Mickey's Real Wood Upcycled Furniture

Mickey's Real Wood Upcycled Furniture

Share

We make Upcycled Furniture, custom-designed furniture which exactly suited our customer's needs. We pride ourselves on making things personal.

Photos from Mickey's Real Wood Upcycled Furniture's post 17/06/2026

ငယ်ငယ်တုန်းကဆင်မချစ်ဘူး။ ကြံ့ရယ်၊ ဒိုင်နိုဆောရယ်၊ မိချောင်းရယ်၊ မြွေရယ်ချစ်တယ်။ မြွေဆိုအိမ်မှာတောင်မွေးလိုက်သေးတယ်။
အိမ်သစ်တက်လုပ်တော့အခုဆင်ပန်းချီကားလေးအဖေ့ဆီကလက်ဆောင်ရတယ်။ တဖြည်းဖြည်းနဲ့ဆင်ကိုမြတ်နိုးလာလိုက်တာအိမ်မှာဆင်တွေအများကြီးပဲ။
အခု Console table ရဲ့ခြေထောက်တွေတောင်ကြည့်ရင်းဆင်နှာမောင်းတွေနဲ့တူလာသလိုပဲ။

🤍 Hallway Console
🤍 Teak & Grey olive colors Combo
🤍 Reclaimed Burmese teak
🤍42"W x 19"D x 30"H
🤍 Available for Sale !!
🤍 PM for the price






16/06/2026

SOLD 🔴!!
ဒီ classic gate legs သို့မဟုတ် drop leaf table တွေကိုလိုချင်လို့မှာထားသူတွေ‌တန်းစီနေရော။
ဒီတစ်လုံးကတော့ Bobbin ပွတ်လုံးတွေနဲ့
အလှဆင်ထားလို့ Cottagecore, Rustic နဲ့ Modern country interior designs တွေနဲ့ကွက်တိပဲ။
🤍 Available for Sale !!
🤍Gate leg / drop leaf table
🤍 Teak and grey olive combo
🤍 45" diameter x 31"H
🤍 PM for the price!!









#

14/06/2026

စားပွဲအဝိုင်းတွေကစားပွဲလေးထောင့်တွေ၊ အရှည်တွေထက်ပိုအားသာချက်တွေရှိတဲ့အထဲမှာ ဝိုင်းထိုင်နေသူတွေအချင်းချင်းဆက်သွယ်စကားပြောဖို့ပိုအဆင်ပြေလွယ်ကူစေတယ်ဆိုတဲ့အချက်ကို
သ‌ဘောအကျဆုံးပါပဲ။
စားပွဲထိပ်ကအကြီးအကဲ ( Head of the table )
နေရာဆိုပြီးသီးသန်မရှိတဲ့အတွက်အားလုံးတန်းတူရည်တူရှိပြီးပိုရင်းနှီးနွေးထွေးတဲ့အငွေ့အသက်ကိုရရှိစေပါတယ်။
စားပွဲအဝိုင်းကိုပိုနှစ်သက်ရတဲ့တခြားအကြောင်းတွေရှိရင်လည်းမျှဝေပေးကြပါအုံး 😊

🤍 Available for SALE !!
🤍 Modern Farmhouse dining table
🤍 58" in diameter x 30"H
🤍 Two-Tone finish ( Teak & deep charcoal )
🤍 Turned pedestal Base
🤍 Quadrupled feet
🤍 PM for the price!!!






14/06/2026

What a beautifully curated space!
This room has a wonderful, lived-in eclectic bohemian vibe that feels incredibly warm and full of personality. It looks like a space where every object has a story to tell.







Photos from Mickey's Real Wood Upcycled Furniture's post 13/06/2026

လွန်ခဲ့တဲ့ ၇ နှစ်ကဒီလိုမိုးတွေစိမ့်စိမ့်ရွာနေတဲ့နေ့မှာ
Network int'l school မှာကလေးတွေကို ကျွန်တော်တို့ Mickey's Real Wood Upcycled Furniture ရဲ့လုပ်ငန်းကလေးအကြောင်းကိုဇနီးနဲ့အတူတူပြောပြဖြစ်ခဲ့ပါတယ်။
ကျွန်တော့် personal environmental Hero ဖြစ်တဲ့ Myanmar Ocean Project ရဲ့ founder
Ma Thandar Ko Gyi ကတော့ပွဲမှာအဓိကဇာတ်လိုက်ပေါ့။ သူ့ရဲ့ရေသတ္တဝါတွေကယ်တင်ဖို့မြန်မာ့ပင်လယ်ရေအောက်ကစွန့်ပစ်ငါးဖမ်းပိုက်
( Ghost Gears) တွေကိုရေငုပ်ပြီးလိုက်လံရှင်းလင်းတဲ့စွန့်စားခန်းတွေကိုကလေးတွေနဲ့အတူတူနားထောင်ရင်သိပ်သဘောကျခဲ့ရတယ်။ ငယ်ငယ်ကတည်းက
Marine biologist ဖြစ်ချင်ခဲ့တဲ့ဆိုတော့..
နောက်ပြီး WWF Myanmar ရဲ့မြန်မာ့ကျားတွေထိမ်းသိမ်းတဲ့လုပ်ငန်းအကြောင်းတွေလည်းအားတက်စရာနားထောင်ခဲ့ရတယ်။
တကယ်စိတ်ခွန်အားရခဲ့တဲ့နေ့ရက်ကောင်းတွေပါပဲ။







12/06/2026

ကလေးတုန်းကမိုးရာသီကအရမ်းပျော်စရာကောင်းတယ်။ မိုးရွာထဲဘောလုံးကန်ရင်းမိုးရေချိုးမယ်၊ ဂေါက်ကွင်းထဲကကန်တွေ၊ရထားလမ်းဘေးကရေကန်တွေထဲမိုးရေထဲရေကူးမယ်၊ အိုင်ပက်မယ်။ မိုးရွာတာမရပ်စေချင်ဘူး။
လူကြီးဖြစ်လာတော့မိုးတစ်နေကုန်ရွာတဲ့နေ့တွေအလုပ်နဲ့ဟိုပြေးဒီပြေး၊စိုစိစိုစွတ်နဲ့ပျော်စရာမကောင်းတော့ဘူး။ furniture တွေလည်းဆေးမခြောက်လို့မီးပြရတာနေ့တစ်ဝက်ကုန်တယ်။ပစ္စည်းပို့တင်ချလုပ်တုန်းမိုးတိတ်ဖို့ပဲမျှော်မိတယ်။
အခုလည်းရွာသာကြီးဘက် delivery ပို့တုန်းသူများအိမ်ရှေ့ခဏမိုးခိုရင်းငယ်ငယ်တုန်းကမိုးရာသီကိုတမ်းတနေတာ 🙃🤪🙃

11/06/2026

မိုးအေးအေးနဲ့မေမြို့သွားချင်ပြီ

Healthy Green Juice 🍃🍋‍🟩🥦🥬🍯
==========================

Café လေးကနေတဆင့်...
ကိုယ့်ဧည့်သည်တွေအတွက် ပိုကောင်းတဲ့
Healthy lifestyle experiences တွေရရှိစေဖို့အတွက် အရွက်စိမ်း (၉) မျိုးပါဝင်တဲ့ Healthy Green Juice 🥬🥦🍋‍🟩🍃

ပါဝင်တဲ့ အရွက်စိမ်း (၉) မျိုးကတော့....
[ Broccoli + Celery + Romaine + Spinach + Cabbage + Yu Chai + Parsley + Pennywort + Mint ]တွေဖြစ်ပြီးတော့ သောက်ရတဲ့အခါမှာ အရသာပိုပြီး Balance ဖြစ်စေဖို့အတွက် Lime + honey လေးကိုပါ အချိုးကျကျ ပေါင်းစပ်ပြီး ဖျော်စပ်ပေးထားပါတယ်။

အားလုံးပဲ ကျန်းမာခြင်းလက်ဆောင်ကို Café လေးကနေတဆင့် ရရှိပါစေ ☺️🍃














#အထာကျကျကော်ဖီသောက်ရအောင်

Photos from Mickey's Real Wood Upcycled Furniture's post 10/06/2026

SOLD 🔴!!
၂၀ရာစုအစောပိုင်းကာလတွေကတည်းက ကြွယ်ဝတဲ့မြန်မာကြေးရတတ်တွေ၊ အခြေချနေထိုင်သူ‌နိုင်ငံခြားသားတွေက ဒီလို ဥရောပဟန် မု့န်ကြိုးလိမ်တိုင်( barley- twist columns) ဖဲပြားပန်းဆွဲ ( Neoclassical motif- fastoon Ribbon) တွေနဲ့မြန်မာ့ဟန်လက္ခဏာ ဥဒေါင်းငှက်တို့ကိုရောယှက်ထည့်သွင်းထားတဲ့ပရိ‌ဘောဂတွေကို မြန်မာ့လက်မှုပညာရှင်တွေဆီမှာမှာယူဖန်တီးခိုင်းခဲ့ကြတယ်။
အခုdisplay cabinet အဖြစ်ပြန်လည်ပုံဖော်ထားတဲ့ မူလ Armoire ကြီးကတော့ East- West Fusion/ Anglo-Burmese နမူနာလက်ရာတစ်ခုပါပဲ။
Since the early 20th century, wealthy Burmese elites and expatriate residents commissioned Burmese craftsmen to create furniture that beautifully blended European elements—such as barley-twist columns and ribbon festoons (Neoclassical motifs)—with the traditional Burmese peacock motif.
The original large armoire, which has now been repurposed into this display cabinet, is a prime example of East-West Fusion and Anglo-Burmese craftsmanship.









09/06/2026

🖤အနက်ပဲကြိုက်တယ်ဆိုတဲ့သူတွေအတွက်
"The Main Character Energy " အပြည့်နဲ့
The Black Duo 🖤🖤

🖤 Available for order!!
🖤 PM for the price









Photos from Mickey's Real Wood Upcycled Furniture's post 08/06/2026

SOLD 🔴!!
Campaign chest drawers မှာထားတဲ့သူတွေတော်တော်များတဲ့အတွက်ရတာနဲ့အစဉ်လိုက်ပေးဖြစ်ပါတယ်။ ဒီတစ်လုံးရဲ့ size ကတော့ Tall Boy လို့ခေါ်ရလောက်အောင်မြင့်ပါတယ်။ Campaign chest drawers တွေမှာ ရှေးတုန်းကခရီးသွားရင် transport wagon တွေ၊ သင်္ဘောhold တွေထဲကျပ်ကျပ်သိပ်သိပ်ထည့်ရတဲ့အခါ မပျက်စီး၊မကျိုးပဲ့အောင် recessed brass drawer pulls တွေပဲပါလေ့ရှိပေမယ့်သူကတော့ မူလကတည်းက ကြွေသီး k***s တွေအစုံပါလာပါတယ်။
ဒါနဲ့ပဲ k***s ပေါ်မှာနားနေတဲ့ ငှက်ကလေးတွေရေးဖြစ်သွားရော။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ continent တစ်ခုကနေတစ်ခုကိုသင်္ဘောခရီးရှည်ကြီးနဲ့ ရွေ့ပြောင်းခရီးသွားရတာတောင်ဒီလိုခရီးဆောင် chest drawers ခမ်းခမ်းနားနားကြီးတွေနဲ့သွားတတ်၊နေတတ်တဲ့အရင်ပိုင်ရှင် officer ကြီးလည်း ငှက်ကလေးတွေနဲ့တွေ့ရရင်ကျေနပ်မယ်ထင်ပါတယ်။







Want your business to be the top-listed Furniture Store in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


B-1, Bayint Naung Street, Kyauk Yay Twin, Mayangone
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00