Charm Decor Co., Ltd. - Design & Furniture Production

Charm Decor Co., Ltd.  -  Design & Furniture Production

Share

We are producing customized furniture & built-in furniture for residential and commercial. We also p

18/11/2022

Client အမရဲ့စိတ်ကူးကို အကောင်းဆုံး create လုပ်ပေး build လုပ်ပေးဖြစ်ခဲ့တဲ့ ဆိုင်လှလှလေး 🤩🤩🤩

ဆိုင်လေးကတော့ တကယ်ကို လှလှလေးနဲ့ အောင်မြင်စွာ ဖွင့်နေပြီမို့

Fashion ကျကျ လှပချင်တဲ့ မမတို့ အပြင်မှာ အားပေးလို့ရပြီနော်😊😊😊

.
ဆိုင်ရှင်အမလည်း ဒီထက်မက အောင်မြင်ပြီး ဆိုင်ခွဲတွေဖွင့်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်🥰🥰🥰
.
Charm Decor Design Team ရဲ့ Interior Design ပုံလေးတွေကို နောက်ရက်မှသေချာလေး တင်ပေးမယ်နော်☺️☺️☺️

Photos from Charm Decor Co., Ltd.  -  Design & Furniture Production's post 01/10/2022

နောက်ထပ် baby လေးတို့အတွက်အခန်းလေး❣️❣️❣️

ပြီးစီးတဲ့ Actual ပုံလေးတွေလည်း မကြာမီတင်ပေးမယ်နော်🥰🥰🥰
.
ဗဟန်းက အိမ်ရှင်အမတို့ရဲ့ သမီး​လေးအတွက် အခန်းDesign လေး
.
Design ဖန်တီးတဲ့အခါ teenage အရွယ်အထိ အသုံးပြုလို့ရအောင်ရယ်
.
Unique ဖြစ်အောင်ရယ် Charm Decor Design Team မှ ဖန်တီးပေးထားပါတယ်
.
အခန်းတစ်ခန်းချင်းစီ မှ စပြီး တစ်အိမ်လုံး one stop package အထိ ဝန်ဆောင်မှု ပေးနေပါပြီရှင့်🤩🤩🤩
.
Customized furniture မျိုးစုံလည်း ကိုယ်ပိုင်စက်ရုံကနေ ထုတ်လုပ်ပေးတာမို့
.
ဒီလို သိပ်လှတဲ့ Design တွေ လက်ရာတွေ ကို Charm Decor က ဖန်တီးပေးဖို့ စောင့်မျှော်နေပါတယ်နော် 😉😉😉
.

ဝါကျွတ်မှာအမီ အိမ်/ဆိုင် ပြင်ဆင်ဖို့ စိတ်ချရတဲ့ ကုမ္ပဏီကို ရှာနေတယ်ဆို Charm Decor ဖုန်း (09799563586)ကို သတိရလိုက်ပါ🤗🤗🤗
.
🌟site survey free အပြင်

🌟design fee up to 40%အစီအစဉ်တွေရှိတာမို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးနော်
😍😍😍

Photos from Charm Decor Co., Ltd.  -  Design & Furniture Production's post 23/09/2022

ပြီးစီးခဲ့တဲ့ တောင်ဥက္ကလာက အိမ်လေး❤️❤️❤️
.
အိမ်ရှင် ဦးနဲ့ အန်တီအကြိုက်လည်းတွေ့ပြီး
.
အိမ်ရှင် အမတို့ လိုချင်တဲ့ vibe လေးရအောင် ရွေးချယ်ဖန်တီးပေးတဲ့အခန်းလေး
.
လူကြီး လူငယ် လူလတ် ဘေဘီလေးတွေပါမကျန် အကြိုက်တွေ့အောင် ဆွဲဆောင်နိုင်တဲ့ Charm Decor Team ပါရှင် ☺️☺️☺️
.
ဝါကျွတ်မှာ မဂ်လာဆောင်မယ် အိမ်လှလှလေးနဲ့ အကြိုက်ဖြစ်ဖို့ ပြင်ဆင်မယ်ဆို Charm Decor ကို သတိရလိုက်ပါရှင့်
☺️☺️☺️
ဖုန်းလေးက 09799563586/09963811388ကို ဆက်သွယ်လိုက်နော်
.
အိုကေ စိုပြေ စိတ်တိုင်းကျရမယ့် Charm Decor ပါနော် 🤩🤩🤩
.

သီတင်းကျွတ် Promotion အနေနဲ့

လုပ်ချင်တယ့် area အလိုက် 🌟🌟 Design fee Up to 40% 🌟🌟ကို

💫💫ပထမဆုံး ၅ဦး သာ 💫💫

ပေးမှာမို့ အခွင့်အရေးကို အမြန် အရယူလိုက်တော့နော် 🤗🤗🤗

09/09/2022

လပြည့်နေ့ အတွက် Sharing 😌😌😌
.
ဖတ်ပြီး အတွေးတစ်ခုခု (သို့) အလေ့အကျင့်ကောင်း တစ်ခုခု ရရှိကြပါစေ ☺️☺️☺️

“ကိုယ်ကျင့်သီလ သို့မဟုတ် Ethical compass”

◾️ဒီနေ့ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ပြီး ငါးပါးသီလကို အထူးစောင့်ထိန်းကြဖို့ တိုက်တွန်းကြပါတယ်။ ဒါကြောင့် ကိုယ်ကျင့်သီလနဲ့ ပတ်သက်တဲ့ အမြင်တချို့ကို မျှဝေလိုတယ်။

အရင်ကတော့ ငါးပါးသီလ စောင့်ထိန်းတယ်ဆိုရင် ကုသိုလ်ရဖို့အတွက်ပဲ စဉ်းစားခဲ့တာ များတယ်။ ဒီသီလတွေ လုံရင် ကုသိုလ်ရတယ်။ မလုံရင်၊ ဖောက်ဖျက်မိရင် ငရဲကြီးတယ်ပေါ့။

နောက်ပိုင်း မဂ္ဂင် ၈ ပါးကို နည်းနည်းသိလာတော့ ကိုယ်ကျင့်သီလ ကောင်းမွန်ခြင်းဟာ စိတ်ကို တည်ငြိမ်စေတယ်။ သမာဓိရဖို့ အထောက်အပံ့ ဖြစ်စေတယ်။ ဒါမှသာ တရားအားထုတ်လို့ ဖြစ်နိုင်တယ် ဆိုတာမျိုး သဘောပေါက်လာတယ်။

◾️တကယ်တမ်း ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး အလင်းပွင့်သွားစေတာကတော့ ပါချုပ်ဆရာတော်ကြီးရဲ့ ဟောကြားမှုကို နာယူလိုက်ရချိန်ပါပဲ။

ငါးပါးသီလ ဆိုတာ ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်အောင် ကိုယ့်ရဲ့ ကိုယ်နဲ့ နှုတ်ကို စောင့်ထိန်းခြင်းဖြစ်လို့ “မဟာဒါန” လို့ မြတ်စွာဘုရားက ဟောတော်မူတယ်တဲ့။

အဲဒီလို နားလည်လိုက်တဲ့အခါ ကိုယ်ကျင့်သီလနဲ့ ပတ်သက်လို့ ခံယူထားတာတွေ လုံးဝပြောင်းသွားတယ်။ ငါးပါးသီလအပြင် လောကအလယ်မှာ ဘယ်လိုနေ ဘယ်လိုထိုင်ရမယ် ဆိုတာပါ သဘောပေါက်သွားစေတယ်။

◾️တကယ်တော့ ကိုယ်ကျင့်သီလဆိုတာ ကိုယ်ချင်းစာတရား၊ မေတ္တာနဲ့ ကရုဏာ၊ ဒီတရား ၃ ခုအပေါ်မှာ အခြေခံပြီး တည်ဆောက်ထားရခြင်း ဖြစ်တယ်။

စဉ်းစားကြည့်လေ။ ကိုယ့်ကို တစ်ယောက်ယောက်က လိမ်ပြောတယ်ဆို ကြိုက်မလား။ ချင်းထည့်ပြီး ပစ္စည်းတစ်ခုခု ရောင်းသွားတယ်ဆို ကြိုက်မလား။ လိမ်ညာပြီး၊ သို့မဟုတ် အတင်းအဓမ္မ ကာမရယူသွားတယ်ဆို ကြိုက်မလား။ မကြိုက်ဘူး။ ဒီအတွက် သူများကိုလည်း ဒါမျိုးမလုပ်ဘူး ဆိုတာ ကိုယ်ချင်းစာတရားပဲ။

ကုသိုလ်ရဖို့ လုပ်ရတယ် ဆိုတာထက် အဲ့လိုအုတ်မြစ်ခိုင်ခိုင်နဲ့၊ ရည်ရွယ်ချက်ကို သိပြီး တည်ဆောက်ထားတဲ့ ကိုယ်ကျင့်သီလက ပိုခိုင်မြဲတယ်။ အနှစ်သာရ ပြည့်ဝတယ်။

◾️ဥပမာတစ်ခုပေးမယ်။ အရက်သောက်တယ်ဆို ဘယ်သူ့ကို ထိခိုက်လဲ။ ဘယ်သူ့ကိုမှ မထိခိုက်ဘူး။ ကုသိုလ်အလုပ်တွေ မလုပ်နိုင်တော့တာ မှန်တယ်။ သူ့တစ်ကိုယ်စာ ကျန်းမာရေးကိုလည်း ထိခိုက်တယ်။ သို့သော် သူ့ဟာသူ မူးပြီး အိပ်သွားတယ်ဆို ဘာမှမဖြစ်ဘူး။ ဒါကြောင့်လည်း ငါးပါးသီလထဲမှာ အရက်မသောက်ဖို့ ပါပေမဲ့ ဒုစရိုက် ၁၀ ပါးထဲကျ မပါတာ။ သူ့ချည်းသက်သက်က အများကို ဒုက္ခမပေးလို့။

သို့သော် အရက်သောက်လိုက်တဲ့အခါ လူက ဆင်ခြင်တုံတရား ကင်းမဲ့သွားတယ်။ လိမ်ဖို့၊ လုဖို့၊ အကြမ်းဖက်ဖို့၊ ရန်မူဖို့ ဝန်မလေးတော့ဘူး။ ဒါကြောင့် မသောက်သင့်တာ။ အဲ့လောက်ထိ ဆိုးရွားတာတွေ မလုပ်ရင်တောင် မူးပြီး သောင်းကျန်းနေလို့ သူငယ်ချင်းတွေက အေးဆေးမပျော်ရတော့ဘဲ ထိန်းပေးနေရပြီ၊ ဒါမှမဟုတ် Ex ဆီ ဖုန်းဆက်ပြီး အသည်းကွဲပြနေပြီ၊ ညကြီးသန်းခေါင် ၇ အိမ်ကြား ၈ အိမ်ကြား သီချင်းတွေ အော်ဆိုနေပြီဆိုရင်တော့ ကိုယ့်ကြောင့် သူတစ်ပါး စိတ်အနှောင့်အယှက် ဖြစ်ပြီ ပြောရမယ်။ ဒါမျိုးတော့ မလုပ်နဲ့။

ဆိုတော့ အရက်သောက်မိလို့ ငရဲကျမှာလား မကျဘူးလား ငြင်းနေမဲ့အစား ဒီလိုသောက်ခြင်းကြောင့် သူတစ်ပါး မထိခိုက်အောင် ဘယ်လိုနေမလဲလို့ စဉ်းစားတာ ပိုကောင်းတယ်။ ဒါကြောင့် ကိုယ်ချင်းစာတရား ဆိုတဲ့ ရှုထောင့်၊ မဟာဒါနဆိုတဲ့ ရှုထောင့်ကနေ ချဉ်းကပ်ဖို့ ပြောတာပါ။

မုသာဝါဒဆိုလည်း ဒီလိုပဲ။ လိမ်တော့မပြောပေမဲ့ တစ်ဖက်သားကို အထင်တစ်မျိုး ရောက်သွားစေတဲ့ မာယာဆိုတာ ရှိတယ်။ ကိုယ်က တမင်ကြီး လိမ်နေတာလား ဆိုတော့ မဟုတ်ဘူး။ ဒါပေမဲ့ မရှိတာကို အရှိ ထင်စေတာ၊ ရှိတာကို မရှိဘူး ထင်စေတာ။ အဲဒါကို မာယာလို့ ခေါ်တယ်။ ဒါဆိုလည်း ငါးပါးသီလထဲ မပါသလို ဖြစ်နေပေမဲ့ ကိုယ်ချင်းစာတရား ထားလိုက်ရင် မာယာသည်လည်း မလုပ်သင့်တဲ့ကိစ္စဆိုတာ သဘောပေါက်သွားလိမ့်မယ်။

◾️တကယ်တော့ လောကကြီးထဲ ရှင်သန်နေထိုင်တဲ့အခါ ငါးပါးသီလဆိုတဲ့ စောင့်ထိန်းမှု ၅ ခုထက် ထပ်လုပ်ရဦးမှာတွေ ရှိပါသေးတယ်။

ဥပမာ ကိုဗစ်ကာလမှာ Mask မတပ်ဘဲ လျှောက်မသွားရဘူးလို့ ငါးပါးသီလမှာ မပါပါဘူး။ လူအများ စိတ်ဆင်းရဲနေချိန် ပျော်ပါးသောက်စားနေတဲ့ ပုံတွေ လူမှုကွန်ရက်ပေါ် မတင်ရဘူးလို့ ငါးပါးသီလမှာ မပါဘူး။ သို့သော် မြတ်စွာဘုရား ဟောတဲ့ “ကိုယ့်ကြောင့် သူတစ်ပါး အနှောင့်အယှက် မဖြစ်အောင် နေထိုင်ခြင်း” ဆိုတဲ့ ကိုယ်ချင်းစာတရားရှုထောင့်ကနေ ကြည့်လိုက်ရင် လုပ်သင့် မလုပ်သင့် ကွဲကွဲပြားပြား သိသွားလိမ့်မယ်။

အဝေးပြေးကား စီးတယ်။ ဘေးခုံက လူက ချွေးနံ့တွေနဲ့ဆို ကိုယ်ဘယ်လောက်စိတ်ညစ်ရမလဲ။ ဒါကြောင့် ကိုယ့်ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်မယ်။ ဒါမှ ကိုယ့်ကြောင့် သူတစ်ပါး စိတ်အနှောင့်အယှက် မဖြစ်တော့မှာ။

ရပ်ကွက်ထဲမှာ လော်စပီကာနဲ့ သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး အလှူခံတယ်။ ငါးပါးသီလထဲ ပါသလား။ မပါဘူး။ သို့သော် ကိုယ်ချင်းစာကြည့်။ အနီးအနားက အိမ်တွေ ဘယ်လောက်စိတ်ရှုပ်ရမလဲ။ ဒါဆို မနက်ပိုင်းလောက် ပရိတ်ခွေဖွင့်တာမျိုးပဲ လုပ်တော့မယ်။ ဒါ ကိုယ်ကျင့်သီလပဲ။

ကွမ်းတံတွေး ထွေးတာ၊ စည်းကမ်းမဲ့ အမှိုက်ပစ်တာ၊ အိမ်သာသုံးပြီး ရေဆွဲမချခဲ့တာ၊ အပြင်က ပြန်လာပြီး လက်မဆေးတာ၊ လူကြီးသူမတွေ ဆီးချိုရှိတာကို အစားမဆင်ခြင်၊ ဆေးလည်း သေချာမသောက်တော့ ဆေးရုံခဏခဏ တက်ရလို့ သားသမီးတွေ၊ ပြုစုသူတွေကို ဝန်ပိုစေတာ၊ ဒါတွေအကုန်လုံးဟာလည်း ကိုယ့်ကြောင့် သူတစ်ပါးကို ထိခိုက်စေတာတွေ ဖြစ်လို့ မလုပ်သင့် မလုပ်ထိုက်တာတွေပါပဲ။

◾️အဲ့လို ခံယူလိုက်တဲ့အခါ၊ မလုပ်သင့်တာတွေ မလုပ်ဖို့အပြင် လုပ်သင့်တာတွေ လုပ်ဖို့ပါ လိုသေးတယ် ဆိုတာလည်း သိသွားလိမ့်မယ်။

ဥပမာ -
• ဆရာဝန်တစ်ယောက်ဟာ ဆက်ဆံရေး မပြေပြစ်ဘူး။ ဒါဆို သူ့ဆီ လာပြတဲ့ လူနာတွေ ဘယ်လောက် ဒုက္ခရောက်မလဲ။
• အစိုးရတော့ လုပ်ချင်တယ်၊ အရည်အချင်း မရှိဘူး။
• ဝန်ဆောင်မှုတစ်ခု သွားယူတယ် ကာစတမ်မာကို ကောင်းကောင်းမဆက်ဆံဘူး။
• ဘတ်စ်ကား စီးတယ်။ ကားဆရာက အရက်မူးပြီး မောင်းနေရင် ခရီးသည်တွေ ဘယ်လောက်လန့်နေရသလဲ။
• စားသောက်ဆိုင်သွားတယ်။ သန့်သန့်ရှင်းရှင်း ချက်ပြုတ်မထားဘူး။
• အွန်လိုင်းကနေ ပစ္စည်းမှာတယ်။ အချိန်မီ မပို့နိုင်ဘူး။
• ၈ နာရီ မီတင်ချိန်းထားတယ်။ ရောက်မလာဘူး။
• ဒီနေ့ကို ဒါလုပ်ပေးမယ် ပြောထားတယ်။ မေ့သွားတယ်။

ပြောချင်တာက ပရော်ဖက်ရှင်နယ် မဆန်တဲ့သူတွေနဲ့ တွေ့ကြုံပတ်သက်ရတဲ့အခါ သိပ်စိတ်ညစ်ရတယ်။ ဒီတော့ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ခြင်းဟာလည်း ကိုယ်ကျင့်သီလပဲ။ မဟာဒါနပဲ။

◾️မိဘတာဝန် မကျေတဲ့သူတွေနဲ့ ဆုံရတဲ့အခါ သားသမီးတွေမှာ ဒုက္ခရောက်ရသလို၊ ဆရာဆိုးနဲ့ ဆုံရတဲ့ တပည့်တွေမှာလည်း အင်မတန် ပြဿနာများတယ်။

လူရယ်လို့ ဖြစ်လာပြီဆို ကျွန်တော်တို့မှာ တာဝန်တွေ ရှိတယ်။ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရတယ်။ ပြီးရင် ကိုယ်ဖြစ်တည်ခဲ့တဲ့ မိသားစု၊ အသစ်ဆောက်တည်ထားတဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ အဲဒီကနေ နောက်ဆုံး နိုင်ငံသားတာဝန်ထိ ကျွန်တော်တို့မှာ ယူစရာတွေ ရှိတယ်။ အခွန်ဆောင်ရမယ်။ ခုချိန်ဆို စစ်အာဏာရှင်လက်အောက်ကနေ လွတ်အောင် ဝိုင်းရုန်းရမယ်။ ဒါတွေဟာ တာဝန်ပဲ။ အဲ့လို တာဝန်မယူတတ်တဲ့သူတွေနဲ့ဆို စိတ်သိပ်ညစ်ရတယ်ဟုတ်။ ဒါဆို ကိုယ်လည်း အဲ့လိုလူ မဖြစ်စေနဲ့။ ကိုယ့်ရဲ့ တာဝန်မဲ့မှုကြောင့် သူများတွေ ဒုက္ခမရောက်ရစေနဲ့။

လူဆိုတာ မဟုတ်တာ မလုပ်ရုံနဲ့ မပြီးပါဘူး။ ဟုတ်တာတွေလည်း လုပ်ဖို့ လိုပါတယ်။ မဟုတ်တာ လုပ်မှ အကုသိုလ် ဖြစ်တာ မဟုတ်ဘူး။ ဟုတ်တာတွေ လုပ်ဖို့ ပျက်ကွက်ရင်လည်း သူတစ်ပါးကို ဒုက္ခပေးရာ ရောက်နိုင်ပါတယ်။

◾️ဒါကြောင့် ကိုယ်ကျင့်သီလကို ကုသိုလ်ရခြင်း၊ အကုသိုလ်ဖြစ်ခြင်း ဆိုတာတွေထက် နေ့စဉ်ဘဝမှာ ကိုယ်ချင်းစာတရားကို အခြေခံပြီး စောင့်ထိန်းနေထိုင်ခြင်း၊ မလုပ်သင့်တာကို မလုပ်ခြင်း၊ လုပ်သင့်တာကို လုပ်ခြင်း ဆိုတဲ့ ရှုထောင့်ကနေ ချဉ်းကပ်ကြဖို့ အရေးကြီးပါတယ်။

အဲဒီလိုဆို ငါးပါးသီလအပြင်
• တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်ခြင်း (Personal hygiene)၊
• ကူးစက်ရောဂါလို ကိစ္စတွေမှာ ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာခြင်း (Strictly following the precautions)၊
• စည်းကမ်းရှိခြင်း (Discipline)၊
• ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ခြင်း (Healthy lifestyle)၊
• ပရော်ဖက်ရှင်နယ် ပီသခြင်း (Professionalism)၊
• ကျင့်ဝတ်နဲ့ညီခြင်း (Ethics)၊
• အချိန်တိကျခြင်း၊ ပြောစကားတည်ခြင်း စတဲ့ အလေ့အကျင့်ကောင်း (Good habits) တွေပါ ပျိုးထောင်နိုင်ဖို့ လိုပါတယ်။ ဒါမှသာ တန်ဖိုးရှိတဲ့ ဘဝတစ်ခု ဖြစ်နိုင်မှာပါ။

◾️တကယ်တော့ ကိုယ်ကျင့်သီလဆိုတာ တစ်နေ့တစ်ရက်တည်း လုပ်ရတာ မဟုတ်ပါဘူး။ ဘဝတစ်ခုလုံးစာ ဘယ်လိုနေထိုင်ရမယ် ဆိုတဲ့ Ethical compass (ကျင့်ဝတ်ဆိုင်ရာ သံလိုက်အိမ်မြှောင်) ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်မှုနည်းအောင် ကျင့်ကြံနေထိုင်မယ် ဆိုတဲ့ အတွေးနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းကြစေချင်တယ်။

သီလဆိုတာကို သံသရာမှာ ကုသိုလ်ရဖို့ လုပ်ရတာ ဆိုတဲ့ ချဉ်းကပ်မှုထက် “လက်ရှိဘဝမှာ တန်ဖိုးရှိရှိ နေထိုင်နည်း” ဆိုပြီး ချဉ်းကပ်တာက ပိုလို့ လက်တွေ့ကျတယ်၊ လူမှုပတ်ဝန်းကျင်အတွက် အကျိုးရှိတယ် မြင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၉.၉.၂၀၂၂

31/08/2022

ဒေါ်လာစျေး အတက်ကြမ်းတာကြောင့်

Quotation Validity date ကို အရင်လို အချိန်စောင့်မပေးနိုင်လို့ Charm Decor က အလုပ်အပ်နှံသူအားလုံးကို အနူးညွှတ်တောင်းပန်ပါရစေ😔😔😔
.
စျေးနှုန်းတွေက အကုန် မြင့်တက်နေတာမို့ Validity Durations ပေါ်မူတည်ပြီး စျေးနှုန်း အပြောင်းအလဲရှိမည်ဖြစ်ကြောင်း မေတ္တာရပ်ခံပါရစေနော်😔😔😔

Photos from Charm Decor Co., Ltd.  -  Design & Furniture Production's post 23/08/2022

Design နဲ့ ထပ်တူကျဖို့ ကြိုးကြိုးစားစား အကောင်အထည်ဖော်ပေးနေသော Charm Decor ရဲ့ team member များ😊😊😊
.
မီးမီးလေးတွေ နှစ်ယောက်အတွက် customized ဖန်တီးပေးဖြစ်တဲ့ Bunk Bed installation လုပ်ဆောင်နေပုံတွေပါ ရှင့်🤩🤩🤩
.
မကြာခင် အသက်ဝင်လာမယ့် အခန်းလေးပါ😘😘😘
.
ဒီလို ဒီလို Furniture တွေ အပြင် အိမ်ခန်းဆိုင်ခန်းအတွက် Decoration ကို one stop စဆုံး ပြုလုပ်ပေးနေပါပြီနော်
.
စိတ်ဝင်စားလို့ မေးမြန်းချင်ရင် ဖုန်း 09799563586 ကိုဆက်သွယ်လိုက်ပါရှင့်
.
ခုလို ဆီစျေးကြီးနေချိန် လည်း Site Survey က free ပဲ မို့ အမြန်ဆုံး ဟယ်လိုလိုက်နော်😉😉😉

Photos from Charm Decor Co., Ltd.  -  Design & Furniture Production's post 14/08/2022

Customized Furniture တွေနဲ့ တစ်အိမ်လုံး လှနေသော Dagon Golf City က လုံးချင်းအိမ်လှလှလေးပါ😘😘😘
.
အိမ်ရှင်အမရဲ့ ဒုတိယမြောက်အိမ်ကို ပြင်ပေးရတဲ့ Project လေး😍😍😍
.
အိမ်ရှင် အမ ရဲ့ requirements တစ်ခုချင်းစီအသေးစိပ် သေချာ ဖန်တီးပေးမှုကို တွေ့ရမှာပါနော်😊😊😊

Furniture တစ်ခုချင်းကိုလည်း Unique ဖြစ်အောင် Design Team ရဲ့ ဖန်တီးမှု🤩🤩🤩

Production & Installation Team ရဲ့ သပ်ရပ်လှပစွာဖန်တီးမှု လက်ရာ🤩🤩🤩
.
အားလုံး ပေါင်းစုံတဲ့အခါ အရမ်းကိုလှပြီး နေချင်စရာလေးပေါ့☺️☺️😊
.

.
Charm Decor ရဲ့ ထူးခြားချက်က

ပန်းသတင်းလေညှင်းဆောင် ဆိုသလို

အိမ်ရှင်အမတွေ အစ်ကိုတွေရဲ့ ညွှန်းဆိုမှုတွေနဲ့ပဲ

အလုပ်တွေ လက်ခံနေရတာရယ်😊😊😊
.
အပ်ဖူးတဲ့ အိမ်ရှင်အမတွေ အစ်ကိုတွေက

Service ရော လက်ရာရော Design ရော

ကြိုက်နှစ်သက်လို့ ထပ်ထပ်အပ်ကြတာရယ်ပေါ့🤩🤩🤩
.
လုပ်ငန်း အပ်နှံဖူးတဲ့ အိမ်ရှင် တစ်ယောက်ချင်းစီကို Charm Decor Team တစ်ဖွဲ့လုံး က ကျေးဇူးတင်ပါတယ်နော်😉😉😉
.
စိတ်ဝင်စားလို့ အပ်နှံချင်တယ်ဆိုရင် ဖုန်း 09799563586/09963811388 ကို ဆက်သွယ်လိုက်ပါရှင့်
☺️☺️☺️

Photos from Charm Decor Co., Ltd.  -  Design & Furniture Production's post 10/08/2022

တစ်ခန်းပြင်ဆင်မှုမှသည် တစ်အိမ်လုံးပြင်ဆင်မှုထိ ဆွဲဆောင်နိုင်မှု☺️☺️☺️
.
Design မှသည် Installation ထိ အသေးစိပ်လေးက အစ
.
Charm Decor team member တွေ အားလုံး ရဲ့ ကြိုးစားမှု 🤗🤗🤗

မှတ်တမ်းလေးတွေ
.
အိမ်လား ဆိုင်လား
.
Design သီးသန့်လား

One Stop package ထိ တစ်အိမ်လုံး ပြင်ဆင်ချင်တာလား
.
ဘာလေးပဲလိုလို
ဖုန်း📞📞📞 09799563586/09963811388 ကို ဆက်သွယ်လိုက်ပါရှင့် 🤝🤝🤝
.

ပေးလိုက်တဲ့ တန်ဖိုးထက် သာလွန်တဲ့ service ကိုရော လက်ရာကိုရော ရဖို့ အာမခံပါတယ်နော်
.
😊😊😊😊

Photos from Charm Decor Co., Ltd.  -  Design & Furniture Production's post 26/07/2022

နေရာ ကျဉ်းကျဉ်း ကျယ်ကျယ် လှပနိုင်တယ် အသုံးဝင်နိုင်တယ် ဆိုတဲ့ သက်သေ🥰🥰🥰

Charm Decor ရဲ့ ဖန်တီးမှု လက်ရာ အသစ်🤩🤩🤩
.

Gold & white color ကို အသုံးပြုချင်တဲ့ client အမရဲ့ စိတ်ကူးကို Charm Decor က အကောင်းဆုံး ဖန်တီးဖြစ်ခဲ့တဲ့ Fashion Shop လေးပါ😉😉😉

.
စိတ်ကူးတွေနဲ့ ဖန်တီးမှု ပေါင်းစပ်လိုက်တဲ့အခါ သိပ်လှတဲ့ Luxury Look Fashion Shop လေး အဖြစ် အသက်ဝင်ခဲ့တဲ့ ပုံလေးတွေပါ☺️☺️☺️
.
သပ်ရပ်လှပစွာ လက်ရာရော Design ရော ထပ်တူကျချင်သူတွေ

စိတ်ကူးတွေ အကောင်အထည်ဖော်ချင်သူ တွေအတွက်

အိမ်ခန်း / ဆိုင်ခန်း ဘယ်လို Space မျိုးဖြစ်ဖြစ် Charm Decor က ဖန်တီး ပေးဖို့ အဆင့်သင့်ရှိနေပါပြီ🤗🤗🤗
.
Build in အတွက်လည်း စိတ်ပူစရာမလိုအောင် one stop package လည်း ရှိတာမို့
.
အမြန်ဆုံး ဖုန်း 09799563586/09963811388 ကိုဆက်သွယ်လိုက်နော်💁‍♀️💁‍♀️💁‍♀️

Photos from Charm Decor Co., Ltd.  -  Design & Furniture Production's post 30/06/2022

ကြည်ညို သပ္ပာယ်စရာ ဘုရားကျောင်းဆောင်လေးနဲ့အတူ ပြီးစီးခဲ့တဲ့ Diamond Lotus Condo က အခန်းလေး🤩🤩🤩

စိတ်တိုင်းကျ ဖန်တီးခွင့်ပေးလို့ အိမ်ရှင်အမတို့မိသားစုကို အထပ်ထပ် အခါခါကျေးဇူးတင်ရတဲ့ Project လေး🥰🥰🥰


တစ်အိမ်လုံး မှာ Charm Decor ရဲ့ Furniture လေးတွေက နေရာယူပြီး လှနေတာ ☺️☺️☺️
.
အိမ်ရှင်အန်တီက Design ကို အရမ်းသဘောကျပြီး အပြင်မှာရုံးလုံး ထွက်အောင် ပန်းအိုးလေးတွေက အစ ရှာဝယ် ထားတော့ အသက်ဝင်နေရော 😘😘😘
.
လက်ကိုင်လေးတွေကလည်း လုံးဝ update သုံးပေးချင်တဲ့ Designer ရဲ့ ဖန်တီးမှု နဲ့ Charm Decor Team ရဲ့ လက်ရာ တွေက အသက် 😍😍😍
.
ဒီလို ဒီလို ပြီးပြည့်စုံသွားတဲ့အခါ အရမ်းကို နေချင်စရာ အိမ်လေး ဖြစ်သွားပြီပေါ့
.
ကဲ ခုလို နေချင်စဖွယ် ပြီးပြည့်စုံ လှပဖို့ အသေးစိပ်ကအစ ဖန်တီးပေး စဉ်းစားပေးတဲ့ Charm Decor pH 09799563586/09963811388 ကိုဆက်သွယ်လိုက်နော် ☺️☺️☺️

Want your business to be the top-listed Furniture Store in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 352, May Yu (2) Street, (6) Ward, East Dagon Tsp
Yangon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00