Federation of Myanmar Engineering Societies

Federation of Myanmar Engineering Societies

Share

Fed.MES Official Website: http://www.mes.org.mm As a result, the Association of Engineers in Burma was abolished.

The first Association of Engineers in Burma organized with membership open to all engineers in Myanmar was constituted in 1927 based on its forerunner i.e the Burma Engineering Congress inaugurated in 1916 where the membership was confined only to engineers of the Public Works department. The Association was lively till the outbreak of the Second World War (1939-1945) and then the activities were

04/09/2026
Photos from Federation of Myanmar Engineering Societies's post 02/09/2026

Hybrid Webinar Invitation (5-9-2026, Saturday, 9:00 AM ~ 12:00 PM and 1:00 PM ~ 4:00 PM)
Register here to attend from online (Virtual Zoom Platform):
👇👇👇
https://us06web.zoom.us/meeting/register/11aDSWw0Rwi0h_KfifLAjQ
Register here to attend In-person:
👇👇👇
https://forms.cloud.microsoft/Pages/ResponsePage.aspx?id=DQSIkWdsW0yxEjajBLZtrQAAAAAAAAAAAANAAQaSNBZUQlpUNzFQN1NWWkoyS0tSWlVIR0lHWVlDNy4u
‼️
၅-၉-၂၀၂၆ ရက်တွင် နံနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီအထိ ပြုလုပ်မည့် Webinar နှင့် နေ့လည် ၁ နာရီ မှ ၄ နာရီအထိပြုလုပ်မည့် Webinar (၂)နှစ်ခုစလုံးအတွက် Registration Link, ID & Passcode ကို တစ်ခုတည်းသာ အသုံးပြုသွားမည်ဖြစ်ပါသဖြင့် Registration Link, ID & Passcode သည် Webinar (၂)ခုစလုံးသို့ တက်ရောက်လို့ရရှိမည် ဖြစ်ပါသည်။

Photos from Federation of Myanmar Engineering Societies's post 02/09/2026

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ၊ တောင်ကြီး (ရှမ်းပြည်နယ်)
နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံ (၂၀၂၆) နှင့် ကတိသစ္စာခံယူပွဲ အခမ်းအနား
(၂၉-၈-၂၀၂၆)

Photos from Federation of Myanmar Engineering Societies's post 01/09/2026

Hybrid Webinar (29-8-2026, Saturday, 1:00 PM ~ 4:00 PM) Organized by Fed.MES

Photos from Federation of Myanmar Engineering Societies's post 29/08/2026

Hybrid Webinar (29-8-2026, Saturday, 9:00 AM ~ 12:00 PM)
Marine, Port and Oceanography Technical Division, Fed.MES

26/08/2026

"လေးမျက်နာမြို့နယ်ရေဘေးဒဏ်ခံဒေသသို့လေ့လာရေးခရီးစဉ်"
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရေဘေးဒဏ်ခံဒေသသို့ သွားရောက်ရန် (၂၂-၈-၂၀၂၆) ရက်နေ့ နံနက် ၅:၀၀နာရီမှစတင်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌဦးခင်မောင်ဌေး ဦးဆောင်ပြီး Myanmar National Committee on Large Dams (MNCOLD) အဖွဲ့မှနာယက၊ ဥက္ကဌနှင့် ပညာရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ပညာရှင်အဖွဲ့ဝင်များ စုစုပေါင်းလူ(၂၀)ဦး ပါသည့်အဖွဲ့သည် စုရပ်မြန်မာနိုင်ငံအသင်းချုပ်ရုံးမှ စတင်ထွက်ခွါခဲ့ကြပါသည်။ နံနက်စောစာကို ဆားမလောက်ရွာတွင်စားသောက်ပြီး ဆက်လက်ထွက်ခွါခဲ့ရာ ဟင်္သာတတွင်လာရောက်ကြိုဆိုသော မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဒုဥက္ကဌဦးဝင်းထွဋ်၊ အင်ဂျင်နီယာချုပ်(စက်မှု) ဆည်မြောင်ဦးစီးဌာန နှင့်အတူဆက်လက်၍ လေးမျက်နာမြို့နယ်၊ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့ကာကွယ်ရေး ဆောက်ရွက်နေသည့်လုပ်ငန်းခွင်နေရာများကို သွားရောက်ခဲ့ရာ နံနက် ၁၁:၀၀နာရီ တွင် ရောက်ရှိခဲ့ကြပါသည်။ လုပ်ငန်းခွင်တွင်သက်ဆိုင်ရာဌာနများက ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေး အတွက် မျောတုတ်တန်းအပြင်ဘက်ခြမ်းတွင် ပိုမိုတောင့်တင်းစေရန် လူအင်အားသုံး၍ နိုင်လွန် ပိုက်ကြိုးဖြင့် စုစည်းထုတ်ပိုးထားသည့် သဲအိတ်ဖြည့်ကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် နေကြသည်ကို လေ့လာတွေ့ရှိခဲ့ပါသည်။
ထို့ပြင်ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏အနီးကပ်ကြီးကြပ်မှုဖြင့် Steel Sheet Pile ရိုက်သည့် စက်ရေယာဉ်တွဲများ အပါအဝင် Stand Pipe အားကရိန်းအသုံးပြု၍လည်းကောင်း၊ ပန်းတာ ရေဝင်လမ်းပိတ်ဆို့ကာကွယ်မည့် Geo-bags ချသည့်ဒဂုန်စာမရီရေယာဉ်နှင့် မြဟန်တိုး သဲယာဉ်တို့ဖြင့် လည်းကောင်း၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Geo-bags အား ရေယာဉ်အလယ်မှ ထိန်းချသည့်စက်ရေယာဉ်တွဲအပါအဝင် ရေယာဉ်ငယ်၊ သဲစက်လှေတွဲများ ဖြင့်လည်းကောင်း ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေး ဆောင်ရွက်နေကြပုံများကို ကြည့်ရှုလေ့လာ ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်နေမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လာရောက်ကြည့်ရှု စစ်ဆေးပြီးရေစီးရေဝင်လမ်းကြောင်၏ ရေစီးနှုန်းပေါ်မူတည်၍ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေ၊ ရေဝင်လမ်းပိတ်လုပ်ငန်းနှင့် ပူးတွဲဆောင်ရွက်နိုင်ရန် ကျောက်ကြီးများကြိုတင်စုဆောင်း၍ Barge တွဲဖြင့် လုပ်ငန်းခွင်သို့ စီစဉ်သယ်ယူလျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ အတူလိုက်ပါလာသည့် ပညာရှင်ကြီးများ၏ ငဝန်တာနိမ်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေး အကြံပြုဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ Myanmar National Committee on Large Dam (MNCOLD) မှာပညာရှင်များ အဖွဲ့ဝင်များသည် လုပ်ငန်းခွင်မှပြန်လည်ထွက်ခွါခဲ့ကြပြီး ရေဘေး ကာကွယ်ရေးစခန်း ဘုန်းတော်ကြီးကျောင်းတွင် နေ့လည်စာသုံးဆောင်ခဲ့ကြပြီး အပြန်ခရီးကို ညနေ ၃:၀၀နာရီတွင်ထွက်ခွါခဲ့ကြပါသည်။ ညနေ ၆:၀၀နာရီတွင် ဇလွန်မြို့ စားသောက်ဆိုင်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှညစာဖြင့် ဧည့်ခံကျွေးမွေးသည်ကို သုံးဆောင် ခဲ့ကြပြီး ဆက်လက်ထွက်ခွါခဲ့ကြရာ ည ၁၀:၃၀နာရီတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နာမြို့နယ် ရေဘေးဒဏ်ခံဒေသသို့ ခရီးစဉ် လိုက်ပါသူများစာရင်း
၁။ ဦးခင်မောင်ဌေး၊ ဥက္ကဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်
၂။ ဦးလှဘော်၊ ဥက္ကဌ၊ Natural Disasters Committee ၊ Fed.MES
၃။ ဦးခင်မောင်မောင်၊ ပြန်ကြားရေးမှူး ၊ Fed.MES
၄။ ဦးပြည့်ဖြိုးမောင်၊ ဥက္ကဌ၊ YE Committee, Fed.MES
၅။ ဦးသိန်းဇော်၊ CEC ၊ Fed.MES
၆။ ဦးခင်မောင်ဝင်း၊ BOD, MICEG
၇။ ဦးဟန်စိုး Retd. DG Bridges Dept.
၈။ ဦးလှမြင့်သိန်း ၊ Retd. DG ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၉။ ဦးကျော်စိုးဝင်း၊လုပ်ငန်းကော်မတီ၊ WATSAN, TD Fed.MES
၁၀။ ဦးရီ၊လုပ်ငန်းကော်မတီ Water Resources, Fed.MES
၁၁။ ဦးထိုက်ကိုကို၊ အင်ယာ/ပြင်ထိမ်း ၊ Fed.MES
၁၂။ ဦးဝင်းမောင်၊ Patron, MNCOLD
၁၃။ ဦးအောင်ဇော်မင်း၊ ဥက္ကဌ ၊ MNCOLD
၁၄။ ဦးမောင်မောင်တင်၊ MNCOLD
၁၅။ ဦးမောင်မောင်၊ MNCOLD
၁၆။ ဦးထွန်းမင်းသိန်း ၊ MNCOLD
၁၇။ ဦးအောင်သက်ထူး၊ MNCOLD
၁၈။ ဦးစိုးစံဟိန်း

Photos from Federation of Myanmar Engineering Societies's post 26/08/2026

Hybrid Webinar Invitation (29-8-2026, Saturday, 9:00 AM ~ 12:00 PM and 1:00 PM ~ 4:00 PM)
Register here to attend from online (Virtual Zoom Platform):
👇👇👇
https://us06web.zoom.us/meeting/register/emlDRrx7RPWPcqAq_Zf5VA
Register here to attend In-person:
👇👇👇
https://forms.cloud.microsoft/Pages/ResponsePage.aspx?id=DQSIkWdsW0yxEjajBLZtrQAAAAAAAAAAAANAAQaSNBZUNVpRVENKVEY5SFZBT0cxWUpBOFlSSEdCVi4u
‼️
၂၉-၈-၂၀၂၆ ရက်တွင် နံနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီအထိ ပြုလုပ်မည့် Webinar နှင့် နေ့လည် ၁ နာရီ မှ ၄ နာရီအထိပြုလုပ်မည့် Webinar (၂)နှစ်ခုစလုံးအတွက် Registration Link, ID & Passcode ကို တစ်ခုတည်းသာ အသုံးပြုသွားမည်ဖြစ်ပါသဖြင့် Registration Link, ID & Passcode သည် Webinar (၂)ခုစလုံးသို့ တက်ရောက်လို့ရရှိမည် ဖြစ်ပါသည်။

Photos from Federation of Myanmar Engineering Societies's post 23/08/2026

Certification & Closing Ceremony of Environmental Engineering and Management Course (1/2026)
Jointly organized by
Federation of Myanmar Engineering Societies (Fed.MES) and Environmental Conservation Consulting Engineers Association (ECCEA)
(23-8-2026)

Want your business to be the top-listed Furniture Store in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Fed. MES Building, Thamine College Street, Hlaing Universities' Campus, Hlaing Township
Yangon
11052

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 17:00