TSS Car Wash and mobile phone accessories

TSS Car Wash and mobile phone accessories

Share

Thanks for Everything, For Your Chosing Our Service, We always Gives a Perfect Service. Your Concerns is Our Concerns too.

11/05/2022

120w အားသွင်းမြန်တာလေး မှ လိုချင်ကြတဲ့ ဘော်ဒါတွေအတွက် TSS မှာ ဒါလေးရအုံးမယ်နော်
IPHONE- 4600K

MicroUSB - 4200K

TypeC-4600K

Photos from TSS Car Wash and mobile phone accessories's post 06/04/2022

TSS ရဲ့မိတ်ဆွေ များအားလုံး မင်္ဂလာပါဗျ 🙏

အားလုံးကျပ်တည်း နေတဲ့ အချိန်မှာ စျေးရောင်းpost

လေးတင် မိလို့ တောင်းပန်ပါတယ်ဗျ

ကျွန်တော် တို့ဆိုင်မှာ လက်ရှိတင်ထားသော ပုံလေးတွေ

ထဲက ဖုန်း accessories လေးတွေကို စျေးနှုန်း

သက်သာစွာ နဲ့ လက်လီ လက်ကား ရောင်းချ ပေးနေပါ

တယ် ဗျ ပစ္စည်းတခုချင်းစီ ရဲ့ Description ကို ပုံ လေး

တွေ ရဲ့ အောက်မှာ ဖော်ပြပေးထားပါ့မယ် ဗျ လိုချင်တဲ့

ပစ္စည်းလေးတွေကို တွေ့ရင် Page Messenger က နေ

မေးမြန်းလို့ရပါတယ် ဗျ ရန်ကုန်မြို့တွင်းကိုတော့ ပစ္စည်း

ရောက်ငွေချေစနစ်နဲ့ ဖြစ်ပြီး အခြား နယ်တွေကိုတော့ ငွေ

ကြိုလွှဲစနစ်နဲ့ရောင်းချပေးနေပါတယ်ဗျ ရန်ကုန်မြို့တွင်း ကို

အိမ်တိုင်ရာရောက် Delivery လေးလဲရှိတော့အဆင်ပြေ

တာပေါ့ နော် နောက်ပြီး KBZ Pay , အပြင် KBZ , AYA

Bank တွေကနေလဲ Online banking စနစ်နဲ့ ငွေ

ပေးချေချင်လဲ ရပါသေးတယ်နော် (Online Banking နဲ့ငွေပေးမယ်ဆိုရင်တော့ ငွေလေးတော့ ကြိုလွှဲပေးပါခင်ဗျာ)

အခု ပုံလေးတွေမှာရေးထားတဲ့ စျေးလေးတွေက တော့ လက်လီစျေး လေးတွေဖြစ်ပြီး လက်ကားစျေးသိချင်ရင် Page Messenger မှာ လာရောက်မေးမြန်းလို့ရပါတယ်ဗျ
အားလုံးကိုကျေးဇူးတင်ပါတယ် 🙏

11/03/2022

Hello 👋

အားလုံးပဲ မင်္ဂလာပါဗျ 🙏
အခုလိုကာလ မှာ မင်္ဂလာပါလို့နှုတ်ဆက်မိလို့ တောင်းပန်ပါတယ်ဗျ
ကျွန်တော်တို့ရဲ့ TSS Car Wash & Services ဆိုင်လေးကို နိုင်ငံရေးအခြေအနေ နဲ့ ကိုဗစ်အခြေအနေ တွေကြောင့် ဆိုင်ကို ခောတ္တခဏ ပိတ်ထားခဲ့တာ ကြာခဲ့ပါပြီခင်ဗျ
ဆိုင်ဖွင့်နေစဥ်ကာလ မှာ မျိုးစုံ သော အခက်အခဲ တွေ တွေ့ကြုံခဲ့ရပေမယ့် ကျွန်တော် ကြံ့ကြံ့ခံ ပြီး ဆိုင်ကို ရပ်တည်ခဲ့ပါသေးတယ် ခင်ဗျ

အခုချိန်ထိလဲ နိုင်ငံရေးက မတည်ငြိမ်သေးသလို( ဆီစျေးက တက် မီးကပျက် တော့ ပိုဆိုး 😪 ) ကျန်းမာရေး ကလဲ BA2 ဆိုပြီး နောက်တမျိုးက ပေါ်လာပြန်ပြီဗျ

အဲ့ဒိတော့ ကျွန်တော်တို့ ဆိုင်ပိတ်ထား စဥ်ကာလ လေးမှာတော့ ကျွန်တော်လက်လှမ်းမှီသလောက် ဖုန်းနဲ့ပက်သက်သော accessories လေးများ ကားနဲ့ပက်သက်သော accessories လေးများကို online ကတဆင့် TSS ရဲ့မိတ်ဆွေ တွေကို ရောင်းချပေးချင်လို့ပါခင်ဗျ

ချစ် မိတ်ဆွေများ TSS Car Wash & Services page ကနေ ကျွန်တော်ရောင်းချလိုသည့်ပစ္စည်းလေးတွေ တက်လာခဲ့ရင် လမ်းကြုံအားပေးခဲ့ကြပါအုံးခင်ဗျ

ကားရေဆေးဆိုင်ပြန်မဖွင့်တော့ဘူးလားဆိုရင်တော့ ပြန်ဖွင့်မှာပါခင်ဗျာ ဒါပေမယ့်အရင်နေရာတော့မဟုတ်တော့ပါဘူးခင်ဗျ ရေဆေးဆိုင်ပြန်ဖွင့်ဖြစ်ရင် ဖွင့်မယ့်နေရာကို page မှာပြန်ကြေငြာပေးပါ့မယ့်ဗျ

အားလုံးကိုကျေးဇူးတင်ပါတယ် ဗျာ🙏။။။။။။။။။။။။။။

25/12/2020

TSS Car Wash & Services ကိုအားပေးကြတဲ့ မိတ်ဆွေများ ခင်ဗျာ
အမှတ်ရစရာများနဲ့ ပြည့်နေတဲ့ Christmas Eve 🎄🎄🎄🎁 လေး ဖြစ်ကြပါစေ ခင်ဗျာ

အော် ဒါနဲ့ ကျွန်တော်တို့ဆိုင် ဒီနေ့ဖွင့် ပါတယ်ခင်ဗျာ

TSS Car Wash & Services
09440061751,09424187100

#ဘယ်သွားသွားmaskတပ်ကြပါ
#လက်ကိုခဏခဏဆေးပါ
#လူစုလူဝေးရှောင်ကြပါ
#ကားရေဆေးလုပ်ငန်း

23/12/2020

ဝန်ထမ်းထပ် လိုလို့ ထပ်ခေါ်တာပါ
သာကေတမြို့နယ်အတွင်းရှိ ကားရေဆေးလုပ်ငန်းတွင် လုပ်ကိုင်ရန် အကျင့်စာရိတ္တ ကောင်းမွန်သော ဝန်ထမ်း(၂) ဦး အလိုရှိသည်

ရရှိနိုင်သည့်အခွင့်အရေး
-နေစားငြိမ်း
-နားရက်ပိတ်ရက်တွင် မနားပါက ရက်မှန်ကြေး
- အလုပ်ကြိုးစားမှုအတွက် Bonus (3) လအစမ်းခန့်ကာလပြီးတာနဲ့ပေးပါတယ်
- ညဘက်ဆင်းရတဲ့အတွက် ညဘက်ဆင်းခ
- တစ်နှစ်တစ်ခေါက် အပန်းဖြေခရီးစဉ်
- တစ်ပါတ်တစ်ရက် နားရက် (မနားပါက ရက်မှန်ကြေးရှိပါတယ်)
- အလုပ်လဲကြိုးစားတယ် အရမ်းလဲတော်တယ်ဆိုရင် ဘဝအတွက် လိုအပ်တဲ့သင်တန်းတွေကိုလဲ ပိုက်ဆံအကုန်အကျခံပြီး သင်ပေးပါအုံးမယ်
ဥပမာ (ကားမောင်းသင်တန်း)

လုပ်ရမည့်အလုပ်
- ကားရေဆေး
- ကားရေသုတ်
ဖုန်စုပ်စသည့် ကားရေဆေးခုံနဲ့ပတ်သက်သည့် အလုပ်များလုပ်ကိုင်ရမည်
ဆိုင်စည်းကမ်းလိုက်နာပြီး ရေရှည်လုပ်နိုင်မည့်သူ ဦးစားပေးပါမယ်
စိတ်ဝင်စားပါက chatBox ဒါမှမဟုတ် 09699820274,09440061751 ,09424187100 သို့ဖုန်းဆက်ပြီးမေးလို့ရပါတယ်

Photos from TSS Car Wash and mobile phone accessories's post 10/12/2020

အားလုံးပဲ မင်္ဂလာပါခင်ဗျ

အခုလို ကိုဗစ်ကာလ မှာကျွန်တော်တို့ TSS ကို Google Map တို့ Facebook တို့ကနေ တကူးတက ရှာပြီး လာရောက်အားပေးကြတဲ့ ဧည့်သည်တွေကော ဆိုင်ကို ပုံမှန်လာရောက်အားပေးကြတဲ့ ဧည့်သည်တွေကော ကို ကျွန်တော်တို့ TSS မိသားစု မှ အရမ်းကျေးဇူးတင်ရှိပါတယ် ခင်ဗျာ
အလုပ်ကို စေတနာလေးထား ပြီး လုပ်လို့ အခုလို အကြပ်အတည်း ကာလမှာ အသက်ရှုချောင်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်ခင်ဗျာ ဧည့်သည်တွေဘက်ကလဲ TSS မှာ လိုအပ်ချက်လေးတွေ ရှိနေရင် ကျွန်တော်တို့ကို Message Box ဒါမှမဟုတ်ရင် 09424187100,09440061751 တို့ကို ဖုန်းလေးဆက်ပြီး အကြံပေးပြောကြားလို့ရပါတယ်ခင်ဗျာ
ရှေ့ဆက်ပြီးတော့လဲ အမြဲတမ်း ဧည့်သည် Customer တွေအပေါ်မှာ စေတနာ လေးထားပြီး ဝန်ဆောင်မှုပေးသွားမှာပါခင်ဗျာ

အောက်ကပုံလေးတွေကတော့ ဆိုင်က တပည့်ကျော်တွေ ဒီရက်ပိုင်းလက်စွမ်းပြထားကြတာလေးပါ

ကျေးဇူးတင်ပါတယ်ဗျ🙏🏻🙏🏻🙏🏻

#ဘယ်သွားသွားmaskတပ်ကြပါ
#လက်ကိုခဏခဏဆေးပေးကြပါ

#ကားရေဆေးလုပ်ငန်း

Photos from TSS Car Wash and mobile phone accessories's post 01/11/2020

Happy Thadingyut Festival

ပုံ/ ဆိုင်က ဆရာကြီးတွေ လက်စွမ်းပြထားတာ ❤️💕

31/10/2020

ပျော်စရာ သတင်းကျွတ်အခါသမယ လေးဖြစ်ပါစေ လို့ TSS Car Wash & Services မိသားစု က ဆုတောင်းလိုက်ပါတယ် ကူးစက်ရောဂါကပ်ဘေးကြီးလဲ အမြန်ဆုံး ကမ္ဘာကြီးက နေ ပပျောက်သွားပါစေ လို့ဆုတောင်းလိုက်ပါတယ် ခင်ဗျာ
🙏🏻🙏🏻🙏🏻

Photos from TSS Car Wash and mobile phone accessories's post 20/09/2020

ကျွန်တော်တို့ TSS Car Wash & Services ဆိုင်ကို (၂၄-၉-၂၀၂၀) မှ (၇-၁၀-၂၀၂၀) အထိ ဆိုင်ကို ခေတ္တ ပိတ်ထားပါ့မယ်ခင်ဗျာ
အားပေးသူ ဧည့်သည်အပေါင်းတို့လဲ မိမိ အိမ်မှာပဲနေပြီး ရန်ကုန်မြို့ကြီးကို ကယ်တင်လိုက်ကြရအောင်ခင်ဗျာ
ဆိုင်ကို (၂၃-၉-၂၀၂၀) ည-၇:၀၀ အထိတော့ ဖွင့်လှစ်ထားပါ့မယ်ခင်ဗျာ

20/09/2020

အစိုးရ ရဲ့ အမိန့်ကို စောင့်နေပါတယ် ကျွန်တော်တို့ TSS Car Wash & Services က (၁၄) ရက်လောက် ပိတ်ဖို့ ကို အဆင်သင့်ပါပဲ
အပ်နဲ့ ထွင်းရမည့် အချိန်ပါ ပုဆိန်နဲ့ ပေါက်ရမည့် အချိန် အထိတော့ စောင့်မနေသင့်တော့ပါဘူး
တစ်ကယ်တမ်း ဆိုင်တိုင်း (၁၄) ရက်ပိတ်ဆိုရင် ပိတ်ပေးပါ့မယ် အဆင်သင့်ပါပဲ ဝန်ထမ်းတွေကိုလဲ ဝင်ငွေ မရှိပဲ (၁၄) ရက်တော့ တောင့်ခံပြီး ကျွေးထားနိုင်ပါသေးတယ် အဲ့ထက်ဆိုးပြီး ပုဆိန်နဲ့ပေါက်ရတဲ့ အချိန်ဆို ကျွန်တော် လဲ ဝန်ထမ်းတွေကို အကြာကြီး တင်မကျွေးထားနိုင်ပါဘူး( လစာလဲပေးရပါတယ် )
အကြံပြုပါတယ် အခုချိန်က (၁၄) ရက်လောက်ကို တင်းကြပ်တဲ့ ဥပဒေနဲ့ ကူးစက်ရောဂါကိုထိန်းချုပ် သင့်တဲ့အချိန်ပါ

Want your business to be the top-listed Furniture Store in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. (211), Thumana Street, Tharketa Township
Yangon
11231

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 18:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00