲတာကို ဆက်သုံးရင်ဖြစ်လာမယ့်ဆိုးကြိုးတွေ
------------------------------------------
စမတ်ဖုန်းကိုင်ဆောင်ရတဲ့သူတိုင်း အချိန်မရွေးကြုံတွေ့လာနိုင်တာကတော့
ဖုန်းမှန်သားပြင် ကွဲသွားခြင်းပဲဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးရဲ့တန်ဖိုးဟာ
နည်းပါးလွန်းတဲ့ပမာဏမဟုတ်တာကြောင့် အသစ်တစ်လုံးနှင့်ချက်ချင်းလဲဖို့
ဆိုတာလည်း သိပ်တော့မလွယ်ကူလှပါဘူး။ မိမိတို့ပတ်ဝန်းကျင်မှာလည်း
ဖုန်းမှန်ကွဲနေပေမဲ့ ဆက်သုံးတဲ့မိတ်ဆွေတွေရှိပါလိမ့်မယ်။ သူတို့ကိုလည်း
ဒီဆိုးကြိုးလေးတွေသိအောင်း ဝေမျှပေးလိုက်ပါဦး။
-ဖုန်းမှန်ကွဲရာကနေ စိစိညက်ညက်ကြေနိုင်။
(အက်ရာရှိနေတဲ့ ဖန်သားပြင်ဟာ ပြန်မကောင်းလာနိုင်တဲ့အပြင် ပိုဆိုးသွား ဖို့ပဲရှိပါတယ်။ဒီလိုမျိုး ပိုမိုအက်ကွဲလာတဲ့အချိန်မှာတော့ မသုံးသင့်ပါဘူး။)
-ဖန်သားစတွေဟာ အရေပြားနှင့်ပွတ်ရှမိရင် သွေးထွက်နိုင်ပါတယ်။
(ဒါက ပမာဏအခြေအနေပါ)
-ဖုန်းကပိုမိုပျက်စီးလာနိုင်။
(ဖုန်းရဲ့အပေါ်ယံမျက်နှာပြင်ကိုဖုန်းအုပ်ပေးတဲ့ ဖန်သားကွဲနေတာမို့ ဖန်သား ပျက်စီးတာနဲ့ ဖုန်းအထဲကလုပ်ဆောင်ပေးနေတဲ့ app တွေကိုပါ ထိခိုက်လာ စေနိုင်ပါတယ်။)
-ဖုန်းထဲကိုပြင်ပအညစ်အကြေးများဝင်ရောက်။
(ဖုန်းမှန်က ကွဲနေတော့ ရေ၊သဲ၊ဖုန်၊မိကပ် အစရှိတဲ့ အညစ်အကြေးနဲ့ ဖုန်းကို ပျက်စီးစေနိုင်တဲ့အရာတွေ ၀င်ရောက်နိုင်ပါတယ်။)
-ဖုန်းထဲကရေဒီယိုသတ္တိကြွလှိုင်းတွေ လူကိုကူးစက်။
(ဖုန်းထဲကရေဒီယိုလှိုင်းတွေကြောင့် စကားပြောလို့ရတာဖြစ်ပါတယ်။ ဖုန်းမှန်ကွဲခြင်းဟာ ဒီလှိုင်းတွေကို အပြင်ကိုပိုမိုပျံ့လွင့်စေတာကြောင့်
နားကိုထိခိုက်စေပါတယ်။မှန်ကွဲနေတဲ့ဖုန်းနဲ့ ဂိမ်းဆော့ရင်လည်း မျက်စိကို ပိုမိုထိခိုက်စေနိုင်ပါတယ်။)
# Kenbo Service Center # CreditEdited
12/09/2017
မိမိရဲ့ဖုန်းအတွက် သတိထားရှောင်ကြဉ်ရမည့်အချက်များ
-------------------------------
-နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့နေစေမှုကိုရှောင်ကြဉ်ပါ။
-ဘောင်းဘီအိပ်ကပ်ထဲ အလွယ်တကူမထည့်ပါနှင့်။ (အထိုင်အထပြုလုပ်ချိန် အခန့်မသင့်လျှင်ဖုန်းရဲ့ကိုယ်ထည်ကို ကွေးညွှတ်သွားစေနိုင်ပါတယ်)
-ဖုန်းအားသွင်းကြိုးကိုသေချာစီစစ်အသုံးပြုပါ။ (အချို့အရည်အသွေးမမှီတဲ့ ဖုန်းအားသွင်းကြိုးတွေဆိုရင် ပါဝါကို လိုသလောက်ထောက်ပံ့ဖြည့်စည်းပေးနိုင်ခြင်းမရှိသလို ခံနိုင်ရည်မရှိတဲ့အခြေအနေတွေကြောင့် မိမိရဲ့ဖုန်းကို ထိခိုက်ပျက်စီးစေပါတယ်)
-ဖုန်းကိုအနားမပေးပဲ တရစပ်အသုံးပြုခြင်းတွေကိုလည်းရှောင်ကြည်ပါ။ (အများအားဖြင့်အားသွင်းရင်း တပြိုင်နက်အသုံးပြုခြင်း အမျိုးမျိုးကြောင့် ဖုန်းရဲ့ဘက္ထရီအပါအ၀င် အခြားပျက်စီးစေမှုတွေ များပြားစေပါတယ်)
-အခြားမာကျောသော ပစ္စည်းများနှင့်အတူအိတ်အတွင်း အတူတကွ ထည့်သွင်းဆောင်ယူခြင်းများ။ (အများဆုံးအသုံးပြုတတ်ကြပါတယ်။ သော့တွဲများနှင့် အခြားမာကျောသော အရာများဖြင့် အတူထည့်သွင်းခြင်း သယ်ဆောင်တတ်တာကို သတိထားရှောင်ကြဉ်ရပါမယ်)
- Online ပေါ်မှ စိတ်ချမှုမရှိသော app များ/ website များကို ၀င်ရောင်အသုံးပြုခြင်းများ၊ဒေါင်းလုတ်ရယူခြင်းများမှလည်း မလိုလားအပ်သော အန္တရယ်များဖြစ်စေနိုင်ပါသည်။
Service Center
07/07/2017
သိထားသင့်သည့် နည်းပညာ အတိုကောက်လေးများ
၁။ GSM ဆိုတာကတော့ Global System for Mobile Communication ဖြစ်ပါတယ်။
၂။ CDMA ဆိုတာကတော့ Code Divison Multiple Access ဖြစ်ပါတယ်။
၃။ MP3 ဆိုတာကတော့ MPEG player ၃ ဖြစ်ပါတယ်။
၎။ MP4 ဆိုတာကတော့ MPEG-4 video file ဖြစ်ပါတယ်။
၅။ PDF ဆိုတာကတော့ Portable Document Format ဖြစ်ပါတယ်။
၆။ CD ဆိုတာကတော့ Compact Disk ဖြစ်ပါတယ်။
၇။ DVD ဆိုတာကတော့ Digital Versatile Disk ဖြစ်ပါတယ်။
၈။ HTML ဆိုတာကတော့ Hyper Text Markup Language ဖြစ်ပါတယ်။
၉။ WML ဆိုတာကတော့ Wireless Markup Language ပဲ ဖြစ်ပါတယ်။
၁၀။ TCS ဆိုတာကတော့ Tata Consultancy Services ပဲ ဖြစ်ပါတယ်။
၁၁။ IP ဆိုတာကတော့ Internet Protocol ပဲ ဖြစ်ပါတယ်။
၁၂။ ISP ဆိုတာကတော့ Internet Service Provider ဖြစ်ပါတယ်။
၁၃။ TCP ဆိုတာကတော့ Transmission Control Protocol ဖြစ်ပါတယ်။
၁၄။ UPS ဆိုတာကတော့ Uninterruptible Power Supply ဖြစ်ပါတယ်။
၁၅။ WLAN ဆိုတာကတော့ Wireless Local Area Network ဖြစ်ပါတယ်။
၁၆။ HP ဆိုတာကတော့ Hewlett Packard ပဲ ဖြစ်ပါတယ်။
၁၇။ WAP ဆိုတာကတော့ Wireless Application Protocol ဖြစ်ပါတယ်။
၁၈။ VHF ဆိုတာကတော့ Very High Frequency ပဲ ဖြစ်ပါတယ်။
၁၉။ HSDPA ဆိုတာကတော့ High Speed Downlink Packet Access ဖြစ်ပါတယ်။
၂၀။ IBM ဆိုတာကတော့ International Business Machines ဖြစ်ပါတယ်။
၂၁။ APPLE ဆိုတာကတော့ Asian Passenger Payload Experiment ဖြစ်ပါတယ်။
၂၂။ SONY ဆိုတာကတော့ Sound Of New York ဖြစ်ပါတယ်။
၂၃။ DELL ဆိုတာကတော့ michael DELL ဖြစ်ပါတယ်။
၂၄။ HCL ဆိုတာကတော့ Hindustan Computer Limited ဖြစ်ပါတယ်။
၂၅။ GE ဆိုတာကတော့ General Electronics ပဲ ဖြစ်ပါတယ်။
၂၆။ INTEL ဆိုတာကတော့ Integrated Electronics ပဲ ဖြစ်ပါတယ်။
၂၇။ AMD ဆိုတာကတော့ Advance micro devices ပဲ ဖြစ်ပါတယ်။
၂၈။ GOOGLE ဆိုတာကတော့ Global Organisation Of Oriented Group Language of Earth ပဲ ဖြစ်ပါတယ်။
၂၉။ Google ကို တည်ထောင်ခဲ့ကြသူတွေကတော့ Larry Page နှင့် Sergey Brin တို့ ဖြစ်ပါတယ်။
၃၀။ Facebook ကို တည်ထောင်ခဲ့တဲ့ သူကတော့ Mark Zuckerberg ဖြစ်ပါတယ်။
၃၁။ Yahoo တည်ထောင်ခဲ့ကြသူတွေကတော့ David Filo နှင့် Jerry Yang တို့ ဖြစ်ပါတယ်။
၃၂။ Twitter တည်ထောင်ခဲ့ကြသူတွေကတော့ Jack Dorsey နှင့် Dick Costolo တို့ ဖြစ်ပါတယ်။
၃၃။ Internet ကို တည်ထောင်ခဲ့တဲ့သူကတော့ Tim Berners Lee ဖြစ်ပါတယ်။
၃၄။ Linkedin ကို တည်ထောင်ခဲ့ကြသူတွေကတော့ Reid Hoffman ၊ Allen Blue နှင့် Koonstantin Guericke တို့ ဖြစ်ပါတယ်။
၃၅။ Email ကို တည်ထောင်ခဲ့တဲ့သူကတော့ Shiva Ayyadurai ဖြစ်ပါတယ်။
၃၆။ Gtalk ကို တည်ထောင်ခဲ့တဲ့သူကတော့ Richard Wah kan ဖြစ်ပါတယ်။
၃၇။ Skype ကို တည်ထောင်ခဲ့ကြသူတွေကတော့ Niklas Zennstrom ၊ JanusFriis နှင့် Reid Hoffman တို့ ဖြစ်ပါတယ်။
၃၈။ Mozilla Firefox ကို တည်ထောင်ခဲ့ကြသူတွေကတော့ Dave Hyatt နှင့် Blake Ross တို့ ဖြစ်ပါတယ်။
၃၉။ Wikipedia ကို တည်ထောင်ခဲ့တဲ့သူကတော့ Jimmy Wales ဖြစ်ပါတယ်။
၄၀။ Youtube တည်ထောင်ခဲ့ကြသူတွေကတော့ Steve Chen ၊ Chad Hurley နှင့် Jawed Karim တို့ ဖြစ်ပါတယ်။
ဖော်ပြပါ ရှင်းလင်းချက်များ အပြင် အခြားသော အရာများလည်း ကျန်ရှိပါသေးတယ်။ အဓိက အသုံးဝင်သော အရာများကိုသာ ရှင်းလင်းထားခြင်းသာ ဖြစ်ပါတယ်။
သိထားသင့်သော အတိုကောက် စကားလုံးများ
==================================
SMS > Short Message Service
SD Card> Secure Digital Card
CCTV > Closed Circuit Television
DVD > Digital Video Disk
LCD > Liquid Crystal Display
WWW > World Wide Web
AM > Ante Meridiem (Before noon)
PM > Post Meridiem (After noon)
VIRUS > Vital Information Resources Under
Siege
JPEG > Joint Photographic Experts Group
GPS > Global Positioning System
USP > Unique Selling Proposition
SUV > Sport Utility Vehicle
HTML > Hyper Text Markup Language
Cc/Bcc > Carbon Copy / Blind Carbon
☺️☺️
05/07/2017
“နည်းပညာလုံခြုံရေးဆိုင်ရာ သိရှိထားသင့်သည်များ (၄)”
Online စနစ်တစ်ခုအား လုံခြုံစွာအသုံးပြုခြင်း Online websites များအသုံးပြုလာမှုကျယ်ပြန့်လာသည်နှင့်အမျှ နည်းလမ်းအမျိုးမျိုးဖြင့် လုံခြုံရေးဆိုင်ရာအချက်အလက်များခိုးယူမှုသည်လည်း ကျယ်ပြန့်လာနေပါသည်။ အထူးသဖြင့် Online တွင် ဈေးဝယ်ခြင်းများနှင့် Financial Transactions များပြုလုပ်ရာတွင် အများစုကြုံတွေ့ကြရသည်။
ထို့အတွက် အသုံးပြုသူ အနေဖြင့် မိမိအသုံးပြုမည့် Website တစ်ခု၏လုံခြုံမှုကို အထူးသတိပြုရမည်ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် မိမိအသုံးပြုနေသည့် Site တစ်ခုခုမှ အသုံးပြုသူနှင့်ပတ်သက်သည့် အချက်အလက်များကိုဖြည့်သွင်းပေးရန် တောင်းခံလာပါကလည်း အောက်ပါအချက်အလက်များကို ကြည့်ရှုခြင်းအားဖြင့် ၎င်း Site တစ်ခု၏ လုံခြုံမှုအဆင့်အတန်းကို သိရှိနိုင်ပါသည်။
https
Website တစ်ခု၏လုံခြုံမှုကို https: ခေါ် Hypertext Transfer Protocol Secure ဖြစ်၊ မဖြစ်ကို အကြမ်းဖျင်းကြည့်ရှုနိုင်ပါသည်။ ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုမှ ၎င်းတို့၏ပစ္စည်းများကို Online Selling Sites များဖြစ်ကြသော eBay (သို့) Aamzon တွင် ရောင်းချသည်ဆိုပါကလည်း ၎င်းပစ္စည်းကို ကနဦးပိုင်ဆိုင်ထားသည့် ကုမ္ပဏီ၏ Website ကိုသွားရောက်ကာ Valid ဖြစ်၊ မဖြစ်ကိုကြည့်ရှုစစ်ဆေးနိုင်သည်။ သို့မှသာ မိမိမှာယူလိုက်သော ပစ္စည်းသည် အမှန်တကယ်ရောင်းချခြင်းရှိသောကုမ္ပဏီမှ မှာယူထားခြင်းဟုတ်၊ မဟုတ် သိရှိနိုင်ပါလိမ့်မည်။
Company or Owner Information
Company တစ်ခု၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်လုပ်ဆောင်နေကြသူများအဖို့လည်း ၎င်း ကုမ္ပဏီပိုင်ဆိုင်ထားသည့် Website ကိုဝင်ရောက်ကြည့်ရှုပြီး အချက်အလက်များကိုရှာနိုင်သည်။ မှန်ကန်ကောင်းမွန်သော Site တစ်ခုတွင် Information အချက်အလက်များနှင့် ၎င်းတို့ကိုဆက်သွယ်နိုင်မည့် လိပ်စာ၊ Email၊ ဖုန်းနံပါတ်များပါရှိခြင်း ရှိ၊ မရှိနှင့် ရရှိလာသောအချက်အလက်များသည် မှန်ကန်ခြင်း ရှိ၊မရှိကို ကိုယ်တိုင်လေ့လာဆန်းစစ်နိုင်သည်။အချို့သော Online လုပ်ငန်းများသည် သတင်းအချက်အလက်အမှားများဖြင့် အသုံးပြုသူတို့ကို လိမ်လည်၍ အချက်အလက်ခိုးယူခြင်းများနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကိုခိုးယူရာတွင် ၎င်းတို့၏ Websites များကို အသုံးပြုကြသည်။
Check for Security Certificate & Validate Domain Owner
အကယ်၍ ပိုမိုလုံခြုံစိတ်ချရသော Website တစ်ခုဖြစ်ခြင်း၊ မဖြစ်ခြင်းကိုသိရှိလိုပါက ၎င်း site ၏ Address bar တွင်ရှိသော https: ၏ဘေးရှိ Lock icon ကိုနှိပ်ပြီး Security Certificate ရှိ၊ မရှိကိုလည်း ကြည့်ရှုစစ်ဆေးနိုင်ပါသေးသည်။၎င်းအပြင် Web site တစ်ခု၏အချက်အလက်နှင့် Verify ဖြစ်၊ မဖြစ်ကိုကြည့်ရှုစစ်ဆေးနိုင်သော Website များစွာရှိနေပါသေးသည်။ ၎င်းတို့အထဲမှ www.mywot.com တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်သလို၊ Domain owner များအနေဖြင့်လည်း မိမိ၏အချက်အလက်အမှန်ကိုထည့်သွင်းထားပြီး ယုံကြည် စိတ်ချရသော Site တစ်ခုဖြစ်ကြောင်းအထောက်အထားများကို ရယူနိုင်ပါသည်။
Pharming
အင်တာနက်ကိုအသုံးပြုနေသည့်သူများ၊အများအားဖြင့်ကြုံတွေ့ရသည့်အချက်မှာ Pharming ဟု ခေါ်သော Malicious code များပင်ဖြစ်ပါသည်။ ၎င်းတို့သည် ကွန်ပျူတာ (သို့) Server များကို Malicious codes များဖြင့်တိုက်ခိုက်ကာ website အတုယောင်များထံသို့ အလိုအလျောက်ခေါ်ဆောင်သွားခြင်းပင် ဖြစ်ပါသည်။
အသုံးပြုသူမှ Website Address များကိုမှန်ကန်အောင်ရိုက်ထည့်စေကာမူ ၎င်း site များသို့ရောက်ရှိနိုင်ခြင်းမရှိဘဲ Pharming attacker များမှရောက်ရှိစေလိုသည့် site များသို့ အလိုအလျောက်ရောက်ရှိသွား စေပါသည်။ ထို့အတွက် မလိုလားအပ်သော Data usage များဖြစ်ပေါ်စေသလို မိမိအလိုရှိသည့် Website တစ်ခုထံသို့ရောက်ရှိနိုင်ရန် အကြိမ်ကြိမ်ပြန်လည်ကြိုးစားနေရသည့် အဖြစ်များကိုဖြစ်ပေါ်စေကာ အသုံး ပြုသူများ ထံသို့ဆိုးကျိုးများကိုဖြစ်ပေါ်လာစေရန် ဖန်တီးထားသည်။ ၎င်းတို့ကို ကြော်ငြာများအဖြစ်လည်း တွေ့မြင်နေရသေးသည်။
အောက်ဖော်ပြပါ diagram ကို ကြည့်ရှုခြင်းအားဖြင့် Pharming တစ်ခု၏လုပ်ဆောင်ချက်ကို သိရှိနိုင်ပါသည်။
1. Attacker မှ DNS Server တစ်ခုရှိ Website ၏ IP Address ကို ၎င်းတို့ရောက်ရှိစေလိုသော site တစ်ခု၏ IP Address အဖြစ်သို့ပြောင်းလိုက်သည်။
2. User မှ မိမိအလိုရှိသည့် website address တစ်ခုကို မှန်ကန်စွာရိုက်ထည့်လိုက်သည်။
3. ထိုအခါ အသုံးပြုသူ၏ကွန်ပျူတာမှ ၎င်း Website တည်ရှိနေသော DNS Server ထံသို့ Website ၏ IP Address တောင်းခံသည်။
4. ၎င်း site ကို Pharming attack ပြုလုပ်ထားသဖြင့် fake website တစ်ခု၏ IP Address သာပြန်ရောက်လာသည်။
5. ထို့နောက် မူလသွားရောက်လိုသော Website မဟုတ်တော့ဘဲ Fake Website တစ်ခုဆီသို့သာဦးတည်သွားတော့သည်။
အထက်ပါလုပ်ဆောင်ချက်များသည် Pharming ၏ လုပ်ဆောင်ချက်များပင်ဖြစ်ပါသည်။
Content-Control Software များအထက်တွင် ဖော်ပြခဲ့သောအချက်များကိုကာကွယ်ရန်အတွက် Online အသုံးပြုသည့်သူများအနေဖြင့် လုံခြုံရေးဆိုင်ရာ အခြေခံဗဟုသုတများရှိထားရန် လိုအပ်သလိုသိရှိထားပြီးရုံဖြင့်လည်း မလုံလောက်သေးပါ။ ထို့အတွက် Content-control software များဖြင့်လည်း ကြိုတင်ကာကွယ်ထားရန် လိုအပ်ပါသည်။
၎င်းတို့ကို Censorware သို့ Web filtering software များဟုလည်းခေါ်ဆိုပြီး အသုံးပြုသူများအတွက် မည်သည့် Website သည် ယုံကြည်စိတ်ချရခြင်း ရှိ၊ မရှိကို Filter ပြုလုပ်ပေးနိုင်သည်။ ထိုသို့ Filter ပြု လုပ်ရာတွင် အောက်ပါအချက်များဖြင့် ပြုလုပ်ပေးပါသည်။
Client-side filters
၎င်းကိုအသုံးပြုမည်ဆိုပါက ကွန်ပျူတာအတွင်းသို့ Filter Software တစ်ခုခုကို ထည့်သွင်းထားရမည် ဖြစ်ပြီး မလိုလားအပ်သည့် Site များကို သွားရောက်ခြင်းမှကာကွယ်ပေးနိုင်သည်။ ၎င်းကို password အကူအညီဖြင့်စီမံထားနိုင်ပြီး များသောအားဖြင့် အရွယ်မရောက်သေးသူများအသုံးပြုပါက သွားရောက်ရန် မသင့်တော်သော site များကို စီမံရန်လည်းအသုံးပြုကြသည်။ Windows 7 မှစတင်ကာ ပါရှိလာသော Parental Control ကိုလည်းအသုံးပြုနိုင်သည်။
Browser-based filters
Browser-based filters များကိုမူ Plug-ins များအဖြစ်မိမိအသုံးပြုမည့် Browser ပေါ်မူတည်ပြီး ထည့်သွင်းထားနိုင်သည်။
Content-limited (ISPs sides)
အချို့သော Internet ဖြန့်ဝေပေးသည့် Internet Services Provider(ISP) များသည် ၎င်းတို့မူရင်း လိုင်းအတွင်းမှာပင် မလိုလားအပ်သော၊ မကြည့်ရှုစေလိုသောSiteများကိုကြိုတင်၍တားဆီးခြင်းများကိုလည်းပြုလုပ်ထားနိုင်သည်။
Search Engine Filters
Search Engines များဖြစ်သော Google, Yahoo စသည်တို့မှလည်း အသုံးပြုသူများအဆင်ပြေ လွယ်ကူစေရန်အတွက် Safety filter များကိုထည့်သွင်းပေးထားသေးသည်။ ၎င်းတို့ကို အသုံးပြု၍လည်း လုံခြုံစိတ်ချရသော Website များကို ရှာဖွေပေးနိုင်သေးသည်။
ဖော်ပြခဲ့သောအချက်အလက်များသည် Online အသုံးပြုသူများအတွက် ဗဟုသုတရရှိစေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဖော်ပြပေးခဲ့ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့်လည်း ဆက်လက်၍ လေ့လာသွားနိုင်ရန် အစပျိုးပေးလိုက်ခြင်းဖြစ်သည်။ IT-Security နှင့်ပတ်သက်သောစာမေးပွဲများကိုဖြေဆိုရန်လေ့လာနေသူများအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။
☺️☺️☺️☺️