Zotung Land

Zotung Land

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zotung Land, Kuala Lumpur.

28/07/2017

Hi every one

Photos 30/06/2016
Photos 30/06/2016

=========(ဧည့်သည်)===========

မမျှော်လင့်ပဲ ရောက်လာတဲ့ ဧည့်သည်
လာလည် ရင်ကြိုမှာပေါ့
မင်းရောက်နေတာ ပကာသနတွေ မခြုံလွှမ်းတဲ့ရွာ
မင်းတို့မြို့လောက်တော့ ပြည့်စုံချင်မှ ပြည့်စုံမယ်
ဒီရွာမှာ စားရမှာက မေတ္တာ နဲ့ စေတနာ
ရေဆာရင် ဂရုဏာတွေသောက်
မာနတွေ အလံမထူထားတဲ့ရွာ
မပြည့်စုံနိုင်တဲ့ ဘဝအိမ်တွေကြားမှာ
မင်းတွေ့ရမှာက ပေါများလွန်းလှတဲ့ ရိုးသားမှု
မမျော်လင့်ထားတဲ့ အပြုံးတွေက
လက်ကမ်းကာ နှုတ်ဆက်ကြလိမ့်မယ်

Welcome to Zotung Land.

Photos from Zotung Land's post 13/06/2016

ချင်းပြည်နယ် မတူပီမြို့နယ်ခွဲ ရေဇွာမြို့ မှဒေါက်တာကျော်ကျော် ၏သမီး မPhua Thae Lianသည် ၂၀၁၅/ ၁၆ တက္ကသိုလ်ဝင်တမ်းစာမေးပွဲကို ဒဂုံ ၁မှ ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြောင်း

ချင်းပြည်နယ် မတူပီမြို့နယ် စာလ်ထောင်ရွာမှဒေါက်တာထာလင်း၏သမီးMa Su Ei Htarမှ all D ဂုဏ်ထူးဖြင့်အောင်မြင်ကြောင်း

We, Zotung people are really proud of you

Phua Tae Lian & Su Ei Thar

12/12/2015

၂၀၁၆ နှစ်အတွင်း အမေရိကန်အစိုးရမှ မလေးရှားရောက် မြန်မာဒုက္ခသည်ဦးရေစုစုပေါင်း ၆၀၀၀ သာ ယူမည်ဖြစ်ကြောင့် အမေရိကန်လွတ်တော်သို့တင်ပြခဲ့သော FY 2016 Report to Congress တွင်တွေ့ရှိရပါသည်။
http://www.wrapsnet.org/Portals/1/Reports/Report%20to%20Congress%20for%20FY%202016%20USRAP.pdf

www.wrapsnet.org

Photos from Zotung Land's post 05/12/2015
Photos 16/07/2015

မြန်မာနိုင်ငံရဲ့အောင်မြင်မှုနဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုအတွက်ဘာဖြစ်လို့အရေးပါနေရပါသလဲ။ အနာဂတ်ဒီမိုကရေစီ၊ ပွင့်လင်းမှု၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးကာကွယ်ရေးနဲ့အရပ်သားအုပ်ချုပ်ရေးကိုရှာဖွေနေပြီး၊ အပြည်ပြည်ဆိုင်ရာဥပဒေကိုလိုက်နာကျင့်သုံးတဲ့ဘယ်နိုင်ငံနဲ့မဆိုအမေရိကန်နိုင်ငံဟာပင်ကိုအားဖြင့် အထုံရေစက်ရှိပြီးသားပါ။ -- ဇူလိုင် ၁၆၊ ၂၀၁၅ တွင် မော်လမြိုင်တက္ကသိုလ်တွင် အမေရိကန်သံအမတ်မစ်ချယ်လ်က ကျောင်းသားများကိုပြောကြားခဲ့သည်။
နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူငယ်များနှင့် တွေ့ဆုံဆွေးနွေးဖို့ရန်အတွက် အမေရိကန်သံအမတ်မစ်ချယ်လ်မော်လမြိုင်မြို့ကိုရောက်ရှိနေပါတယ်။ မော်လမြိုင်တက္ကသိုလ်ကိုဒီနေ့ရောက်ရှိခဲ့ပြီးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ အောင်မြတ်ကျော်၊တက္ကသိုလ်ဆရာ၊ဆရာမများ၊သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံကာစာအုပ်များလည်းလှူဒါန်းခဲ့သလို၊ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့လည်းကျောင်းသားများကိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီနိုင်ငံရဲ့အနာဂတ်ခေါင်းဆောင်ဟာအခု တက်ရောက်နေကြတဲ့ကျောင်းသားတွေထဲကလည်းဖြစ်နိုင်တဲ့အကြောင်းကိုအမေရိကန်သမ္မတအေဗရာဟမ်လင်ကွန်းရဲ့ “သင့်ရဲ့အနာဂတ်ကိုကြိုတင်ခန့်မှန်းခြင်းဟာ အနာဂတ်ကိုဖန်တီးတာပါပဲ” ဆိုတဲ့အကိုးအကားနဲ့သံအမတ်မစ်ချယ်လ်ကသူ့ရဲ့မိန့်ခွန်းကိုနိဂုံးချုပ်ခဲ့ပါတယ်။
သမ္မတအေဗရာဟမ်လင်ကွန်းတို့ရဲ့အကိုးအကားတွေကရောသင်တို့အတွက်ဘယ်လောက်အထိအဓိပ္ပာယ်သက်ရောက်သလဲဆို တာပြောကြပါဦး။
“Why does the success of this country and its reform agenda matter to the United States? The United States has a natural affinity for any country that seeks a democratic future, one built on openness, rule of law, protection of human rights, civilian leadership, and behavior that conforms to international law.” – Ambassador Mitchell addressing students at Mawlamyine University on July 16, 2015.
U.S. Ambassador Derek Mitchell is in Mawlamyine to engage with political parties, ethnic groups, religious leaders, and youth on a range of issues. Today he paid a visit to Mawlamyine university where he met with university faculty and officials, donated books to University Rector Dr. Aung Myat Kyaw Sein on behalf of the U.S. Embassy, and gave a speech on U.S.-Myanmar relations to students. In his speech, Ambassador Mitchell spoke about how young people like the students in the audience will be the future leaders of this country and concluded his remarks with a quote from U.S. President Abraham Lincoln: “The best way to predict your future is to create it.”
Tell us what President Lincoln’s quote means to you.

Photos 28/04/2015

သတင်း -_တွန်းဇံမြို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး အဓမ္မပြုကျင့်မှုဖြင့် စစ်ဆေးခံနေရ+ ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့မ ရဲစခန်းမှ ဒုတပ်ကြပ် အဆင့်ရှိ ရဲတပ်ဖွဲ့ဝင် ၂ ဦး အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီး စစ်ဆေးခံနေရကြောင်း သတင်းရရှိသည်။ ၂၀၁၅ ခုနှစ် ဧပြီလ ၁၁ ရက် ညပိုင်းက တွန်းဇံမြို့မှ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦးကို ဒုတပ်ကြပ် ဖြိုးကိုကိုနှင့် ဖြိုးပိုင်တို့က မုဒိမ်းကျင့်ခဲ့သည်ဟု တိုင်တန်းချက်အရ တွန်းဇံ ရဲစခန်းက ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တွန်းဇံမြို့မ ရဲစခန်း၌ပင် ချုပ် နှောင် ထားရှိကြောင်း သိရသည်။ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်လွင်က“တွန်းဇံမြို့မ စခန်းမှာပဲ ချုပ်ထားပါတယ်။ ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်သွားမှာပါ။ တာဝန်ရှိ ကွပ်ကဲကြီးကြပ်သူတွေကိုပါ အရေးယူမှာပါ။ အမှုကို ခရိုင်တရားရုံးကို အမြန်ဆုံး တင်ပို့နိုင်အောင် စီစဉ်နေပါတယ်။ ဒီပြစ် မှုနဲ့ ပတ်သက်လို့လည်း အဲဒီ ဒုတပ်ကြပ် ၂ ဦးစလုံးက ၀န်ခံထားပြီး ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။ မိန်းကလေးငယ်၏ ဖခင်ဖြစ်သူက တရားလို ပြုလုပ်တိုင်တန်းခဲ့သည့်အတွက် ယင်းဒုတပ်ကြပ် ၂ ဦးကို တွန်းဇံ မြို့မ ရဲစခန်းက ပြစ် မှု နံပါတ် ၂/၂၀၁၅၊ ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု)တို့ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒု တပ်ကြပ် ၂ ဦးသည် မိန်းကလေးငယ်၏မိသားစုဝင်များနှင့် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြောင်း၊ အခင်းဖြစ်သည့်နေ့က မိန်းကလေးငယ်၏ အစ်မဖြစ်သူ နေမကောင်းဖြစ်နေသည်ကို ပြုစုစောင့်ရှောက်ရန် ထို ဒု တပ်ကြပ် ၂ ဦးက လာရောက်ခေါ်ဆောင် ရာမှတဆင့် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တွန်းဇံ မြို့ခံများ၏ ပြောပြချက်အရ သိရသည်။ “မုဒိမ်းမှုဖြစ်လို့ ရဲ ၂ ယောက်ကို အချုပ်ထဲထည့်ထားတယ်။ ကောင်မလေးက အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ တွန်းဇံ မြို့ခံပါပဲ။ ဖြစ်တာတော့ မြို့ပြင်မှာရှိတဲ့ ရဲစခန်းဆီကို သွားတဲ့လမ်းမှာဖြစ်တာ။ အဲဒီကိစ္စကို တွန်းဇံက လူငယ်အဖွဲ့တွေက လိုက်ပါကူညီပေးနေကြတာတွေ ရှိတယ်”ဟု တွန်းဇံ မြို့ခံတဦးက ပြောသည်။ အဆိုပါ ဒု တပ်ကြပ် ၂ ဦးသည် ရဲတပ်ဖွဲ့ဝင်ဖြစ်ပါလျက်နှင့် ရာဇ၀တ်မှု ကျူးလွန်သည့်အတွက် အရပ်ဘက် တရားရုံးက ချမှတ်သည့်ပြစ်ဒဏ်သာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့က ချမှတ်သည့်ပြစ်ဒဏ်ကိုပါ ကျခံရမည် ဖြစ်ကြောင်း ရဲမှူးကြီး မြင့်လွင်က ပြောဆိုသည်။ “သူတို့ကို ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ပြစ်ဒဏ်သပ်သပ် စီရင်မယ်။ တဖက်ကလည်း အရပ်ဘက်က ခရိုင်တရားရုံးကို သူတို့ကို ပို့ပြီး အရပ်ဘက် ဥပဒေအရလည်း မုဒိမ်းမှုအတွက် ပြစ်ဒဏ်ချတာတွေ ရှိပါမယ်။ အဲဒီတော့ သူတို့က ပြစ်ဒဏ် ၂ ရပ် ကျခံရမယ့်အခြေ အနေမှာ ရှိတယ်”ဟုလည်း သူက ပြောသည်။ တွန်းဇံမြို့သည် ချင်းပြည်နယ်၏ မြောက်ဘက် အစွန်ဆုံးပိုင်းတွင် တည်ရှိပြီး လူဦးရေ ၂ သောင်းကျော် အခြေချနေထိုင်သည့် မြို့တမြို့ ဖြစ်သည်။

22/04/2015

(အတွေးပေါင်းဆုံရှိတဲ့ချင်း)

အတွေးပေါင်းဆုံရှိတဲ့ချင်း၊ နိုင်ငံခြားရောက်တဲ့သူကလည်း ကိုယ့်နယ်မြေကိုသတိ၇လွမ်းဆွတ်မိတယ်ဆိုတာလက်ခံပါတယ်။ဒါပေမယ့် ကိုယ်ချင်းတောင်မှာဒါမှမဟုတ် မြန်မာနိုင်ငံမှာမနေတဲ့အခြေအနေနဲ့ အရမ်းဖိအားပေးနေတာအမြင်ကတ်စရာပါ။Idea or suggestion တွေပေးမယ်ဆိုရင်လက်ခံစရာပါ။ဒါတွေမဟုတ်ဘဲနဲ့ နင်တို့က မြန်မာနိုင်ငံတွင်းမှာနေပြီး ကိုယ့်ချင်းပြည်နယ်အတွက်ဒါလေးတွေတောင်မလုပ်နိုင်ဘူးလားဆိုပြီး နိုင်ငံခြား မှာနေပြီး စာရေးတာတို့ ဆောင်းပါးရေးတာတို့ လာပြီး challenge လာလုပ်တာလုံးဝလက်မခံနိုင်ဘူး။အရှက်မရှိ ကိုယ့်ပြည်နယ်အတွက်မစွန့်စားနိုင်ဘဲနှင့် နိုင်ငံခြားထွက်တဲ့သူက အမိန့်ပုံစံလိုလို လာလုပ်ဖို့နင်တို့ရှက်သင့်တယ့်အကြောင်း ပြောလိုပါတယ်။ နင်တို့နိုင်ငံခြားထွက်တုန်းက ကိုယ့်မိသားစုဝမ်းရေး ၊ ကိုယ့်ဘ၀အတွက်ဆိုပြီးထွက်ခဲ့သူတွေက အခုမှ ဟိုမှာအဆင်ပြေနေပြီး မင်းတို့ချင်းပြည်အတွက် ဘာလိုလိုညာလိုလို လာပြီးဆရာလာလုပ်တာတို့မလိုလားဘူး။နင်တို့လောက်ပညာမတတ်သည့်တိုင်အောင် နင်တို့ထက်မျိုးချစ်စိတ်ကို ပိုပြီးအကောင်ထည်ဖော်ဖို့ ငါတို့ပိုပြီးစိတ်အားထက်သန်တယ်ဆိုတာမင်းတို့သိဖို့လိုတယ်။

Photos 22/04/2015

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် မကြာမီ ကျင်းပ တိုင်းရင်းသားညီလာခံတွင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပဏာမမူကြမ်းကို သုံးသပ်ဆွေးနွေးကြမည်ဖြစ်ပြီး အစိုးရတပ်နှင့် တိုက်ပွဲ ဆက်လက်ဖြစ်နေသော အဖွဲ့များလည်း ပါဝင်တက်ရောက်ရန် ရှိနေသည်။

UWSA ၏ ဌာနချုပ်ရှိရာ မြန်မာ တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်းမြို့တွင် မေလ ၁ ရက်မှ ၃ရက်နေ့ အထိ ကျင်းပမည့် အစည်းအဝေးပွဲသို့ တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ တက်ရောက်မည်ဟု မျှော်လင့်ကြောင်း ၀ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။

UWSA ၏ ဖိတ်ကြားခြင်း ခံရသည့် တိုင်းရင်းသား အဖွဲ့များတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ကရင်အမျိုးသား အစည်းအရုံး ( KNU) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ မွန်ပြည်သစ် ပါတီ (NMSP ) ၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်- မိုင်းလားတပ်ဖွဲ့ (NDAA) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ ( SSPP/ SSA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ တအောင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်မတော် (AA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO ) တို့ကို ဖိတ်ကြားထားသည်ကို သိရှိရသည်။

ညီလာခံ၏ ပန်းတိုင်မှာ တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေးမူကြမ်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်များကို အဓိက ဆွေးနွေးရန်ဖြစ်ကြောင်း ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

ထိုအစည်းအဝေးတွင် မကြာသေးမီက အစိုးရနှင့် သဘောတူထားသော တနိုင်ငံလုံး အပစ်အခတ်ရပ်ရေး စာချုပ်မူကြမ်း (NCA-Draft) နှင့် ပတ်သက်ပြီး လက်မှတ်ထိုးရေး မထိုးရေးကို အဓိကထား ဆွေးနွေးကြမည် ဖြစ်သော်လည်း တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက သဘောတူ လက်မှတ်ရေးထိုးခြင်း ပြုမပြုကို မမျှော်မှန်းနိုင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောဆိုသည်။

ထို့ပြင် တိုင်းရင်းသား ညီလာခံသို့ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးကို ဖိတ်ကြားခြင်း မရှိသည့်အတွက် ဖိတ်ကြားခံထားရသည့် တိုင်းရင်းသား အဖွဲ့များအကြား ညီလာခံ တက်ရောက်ရေး မတက်ရောက်ရေးကို ဆွေးနွေး နေကြသည်ဟု ဆိုသည်။

ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံထားရသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ( RCSS)မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလှက “ ညီလာခံကို သွားဖို့ မသွားဖို့က ကျနော်တို့အဖွဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးလုပ်ပြီး အများသဘော ခံယူရမယ်၊ သူတို့ စုပြီး သွားမယ်၊ မသွားဘူး အဖြေထွက်ပါမယ်” ဟု ပြောသည်။

ညီလာခံသို့ ဖိတ်ကြားခြင်း မခံရသည့် ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက “ အခုထိ ကျနော်တို့ တရားဝင် ဖိတ်စာ မရသေးဘူး၊ သူတို့ (UWSA) လုပ်နေတာက ကျနော်တို့ NCCT သွားနေတဲ့ လမ်းစဉ် မဟုတ်ဘူး၊ တိုင်းရင်းသားတွေ အပြည့်အစုံ ဘာလို့ မခေါ်လဲ၊ သူတို့ အစီအစဉ်နဲ့ သူတို့ ဘာ့ကြောင့်သွားလဲ။ အခုလို အရမ်းအရေးကြီးနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လိုအပ်နေတဲ့ အချိန်မှာ ဒီလိုမလုပ်သင့်ဘူး” ဟု ဧရာဝတီကို ပြောသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT တွင် တွင် ပါဝင်သည့် တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း စုစုပေါင်း ၂၁ ဖွဲ့ ရှိသည်။ NCCT တွင် ပါဝင်သည့် တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့သည် အစိုးရနှင့် အပစ်ရပ်စာချုပ် မူကြမ်း ရရှိထားပြီး ဖြစ်ပြီး ထိုအဖွဲ့များနှင့်သာ အစိုးရက လက်မှတ်ရေးထိုးရန် ရည်ရွယ်ထားသည်။

အစိုးရနှင့် တိုက်ပွဲ အကြီးအကျယ် ဆက်ဖြစ်နေသော ကိုးကန့်တပ်ဖွဲ့ (MNDAA) ညီလာခံသို့ တက်ရောက်မည်ကို အစိုးရဘက်မှ ကန့်ကွက်မှုများ ရှိနေကြောင်းလည်း သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက“ တိုက်ပွဲ ဖြစ်နေပေမယ့် အစည်းအဝေးထိုင် သေချာစီစဉ်ပြီး ညီလာခံကို ကျနော်တို့ သွားမယ် ” ဟု ဧရာဝတီကို ပြောသည်။

UWSA က တိုင်းရင်းသား အဖွဲ့အားလုံးကို ဖိတ်ခေါ်ခြင်း မပြုဘဲ သီးခြားသွားနေသဖြင့် NCCT မှ တိုင်းရင်းသား အဖွဲ့အားလုံးကို ပြန်လည်ခေါ်ဆိုကာ တိုင်းရင်းသား ထိပ်သီးညီလာခံကို မေလအတွင်း ထပ်မံပြုလုပ်ရန် စီစဉ်နေသည်ကို သိရကြောင်း ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက ဆိုသည်။

ဖိတ်ကြားခြင်း မခံရသည့် NCCT အဖွဲ့ဝင်များမှာ ချင်းအမျိုးသားတပ်ဦး (CNF) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ “၀” အမျိုးသား အဖွဲ့ချုပ် (WNO) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) အပါအ၀င် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA- PC) ၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ- ကပ်ပလန် (NSCN-K) ၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ကြသည်။

Photos 21/04/2015

Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။

Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။ follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲ အခြား Google က services တွေ မှာ ကျွန်တော်လုပ်သမျှ Buzz မှာ update လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု share တာမျိုးကို အကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message ကိုလဲ update လုပ်တယ်။

Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်းကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။ အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို နှိပ်လိုက်တာနဲ့ တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင် ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။ အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google က live Search လိုမျိုးလုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့ service မျိုးလုပ်နိုင်သေးတယ်။ မိုဘိုင်းဖုန်းကနေ Nearby Search အခုလုပ်လိုက်ရင် Buzz ကို မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ (မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့ ရနေတယ်။

တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့ တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable လိုမျိုးကို follow လုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ် comment ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည် profile ကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့ ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့ လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့ မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို ယုံမိတော့မှာပဲ။

Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှ မသိလိုက်ရပဲ ကျွန်တော့် Gtalk list ထဲက သူတွေကို follow လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded ဆိုပြီး လာပြနေသေးတယ်။ Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။

ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ “Google Buzz Privacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000 အဲဒီလောက်ထွက်နေပြီ။ ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ Buzz က ကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့ Buzz ကို လုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်ကတည်းက online privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။ Google လိုမျိုးက သူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့ ဝန်လေးပုံ မရဘူး

Want your business to be the top-listed Furniture Store in Kuala Lumpur?

Click here to claim your Sponsored Listing.

Location

Website

Address


Kuala Lumpur
522700