11/08/2026
မေမေတို့အတွက် အကူအညီဖြစ်စေတဲ့ App " YinThway "
ကလေးငယ်ကို ပြုစုစောင့်ရှောက်ဖို့ ဗဟုသုတတွေကို လေ့လာတဲ့အခါ အရမ်းကိုများပြီး ဘယ်ကစဖတ်ရမလဲမသိဘဲ လေ့လာလို့မကုန်ဖြစ်တတ်ကြပါတယ်။
ဘယ်အသက်အပိုင်းအခြားမှာ ဘယ်လိုကာကွယ်ဂရုစိုက်ရမလဲ
သွားလေးတွေကရော အသက်အရွယ်အလိုက် ပုံမှန်ပေါက်တာဟုတ်ရဲ့လား လိုအပ်ချက်ရှိနေလား အစရှိသဖြင့် မေးခွန်းတွေရှိတတ်ကြပါတယ်။
ဒီလိုမျိုး မိခင်နဲ့ရင်သွေးလေးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို တနေရာတည်းမှာသိနိုင်ဖို့ "YinThway Application "ရှိပါတယ်။
App ကို မေမေတို့ဖုန်းထဲမှာထည့်ထားလိုက်ရုံနဲ့
▪️အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးသင့်တဲ့အဆင့်တွေ
▪️သွားပေါက်ပုံအဆင့်ဆင့်
▪️ကာကွယ်ဆေးထိုးနှံပေးရမဲ့ အသက်အပိုင်းအခြားအကြောင်းအရာများ
အစရှိတာတွေအပြင် မေမေတို့ဖတ်ရှုရမဲ့ ကျန်းမာရေးဆောင်းပါးတွေ၊ကလေးငယ်ကိုဖွင့်ပြဖို့ ပုံပြင်တွေလည်း ပါရှိပါသေးတယ်။
YinThway App ကို အခမဲ့ ဒေါင်းလုခ်ယူထားရုံနဲ့ မေမေတို့ရဲ့ ကလေးစောင့်ရှောက်ဖို့ ဝေခွဲမရဖြစ်နေတဲ့ အကြောင်းအရာတွေဟာ အဆင်ပြေသွားမှာပါ။
App ကနေပဲ မန်ဘာဝင်လို့ရပေမဲ့ ဒီ App သုံးဖို့ မန်ဘာဝင်ထားဖို့မလိုဘဲ အခမဲ့သုံးလို့ရပါတယ်နော်။
ဒီလောက်ထိ အဆင်ပြေပြီး အကူအညီဖြစ်စေတဲ့ App က မေမေတို့ရှေ့ကိုရောက်နေပြီဖြစ်လို့ အခုပဲ ဖုန်းထဲကို ဒေါင်းလုခ်လုပ်ယူလိုက်တော့နော်။🫶🤍
#ကလေးကျန်းမာရေး
03/08/2026
ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် YinThway Call Center က အသင့်ရှိနေပါတယ်🩺🤍
မိဘတိုင်းဟာ ကလေးငယ်တိုင်းကို ဖျားနာခြင်းမရှိဘဲ ကျန်းမာစေချင်ကြတာပါ။
ဒါပေမဲ့လည်း ကလေးတွေရဲ့ ကျန်းမာရေးဟာ အပြောင်းအလဲမြန်တာမို့ ဖျားနာတာ၊ဝမ်းလျှောတာ ဒါမှမဟုတ် နေမကောင်းတဲ့ လက္ခဏာတွေ ရုတ်တရက် ပြလာတတ်တာကိုလည်း မိဘအများစု ကြုံကြရတတ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ အချိန်အခါမရွေး ဆွေးနွေးမေးမြန်းပြီး ကျန်းမာရေးအကြံပြုချက်တွေ ရယူနိုင်မဲ့ နေရာတစ်ခုရှိဖို့ အလိုအပ်ဆုံးပါပဲ။
✨YinThway Maternal & Child Call Center✨ကတော့ မိဘတိုင်းရဲ့ ပူပန်မှုတွေသက်သာအောင် (၂၄) နာရီ (၇) ရက်ပတ်လုံး ကျန်းမာရေးအကြံပြုဖို့ အသင့်စောင့်နေပါတယ်။
ကလေးရဲ့ကျန်းမာရေးအတွက် ညဘက်အချိန်မှာ လိုအပ်လာလည်း ပူပန်စရာမလိုဘဲ Call Center ကို ဖုန်းခေါ်လိုက်ရုံပါပဲ။
မန်ဘာဝင်ထားတဲ့ မိဘတိုင်းအတွက် စိတ်ချယုံကြည်ရတဲ့ ကျန်းမာရေးအကြံပြုချက်တွေကို အချိန်နှင့်တပြေးညီ ပြောပြပေးဖို့ YinThway Call Center က အသင့်ရှိတာမို့ ယုံကြည်စွာအားကိုးဖို့ မမေ့ပါနဲ့နော်။🤍✨
( ခြွင်းချက်- အရေးပေါ်အခြေအနေများအတွက် နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ရန်အကြံပြုပါသည်)
#ကလေးကျန်းမာရေး
29/07/2026
မေတ္တာထုံလွှမ်းသော ဝါဆိုလပြည့်နေ့ 🪷🌕
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားထူးတရားမြတ်ကို ကမ္ဘာလောကကြီးကို ဖြန့်ကျက်ကာ မေတ္တာထုံလွှမ်းသော ယနေ့လို နေ့ထူးနေ့မြတ်အချိန်အခါမှာ YinThway Maternal & Child Call Center ရဲ့ မိတ်ဟောင်းမိတ်သစ်များနှင့်တကွ ကမ္ဘာသူ၊ကမ္ဘာသားအပေါင်း မေတ္တာတရားတွေနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရသော နေ့ရက်ဖြစ်ပါစေ။
မေမေနှင့်ရင်သွေးငယ်အပေါင်းလည်း ကျန်းမာခြင်းသုခနဲ့ပြည့်စုံကာ ကုသိုလ်အမှုများကို စိတ်အေးချမ်းစွာပြုနိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါတယ်။ 🤍✨
#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာနေ့
24/07/2026
ကလေးကို ဂရုစိုက်ဖို့ဟာ မေမေတစ်ယောက်တည်းရဲ့ တာဝန်လား💬🥺
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာဟာ အချိန်ခဏလေးနဲ့ ပြီးဆုံးတဲ့အလုပ်မဟုတ်ဘဲ (၂၄) နာရီလုံးနားချိန်မရှိဘဲ စိတ်ရောကိုယ်ပါ အားစိုက်ထုတ်ရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။
✨ဒါပေမဲ့လည်း ကလေးငိုနေတာ မေမေကြောင့်၊ ကလေးနေမကောင်းရင် မေမေဂရုမစိုက်လို့၊ ကလေးဂျီကျရင် မေမေက အလိုလိုက်လွန်းလို့ ဆိုပြီး ကလေးရဲ့ အကောင်းအဆိုး အရာရာဟာ မေမေ့အပြစ်အဖြစ်ပဲ လူအများစုက မြင်တတ်ကြပါတယ်။
တကယ်တော့ မေမေ တစ်ယောက်တည်းကို ကလေးရဲ့တာဝန်အကုန်လုံး ပုံပေးထားခြင်းက မေမေ့အတွက် စိတ်ဖိစီးမှုဖြစ်စေပြီး သာယာတဲ့မိသားစုဘဝအတွက် အနှောင့်အယှက်တစ်ခုဖြစ်လာစေနိုင်ပါတယ်။
အမှန်တကယ်တော့ ကလေးကို ကိုးလလွယ်၊ဆယ်လကြာအပင်ပန်းခံ ကိုယ်ဝန်ဆောင်ပြီး မွေးဖွားပြီးချိန်မှာ မေမေဟာ သိပ်ကိုပင်ပန်းနေပြီမို့ ဖေဖေအပါအဝင် မိသားစုများက အချစ်အပြည့်နဲ့ကူညီလုပ်ဆောင်ပေးသင့်ပါတယ်။🥺
ဖေဖေအနေနဲ့ ကလေးနဲ့အချိန်ပေးဆော့တာ၊ဒိုင်ဘာလဲပေးတာ၊ရေချိုးပေးတာနဲ့ မေမေ့အတွက် နားချိန်ရအောင် ကလေးထိန်းပေးတာတွေကို ဂရုတစိုက်နဲ့လုပ်ပေးသင့်ပါတယ်။
သုတသနပြုချက်တွေအရလည်း အဖေ့ရဲ့ ဂရုစိုက်မှုကိုရရှိတဲ့ကလေးငယ်တွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ပေါင်းသင်းဆက်ဆံရေးပိုင်းရာမှာ ပိုမိုထူးချွန်ကြပါတယ်။
ကလေးကို မေမေကသေချာဂရုမစိုက်နိုင်ဘူးလို့ အပြစ်တင်မဲ့အစား အများကြီးပင်ပန်းပြီးပြီဖြစ်တဲ့ မေမေ့ကို ဝိုင်းဝန်းကူညီပြီး ကလေးကို အတူပျိုးထောင်ပေးတာက မေမေ့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာကို ကျန်းမာစေရုံသာမက မိသားစုဘဝရဲ့ ပျော်ရွှင်စရာအချိန်တွေကိုလည်း ဖန်တီးနိုင်မှာဖြစ်လို့ 🫶
ဒီနေ့ကစပြီး မေမေ့ ဆိုတဲ့ အမျိုးသမီးလေးကို ကူညီပြီးချစ်ခြင်းမေတ္တာအပြည့်နဲ့ နွေးထွေးပေးဖို့ YinThway Maternal & Child Call Center မှ အကြံပြုမျှဝေအပ်ပါတယ်ရှင်။🤍
မေမေတွေလည်း ဒီ Post လေးကို အိမ်ကခင်ပွန်းကိုပြဖို့ မမေ့ပါနဲ့ဦးနော် 🫶
#မိခင်နှင့်ကလေး
21/07/2026
ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ ကျန်းမာရေးတိုင်ပင်ဖော်ဖြစ်ပေးပါရစေ ✨🩺
ရင်သွေးလေးကိုလွယ်ထားရတဲ့ ကိုယ်ဝန်ဆောင်ကာလ ၉လ/ ၁၀လ ဆိုတာဟာ မေမေတို့အတွက်အစစအရာရာဂရုစိုက်ရတဲ့အချိန်အခါပါ။
ဒီလိုအချိန်မျိုးမှာ ကျန်းမာရေးနဲ့ပတ်သက်လာရင် မေမေတို့အနေနဲ့ ဘာလုပ်ရင်သက်သာမလဲ၊ဒီအပြုအမှုကရောမှန်ရဲ့လားဆိုတဲ့ မေးခွန်းပေါင်းများစွာကြား ဝေခွဲရခက်တာဟာ သဘာဝပါပဲ။
YinThway Call Center ကတော့ မေမေတို့နဲ့ (၂၄) နာရီ (၇) ရက်ပတ်လုံး ကျန်းမာရေးတိုင်ပင်ဖော်အဖြစ်ရှိပေးဖို့ အဆင်သင့်ရှိနေပါပြီရှင်။
ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ ကိုယ်ဝန်ဆောင်ကာလတလျှောက် သိလိုရာတွေကို ဖုန်းတချက်ပဲဆက်မေးရုံနဲ့ ကျန်းမာရေးကျွမ်းကျင်သူများက ပြန်လည်ရှင်းပြလမ်းညွှန်ပြီး တိုင်ပင်ဆွေးနွေးပေးမှာပါ။
စာရင်းပေးသွင်းထားရုံနဲ့ မေမေတို့ကိုယ်ဝန်ဆောင်ကာလစိုးရိမ်မှုတွေ၊ ကျန်းမာရေးပြဿနာတွေကို အမြဲမပြတ်ဆွေးနွေးပေးမဲ့ တိုင်ပင်ဖော်ကောင်းတစ်ယောက်ရမှာမို့ စိတ်အေးချမ်းရဖို့ အခုပဲ YinThway နဲ့ ချိတ်ဆက်ထားလိုက်ရအောင်နော်။🤍🩺
#ကိုယ်ဝန်ဆောင်မေမေ
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
15/07/2026
အော်တစ်ဇင်ဆိုတာဘာလဲ 💬🩺
အော်တစ်ဇင်ဆိုတာ ရောဂါတစ်ခုမဟုတ်ပါဘူး။ ကလေးတစ်ယောက်ရဲ့တွေးခေါ်ပုံ၊ပြောဆိုဆက်သွယ်ပုံ၊ပတ်ဝန်းကျင်နဲ့ ပြုမှုဆက်ဆံပုံတွေဟာ တစ်မျိုးကွဲပြားနေတတ်တဲ့" ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ" အခြေအနေတစ်ရပ်ပဲဖြစ်ပါတယ်။
အော်တစ်ဇင်ဖြစ်ရတဲ့ အကြောင်းအရင်းဟာ ဆေးပညာအရအတိအကျသတ်မှတ်ထားခြင်းမရှိသေးပေမဲ့ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်တွေကြောင့်အများဆုံးဖြစ်ပြီး ထူးခြားချက်အနေနဲ့ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် (၅) ဆပိုမိုအဖြစ်များကြပါတယ်။
အော်တစ်ဇင်ကလေးငယ်ဖြစ်နေမှန်း သိသာစေတဲ့လက္ခဏာတွေကတော့ ......
▪️အချီမခံခြင်း၊ အပွေ့အဖက်မခံခြင်း
▪️စကားပြောနောက်ကျခြင်း၊စကားပြောဆိုရန်ခက်ခဲခြင်း
▪️အပြုအမှုတစ်ခုကိုထပ်တလဲလဲပြုလုပ်ခြင်း၊အစွဲအလန်းကြီးခြင်း
▪️အရာဝတ္ထုတစ်ခုတည်းမှာပဲ အာရုံစူးစိုက်နေတတ်ခြင်း
▪️အများနဲ့မရောဘဲတစ်ယောက်တည်း သီးသန့်နေထိုင်တတ်ခြင်း
▪️မျက်လုံးချင်းဆုံမကြည့်ခြင်း၊ ပြန်မပြုံးပြခြင်း၊ နာမည်ခေါ်သော်လည်း တုံ့ပြန်မှုမရှိခြင်း
အစရှိတဲ့လက္ခဏာတွေအပြင် တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ လက္ခဏာတွေလည်းရှိတတ်ကြပါတယ်။
အော်တစ်ဇင်နဲ့ပတ်သက်ပြီးတိုက်ရိုက်ကုသနိုင်မဲ့ ဆေးမတွေ့ရှိသေးပေးမဲ့ ကလေးအသက်ငယ်စဉ်ထဲက ကလေးဆရာဝန်များနဲ့တိုင်ပင်ပြီး ကုထုံးတွေကို ရယူထားမယ်ဆိုရင် ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးနိုင်ပါတယ်။
အော်တစ်ဇင်အခြေအနေကို လူအများစုက ပေါင်းသင်းဆက်ဆံရခက်ခြင်း၊အလုပ်လုပ်ရခက်ခြင်း၊အိမ်ထောင်ပြုရခက်ခြင်းတွေဖြစ်မယ်လို့ ထင်ကြပေမဲ့ အော်တစ်ဇင်ရှိသူတွေဟာ သာမန်ကလေးတွေထက် ပိုထူးခြားပြီး အားသာချက်နဲ့ပါရမီတွေရှိကြပါတယ်။
အော်တစ်ဇင်ရှိသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဘဝဆိုင်ရာ ကုထုံးတွေကို အချိန်မီပြင်ဆင်ပေးပြီး မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ အချစ်တွေနဲ့ ပြုစုပျိုးထောင်ပေးမယ်ဆိုရင် အလှပဆုံးရှင်သန်နိုင်တဲ့ ပန်းလေးတွေဖြစ်မှာမို့ စနစ်တကျ စောင့်ရှောက်ခြင်းဖြင့် သူတို့ဘဝလေးတွေကို မြင့်တင်ပေးဖို့ YinThway Maternal & Child Call Center မှ အသိပညာပေးမျှဝေအပ်ပါတယ်။
အော်တစ်ဇင်ကလေးရဲ့မေမေတွေအနေနဲ့လည်း ဒီ Post အောက်မှာသိချင်တာပဲဖြစ်ဖြစ်၊ စိတ်ခွန်အားပေးချင်တာပဲဖြစ်စေပြောခဲ့လို့ရပါတယ်နော်။🩺🤍
#အော်တစ်ဇင်ဆိုတာ
13/07/2026
ကိုယ်ဝန်ဆောင်မိခင် အာဟာရမပြည့်ဝရင် ဘာတွေဖြစ်နိုင်လဲ 💬🤰
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့အာဟာရပြည့်ဝမှုဟာ ကလေးငယ်ရဲ့ ကျန်းမာခြင်းပဲဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ခြင်းမရှိခဲ့ရင် ဗိုက်ထဲက ရင်သွေးလေးနဲ့မိခင်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာ 🩺YinThway Maternal & Child Call Center 🤍က ဖော်ပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်အာဟာရမပြည့်ဝခဲ့ရင်
💬 ရင်သွေးငယ်ကြီးထွားမှုနှေးကွေးခြင်း ၊လမစေ့ဘဲမွေးဖွားခြင်းသာမက ကလေးအသက်ကြီးလာတာနဲ့အမျှ အဝလွန်ခြင်း၊နှလုံးရောဂါနဲ့၊ဆီးချိုရောဂါဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေပါတယ်။ အာဟာရအချို့တဲ့ဆုံးအခြေအနေမှာတော့ ကလေးအသက်အန္တရာယ်ကိုပါ ထိခိုက်စေတဲ့အထိ စိုးရိမ်ရပါတယ်။
💬အာဟာရပြည့်ဝစွာ စားသောက်နေထိုင်ခြင်းမရှိတဲ့ မိခင်အနေနဲ့လည်း သွေးအားနည်းရောဂါ၊မောပန်းလွယ်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းနဲ့ မွေးဖွားဖို့အခက်အခဲတွေဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့
▪️အသားဓာတ်
ကြက်ဥ၊ငါး၊အသား၊ပဲအမျိုးအမျိုး
▪️သံဓာတ်
သွေးအားနည်းခြင်းမဖြစ်အောင် ဟင်းနုနွယ်၊အသည်းပဲအမျိုးမျိုး
▪️ကယ်လ်ဆီယမ်ဓာတ်
ကလေးရဲ့အရိုးနှင့်သွားများအတွက် နို့နှင့်နို့ထွက်ပစ္စည်းများ။
▪️ဖောလစ်အက်စစ်
ကလေးရဲ့အာရုံကြောစနစ်ဖွံ့ဖြိုးရန်အတွက် အရွက်စိမ်းများ
အစရှိတဲ့အစားအသောက်တွေအပြင် ဆရာဝန်ညွှန်ကြားထားတဲ့ ကိုယ်ဝန်ဆောင်အားဆေး( Prenatal Vitamins ) ကိုလည်း သောက်သုံးပေးဖို့လိုအပ်ပါတယ်။
မေမေတို့ရဲ့ ကိုယ်ဝန်ဆောင်ချိန် ကျန်းမာရေးဂရုစိုက်မှုက ရင်သွေးငယ်လေးရဲ့ အနာဂတ်ကျန်းမာကြံ့ခိုင်မှုကို သက်ရောက်စေမှာမို့ အာဟာရပြည့်ဝအောင် နေထိုင်ဖို့ မမေ့ကြပါနဲ့နော်။
မေမေတို့ရော အာဟာရပြည့်ဝအောင် ဘယ်လိုစားသောက်နေထိုင်ကြလဲ ပြောပြပေးခဲ့ပါဦး။🤍✨
#ကိုယ်ဝန်ဆောင်
#အာဟာရ
#ကျန်းမာရေး
09/07/2026
We're Hiring !!
Customer Service Representative (Female – 4 Posts)
𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲
• Customer service ၀န်ဆောင်မှု သဘောသဘာ၀များကို ကောင်းစွာ သိရှိနားလည်နိုင်ရမည် ။
• Problem solving skill ဖြင့် ၀န်ဆောင်မှုဆိုင်ရာ ပြဿနာများကို တည်ငြိမ်အေးဆေးစွာ ဖြေရှင်းနိုင် ရမည်။
• လုပ်ငန်းလည်ပတ်မှုဆိုင်ရာ Standard operation procedures and guidelines များကို ကောင်းစွာ နားလည်လိုက်နာနိုင်ရမည်။
• Team နှင့် လိုက်လျောညီထွေစွာ Teamwork ကောင်းကောင်းဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။
𝐐𝐮𝐚𝐥𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬
• စကားအပြောအဆို ပြေပြစ်ချိုသာ ရမည်။
• Microsoft office (Excel, Word, Power Point) ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။
• Facebook, Youtube, Viber, Telegram စသည့် Social media and messaging app များကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။
• အင်္ဂလိပ်စာ အခြေခံနားလည်တတ်ကျွမ်းရန် လိုအပ်ပါသည်။
• အလုပ်အတွက် လိုအပ်သော Training များကို အစမ်းခန့်ကာလအတွင်း လေ့ကျင်သင်ကြားပေးပါမည်။
• Medical knowledge training
• Customer service training
• Operation work flows and SOP training
• Facebook Tools Training
• ရုံးလိပ်စာ - ကမ္ဘာအေးဘုရားလမ်း၊ Inya Lake ဟော်တယ်အနီး၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
စိတ်ပါ၀င်စားသူများ အောက်ပါ email address နှင့် Viber ဖုန်းနံပတ်သို့ မျှော်မှန်းလစာနှင့်တကွ CV ပေးပို့လျှောက်ထားနိုင်ပါသည်။
[email protected]
[email protected]
09-955417363 (Viber)
08/07/2026
ကိုယ်ဝန်ဆောင်မေမေ ဓညင်းသီးမစားသင့်တာ တကယ်ပဲလား 💬⁉️
အခုလို ဓညင်းသီးပေါတဲ့ ရာသီကိုရောက်လာချိန်မှာ အိမ်တိုင်းရဲ့ ထမင်းဝိုင်းမှာ မပါမဖြစ်ရှိနေတာက ဓညင်းသီးပဲဖြစ်ပါတယ်။
ဓညင်းသီးကို မြန်မာလူမျိုးတိုင်းငြင်းဆန်ဖို့ခက်ပေမဲ့ ကိုယ်ဝန်ဆောင်မေမေ တွေစားရင်တကယ်ပဲ အန္တရာယ်ရှိနိုင်လားဆိုတာကို မေ
မေတို့သိထားဖို့လိုအပ်ပါတယ်။
ကျန်းမာရေးရှူထောင့်အရ ဓညင်းသီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာတတ်နိုင်သမျှရှောင်ကြဉ်ဖို့နဲ့ လုံးဝမစားဖို့ ဆရာဝန်တွေကအကြံပြုတိုက်တွန်းထားကြပါတယ်။
ကိုယ်ဝန်ဆောင်တွေစားရင်ဘာတွေဖြစ်လာမှာလဲ
📌ဓညင်းသီးမှာပါဝင်တဲ့( Djenkolic Acid ) ဟာဆိုရင် အပ်ချောင်းပုံစံရှိခရစ်စတယ်အမျှင်ပုံစံလေးဖြစ်ပြီးတော့ မိခင်ရဲ့ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းထဲမှာ အနည်ထိုင်သွားမှာဖြစ်ပါတယ်။
📌ဓညင်းသီးမှာပါဝင်တဲ့ဓာတ်ကြောင့်ပဲ ကျောက်ကပ်နဲ့သွေးတိုးရောဂါဖြစ်လာတဲ့အခါ ရင်သွေးငယ်ဆီအောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေပို့ဆောင်ပေးနေတဲ့ လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။
📌ဓညင်းသီးစားတာကြောင့် ဆီးအောင့်ခြင်း၊ ဆီးသွားရင်သွေးပါခြင်း၊ ခါးကိုက်ခြင်း၊ ပျို့အန်ခြင်းတွေဖြစ်စေနိုင်ပါတယ်။
သာမန်လူရဲ့ခံနိုင်ရည်ရှိမှုနဲ့ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲဖြစ်နေတဲ့ မေမေတို့ရဲ့ ဓညင်းသီးဓာတ်ကို လက်ခံနိုင်စွမ်းကွာခြားတာကြောင့် လုံးဝမစားခြင်းကသာ ဘေးကင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။
မေမေရဲ့ကျန်းမာခြင်းဟာ ရင်သွေးငယ်ရဲ့ဘေးကင်းမှုဖြစ်တာမို့ ကိုယ်ဝန်ဆောင်ကာလကို ကျန်းမာစွာကျော်ဖြတ်ပြီး ရင်သွေးလေးနဲ့တွေ့ဆုံနိုင်ဖို့ အစားအသောက်ဂရုစိုက်ဖို့ကလည်းအရေးပါကြောင်း 🩺 YinThway Call Center✨မှ အကြံပြုဖော်ပြလိုက်ပါတယ်။
မေမေတို့ရော ဓညင်းသီးတွေစားဖို့ စဉ်းစားနေသေးလား မေမေတိုင်းဘေးကင်းဖို့ ပြန်လည်မျှဝေပေးခဲ့ပါဦးနော်။ 🤗
#ဓညင်းသီး
#ကိုယ်ဝန်ဆောင်
03/07/2026
အမျိုးသမီးတိုင်းဟာ လောကကြီးကို အလှဆင်သူတွေပါ 🌷💞
ယနေ့ ဇူလိုင်လ (၃) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ကဏ္ဍစုံမှာ ထူးချွန်အောင်မြင်ကြသလို မေတ္တာတရားနဲ့ ရင်သွေးငယ်တွေကို ပျိုးထောင်ပေးကြတဲ့ မြန်မာအမျိုးသမီး တစ်ဦးစီကို ဂုဏ်ပြုတဲ့ ❝ မြန်မာအမျိုးသမီးများနေ့ ❞ ဖြစ်ပါတယ်။
နူးညံ့သိမ့်မွေ့တဲ့နှလုံးသား၊ ကြံ့ခိုင်တဲ့စိတ်ဓာတ်တွေနဲ့အတူ မိမိကိုယ်တိုင်သာမက မိသားစု၊ပတ်ဝန်းကျင်အတွက် အကောင်းဆုံး လှပအောင် ဖန်တီးနိုင်သူဟာ အမျိုးသမီးတွေပါ။
အမျိုးသမီးတွေဟာ အိမ်ထောင်တစ်ခုကို မေတ္တာရိပ်ပေးကာ နွေးထွေးခိုင်မာအောင် တည်ဆောက်နိုင်သလို နယ်ပယ်အသီးသီးမှာလည်း အောင်မြင်စွာ ရပ်တည်နိုင်တာဟာ တကယ်ကို လေးစားစရာကောင်းလှပါတယ်။
💞YinThway Maternal & Child Call Center🩺 အနေနဲ့လည်း ဒီလိုထူးချွန်လှတဲ့ အမျိုးသမီးတို့ရဲ့ အားထားရာအဖြစ် ရှိနေရတာတကယ်ကို ဂုဏ်ယူမိပါတယ်။
🌷ဒီနေ့ မြန်မာအမျိုးသမီးများနေ့မှာ မေတ္တာရိပ်နဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားတဲ့ အမျိုးသမီးတွေ၊နိုင်ငံအတွက်အားကိုးအားထားရာ ကြယ်ပွင့်လေးတွေကို ကိုယ်ဝန်ဆောင်ထားတဲ့မေမေတွေ၊ပျိုးထောင်ပေးတဲ့ လက်တစ်စုံပိုင်ရှင်များနဲ့တကွ မြန်မာနိုင်ငံရှိ အမျိုးသမီးများအားလုံးကို လေးစားစွာဖြင့် ဂုဏ်ပြုကြောင်း ✨YinThway✨ မှ လှိုက်လှိုက်လှဲလှဲ ဖော်ပြအပ်ပါတယ်ရှင်။
#အမျိုးသမီးများနေ့
#မြန်မာအမျိုးသမီးများနေ့