04/02/2026
နေအိမ်အတွက်ပဲဖြစ်ဖြစ်၊ လူကြီးမင်းတို့ရဲ့ Restaurant နဲ့ Cafe ဆိုင်တွေအတွက်ပဲဖြစ်ဖြစ် Yangon Handmade Creations က အရည်အသွေးမြင့် Dining Table Set တွေကို စိတ်ကြိုက်ဖန်တီးပေးနေပါပြီ။
မိမိအိမ်ရဲ့ နေရာအကျယ်အဝန်း၊ ဆိုင်ရဲ့ Interior Design နဲ့ လိုက်ဖက်မယ့် အရွယ်အစားနဲ့ ပုံစံကို စိတ်ကြိုက် (Custom-made) အပ်နှံနိုင်ပါတယ်။သေချာဂရုတစိုက် ပြုလုပ်ထားတာကြောင့် ခိုင်ခံ့မှုမှာ အာမခံချက်အပြည့်ရှိပါတယ်။
ကုန်ကြမ်းအသုံးပြုမှုအနေနဲ့ ကျွန်း/ ကျွန်း Finger Joint / ရာဘာ Finger Joint/ ထင်းရှုး/ ကုက္ကိုရ်သားတွေအပြင် ဖရိန်အနေနဲ့ ခေတ်မီတဲ့ Hollow Frame/ Hairpin နဲ့ Induatrial Piping Design တွေကိုပါ ရရှိနိုင်ပါတယ်။
"အိမ်သုံး (Home Dining Sets)"
မိသားစုစုံစုံလင်လင်နဲ့ နွေးထွေးတဲ့ ထမင်းစားချိန်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ ၄ ယောက်စီး၊ ၆ ယောက်စီးကနေစပြီး Minimalist ပုံစံ၊ Classic ပုံစံမျိုးစုံ ရရှိနိုင်ပါတယ်။
"ဆိုင်သုံး (Cafe & Restaurant Sets)"
ဆိုင်ရဲ့ Brand Image ကို မြှင့်တင်ပေးနိုင်မယ့် Space-saving ဖြစ်တဲ့ ဝိုင်းလေးတွေကအစ၊ အဖွဲ့လိုက်ထိုင်နိုင်တဲ့ Long Tables တွေအထိ အထူးဈေးနှုန်းနဲ့ Bulk Order မှာယူနိုင်ပါတယ်။
27/01/2026
အလုပ်လုပ်တဲ့အခါပဲဖြစ်ဖြစ်၊ Game ဆော့တဲ့အခါပဲဖြစ်ဖြစ် ကိုယ်နဲ့အဆင်ပြေမယ့် Desk တစ်ခုရှိနေဖို့က အရမ်းအရေးကြီးပါတယ်။ Yangon Handmade Creations ကနေ သင့်ရဲ့ လိုအပ်ချက်တွေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Desk တွေအကောင်းဆုံး ဖန်တီးပေးနေပါပြီ။
ရှင်းလင်းသပ်ရပ်ရမယ်။ သက်တောင့်သက်သာဖြစ်စေမယ့် အနိမ့်အမြင့်အနေအထားရှိရမယ်။ Cable တွေရှုပ်ပွမနေရဘူး စတဲ့အခြေခံအချက်တွေနဲ့ ဖန်တီးထားတဲ့ YHC ရဲ့ Desk တစ်ခုကိုတော့အိမ်မှာ မရှိမဖြစ်ရှိသင့်ပါတယ်။
Metal Hollow Base ဖြစ်ပြီး သစ်အမျိုးအစားကို ရာဘာ သား ဒါမှမဟုတ် ကျွန်း Finger Joint များနဲ့ ရွေးချယ်မှာယူနိုင်ပါတယ်။
Contact 09950040070, 09880007010
26/01/2026
အဖိုးတန် စာအုပ်တွေကို ဝယ်ယူစုဆောင်းတတ်သူတွေ စအုပ်ချစ်သူတွေအတွက် စာအုပ်စင်က အလှထက် ခိုင်ခံ့မှုနဲ့ အသုံးချလွယ်ကူမှု ပိုအရေးကြီးပါတယ်။
YHC ရဲ့ စာအုပ်စင်တွေဟာ Industrial Piping အသုံးပြုထားတဲ့အတွက် အမြင်ဆန်းသလို အိမ်၊ ရုံးနဲ့ ကော်ဖီဆိုင်တွေအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။
For book lovers and those who collect valuable books, a bookshelf is more than just about appearance durability and practicality matter even more.
YHC’s bookshelves are made with industrial piping, offering a unique visual appeal while being perfectly suited for homes, offices, and cafés.
Contact to DM or 09950040070, 09880007010
24/01/2026
Luxury ဆန်မှုရယ် သက်တောင့်သက်သာရှိမှုရယ် ခိုင်ခံ့လှပမှုရယ်နဲ့ပေါင်းစပ်ထားတဲ့ Living Room ဆိုဖာဆက်တီများဆိုရင်တော့ Yangon Handmade Creations မှာရရှိနိုင်ပါတယ်။
ကျွန်းဆိုရင်တော့ရေရှည်အသုံးပြုနိုင်သလို ရာဘာသားဆိုရင်လည်း ဈေးနှုန်းသင့်ပြီး အချိန်ကာလတစ်ခုအထိတော့ လှပနေနိုင်ပါတယ်။ ဆိုဖာအနေနဲ့ လက်ရှိအချိန်မှာတော့ ချည်သား (Cotton) ဆိုရင်ရှစ်ရောင်လောက်ပဲရနိုင်ပြီး Leather ဆိုရင်တော့အရောင်ရွေးချယ်စရာပိုများပါမယ်။
ဆိုင်သုံးအတွက်ဆိုရင်တော့ သံဖရိန်အတွဲစပ်နဲ့လည်း အစားထိုးနိုင်ပါသေးတယ်။ သံဖရိန်နဲ့ဆိုရင်တော့ Induatrial /Vintage ဆန်တဲ့ဘက်ကိုသွားလို့ တစ်မျိုးဆန်းပြီး ဆိုင်တွေအတွက်ပိုသင့်တော်ပါတယ်။ အားသာချက်ကတော့ ပြုပြင်ရလွယ်တယ်။ ခိုင်ခံ့ပေါ့ပါးတယ်။
ဘယ်လိုအတွဲ အစပ်မျိုးပဲဖြစ်စေ Customize ပြုလုပ်နိုင်တာမို့ အသေးစိတ်အချက်အလက်များအတွက် 09950040070 နဲ့ 09880007010 ကိုခေါ်ဆိုနိုင်ပါတယ်။
19/01/2026
"Single တွေအတွက် တရက်အိပ်မှ 205 ကျပ်နှုန်းပဲကျသင့်တဲ့ YHC ရဲ့ Single Size ကုတင်"
ဟုတ်ပါတယ်။ YHC ရဲ့ကုတင်ကတော့ တစ်ခါဝယ်ထားရင် တစ်သက်လုံး လှည့်ကြည့်စရာမလိုအောင် Quality အမိုက်စားမို့အထွေအထူး ညွှန်းစရာမလိုပါဘူး။ အနည်းဆုံး ဆယ်နှစ်သုံးမယ်ဆိုပြီးတွက်ရင်တောင် တစ်ရက်မှ မြန်မာငွေ 205 ကျပ်သာကျသင့်မှာဖြစ်ပါတယ်။
Metal Frame Base ဖြစ်လို့ခိုင်ခံ့မှုအပြည့်ရှိတဲ့အပြင် တစ်ပိုင်းစီလဲ ဖြုတ်တပ်နိုင်ပါသေးတယ်။ အသံမြည်မှာလဲ မပူပါနဲ့ ။YHC ရဲ့နည်းစနစ်တွေ အတွေ့အကြုံတွေက အသံမမြည်စေပဲ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့တာဝန်ယူပါတယ်။ Storage Drawer တွေကတော့ ဘယ်/ညာ တဖက်တည်းဖြစ်စေ နှစ်ဖက်ဖြစ်စေ အခန်းအနေအထားအပေါ်မူတည်ပြီးထည့်သွင်းနိုင်ပါတယ်။
Single တွေအပြင် Family တွေအတွက် King Size နဲ့ Queen Size တွေလည်း Customize မှာယူနိုင်ပါသေးတယ်။
Contact :09950040070, 09880007010
16/01/2026
"နေရာမရွေးခန့်ညားထည်ဝါတဲ့ ကုက္ကိုရ်သားစားပွဲများ"
Industrial Design အဆန်ဆုံး Furniture ကိုပြပါဆိုရင် ကုက္ကိရ်သားစားပွဲတွေကိုပြရမှာပါ။ ပင်စည်ရဲ့ သစ်ကြောသစ်ကွက်တွေကတော့ ပန်းချီဆရာတစ်ယောက်ရဲ့ စုတ်ချက်တွေလိုရင်သပ်ရှုမောစရာကောင်းပါတယ်။ အရောင်အနေနဲ့ အညို၊အနက်၊ အဝါစသဖြင့်ရောယှက်နေတာနဲ့ကိုအမြင်ဆန်းပြီးလူတိုင်းကြိုက်နှစ်သက်စေမယ့် သစ်သားအမျိုးအစားဖြစ်ပါတယ်။
နေအိမ်ဧည့်ခန်းတွေ၊ ဟိုတယ်ရဲ့ Reception Area, Dining Room နဲ့ စားသောက်ဆိုင်တွေမှာတော့ ခန့်ညားထည်ဝါတဲ့ ပြယုဂ်အနေနဲ့ အသုံးပြုကြပါတယ်။ အထူအနေနဲ့ သုံးလက်မ/ လေးလက်မကတော့ အသင့်တော်ဆုံးပါ။ ခြေထောက်ကိုတော့ Metal Hollow နဲ့ Industrial Piping ဆိုပြီးနှစ်မျိုးရွေးချယ်နိုင်ပါတယ်။
“Elegant rainwood dining tables for any space.”
Rainwood dining tables are a true highlight of industrial design furniture. Their natural wood grains and rich mixed tones create a unique, artistic look. Ideal for homes, hotels, and restaurants, with a recommended thickness of 3–4 inches and leg options in metal hollow or industrial piping.
ORDER NOW !
09950040070, 09880007010
13/01/2026
"Bar Trauma "
နာမည်ရော အစားအသောက်ရော လန်းတယ်။ ဝန်ဆောင်မှုလဲကောင်းတယ်။ ဒါပေမယ့် Bar Stool ပေါ် စထိုင်လိုက်တာနဲ့ စိတ်ထဲအတော်အဆင်မပြေတာမျိုးကြုံဖူးကြမယ်ထင်ပါတယ်။ ထိုင်ရတာ စားပွဲနဲ့အမြင့် မကိုက်ညီဘူး။ ခြေတင်စရာနေရာမရှိ။ ကျောမီက သက်တောင့်သက်သာမရှိ။ ခုံပေါ်တက်ရတာ အဆင်မပြေ။ လဲကျတော့မလို ခံစားချက်နဲ့ ပြောရရင်အများကြီးပါ။ ဆိုင်ကတော့ကောင်းပါရဲ့ ။ ထိုင်ရတာအဆင်မပြေတဲ့ ခံစားချက်ကတော့ ဆိုင်နာမည်နဲ့တွဲမှတ်ထားပြီး Trauma ရတဲ့အထိပါပဲ။ 😅
Yangon Handmade Creations ရဲ့ Bar Stool တွေကတော့ ဒီလိုအဆင်မပြေမှုတွေ 100% မရှိဘူးလို့အာမခံတယ်။ ဘယ်လိုရွေးချယ်ရမလဲ အကြံဉာဏ်ပေးမယ်။ Modern ဆန်ချင်ရင် Hollow နဲ့ဒီဇိုင်းကိုရွေး၊ Minimal ဆန်ချင်ရင်တော့ Hairpin frame ကိုရွေးပေါ့။ အဲ့ဒီနောက် Easy Clean ဖြစ်တာဆို ရာဘာသားအခင်းရွေးနိုင်တယ်။ Premium ဆန်ပြီး Comfort ဖြစ်တာဆို Sofa Cushion နဲ့ရမယ်။ Theme နဲ့ကိုက်ညီဖို့ ရာဘာသားဆိုရင် အရောင်ကိုးမျိုးအထိရွေးနိုင်သလို Cotton/Leather ကလည်းအရောင် နှစ်ဆယ်ကျော်အထိ ရွေးချယ်နိုင်သေးတယ်။
Trauma မရအောင် ဘဝအတွက်လူရွေးမှန်ဖို့လိုသလို ဆိုင်တွေအတွက် Bar Stool ရွေးချယ်မှုမှန်ကန်ဖို့လိုမယ်။ ☺
️ #
12/01/2026
"Industrial Style နဲ့ YHC Signature Chevron Table"
၂၀၂၀ နောက်ပိုင်း နိုင်ငံတကာမှာ Trendy ဖြစ်နေတဲ့ Loft Style/Industrial Style ပရိဘောဂတွေကိုမှ ကြိုက်ပါတယ်ဆိုရင် Yangon Handmade Creations ကထုတ်လုပ်တဲ့ ဒီ Table Set လေးတွေကို လက်မလွှတ်သင့်ပါဘူး။အရောင်စုံရဲ့ ပေါင်းစပ်မှုနဲ့အတူ အနက်ရောင် သံဖရိန်ရဲ့ တည်ငြိမ်မှုကပိုပြီး Smart ကျစေပါတယ်။
ရိုးအီနေတဲ့ ဒီဇိုင်းတွေအစားအခုလိုဆွဲဆောင်မှုရှိတဲ့ ရှေးဟောင်း Chevron ဒီဇိုင်းတွေက Customer တွေကိုပိုဆွဲဆောင်နိုင်တာ အမှန်ပါပဲ။ ဖန်တီးရာမှာအချိန်ယူ စိတ်ရှည်ရသလို ထွက်ပေါ်လာတဲ့ဒီဇိုင်းဖန်တီးမှုကလည်း ဖန်တီးထုတ်လုပ်ရတာနဲ့တန်အောင်ဆွဲဆောင်မှုရှိလှပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ Yangon Handmade Creations မှာပဲရရှိနိုင်ပါသေးတယ်။
မိသားစု ထမင်းစားပွဲတွေပဲဖြစ်ဖြစ်၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေအတွက်ပဲဖြစ်ဖြစ် အထူးသင့်လျော်ပါတယ်။ လိုချင်တဲ့ Color အရောင်နဲ့ နေရာနဲ့ ကိုက်ညီတဲ့ဆိုဒ်အတိုင်း Customized မှာယူနိုင်ပါတယ်။
"Don't miss this table set from Yangon Handmade Creations if you love trendy Loft/Industrial Style furniture. The blend of colors with a stable black steel frame gives it a smart look. Featuring a unique, vintage Chevron design, it requires skilled craftsmanship and is exclusively available here. Perfect for homes, cafes, or restaurants, and can be customized to your preferred color and size."
Contact : 09950040070, 09880007010
11/01/2026
အဝတ်အထည်ဆိုင်တစ်ဆိုင်အတွက် နံရံကပ်စင်၊ Hanging Bar၊ Display Rail တွေက အလှအပထက်ပိုပြီး ရောင်းအားကို တိုက်ရိုက်သက်ရောက်စေတဲ့ အရေးကြီးသောအချက်ဖြစ်တယ်လို့ခံယူထားပါတယ်။
နံရံကပ် Display System တပ်ဆင်မှုတွေဟာနံရံကိုမထိခိုက်အောင် တိကျစွာချိန်ညှိပြီး အလေးချိန် ခံနိုင်ရည်ကောင်းကာ အဝတ်အထည်တွေကို သေလှပစွာ ပြသနိုင်အောင် ဒီဇိုင်းချထားဖို့လိုပါတယ်။
ဆိုင်အတွင်း Space ကို အပြည့်အဝအသုံးချနိုင်ပြီး
Customer တွေ ဝင်လာချိန်မှာဆိုင်ရဲ့သန့်ရှင်းမှု၊ စနစ်တကျမှု၊ Professional Look ကိုချက်ချင်း ခံစားနိုင်စေပါတယ်။
စင်တွေကို စနစ်တကျတပ်ထားတဲ့ ဆိုင်တစ်ဆိုင်ဟာ Brand Image ကို မြှင့်တင်ပေးပြီး Customer ရဲ့ ယုံကြည်မှုကိုလည်း တစ်ပြိုင်နက်တည်း ရရှိစေပါတယ်။ YHC အနေနဲ့ Readymade ဒီဇိုင်းနဲ့ Customize ဒီဇိုင်းများကို မျှတစွာသုံးစွဲပြီး ဖန်တီးပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။
Contact : 09950040070, 09880007010
10/01/2026
Hairpin legs ကို ၁၉၄၁ ခုနှစ် မှာ ပထမဆုံး တီထွင်ခဲ့တာပါ။ တီထွင်သူကတော့ ဩစတြီးယားမှာ မွေးဖွားပြီး နောက်ပိုင်း အမေရိကန်သို့ ပြောင်းရွှေ့လာတဲ့ စက်မှုဒီဇိုင်နာ Henry P. Glass ပါ။ အဲဒီအချိန်က World War II ကာလဖြစ်ပြီး ပစ္စည်းတွေ (အထူးသဖြင့် သံမဏိ) တွေအလွန်ရှားပါးခဲ့ပါတယ်။
Henry Glass က Russel Wright ဆိုသူရဲ့ အလုပ်ရုံမှာ အလုပ်လုပ်ရင်း သံမဏိအနည်းဆုံးသုံးပြီး ခိုင်ခံ့တဲ့ ပရိဘောဂတွေ ဖန်တီးဖို့ တာဝန်ယူရပါတယ်။
ရလဒ်အနေနဲ့ကတော့ သူဖန်တီးခဲ့တဲ့ Wrought Iron ပရိဘောဂများကို “Hairpin Group” လို့ အမည်ပေးခဲ့ပြီး သူ့ဖန်တီးတဲ့ ပရိဘောဂအများစုရဲ့ ခြေထောက်ဒီဇိုင်းများဟာ ဆံပင်ညှပ်တံ (hairpin) နဲ့ ဆင်တူလို့ အဲဒီအမည်နဲ့ ကျော်ကြားလာခဲ့တာပါ။
ဒီဒီဇိုင်းဟာ ပစ္စည်းချွေတာရုံတင်မက အလွန်ခိုင်ခံ့ပြီး လှပတဲ့ ပုံစံဖြစ်ခဲ့လို့ စက်မှုလုပ်ငန်းမှာ ချက်ချင်း လူကြိုက်များခဲ့ပါတယ်။၂၀၀၀ ပြည့်နှစ်တွေကစပြီး Hairpin legs ဟာ ပြန်လည် အရမ်းခေတ်စားလာပါတယ်။ Minimalist နဲ့ industrial style အိမ်တွေမှာ အသုံးအများဆုံး ဖြစ်နေသလို သူ့ရဲ့ ရိုးရှင်းမှု၊ ခိုင်ခံ့မှု၊ နေရာသက်သာမှုနဲ့ ခေတ်မီအသွင်အပြင်ကြောင့် အခုထိ လူကြိုက်များနေဆဲပါ။
Hairpin legs ဟာ စစ်ပွဲကာလ ပစ္စည်းချွေတာရေးကနေ စတင်ခဲ့ပြီး ယနေ့ထိ ၈၀ နှစ်ကျော် ကြာအောင် အချိန်မကုန်တဲ့ ဒီဇိုင်းတစ်ခု ဖြစ်နေပါတယ်။
Henry P. Glass ကိုယ်တိုင်ကလည်း သူ့ရဲ့ ဒီတီထွင်မှုကို အရမ်းဂုဏ်ယူခဲ့တယ်လို့ နောက်ပိုင်း အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
Yangon Handmade Creations ရဲ့ Product အများစုဟာ minimal နဲ့ industrial ဆန်တာကြောင့် Hairpin Design Furniture တွေကိုလည်းဂုဏ်ယူစွာနဲ့ထုတ်လုပ်ပါတယ်။
Contact : 09950040070, 09880007010
09/01/2026
Yangon Handmade Creations ရဲ့ မိတ်ဆွေတွေထဲမှာ တိချစ်သူတွေရှိပါသလား။
🐾 YHC ရဲ့ Customize Pet House လေးတွေက ချစ်ရတဲ့ တိရိစ္ဆာန်လေးတွေကို အိမ်ထဲမှာတောင် သဘာဝကျကျ၊ စိတ်ချလက်ချနဲ့ နေရနိုင်အောင် အထူးစဉ်းစားပြီး ဖန်တီးထားတာပါ ...
🐾 အတွင်းပိုင်းမှာ အတက်အဆင်းလွယ်စေတဲ့ အဆင့်လေးတွေ၊ အနားယူဖို့ နေရာ၊ လက်သည်းချွတ်ဖို့ scratching post လေးတွေ ပါဝင်လို့ တိလေးလေးအတွက် အထီးမကျန်၊ မပျင်းရအောင် နေထိုင်နိုင်ပါတယ်။😊
🐾 ပရီမီယံအရည်အသွေး ရာဘာသားနဲ့ လေဝင်လေထွက်ကောင်းအောင် ဒီဇိုင်းလုပ်ထားတာကြောင့်မိတ်ဆွေအနေနဲ့ အပြင်သွားတဲ့အချိန်မှာပါ “ငါ့ကလေး အဆင်ပြေနေလား” ဆိုတဲ့ စိုးရိမ်ပူပန်စရာ မရှိနိုင်တော့ပါဘူး။
🐾 အရွယ်အစား၊ အတွင်းဖွဲ့စည်းပုံ၊ အသုံးပြုချင်တဲ့ပုံစံတွေကိုပါ ကိုယ်တိုင်ရွေးချယ် Customize လုပ်လို့ရတဲ့အတွက် တိလေးတိုင်းအတွက် သီးသန့်အိမ်လေးတစ်လုံး ဖြစ်လာစေပါတယ်။
🐾 Yangon Handmade Creations နဲ့ဆိုရင်အပြင်သွားနေချိန်မှာတောင် မိတ်ဆွေရဲ့ ချစ်လှစွာသော တိလေးဟာ ကိုယ်ပိုင်အိမ်လေးထဲမှာ စိတ်ချလုံခြုံစွာနေထိုင်နေပါလိမ့်မယ်။
🐾 Contact 09950040070, 09880007010
09/01/2026
ကက်ဆက်တိတ်ခွေတစ်ခွေချင်းစီမှာ အချိန်တခေတ်၊ အသံတသံ၊ အမှတ်တရတခုစီတိုင်းကို သိမ်းဆည်းထားပါတယ်။ ကက်ဆက်တိတ်ခွေတွေကို စုဆောင်းရတာဟာ ဝါသနာတစ်ခုသာမက အမှတ်တရတွေကို သိမ်းဆည်းထားတဲ့ အနုပညာတစ်ရပ်ပါ။
တန်ဖိုးရှိတဲ့ စုဆောင်းမှုတွေကို သေသပ်လှပစွာ သိမ်းဆည်းနိုင်ဖို့ Yangon Handmade Creations ရဲ့ Cassette Tape စင်လေးတွေက အကောင်းဆုံးဖြေရှင်းချက်ဖြစ်လာပါတယ်။
တိတ်ခွေတစ်ခွေချင်းစီကို အလွယ်တကူ ထည့်သွင်း၊ ထုတ်ယူနိုင်အောင် ဒီဇိုင်းလုပ်ထားတဲ့အပြင်
🔸 နေရာအကျယ်အဝန်းအလိုက် စိတ်ကြိုက်အရွယ်အစား ပြုလုပ်ပေးနိုင်ပြီး စုဆောင်းထားတဲ့ တိတ်ခွေအရေအတွက်အလိုက်အမြင့်၊ အကျယ်၊ အဆင့်အရေအတွက်ကို ကိုယ်ကြိုက်သလို Customize ပြုလုပ်ပေးပါတယ်။
🔸 Decor အဖြစ်ပါ စင်တစ်ခုတည်းနဲ့ အခန်းတစ်ခန်းလုံးကို Vintage & Music Lover Mood ရအောင် ဖန်တီးနိုင်ပါသေးတယ်။
(ဖော်ပြပါ Cassette Tape Storage လေးတွေကတော့ သာကေတက မိတ်ဆွေတစ်ဦးအတွက် ဖန်တီးခဲ့တာဖြစ်ပါတယ်)