Guaranty Natural Fertilizer
Natural Fertilizer (သဘာ၀ မြေသြဇာ)
"မြေဆီလွှာတွေ မပျက်စီးစေဖို့ ... သဘာဝမြေသြဇာကို သုံးကြစို့"
# ဥပစ္ဆေတက
# "The Untimely End"
လူတစ်ယောက်ရဲ့ ဘဝကို ကံကြမ္မာက ပြဌာန်းထားတယ်လို ဆိုကြပါတယ်။ ဒါကြောင့် ကျွန်မတိုက ကျွန်မတိုဘဝမှာ ရင်ဆိုင်ရတဲ့ အကြောင်းအကျိုး အကောင်းအဆိုးတွေကို ကံစီမံရာပဲလို ဆိုလေ့ရှိကြပါတယ်။ တကယ်ပဲ ကံဇာတ်ဆရာရဲ့ စေခိုင်းချက်ကို ကျွန်မတို မလွန်ဆန်နိုင်ကြဘူးလား။
ထူးခြားဆန်းကြယ်တဲ့ ဂမ္ဘီယလို ပညာရပ်တွေ ဂါထာ မန္တရား အင်းအိုင်ဂလဲ့ လက်ဖွဲလို မှော်ဆန်ဆန် ပညာရပ်တွေကရော ကျွန်မ တိုရဲ့ ကံကြမ္မာကို ပြောင်းလဲအောင် မဖန်တီးနိုင်ကြဘူးလား။ ဒီမေးခွန်းတွေရဲ့ အဖြေကိုတော့ ဥပစ္ဆေတက နောက်ခံဇာတ်လမ်း ပြော ရုပ်ရှင်ပုံစံ အေအိုင် ဇာတ်လမ်းလေးမှာ ရှာကြည့်ကြပါစိုလား။
မောရိယအင်ပိုင်ယာ ဟာ ရှေးဟောင်းအိန္ဒိယသမိုင်းမှာ အင်အားအကြီးဆုံးနဲ့ အကျယ်ပြန့်ဆုံး အင်ပိုင်ယာကြီးတစ်ခု ဖြစ်ပါတယ်။ ဒီအင်ပိုင်ယာကြီးဟာ ဘီစီ ၃၂၂ ဝန်းကျင်မှာ စတင်ပေါ်ထွန်းခဲ့ပြီး ဘီစီ ၁၈၅ ဝန်းကျင်အထိ တည်တံ့ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ မောရိယအင်ပိုင်ယာကို ထူထောင်ခဲ့တဲ့ ဘုရင်မင်းဆက်တွေထဲမှာ ထင်ရှားတဲ့ မင်းတစ်ပါးဖြစ်တဲ့ စန္ဒဂုတ္တမောရိယ စိုးစံနေတဲ့ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုပဲ ဖြစ်ပါတယ်။
# Illustrated Audio Cinematic style video
# International Story
# All AI Workflow
# Myanmar AI Art
# Digital Storytelling
# AI Storytelling
# The Untimely End
# Guaranty Natural Fertilizer
14/06/2026
# အထူးကဏ္ဍ
# ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ
■ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု E နှင့် F ပွဲကြိုသုံးသပ်ချက်
◘ ဂျာမနီ - ကူရာဆာ (မြန်မာစံတော်ချိန် ဇွန်လ ၁၄ ရက် ည ၁၁း၃၀ နာရီ)
နိုင်ငံငယ်လေး ကူရာဆာရဲ့ ကမ္ဘာ့ဖလားပွဲဦးထွက်က အသင်းကြီး ဂျာမနီနဲ့ တွေ့ဆုံနေလို့ စိတ်လှုပ်ရှားစရာပါပဲ။ ကူရာဆာအသင်းမှာ ထင်ရှားတဲ့ကစားသမားဆိုလို့ မန်ယူနိုက်တက်မှာ ကစားဖူးတဲ့ တာဟစ်ချောင်လောက်ပဲ ပါဝင်ပါတယ်။
ခြေစစ်ပွဲမှာ ထိပ်သီးကစားသမားတချို့ရှိတဲ့ ဂျမေကာကို ကျော်ပြီး ကူရာဆာ ခြေစစ်ပွဲအောင်ခဲ့တာပါ။ ဂျာမနီအသင်းက ဒီနှစ်မှာ ချန်ပီယံဆုအတွက် သိပ်ရေပန်းမစားဘူး။ အလေးပေးချက်မှာလည်း အဆင့် ၈ နေရာလောက်ပဲ ရှိတယ်။
ဂျာမနီပဲ အလေးသာပါတယ်။
◘ နယ်သာလန် - ဂျပန် (မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် နံနက် ၂း၃၀ နာရီ)
ဂျပန်အသင်းက ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲ ခြောက်ပွဲဆက်တိုက် အနိုင်ကစားထားပြီး ဒီအထဲမှာ ဘရာဇီးလ်၊ အင်္ဂလန်တို့လို အသင်းကြီးတွေတောင် ပါဝင်ပါတယ်။ ဂျပန်အသင်းက လတ်တလောမှာ ကမ္ဘာ့ထိပ်တန်းအဆင့်ထဲတိုးဝင်နေပြီလားဆိုတာ ထင်မှတ်စရာပါ။ နယ်သာလန်အသင်းက နောက်တန်းမှာ ဒီဗရိုင်း၊ ဒယ်လစ်နဲ့ တင်ဘာတို့ ဒဏ်ရာတွေကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရတယ်။ ခြေစမ်းပွဲတွေမှာလည်း နယ်သာလန်အသင်းခြေစွမ်းကအားရစရာ သိပ်မရှိဘူး။
ဂျပန်အသင်း မထင်မှတ်ဘဲ အမှတ်ခွဲယူ သွားပါလိမ့်မယ်။
◘ အိုင်ဗရီကို့စ် - အီကွေဒေါ (မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် နံနက် ၅း၃၀ နာရီ)
အိုင်ဗရီကို့စ်အသင်းက ဥရောပထိပ်တန်းလိဂ်မှာ ကစားနေတဲ့ နာမည်ကျော်အများအပြားနဲ့ ဖွဲ့စည်းထားတယ်။ အီကွေဒေါအသင်းမှာ ဟင်ကာပိုင်၊ ပါချို၊ ကိုင်စီဒို၊ အန်နာဗလင်စီယာစတဲ့ ကစားသမားတချို့လည်း ပါဝင်ပါတယ်။
အီကွေဒေါအသင်းက အသင်းလိုက်ပိုအားကောင်းပေမဲ့ အိုင်ဗရီကို့စ် က အမှတ်ခွဲယူသွားမှာပါ။
◘ ဆွီဒင် - တူနီးရှား (မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် နံနက် ၈း၃၀ နာရီ)
ဆွီဒင်အသင်းမှာ ယိုကာရက်စ်၊ အီဆက်ခ်၊ အီလန်ဂါ၊ လင်ဒီလော့ဖ်တို့အပြင် ပရီးမီးယားလိဂ်အခြေစိုက်တွေ ရှိပေမဲ့ ခြေစစ်ပွဲအောင်ဖို့ အတော်လေးရုန်းကန်ခဲ့ရတယ်။ အင်္ဂလိပ်နည်းပြ ဂရေဟမ်ပေါ်တာရဲ့အသင်းက ကမ္ဘာ့ဖလားမှာတော့ခြေမှန်ပေါ်လောက်တယ်လို့ မျှော်လင့်ရတယ်။ တူနှီးရှားကလည်း ဥရောပအခြေစိုက်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဆွီဒင်ဘက် အသာစီးပါ။
14/06/2026
# ဇာတ်လမ်းတွဲ စာညွှန်း
# “ဣတ္ထိမဲ့ဂေဟာ” ဇာတ်လမ်းတွဲ
Bo Bo Film Production က စီစဉ်ထုတ်လုပ်တဲ့ “ဣတ္ထိမဲ့ဂေဟာ” ဇာတ်လမ်းတွဲကို Mahar Application က Mahar Original Series အနေနဲ့ ဇွန်လ ၂၄ ရက်နေ့က စတင်ကာ ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
“ဣတ္ထိမဲ့ဂေဟာ” ဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ညီအောင်ညီ နဲ့ အေးမြတ်ချို တို့က ရေးသား ရေးညွှန်းထားပြီး ဒါရိုက်တာ အိ (အရုဏ်ဦး) နဲ့ တွဲဖက်ဒါရိုက်တာ ဆူးခက်မင်းတို့က Bo Bo Film Production အတွက်တာဝန်ယူ ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
မိန်းမတွေကို အဆိပ်တစ်ခွက်လိုမြင်ပြီး မိန်းမတွေကို မုန်းတီးနေတဲ့ ဣတ္ထိမဲ့ဂေဟာရဲ့ ဂေဟာမှူး၊ မိန်းမတွေကြောင့် စိတ်ဒဏ်ရာ ပေါင်းများစွာနဲ့ နာကျင်ခံစားနေရတဲ့ လူငယ်သုံးယောက်တို့ တွေ့ဆုံကြတဲ့အခါ ဘယ်လိုကမောက်ကမ အလွဲအချော်တွေနဲ့ ရယ် မောရင်ခုန်ကြရမလဲ။ တားမြစ်ချက်တွေ၊ ထူးဆန်းတဲ့ စည်းကမ်းချက်တွေနဲ့ဖွဲ့စည်းထားတဲ့ ဣတ္ထိမဲ့ဂေဟာကြီးက တကယ်ပဲ “မိန်းမကင်းစင်တဲ့နယ်မြေ” ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ရသမျိုးစုံကို ကြည့်ရှုရ မယ့် “ဣတ္ထိမဲ့ဂေဟာ” ဇာတ်လမ်းတွဲမှာ စောင့်မျှော်အားပေးကြပါဦး။
“ဣတ္ထိမဲ့ဂေဟာ” ဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ ခန့်စည်သူ၊ ကောင်းမြတ်စံ၊ ဘုန်းရှိန်ခန့်၊ ဟိန်းသစ်စ၊ ထွန်းပုလဲရတနာ ၊ အဲဝေသာ ၊ ချယ်ချယ် ၊ သဒ္ဒါနန်းထိုက် ၊ မေသရဝဏ် ၊ သွန်းကြယ်စင် ၊ သင်းနန္ဒီဇော် ၊ ကျော့ကျော့ ၊ သော်တာလှိုင်ထွန်း ၊ ဝါဝါအောင် ၊ မုဒြာ ၊ ဝါဝါမေမောင် ၊ မာယုသာ ၊ ဟန်လေး ၊ သူဇာပွင့် ၊ အင်ကြင်း ၊ ယဉ်မင်းပိုက် ၊ မေယမင်းချို ၊ ဆုသရဖီကို ၊ ညွှန်းရတီ ၊ သွက်လက် ၊ ဈာန်ဟိန်း ၊ ဆက်ထူးသစ် ၊ ရဲရင့် ၊ ခေးကို ၊ ကလေးသရုပ် ဆောင် - နဒီထက်မွန်ထွန်း နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြကြောင်း သိရပါတယ်။
14/06/2026
# အနုပညာပြတင်း
# "နတ်ဝင်သည်(၂)" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး
W Entertainment က ရိုက်ကူးထုတ်လုပ်တဲ့ "နတ်ဝင်သည်(၂)" မြန်မာရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားကို တော့ ရွှေတိဂုံစေတီတော်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။
"နတ်ဝင်သည်(၂)" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကို နီမိုးလွင် က ရေး ညွှန်းထားပြီး ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက် နဲ့ လက်ထောက်ဒါရိုက်တာ - ဘုန်းသက်ပိုင်စိုးတို့က W Entertainment အတွက် တာဝန်ယူ ပုံဖော် ရိုက်ကူးသွား မှာ ဖြစ်ပါ တယ်။
မနှစ်က နိုဝင်ဘာလက ရုံတင်ခဲ့တဲ့ နတ်ဝင်သည်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒုတိယပိုင်းအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ရုံတင်ခဲ့စဉ်က နတ်ဝင်သည်ကို တခဲနက် အားပေးကြတဲ့ ပရိသတ်တွေအတွက် နောက်ထပ်မက်ဆေ့တစ်ခု ထပ်ပေးဖို့ ကြိုးစားကြမှာပဲ ဖြစ်ပါ တယ်။
ဒီဇာတ်ကားမှာတော့ လေးငုံရဲ့ နတ်ဝင်သည် ဘဝဇာတ်ကြောင်းကို ဇာတ်လမ်းအဖြစ် မြင်တွေ့ရမှာလား။ လေးငုံရဲ့နောက် ဖြစ်လာမယ့် အဖြစ်အပျက်တွေကို မြင်တွေ့ရမယ့် ဇာတ်လမ်း ဖြစ်လေမလား ဆိုတာကတော့ ရိုက်ကူးပြီးစီးလို့ ရုံတင်တဲ့အခါ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။
"နတ်ဝင်သည်(၂)" ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ အေးချမ်းမောင်၊ အောင်ရေချမ်း၊ နေထက်လင်း၊ ဝင်းခန့်မိုး၊ အကယ်ဒမီ မေသန်းနု၊ အေးဝတ်ရည်သောင်း၊ ဝင့်ယမုံနိုင်၊ ရဲလွင်ဦး၊ ဖိုးတာ၊ ရွှေအိုး၊ သဲတုန်၊ Jee Jee၊ အင်ကြင်းဖူး၊ ယွန်းသီရိကျော်၊ လဝန်းဝဿန်၊ ချစ်ခွန်းချို၊ အိမ့်မှုးစံနှင့် အထူးဧည့်သည်သရုပ်ဆောင် - ဆန်းထွဋ်၊ နေထွဋ်၊ အကယ်ဒမီ မြင့်မြင့်ခိုင် နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
14/06/2026
# အထူးကဏ္ဍ
# ၂၀၂၆ ကမ္ဘာ့ဖလား
■ ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စု (D) ပွဲစဉ် ပွဲပြီးရလဒ်
သြစတြေးလျ ၂-၀ တူရကီ
သြစတြေးလျ - အီရန်ခွန်ဒါ(၂၇ မိနစ်)၊ မက်ကယ်ဖေး(၇၅ မိနစ်)
14/06/2026
# အထူးကဏ္ဍ
# ၂၀၂၆ ကမ္ဘာ့ဖလား
၂၀၂၆ ကမ္ဘာ့ဖလားအုပ်စု (C) ပွဲစဉ်ရလဒ်
ဟေတီ (ဝ-၁) စကော့တလန်
စကော့တလန် - မက်ဂျင် (၂၈ မိနစ်)
၂၀၂၆ ကမ္ဘာ့ဖလားအုပ်စု (C)ပွဲစဉ် ရလဒ်
ဘရာဇီးလ် ၁-၁ မော်ရိုကို
ဘရာဇီးလ် - ဗင်နီစီယပ်စ် (၃၂ မိနစ်)
မော်ရိုကို - ဆိုင်ဘာရီ (၂၁ မိနစ်)
၂၀၂၆ ကမ္ဘာ့ဖလားအုပ်စု (B)ပွဲစဉ်ရလဒ်
ကာတာ ၁-၁ ဆွစ်ဇာလန်
ကာတာ - ခူခီ (၉၀+၄ မိနစ်)
ဆွစ်ဇာလန် - အမ်ဘိုလို (၁၇ မိနစ် Pen)
13/06/2026
# အထူးကဏ္ဍ
# ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ
■ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု B နှင့် C ပွဲကြိုသုံးသပ်ချက်
■ ကာတာ - ဆွစ်ဇာလန် (မြန်မာစံတော်ချိန် ဇွန်လ ၁၄ ရက် နံနက် ၁း၃၀ နာရီ)
ဆွစ်ဇာလန်အသင်းက ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲတွေမှာတော့ အားရစရာမရှိခဲ့ဘူး။ ဒါပေမဲ့ ချာကာ၊ အကန်ဂျီ၊ အမ်ဘိုလို၊ အန်ဒိုယီ၊ အိုကာဖော်တို့ပါဝင်တဲ့ လူစာရင်းက အတော်လေးတောင့်တင်းပါတယ်။ ကာတာကတော့ အာရှဖလား နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်ထားပေမဲ့ ဒီဘက်နောက်ပိုင်းနှစ်တွေမှာ အနည်းငယ်ကျလာတယ်။
ဆွစ်ဇာလန်ပဲ ဂိုးပြတ်နိုင်ဖို့များပါတယ်။
■ ဘရာဇီးလ် - မော်ရိုကို (မြန်မာစံတော်ချိန် ဇွန်လ ၁၄ ရက် နံနက် ၄း၃၀ နာရီ)
မော်ရိုကိုအသင်းက ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ အာဖရိကအသင်းတွေရဲ့ သမိုင်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ခဲ့တယ်။ ပြီးခဲ့တဲ့ အာဖရိကဖလားပွဲမှာ ဆီနီဂေါထံက ချန်ပီယံဆု လုယူသလိုမျိုးဖြစ်ခဲ့လို့ မော်ရိုကိုအတွက် အခုကမ္ဘာ့ဖလားက သိက္ခာဆယ်ပြဖို့ လိုနေတယ်။ ဘရာဇီးလ်အသင်းမှာတော့ နေမာ ကစားနိုင်ဖို့ မရှိသေးဘူး။ ဒါပေမဲ့ ဘရာဇီးလ်တိုက်စစ်မှာ ခြေစွမ်းမကွာတဲ့သူတွေ များနေလို့ နည်းပြ အန်ဆယ်လော့တီအဖို့ ခေါင်းခဲနေရတာပါ။ လတ်တလောမှာ ဗင်နီစီယပ်စ်နဲ့ ရာဖင်ညာတို့လောက်သာ ပွဲထွက်ခွင့်အတွက် ဂဏန်းငြိမ်ပါတယ်။ အန်ဆယ်လော့တီရဲ့ မေဂျာပြိုင်ပွဲ အဖွင့်ပွဲဖြစ်လို့
သေချာအာရုံစိုက်လိမ့်မယ်။
ဘရာဇီးလ်ပဲ နိုင်လိမ့်မယ်။
■ ဟေတီ - စကော့တလန် (မြန်မာစံတော်ချိန် ဇွန်လ ၁၄ ရက် နံနက် ရး၃၀ နာရီ)
ဟေတီအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅၂ နှစ်ကြာမှ တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရခဲ့တယ်။ ဆန်းဒါးလန်းက အစ်ဆီဒေါ်၊ ဝုလ်ဗ်က ဘယ်လေဂတ်တို့ ဟေတီအသင်းမှာ ပါဝင်ကစားမှာပါ။ စကော့တလန်က ခြေစစ်ပွဲ အုပ်စုအဆင့်မှာ ဒိန်းမတ်ကို ကျော်ပြီး ခြေစစ်ပွဲအောင်ခဲ့တယ်။ တွမ်မီနေး၊ မစ်ဂင်၊ ခရစ္စတီး၊ လူးဝစ်ဖာဂူဆန်၊ တိုင်လာဖလက်ချာတို့ ရှိနေတဲ့ ကွင်းလယ်က အတော်လေး အားကောင်းပါတယ်။ စကော့တလန် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။
Photos: Teams' Facebook
13/06/2026
# ရုပ်မြင်သံကြားဇာတ်လမ်းတွဲ စာညွှန်း
# "ကျွန်တော် ချစ်သော သူမ" ရုပ်မြင်သံကြားဇာတ်လမ်းတွဲ
Uni TV Free To Air ရုပ်မြင်သံကြားလိုင်းကနေ "ကျွန်တော် ချစ်သော သူမ" ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို ဇွန်လ ၁၃ ရက် ဒီကနေ့ညကနေ စတင်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
"ကျွန်တော် ချစ်သော သူမ" ရုပ်မြင်သံကြားဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို စမ်းဝတီ က ရေးသားရေးညွှန်းထား ပြီး ဒါရိုက်တာအဖြစ် စမ်းဝတီ ကပင် တာဝန်ယူ ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။
Uni TV ကနေ တင်ဆက်ပေးမယ့် ကျွန်တော် ချစ်သော သူမ ဇာတ်လမ်းတွဲကတော့ Romance Drama Mini Series ဖြစ်တယ် လို့ သိရပါတယ်။ အချစ်ဆိုတာ တစ်ခါတစ်ရံ ပျော်ရွှင်ခြင်းကို ပေးစွမ်းနိုင်သလို၊ တစ်ခါတစ်ရံမှာတော့ မမေ့နိုင်တဲ့ အမှတ်တရတွေနဲ့ နာ ကျင်မှုတွေကိုလည်း ချန်ထားခဲ့တတ်ပါတယ်ဆိုတဲ့ အချစ်ဘွဲ့ဇာတ်လမ်းလေးပါ။
"ကျွန်တော် ချစ်သော သူမ" ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်တွေအဖြစ် ဟင်နရီစံ၊ မှူးထိပ်ထား၊ ဇီရတနာပွင့်၊ ဂွမ်းပုံကြီး နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရပါတယ်။
13/06/2026
# ဇာတ်လမ်းတွဲ စာညွှန်း
# “မှော်ဝင်မျက်မှန် - Magic Lens” ဇာတ်လမ်းတွဲ
SKYNET Application ကနေ “မှော်ဝင်မျက်မှန် - Magic Lens” ဇာတ်လမ်းတွဲကို ဇွန်လ (၁၆) ရက်နေ့ကနေ စတင်ကာ အပတ်စဉ် အင်္ဂါနေ့ နဲ့ ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
“မှော်ဝင်မျက်မှန် - Magic Lens” ဇာတ်လမ်းတွဲရဲ့ ဝတ္တုဇာတ်လမ်းကို လုံမ နဲ့ စမ်းဝတီ တို့က ရေးသားရေးဖွဲ့ထားပြီး ဇာတ်ညွှန်းကို လုံမ က ရေးညွှန်းထားကာ ဒါရိုက်တာ စမ်းဝတီက တာဝန်ယူ ပုံဖော်ရိုက်ကူးပေးထားကြောင်းလည်း သိရပါတယ်။
ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာကို ဝါသနာပါပြီး ငယ်ငယ်ကတည်းက စုံထောက်လုပ်ရတာကြိုက်လို့ မျက်စိရှေ့မှာ မြင် တွေ့ရသမျှ အရာရာတိုင်းကို စူးစမ်းရှာဖွေလိုစိတ်အပြည့်နဲ့ လေ့လာဆန်းစစ်တတ်သူအဖြစ် နေထွဋ် ကို ဒီဇာတ်လမ်းတွဲမှာမြင်ရမှာပါ။ မိဘတွေမရှိတော့တဲ့နောက်ပိုင်း အဖွားနဲ့အတူနေပြီး အဖွားကို အလုပ်ကျွေးပြုစောင့်ရှောက်ကာ ဘဝကိုရုန်းကန်ရင်းနဲ့မှ မမျှော်လင့်ထားတဲ့ အပြောင်းအလဲကြောင့် ပြဿနာတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့်သူ အဖြစ် “ မှူးထိပ်ထား က ပါ ဝင်ထားပါတယ်။ ဇနီးသည်မရှိတော့တဲ့နောက်ပိုင်းသားဖြစ်သူနေထွဋ်ရဲ့ ဗီဇနဲ့ အကျင့်တွေကြောင့် လမ်းမှားရောက်မသွားအောင် ပြုပြင်ထိန်းသိမ်းရင် ဇနီးအသစ်ပေါ်မှာရော သားပေါ်မှာပါ တာဝန်မပျက်ခဲ့တဲ့ ဖခင်အဖြစ် အကယ်ဒမီ မင်းဦး၊ မိခင်မရှိတော့တဲ့ ကလေးတစ်ယောက်ကို သားအရင်းသဖွယ် ပြုစုပျိုးထောင်ပေးပြီး သားဖြစ်သူကို အလိုလိုက်ကာ ဖခင်နဲ့ပြဿနာဖြစ်တိုင်း သား ဖြစ်သူနေထွဋ်ဘက်မှ ကာကွယ်ပေးတတ်သူ အဖြစ် အကယ်ဒမီ ခင်ဇာခြည်ကျော် တို့က သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ် လမ်းတွဲမှာတော့ ထူးခြားတာက သာမန်မျက်စိနဲ့ မမြင်ရတဲ့ ရှေ့ဖြစ်အန္တရာယ်တွေကို ပြပေးမယ့် မျက်မှန်တစ်လက်။ ဒီမျက်မှန် တစ်လက်ကြောင့် သိလာရတဲ့ အမှန်တရားနဲ့ ဖြေရှင်းရမယ့် ပဟေဠိပေါင်းမြောက်များစွာနဲ့ မျက်မှန်တစ်လက်ကြောင့် အန္တရာယ် တွေကြား မရည်ရွယ်ဘဲ ရောက်ရှိသွားတဲ့အခါ ဘယ်လို အကြောင်းအရာတွေနဲ့ ကြုံရမလဲ။ အရာရာကို စူးစမ်းတတ်တဲ့သူနဲ့ မမျှော်လင့်ဘဲ ကံကြမ္မာက ရွေးချယ်လို့ ပြဿနာတွေကြား အလိုလို ရောက်ရှိသွားတဲ့သူ၊ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်းနဲ့ နီးကပ်လာတဲ့ အန္တရာယ်တွေ အခက်အခဲတွေ ဒုက္ခတွေကနေ ဘယ်လို ရုန်းကန်ဖြေရှင်းမလဲ၊ တစ်ယောက်ကို တစ်ယောက် ဘယ်လိုကာကွယ်ပေးသွားကြမလဲ ဆိုတာ စုံထောက်မှုခင်း ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ "မှော်ဝင်မျက်မှန် - Magic Lens” ရုပ်သံဇာတ်လမ်းတွဲကို ဇွန်လ (၁၆) ရက်နေ့ကနေ စပြီး အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တိုင်း SKYNET Application မှာ ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။
“မှော်ဝင်မျက်မှန် - Magic Lens” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေအဖြစ် နေထွဋ် ၊ မှူးထိပ်ထား ၊ အကယ်ဒမီ မင်းဦး ၊ အကယ်ဒမီ ခင်ဇာခြည်ကျော် ၊ ဒေါင်းဝေ ၊ ဟန်ဆက်လူ ၊ ပြည့်ပြည့် ၊ မီကိုခန့် ၊ နန်းရွှေအိမ် ၊ ဟန်နီဟိန်းသစ် နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြကြောင်းလည်း သိရပါတယ်။
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 11:30 |